Sunday, March 15, 2009

အဖြေ မှန်.............




အဖြေမှန်ကတော့ကောင်မလေးက အဲဒီကိုလူချော သူ့ကို နောက်တစ်ခေါက်များ အသုဘမှာတွေ့ရမလားဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့ကွယ်။

ဒါပေမယ့်…………………………..
ဒီအထိမှန်အောင်ဖြေနိုင်တယ်ဆိုရင်တော့ ဖြေဆိုသူ သင်ဟာစိတ္တဇ ဆန်ဆန်တွေးတတ်နေပါပြီလို့ အဓိပ္ပာယ်ရတယ် လေနော်။ ဒီလေ့ကျင့်ခန်းလေးဟာဆိုရင်ဖြင့် ကားနေတဲ့အမေကြီး (အမေရိကား)မှာ ရှိတဲ့နာမည်ကျော် စိတ်ပညာရှင် တွေက စိတ္တဇ ဆန်ဆန် လူသတ်မှုတွေပြုဖို့ စိတ်ဆန္ဒရှိတတ်တဲ့ သူတွေကိုစမ်းသပ်ခဲ့တာပေါ့ကွယ်။ စိတ္တဇ လူသတ်မှုနဲ့အဖမ်းခံထားရတဲ့ လူ ၉၁၄ ယောက်ကိုမေးတာ မေးခွန်းကိုမှန်အောင် ၉၀၄ ယောက်ကဖြေနိုင်ပါသတဲ့။

အဲတော့ အဖြေမမှန်တဲ့လူတွေက ငတုံးတွေ (အဲလေဟုတ်ပါဘူး ယောင်လို့)

အခုမေးခွန်းဖြေတဲ့ သူတွေထဲက အဖြေ “မမှန်” အောင်ဖြေနိုင်တဲ့ သူတွေအတွက် ကတော့ အခြေအနေ ကောင်းပါတယ်ကွယ်။

အဲ……..
ခုလဲ ဒီ မီနီ ဆာဗေးလေးမှာ ဖြေဆိုသူ စုစုပေါင်း ၁၅ ယောက်ထဲကနေ ၇ယောက်တိတိက မှန်အောင်ဖြေနိုင်တယ်ဆိုတော့ ၅၀ % နီးနီးပေါ့ကွယ်။


အင်းကြောက်စရာ ဘလောခ့်လောက ပါလားကွယ်ယို့။

အဖြေကိုသွေးထွက်အောင် “အမှန်” ဖြေဆိုနိုင်တဲ့ သူများဖြစ်တဲ့ (မဆုမွန် (ခ)ဦးမွန်၊ နွေးနေခြည်၊ ဘာတွေတုံး၊ သီဟသစ်၊ အမြဲစိမ်းဖြိုး၊ မိန်းမစိမ်းလေး နဲ့မမကွမ်) တို့ကတော့ အင်း ……
တီချမ်း သာသူတို့သူငယ်ချင်းဆိုရင်တော့ နဲနဲကင်းကင်းနေမယ်ကွယ်နော်။

ဦးမွန် လက်ဖက်လိုချင်သေးရင် စာတိုက်ကပို့ပေးပါမယ် မချစ်လို့တော့ ဟုတ်ဘူးနော် တီ ကကြောက်တတ်လို့ပါတော်။

ကဲကဲ ရထားပေါ်ကအန်တီလှလှကြီးကိုခေါ်ရင်ကြည့်ခေါ်ကြတော့နော် ဟင်း……..
(စတာနော် အားလုံးကို ခင်တော့ခင်တယ် လာတော့လည်တော့ဘူးနော် ဟီး)
အခု ဆိုရင်ဘယ်သူတွေနဲ့ ကင်းကင်းရှင်းရှင်းနေသင့်သလဲဆိုတာ
သိတန်သလောက်တော့ သိကြပြီထင်တယ်လေနော်။ (ဟိ ဒါလဲစတာနော် တကယ်မဟုတ်)

ပါဝင်ဖြေဆိုပေးကြတဲ့ သူတွေအားလုံးကိုကျေးဇူးအထူးပဲတင်တယ်လေနော်။
ဒီမေးခွန်းလေးဟာ ဆိုက်ကိုတက်စ် ဖြစ်တဲ့အတွက်
စိတ်နဲ့ဆိုင်တာလေးမေးထားပေမယ့် စိတ်မဆိုး ကြစေလိုပါဘူးနော်။ ဘာမှမရည်ရွယ်ပါဘူးလေနော်။အားလုံးကိုပျော်စေချင်တာပါပဲ။
ခုမေးခွန်းကို အသိဥာဏ်မမီ၍သော်လည်းကောင်း (ဟိဟိစတာနော်)၊ အကြောင်းကြောင်းကြောင့် မဖြေဖြစ်လိုက်၍ သော်လည်းကောင်း ထိုသူတို့အတွက် နောက် ထပ် ဆိုက်ကိုတက်စ်လေးတွေလာပါအုံးမယ်လေနော်……..မျှော်ပေါ့လေကွယ်နော်
ဦးဦး၊ တီတီ၊ ကိုကို၊ မမ၊ သားသား၊ မီးမီးလေးတို့ဘ၀လေးတွေအားလုံး


