Tuesday, March 24, 2009

H5 N1 နဲ့ တီချမ်း ဆားချက်ခြင်း

ဘာတင်ရမလဲမသိ
သစ်ကလဲမရေးဖြစ်
အဲတော့ ဆားချက်တယ်ကွယ်
ဘလောခ်ဂါတွေလုပ်နေကြပေါ့နော်
ခွိခွိခွိ

ဒီဟာလေးလဲ ဆွဲထားတာကြာလှပေါ့

တွေးစရာလေးပေးထားတာ
သူငယ်ချင်းတချို့က ကြိုက်တယ်
တချို့က မကြိုက်ပါ

တီလဲ စဉ်းစားကြည့်တယ်လေ
အားလုံးကိုတော့ မပလိစ် နိုင်ဘူးလို့
အဲတော့ ပလိစ် သလောက်ပေါ့ကွယ်နော်
လူ့ဘ၀လေးကတိုပါတယ်
စိတ်ညစ်စရာတွေအတွက်အချိန်မရှိ
တီလဲညစ်တတ်ပါတယ်
ဒါပေမယ့် ခဏပဲ
အဲလိုအဲလို
(အခုတော့လဲ ဟိုတနေ့ ကသေမလိုဖြစ်နေတာ
တီမဟုတ်တော့မလိုပဲနော်)

အဲတော့ တွေးကြည့်ကြ
ကြိုက်ကြ
မကြိုက်ကြ
ငြင်းကြ
ခုန်ကြ

ကုတင်ကျိုးကျ
ယူကြုံးမရ
အပူလုံးကြွ
လူလုံးမလှ
သူသုံးမရ
ဂူသုံးဝ

အဲလေ လွဲကုန်ပြီ
ကဲကဲတော်ပြီကွယ်
တွေးကြပေတော့




A Chen
4:42 pm
24th March 2009
Home
Bkk

16 comments:

  1. တွေးကြည့်ပါတဲ့ .. ဘယ်လိုထင်လဲ :P

    ReplyDelete
  2. တီတီ... အဲဒီပုံလေးကိုနားလည်ဘူးဖြစ်နေတယ်..

    ကုတင်ကျိုးကျ
    ယူကြုံးမရ
    အပူလုံးကြွ
    လူလုံးမလှ
    သူသုံးမရ
    ဂူသုံးဝ
    အဲဒီအရေးအသားလေးကိုတော့ကြိုက်တယ်... =)

    ReplyDelete
  3. သူများ အဖြေလ်ာပြောမှ နော်ကတစ်ခေါက်ပြန်လာဖတ်တော့မယ်။
    များက Basic နည်းလို့ နားလည်ဝူးးးးးးးး။

    ReplyDelete
  4. အင်း...သရုပ်ဖော်ပုံကတော့ ပြောင်မြောက်ပါပေ့..ဖင်ဘူးတောင်လေးကို ထောင်လို့. သရုပ်ဖော်စာလေးကို ပိုကြိုက်တယ် တို့တွေ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ကြမယ်နော်တဲ့ တီချမ်းရဲ့ စိတ်ရင်းလေးကို မြင်သွားတယ်...

    ReplyDelete
  5. ထောင်တော့ ထောင်နေတာပဲ... ကောင်မလေးကလည်း ထောင်တယ်... ကြက်မကလေးကလည်း ထောင်တယ်..... တီချမ်းရော ထောင်ဖူးလား..... အဟိ... ဂွိ

    ReplyDelete
  6. :D....တီချမ်းရယ်။။။ဆွဲထားတာလေးက ချစ်စရာလေး ။
    မသဇင်ဏီ ပြောသွားတဲ့ အပိုဒ်လေးကို ကြိုက်တယ်လို့ 
    လိုက်ထောက်ခံတယ် ..ဟဲဟဲ...PM style ခိုးတာလေ ..:P

