Friday, November 6, 2009

ကြက်သည်းကြက်မြစ်ဆီပျံ နှင့် သီးစုံကုလားဟင်း

အင်း ဒေါ်ချမ်းတယောက် ပျင်းပျင်းရှိတာနဲ့ ဒေါ်စနိုးတောင်းဆိုချက်အရ ချက်ဖြစ်ပါတယ်။ (အမှန်က ကိုယ်ကလဲ ခံတွင်း မြက်မြက် လေးစားချင်နေတာကြာပါပြီ အလုပ်တွေရှူပ်နေတာ နဲ့မချက်ဖြစ်တာ ဘယ်လောက် ကြာပြီ လဲနော့) အိမ်မှာလဲ တလောက ဝယ်ထားတဲ့ ကြက်သည်းမြစ်က အဆင်သင့်ရှိနေ၊ မဲစောက်က ဝယ်လာတဲ့ အသီးအရွက်များကလဲအဆင်သင့်ဆိုတော့ စီပုံးမှာ လာရောက် တောင်းဆိုထားတဲ့အတိုင်း ချက်ဖြစ်ပါတယ်။
ဒါပေမယ့် ခုနပြောထားတဲ့အတိုင်း ပျင်းတယ်လေ ပျင်းနေတယ် အဲ့တာနဲ့ လွယ်လွယ် လုံးချက်ပဲ လုပ်ဖြစ်တယ်
ငပျင်းချက်နည်းပေါ့ ဒါပေမယ့် အမှန်က အခု ကိုယ်တို့ လို နိုင်ငံရပ်ခြားရောက် အလွန်တော် (smart women)မိန်းမများအတွက်ကတော့ အင်မတန်မှ ကို လွယ်ကူ မြန်ဆန် စားကောင်း အဆင်ပြေပါတယ်။ desperate house wives ပေါ့အေတို့ရယ် တီချမ်းကတော့ bree van de camp ပေါ့လေ ငှဲငှဲငှဲ အိမ်လဲ ရောက်ရင်လာကြည့်ကြ လုံးဝ သန့်ရှင်းတောင်ပြောင်နေသာပဲ ဖူဂျီနဲ့လျှော်ထားတာလေ လို့တောင် ကင်းကောင်တို့တွေ့ရင် ပြောကြအုံးမှာ (ကြုံကြွား)
ကဲကဲ စကားတွေဘေးမရောက်ခင် ရွာစားရေ........စည်တော်လေး ကို ပင့်.....

ပထမဆုံးကြက်အသည်းအမြစ်အတွက် ပြင်ဆင်ပါမယ် အသင့်လှီးချွတ်ထားတဲ့ ကြက်သည်း ကြက်မြစ်တွေ ကို ဆား၊ ငံပြာရည် အနည်းငယ်၊ အချိုမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် တို့နဲ့ နယ်ထားပါမယ် အနှစ်လုပ်ဖို့အတွက် ကြက်သွန်ဖြူနီ ကို အသင့် ကြိတ်ထားပါမယ် နောက် အာလူးကြိုက်တတ်ရင်ထည့်ပါ။ အနေတော် အတုံးလေးတွေလှီးထားရင် ကောင်းပါတယ်။ အရမ်းသေးသေးလေးမလှီးပါနဲ့ ပျော်ပြီး ပျောက်သွားတတ်ပါတယ်



