Thursday, March 26, 2009

မမြင်ခြင်းများ ၁၊ ၂၊ ၃။ (၃ ပုဒ်တွဲကဗျာ )

မမြင်ခြင်းများ (BS’s Solo Version)

တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . .
တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . .
ငါ . . . ပျော်တတ်ရတော့မယ်။

ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း
အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . .
မချစ်ဖူးပဲ လွမ်းတယ်။

ဘာရယ်မဟုတ်ပါဘူး . . .
ကံကြမ္မာကို ရေတွက်ကြည့်တော့ . . .
အလွဲတွေချည်းပဲ။

မနေ့ညက အိပ်မက်မက်တယ် . . .
ကိုယ်သေသွားလို့တဲ့ . . .
ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တာ။

ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
လောကကြီးက ပူတယ် . . .
ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။

ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . .
မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . .
ဘယ်လောက်ခက်ခက်ပေါ့ဟာ။

(BS)
Tags: own poem
Mar 24, '09 11:24 PM

ဒါလေးက တီ့ကဗျာပါ

မမြင်ခြင်းများ (Addy ‘s Solo Version)

တနေ့သောနေ့ကလေးမှာ လွမ်းနေပေမယ့်
တနေ့သောနေ့ ကလေးမှာ တမ်းနေတာသိရရင်လဲ
ငါပျော်မှာပါပဲ

တိုးတိတ်ညနေ “နေ” ၀င်ရောက်သွားတိုင်း
စိုးစိတ်တွေ ထုံထိုင်းသွားတယ် ........
ချစ်ဖူးလို့ နွမ်းတယ်

လာတယ် မရောက်ပါဘူး........
အိမ်နံတွေကိုယ်ဖတ်ကြည့်တော့.....
အမွဲချည်းပဲ။

ဒီနေ့ညမှ လေတိုက်တယ်...
နင်သေသွားလို့တဲ့...
နင့်အသုဘကိုငါလိုက်ပို့ရတာ.....
စောလိုက်တာဟယ်။

ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး...
ကျောပြင်ကြီးက ဆိုတယ်...
ငါ့တို့ရဲ့နေ့တွေက ညတွေလောက်မသာယာခဲ့ဘူး......
ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော

ဒီဘ၀ အတွက်တော့ ရင်နာရတာ ရင်းပြီး…….
ဥပေက္ခာ ခန္ဓီ တမျိုးကိုပဲ ရမက်မပါ ကျင့်ပါရစေ…..
ဘယ်လောက် နက်နက်ပေါ့ကွာ

A Chen
11:43 am
25 March 2009
Office
Bkk

ဒါလေးက ၂ယောက်ပေါင်းပါ

မမြင်ခြင်းများ (unseen) (BS and Addy dual version)

တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . .
တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . .
ငါ . . . ပျော်တတ်ရတော့မယ်။

တနေ့သောနေ့ကလေးမှာ လွမ်းနေပေမယ့်
တနေ့သောနေ့ ကလေးမှာ တမ်းနေတာသိရရင်လဲ
ငါပျော်မှာပါပဲ

ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း
အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . .
မချစ်ဖူးပဲ လွမ်းတယ်။

တိုးတိတ်ညနေ “နေ” ၀င်ရောက်သွားတိုင်း
စိုးစိတ်တွေ ထုံထိုင်းသွားတယ် ........
ချစ်ဖူးလို့နွမ်းတယ်

ဘာရယ်မဟုတ်ပါဘူး . . .
ကံကြမ္မာကို ရေတွက်ကြည့်တော့ . . .
အလွဲတွေချည်းပဲ။

လာတယ် မရောက်ပါဘူး........
အိမ်နံတွေကိုယ်ဖတ်ကြည့်တော့.....
အမွဲချည်းပဲ။

မနေ့ညက အိပ်မက်မက်တယ် . . .
ကိုယ်သေသွားလို့တဲ့ . . .
ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တာ။