    ReplyDelete
  7. အား.................................
    အား............................လုံးလွဲနေပြီ
    မေးထားတာလဲ ဘယ်သူမှမဖြေဘူး
    မတွေးတတ်တာနဲ့
    မသိတာနဲ့
    မဟုတ်က ဟုတ်ကရေးထားတာကိုပဲ ကြိုက်တာနဲ့
    အင်း
    တီချမ်း ကို လူတွေက အပျော်တွေပဲရေးတတ်တယ်ထင်နေကြပြီ
    အပျော်တွေရေးမှအားပေးတယ်လား
    တွေးစေချင်လို့ဒီပို့စ်ကိုတင်တာ
    တွေးပေးကြပါ
    အီး....................
    တော်ကြာ ဒီလိုရေးလို့ မတွေးချင်ဘူး
    တီချမ်း အိမ်က ခေါင်းစားတယ်လို့ပြောကြအုံးမယ်
    အင်းလောက လောက
    ရတာမလို လိုတာမရ
    မေးတာမဖြေ
    မတွေးပါလေ
    တွေးတာတွေမေး
    ခေါင်းနာတယ်လေး
    အကြောင်းရှာမေး
    တီချမ်းအိမ်ကို မလာတော့ပါဟေး
    အဟေးအဟေးအဟေး
    တော်ဲပီ
    ဖြေကြပါတော့ အီး...................................
    ဖြေကြပါ
    သနားကြပါ အဲရောကုန်ပြီ
    ဖြေကြပါတော် အရပ်ကတို့ရဲ့

    ReplyDelete
  8. ဟင်..ဘဲလား..ကြက်လား..သိဘူးနော်...
    ဘာလို့ ဖင်ဘူးတောင်းထောင်နေကြတာလဲ...
    ဘဲမကျ ကြက်မကျ ကောင်က ဘီယာမူးနေလား..မျက်လုံးကိုကရီဝေဝေရယ်..
    ကလေးလေး ကိုတော့ကြိုက်တယ်..ချစ်စရာလေး...
    တီချမ်းတော်တယ်...
    လန်ထွက်နေအောင်တော်တယ်..
    အင်း..အဖြေပေးလိုက်မယ်...
    ကြိုက်တယ်..

    ReplyDelete
  9. သာသား တို့ ကတော့ ဒဲ့ ပဲ...။
    မကြိုက်ဘူး..........။

    ReplyDelete
  10. ကုတင်လည်း ကျိုးကျတယ်လား ဘာများလဲနော် အဟင်းဟင်း :P

    ReplyDelete
  11. တီချမ်းက မြင့်တာကိုး .. နဲနဲ အရိပ်အမြွက်လောက်ပြလေ .. ဒီတော့မှ ရမ်းသမ်းဖြီးရဦးမည် .. အဖြေရပြီလားလာကြည့်တာ .. အဖြေလည်းမသိရဘူး .. ပြန်လိုက်ဦးမယ် ..

    ReplyDelete
  12. အရိပ်အမွက်ပြောရရင်တော့
    security of insecurity လေ
    တံလျှပ်ဆန်တဲ့ အကာအကွယ်ပေါ့
    ဟိဟိပေါက်ကြလားတော့မသိ

    ReplyDelete
  13. ဒုက္ခတခုခုနဲ့ကြုံတွေ့ရင် = ကြက်ငှက်တုတ်ကွေးဖြစ်ရင်
    တိရိစ္ဆာန်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် = တို့တွေ
    တစ်ယောက်ကိုတစ်ယောက် စာနာကူညီ ကြမယ် = စောင့်ရှောက်ကြမယ်နော်
    ဘယ်တော့မှ လျှစ်လျှူမရှုပြစ်ပါနဲ့ = ဘယ်တော့မှ မခွဲကြေး

    ကဲ အတည်ဖြေပေးသွားတယ်
    မှန်မှန် မမှန်မှန် မုန့်ကျွေးပါ

    ReplyDelete
  14. အဖြေရေးပြီးမှ အရိပ်အမွက်ကိုတွေ့တယ် .. (ရှက်က်က်က်က်က်...)

    ReplyDelete
  15. သြော် အဖြေက Mask
    ဟုတ်တယ်မလား

    ReplyDelete
  16. မသိဘူးကွာ။ ကိုယ့်ဘာသာတောင် အဆိုင်းမန့်တွေ အဖြေရှာမရလို့ စိတ်ညစ်နေပါတယ်ဆို။ မြန်မြန်အဖြေပေး။ ဒါပဲ။

    ReplyDelete