ပြီးရင် ခုန က နယ်ထားတဲ့ ကြက်သည်းကြက်မြစ်ကို ဆီပူအိုးလေးထဲ ထည့်ပြီး ချက်ပါတယ် ကြက်သည်းကြက်မြစ်ကလဲ ရေနည်းနည်းထွက်မှာ ဖြစ်တဲ့ အတွက် ပထမ ပိုင်းမှာရေလုံးဝမထည့်ပဲ ဆီအနည်းငယ်နဲ့ပဲ လှိမ့်ပါမယ် ကနဦး ထည့်ထားတဲ့ ဆီရယ် အသည်းအမြစ်က ထွက်လာတဲ့ ရေ ရယ်နဲ့ ပဲ ပထမ တရေ ခမ်း လုလု ဖြစ်အောင်တည်ပါတယ်။ နောက် အသည်းအမြစ် အကုန်ကျက်ခါနီးပြီ ဆိုတော့မှ
ခုနက အနေတော် လှီးထားတဲ့ အာလူးလေးတွေကိုထည့်ပါမယ် ပြီးတော့ ရေ မြုပ်မြုပ်လေး ထည့်ပြီး နောက်တရေ ခမ်းလုနီးနီး ဆူအောင်တည်လိုက်ပါမယ်။


နောက်ဆုံး အိုးချခါနီး မှ ကုလားလေး မဆာလာ (တီကတော့ ဟင်းချက်တတ်ကြိုက်တတ် စားတတ် လို့ အစကတည်းက ရန်ကုန်ကနေဝယ်လာခဲ့ပါတယ်) ကြိုက်တတ်ရင် နည်းနည်း အုပ်ထည့်လိုက်ရင်....အောက်ပါအတိုင်း စားချင်စဖွယ် အရသာ အနံ့ နဲ့ ပြည့်စုံတဲ့ မြန်မာ့ ရိုးရာစားဖွယ်ရာ အိမ်တွင်းချက် ဟင်းလျာ “ကြက်သည်းကြက်မြစ် ဆီပျံ” ဟင်းလေးတခွက်ရပါပြီ။

ဒုတိယပိုင်းကတော့ သီးစုံ ကုလားဟင်းပါ (မှတ်ချက် ကုလားပဲ ကြိုက်တတ်သူများ ပဲ ကိုတည ရေအရင် စိမ်ပြီးတော့ ထည့်ရင် ရပါတယ် တချို့ ကြိုက်တတ်တဲ့ လူတွေကလဲ ငါးခြောက် ငါးခြမ်းလေး ဘာလေးတွေ ထည့်တတ်ပါတယ် တီကတော့ နှစ်မျိုးလုံးမကြိုက်တဲ့အတွက် မထည့်ပါဘူး)
ပထမဆုံး ကိုယ်စားချင်တဲ့ အသီးတွေ အကုန်စိတ်ကြိုက်ဝယ်ပြီး အနေတော် လှီးချွတ်ထားရပါမယ် တချို့ ကြိုက်တတ်ရင် မုန်လာဥ အဖြူ လဲထည့်လို့ရပါတယ် အချဉ်ဓါတ်လေးရတာပေါ့ တီကတော့ မကြိုက်လို့ မထည့်ပါဘူး။
ပထမဆုံး ခရမ်းသီးပါ ကြိုက်တဲ့ ပုံစံလေးတွေ လှီး လို့ရပါတယ် အရမ်းမကြီးဖို့တော့လိုမယ်နော်။

ပြီးတော့ အာလူးလေးတွေ ကို ဒီလိုလှီးထားပါမယ်။တခု သတိထားရမှာ က အသီးတွေ အစုံထည့်မှာ ဖြစ်တဲ့ အတွက် တခုချင်းဆီကို အရမ်းမများမိစေဖို့ပါပဲ မဟုတ်ရင် တအိုးကြီးဖြစ်သွားပြီး တရွာလုံးစာ အရီးတားတို့ မိဘုတ်တို့ သာဂိ တို့ ဘွေးတုတ် ဒေးအုတ် ကယ်ပါတို့ အင်မီ တို့ ခေါ်ကျွေးတောင် မကုန်နိုင်ဖြစ်ပါမယ်