ကျန်းမာ၊ချမ်းသာ၊လန်းဖြာပကတိ သာယာ လှပ ကြပါစေကွယ်။

ချစ်တဲ့
အန်တီချမ်း

ဒါလေးတွေ့ဖို့ တီ ဆိုက်တော်တော်များများဖတ်လိုက်ရပါတယ်လေနော်
အောက်မှာ အော်ရီဂျင်နယ် ပိုစ့်လေး ထည့်ပေးလိုက်တယ်လေနော်

This is a genuine psychological test.

It is a story about a girl. While at the funeral of her own mother, she met this guy whom she did not know. She thought this guy was amazing, so much the dream guy she was searching for that she fell in love with him right then and there but never asked for his name or number and afterward could not find anyone who knew who he was.

A few! Days later the girl killed her own sister.

Question:
What is her motive in killing her sister?

Give this some thought for a while before you check the answer.

Answer:
She was hoping that the guy would appear at the funeral again. If you answered this correctly, you think like a psychopath. This was a test by a famous American psychologist used to test if one has the same mentality as a killer. 914 arrested serial killers took part in this test and 904 answered it correctly.
If you didn't answer correctly - Good for you.
If your friends hit the jackpot, may I suggest that you keep your distance.

13 comments:

  1. ပေးတဲ့ဆုနု့ပြည့်ရပါလို၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏

    ReplyDelete
  2. မမကွမ် ကြီးတယ်မြန်
    ဒီမှာ သူများက ပြင်လို့တောင်မပြီးသေး သူကမန့်ပြီးနေ
    ဟွန်း
    ကြောက်စရာကောင်းလိုက်ပုံ

    ReplyDelete
  3. စောင့်ကြည့်နေတယ်။ you are eyed.....

    ReplyDelete
  4. လွဲတဲ့ အခါလဲ လွဲပေမပေါ့...:)

    ReplyDelete
  5. အား...........................................................................................
    (ငယ်သံပါအောင်အော်လိုက်သည်)
    မမကွမ်၏ မျက်လုံးနီနီကြီးများကို ရုတ်တရက်မြင်လိုက်သဖြင့်
    အသက်ရှူ ရပ်မတတ် ကြောက်လန့် (သေချာဖတ်နော် အောက်ကမြင့်ပါတယ်)
    သွားရသည်။

    ReplyDelete
  6. ဒါမျိုးတွေ ရိုးနေပြီ လန်ကြုတ် လုပ်ကြံ ဇာတ်လမ်းတွေမို့
    ဘွင်းဘွင်းကြီး မသိဘူးပြောခဲ့တာ။
    တို့များလောက်မသိတော့ ပြောခံကြရတာပေါ့။
    ( မကျေနပ်ရင် တို့များ အဖြေ သွားပြန်ဖတ်ကြည့်ပါ။ )

    ReplyDelete
  7. သြော် .. မေးခွန်းတုန်းက အသိလိုက်ဘူး .. နောက်တစ်ခါကျမှ မသိချင်ယောင်ဆောင်နေတော့မယ်နော် .. :D

    ReplyDelete
  8. စိတ်တဇဆန်တာဟုတ်ပါဘူး...
    တို့က စုံထောက်ဥာဏ်ရှိတာပါ... ဟဲဟဲ

    ReplyDelete
  9.ှုငှင်းငှင်း အားလုံးသတိနှင့်နေကြ..စိတ်မထင်လာရင်နော်..မထင်သလို...

    ReplyDelete
  10. တော်သေးတာပေါ့ တားတားယေးက စိတ္တဇဆန်ဝူးဂျို့

    ReplyDelete
  11. ဟွင်းဟွင်း.. သတိထားကြနော်..စိတ်ပေါက်ရင် အားလုံးကို ၀က်သားတုတ်ထိုးလုပ်စားပစ်မယ်။
    ဟိ..နောက်တာနော်.. ဘာဘာက စိတ္တဇဟုတ်ပါဝူးနော်...လူကောင်းသူကောင်းလေးပါ။ :D

    ReplyDelete
  12. တီချမ်းတီချမ်း
    စိတ်နာ၏
    ကိုယ့်ဘာသာကိုယ် ယဉ်ယဉ်လေးကို သူများသိအောင်လုပ်၏။

    ReplyDelete
  13.ံHey
    thanks
    u really make me laugh.
    I need to visit to ur blog whenever i feel down.

    ReplyDelete