ဒီနေ့ညမှ လေတိုက်တယ်...
နင်သေသွားလို့တဲ့...
နင့်အသုဘကိုငါလိုက်ပို့ရတာ.....
စောလိုက်တာဟယ်။

ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
လောကကြီးက ပူတယ် . . .
ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။

ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး...
ကျောပြင်ကြီးက ဆိုတယ်...
ငါ့တို့ရဲ့နေ့တွေက ညတွေလောက်မသာယာခဲ့ဘူး......
ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော

ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . .
မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . .
ဘယ်လောက်ခက်ခက်ပေါ့ဟာ။

ဒီဘ၀ အတွက်တော့ ရင်နာရတာ ရင်းပြီး…….
ဥပေက္ခာ ခန္ဓီ တမျိုးကိုပဲ ရမက်မပါ ကျင့်ပါရစေ…..
ဘယ်လောက် နက်နက်ပေါ့ကွာ

A Chen and BS (Legendary)
ဘုတ်ဆုံမှ စတင်၍
တယောက်တပိုဒ်ရေးသည်

5:07 pm
23rd march 2009
Online
Office (bkk) and Office (ygn)

တီနဲ့ ဘုတ်ဆုံက ခုလိုကဗျာတွေ မကြာခဏရေးလေ့ရှိပါတယ်
လက်တန်းချကြတာပါ
တော်လွန်းတတ်လွန်းလို့မဟုတ်ပါဘူး
ဝါသနာတူတာပါ
ရေးဖြစ်တာလဲပါတယ်လေ
အဲလိုပဲ ဂျီတော့ခ် မှာပြောရင်းရေးရင်း ရေးရင်းပြောရင်းနဲ့
ကဗျာတွေရေးဖြစ်ကြပါတယ်
ဒါလေးက ၃ ပုဒ်မြောက်ပါ
အရင် က ၂ ပုဒ်ရေးဖူးပါတယ်
မဖတ်ရသေးသူတွေ
ဒီမှာလင့်ခ် ပေးထားပါတယ်
ပထမ အပုဒ်လေးက နင်နဲ့ ငါ၊ တို့ နှစ်ယောက်ပေါင်းပြီး ဒါ တဲ့
နောက်တစ်ပုဒ်က
ထီဆန်းခင်ရမ် တဲ့စိတ်ဝင်စားတဲ့သူတွေ ပြန်ဖတ်လို့ရအောင်တီ လင်ခ့် ပြန်ထည့်ပေးလိုက်ပါတယ်
အခုမမြင်ြခင်းများ ၁ ၂ ၃ ကိုဘယ်လို စ ရေးဖြစ်တယ်ဆိုတာ သေချာနားလည်ချင်တယ်ဆိုရင်
အောက်ကို ဆက်ဖတ်ပါ
ကဗျာရသ ကိုမပျက်စေချင်ရင်တော့ ဒီမှာပဲ ရပ်ပါ