ဒါလေးတွေက ဘူးသီး နဲ့ အပျိုမလက်ချောင်းလေးတွေပါ တီကတော့ (ဘိုလိုအခေါ်) အပျိုမ လက်ချောင်း ကိုကြိုက်လို့ များများထည့်ပါတယ် (ဘိုင်အိုလော်ဂျီကယ် အလိုအရ အော်ခရာ လို့လဲခေါ်သလို မြန်မာလိုတော့ ရုံးပတီသီးလို့လဲခေါ်ကြပါတယ်)

ဒါလေးတွေကတော့ အနှစ်လုပ်ဖို့ ကြက်သွန်ဖြူနီပါ ကြိတ်စက်နဲ့ တခါတည်းကြိတ်ထားပါတယ် တီလဲအမှန်ကတော့ ဒီ ကြိတ်စက်ကလေးဝယ်ပြီးမှပဲ ဟင်းပိုချက်ဖြစ်သာပါ မဟုတ်ရင် လှီးရတာ တယ်စိတ်မရှည်သာပ

နောက်တော့ ခုနက လှီးချွတ်ထားတဲ့ အသီးပေါင်းစုံကို ရေစင်စင်ဆေးထားပြီး ခုလို စစ်ထားပါမယ်
အိမ်စား (ဆိုင်ရောင်း မဟုတ်တဲ့အတွက်) သေသေချာချာ သန့်သန့်ရှင်းရှင်းလုပ်ပါတယ်
ပဲသီးလေးတွေလဲအနေတော် အပိုင်းလေးတွေ စိပ်ထားပါတယ် နော်

ကဲ ပြင်ဆင်တာတွေအကုန်ပြီးသွားပြီဆိုရင် ချက်ပြုတ်တဲ့အပိုင်းစပါမယ် ပထမဆုံး ဆီသတ်ဖို့အတွက် ဆီပူအိုးလေးတည်ပါမယ် နောက် ကြက်သွန်ဖြူနီ ထည့်ပြီး ဆီသတ်ပါမယ် အရောင်တင်မှုန့်လေး အနည်းငယ်လဲ အရောင်လှအောင်ထည့်ပါမယ် အစပ်ကြိုက်တတ်ရင် ငရုတ်သီးလေးတွေ ထောင်းထည့် အမှုန့်ထည့်လဲရပါတယ်

နောက် နနွင်းလဲထည့်ပါမယ် ရိုးရာမပျက်ပေါ့အေ။ ပြီးရင်တော့ ဆီကျက်ပြီဆိုရင် အာလူးအရင် ဆုံးစထည့် ပါတယ် ဘာလို့လဲဆိုတော့ ဒီဟင်းထဲမှာထည့်မယ့် အသီးတွေမှာ အမာဆုံးအသီးမို့ပါ အဲ့တာဆိုရင် နောက် အသီးတွေ က မာစဉ်ပျော့လိုက် ထည့်ရမယ်ဆိုတာ သဘောပေါက်ပေါ့နော်

ဒုတိယ ပဲသီး၊ နောက် ခရမ်းသီး၊ ဘူးသီး စသဖြင့် အစဉ်လိုက်ထည့်ပါမယ် ပြီးရင် ရေ မထည့်သေးဘဲ အရင်ဆုံးအသီးတွေ နွမ်းသွားတဲ့အထိ မွှေပေးနေပါမယ် မွှေနေတဲ့ အချိန်မှာ ဆား ဟင်းချိုမှုန့် ငံပြာရည် လိုသလောက်ထည့်ပါမယ်။ (သတ်သတ်လွတ်စားချင်တယ် ဆိုရင်လဲ ဒီအဆင့်မှာ ငံပြာရည်မထည့်ပဲ ဆားတမျိုးထဲနဲ့ ကျဲလဲရပါတယ်။ အပေါ့ အငံကတော့ ကိုယ်ကြိုက်သလောက်ပေါ့နော့။ စားတော့လဲစား အသက်ကိုလဲဥာဏ်စောင့်ပေါ့အေ။ ပြီးရင်တော့ ခုနက ပြောတဲ့အတိုင်းရေမထည့်ပဲ ခဏအိုးကို သူ့အဖုံးလေးနဲ့ သူအုပ်ထားပေးပါမယ်။
ခုန အသီးတွေကိုရေဆေးပြီးစစ်ထားတဲ့အတွက်လဲ ရေရှိနေပါမယ် နောက်အသီးတွေ ကိုယ်တိုင်ကလဲ ရေထွက်သေးတာကြောင့် ဒီအဆင့်မှာ ရေထည့်စရာမလိုသေးပါဘူး နောက်ပြီး အပျိုမ လက်ချောင်းကိုလဲမထည့်သေးပါဘူး လောင်သွားမှာ စိုးလို့ပါ (ရွာထိတ်က စုန်းမကြီး ဒေါ်အိုဇာ သင်ထားတဲ့အတိုင်း ပွက်ပွက်ဆူမှ တခါတည်းထည့်မှာ အဟိ)