အောက်မှာ အိုင်တဲလစ်ခ် နဲ့ပြထားပေးပါတယ်

Addy: မယ်ဖော့ ဆက်မရေးတော့ဘူးလား
ကဗျာကို
Hnin Mon: တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . . တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . . ငါ . . . ပျော်တတ်ရတော့မယ်။Addy: တနေ့သောနေ့ကလေးမှာ လွမ်းနေပေမယ့် တနေ့သောနေ့ ကလေးမှာ တမ်းနေတာသိရရင်လဲ ငါပျော်မှာပါပဲ
Sent at 4:21 PM on Monday
Addy: ငပုတောလမ်းမှာ သေနေပေမယ့် လအုတော ရမ်းကာနေလေသူမို့ အော် တခုသောလမ်းမှာ ခွေးဆွဲပါစေ
Hnin: ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . . မချစ်ဖူးပဲ လွမ်းတယ်။
ဟဲ့
အစုတ်အပြတ်တွေ မပါကျေးဟ
Addy: အေးပါဟ
ခဏနေအုံး
တိုးတိတ်ညနေ “နေ” ၀င်ရောက်သွားတိုင်း စိုးစိတ်တွေ ထုံထိုင်းသွားတယ် ........ချစ်ဖူးလို့နွမ်းတယ်
Hnin: ဘာရယ်မဟုတ်ပါဘူး . . . ကံကြမ္မာကို ရေတွက်ကြည့်တော့ . . . အလွဲတွေချည်းပဲ။
Addy: လာတယ် မရောက်ပါဘူး........အိမ်နံတွေကိုယ်ဖတ်ကြည့်တော့.....အမွဲချည်းပဲ။
Hnin: ဘာရယ်မဟုတ်ပါဘူး . . . ကံကြမ္မာကို ရေတွက်ကြည့်တော့ . . . အလွဲတွေချည်းပဲ။
Addy: လာတယ် မရောက်ပါဘူး........အိမ်နံတွေကိုယ်ဖတ်ကြည့်တော့.....အမွဲချည်းပဲ။
Hnin: မနေ့ညက အိပ်မက်မက်တယ် . . . ကိုယ်သေသွားလို့တဲ့ . . . ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တယ်။
Addy: ကလေးဘ၀ ကအသေမိုက်တယ်.....လာကျောင်းလစ်စို့တဲ့.....ကိုယ့်ကိုယ်ကို ဆရာမမြင်အောင်ပုန်းရတာ လောလိုက်တာ......
အင်း ဒါသိပ်မကောင်းဘူး
ခဏ
Hnin: အေး ရတယ်
Addy: ဒီနေ့ညက လေတိုက်တယ်...နင်သေသွားလို့တဲ့...နင့်ကိုငါလိုက်ပို့ရတာ.....စောလိုက်တာဟယ်။
ဒါကပိုကောင်းတယ် ထင်တယ်နော်
Addy: ဟေးမမရေ
ရှုပ်နေလားဝေ
Hnin: မရှုပ်ပါဘူး ညီမလေးရဲ့
အဟဲ့အဟဲ့
Addy: လုပ်လေ မမဒါဆိုလဲ
အယ်တော့ အယ်တော့
မယ်ဖော့ကွ
Hnin: ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . . လောကကြီးက ပူတယ် . . . ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . . ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။
Addy: နင်ငါ့ကိုပညာပြပြီ
ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး...ကျောပြင်ကြီးက ဆိုတယ်...ငါ့တို့ရဲ့နေ့ကတွေ ညတွေလောက်မသာယာခဲ့ဘူး......ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော
Hnin: ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . . မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . . ဘယ်လောက်ခက်ခက်ပေါ့ဟာ။
Addy: ဒီဘ၀ အတွက်တော့ ရင်နာရတာ ရင်းပြီ ဥပေက္ခာ ခန္ဓီ တမျိုးကိုပဲ ရမက်မပါ ကျင့်ပါရစေ ဘယ်လောက် နက်နက်ပေါ့ကွာ
Hnin: ဟဲ့
ရပြီထင်တယ်
တအားရှည်သွားလိမ့်မယ်
Addy: tifawmfjyDvm;
Addy: tifawmfjyDvm;
i mean enough lar??
Hnin: ဘာရယ်
Addy: ok lay
i will sorted it
what do u want for name??
Hnin: အေး
သုံး
Addy: what u want the name as 3??
Hnin: no no
မမြင်ခြင်းများ
Addy: aye kaung tal
english loe taw unseen pop naw
hihi

13 comments:

  1. နံပတ် ၁ အရင်ဦးတာ မဖတ်ရသေးဘုး

    ReplyDelete
  2. တော်လိုက်ကြတာ...တော်လိုက်ကြတာ...
    ရသမြောက်တဲ့ အရေးအဖွဲ့ လေးတွေ...
    ဘာတဲ့
    ”ငပုတောလမ်းမှာ သေနေပေမယ့် လအုတော ရမ်းကာနေလေသူမို့ အော် တခုသောလမ်းမှာ ခွေးဆွဲပါစေ”...
    အောင်မလေး ..ချမ်းတုန်အောင် အားကုန်းဟစ်ပြီး ပြန်တော့မယ်...

    ReplyDelete
  3. ဟို တစ်နေ့ က တစ်ဝက်တစ်ပျက် ပေးဖတ်တော့ ဘာမှန်း မသိဘူး..။အခု မှ အပြည့်အစုံဖတ် ရတော့တယ်..။
    ကောင်းပါတယ်တီချမ်း ရ ...။ လက်တမ်းဆို ပေမယ့်... သူ့ နေရာ နဲ့ သူတော့ အံ့ ၀င် ဂွင်ကျ ပဲ...။ တစ်ချို့ ကတော့ တရားရ စရာလေး တွေပေါ့..။ အကြိုက်ဆုံး စား သား က

    ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
    လောကကြီးက ပူတယ် . . .
    ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
    ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။

    ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး...
    ကျောပြင်ကြီးက ဆိုတယ်...
    ငါ့တို့ရဲ့နေ့ကတွေ ညတွေလောက်မသာယာခဲ့ဘူး......
    ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော

    ReplyDelete
  4. ကြို့်တယ် တီချမ်းရေ .. အားပေးနေတယ် .. ကြိုက်တယ် ကြိုက်တယ် ..း)

    ReplyDelete
  5. လိုတာ ကူးတယ် မလိုတာ မဖတ်ဖြစ်။
    :D ကဗျာကို ကြိုက်လို့ မန့်သည်။

    ReplyDelete
  6. တော်တယ်.. တီတီတို့၂ယောက်စလုံး
    လက်တမ်းကဗျာတွေရေးနိုင်တာတစ်ကယ်တော်..
    တော်တီးတီးတော် =)

    ReplyDelete
  7. ဥာဏ်မမှီတော့ သိပ်နားမလည်ဘူး။ ဒါပဲနားလည်တယ်
    ဒီနေ့ညမှ လေတိုက်တယ်...
    နင်သေသွားလို့တဲ့...
    နင့်အသုဘကိုငါလိုက်ပို့ရတာ.....
    စောလိုက်တာဟယ်။

    ReplyDelete
  8. ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
    လောကကြီးက ပူတယ် . . .
    ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
    ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။

    ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး...
    ကျောပြင်ကြီးက ဆိုတယ်...
    ငါ့တို့ရဲ့နေ့ကတွေ ညတွေလောက်မသာယာခဲ့ဘူး......
    ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော

    လင်းလွန်းတဲ့ ညတွေမှာ
    ကြယ်တွေ မတောက်ပနိုင်ဘူး
    လောကကြီးကဆိုတယ်
    အလင်းတုတွေက တိမ်ဖုံးတာထက်ပိုဆိုးတယ်တဲ့
    ဒီလိုနဲ့ ကမ္ဘာကြီး လောင်စာတွေ ထုတ်အန်နေရရော။

    ဘာရယ်မဟုတ်ပါဘူး။ အားကျလို့....
    ကဗျာလေးက ကောင်းလွန်းလှတယ်

    ReplyDelete
  9. တီတီချမ်းရယ်။။။။တော်လိုက်ကြတာ။တကယ်ကို အားကျရပါတယ်။
    လက်တန်းမို့ လို့ သာပဲ။ လက်များကွေးပြီးသာရေးခဲ့ရင်တော့ ...:)
    ကြိုက်တယ်တီချမ်းရေ.:)

    ReplyDelete
  10. တီတီရေ..
    ကဗျာလေး အရမ်းကောင်းတယ်..
    ကြိုက်သွားပြီ... ကဗျာလေးရော.. ကဗျာရေးတဲ့ နှစ်ယောက်စလုံးရော.. အဟိ

    ReplyDelete
  11. တော်တီးတီးတော်

    ReplyDelete
  12. ကောင်းပါတယ် တီချမ်းရေ

    ReplyDelete
  13. ဖတ်လို့ကောင်းတယ်ဗျာ

    ReplyDelete