မွှေလို့ အားရရင် ခဏ အုပ်ထားပါမယ် အသီးတွေ နွမ်းသွားပြီးဆိုတော့ မှာ ရေလိုသလောက်ထည့်ပြီး ခုနက ဖယ်ထားတဲ့ အပျိုမလက်ချောင်းလေးတွေ ကိုထည့်ပါမယ် ပြီးရင် ဆူတဲ့အထိတည်ပြီး ခုန က ဆီပျံ ချက်သလိုပဲ အိုးချခါနီး ကုလားလေး မဆာလာ ခပ်လိုက်ရင် အင်မတန်မှကို စားကောင်း၊ ကျန်းမာရေးနဲ့လဲညီညွတ်တဲ့ “သီးစုံကုလားဟင်းတခွက် (တအိုး)” ရပါပြီ။

တီကတော့ သီးစုံဟင်းချက်တဲ့နေ့ဆိုရင် ထမင်းပိုစားဖြစ်ပါတယ် (ကြိုက်တာကိုး) အောက်မှ ဖော်ပြထားသလိုပဲ ထမင်းထဲပုံထည့် သေသေချာချာနယ်ဖတ်ပြီး တော့ စားတော့တာပဲ ကြက်သည်းကြက်မြစ်ကိုတောင် မေ့သွားတယ် သီးစုံဟင်းက ကောင်းလွန်းလို့ နောက်တော့ အခြောက်အခြမ်းလေးနဲ့ ဆိုရင်လဲ ပိုမြိန်ပါတယ်။ ငါးပိကြော်လိုမျိုး ဆိတ်သားခြောက် အစပ်ကြော်လိုမျိုးပေါ့။

ကဲ ဒီလောက်ဆို ဒေါ်စနိုး ကျေနပ်လောက်ရောပေါ့ မလာဖြစ်တာနာလိုက်လေခြင်းလို့ တော့ မပြောနဲ့နော်
ကိုယ့်ဒေါသနဲ့ကိုယ်ပဲ ဟွင်းဟွင်းဟွင်း (ဒေါ်ဂျူး ရှင်မစားရတာ မိစနိုးကြောင့် သူ့အပြစ်တင်)
မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ
မူလလက်ဟောင်း
ပုသိမ်
ဒေါ်ချမ်း လက်စွမ်းပြသည်။
အော်ဒါမှာလိုသူများ
ဝ ၉၅ (၁) ၁၁၉ ၉၁၁သို့ဆက်သွယ် မှာ ကြားနိုင်ပါသည်
(အလှူပွဲများ အော်ဒါလက်ခံသည်)

12 comments:

  1. ဆီက ဘယ်ကို "ပျံ" ထွက်သွားတာတဲ့လဲ။

    ReplyDelete
  2. သီးစုံကုလားဟင်းတဲ့ ကောင်းမှကောင်း
    ချက်နည်းလေးပါ ပါလိုက်သေး မှတ်ထားခိုင်းရမယ်
    ဖုကောဒ့်သွားသွားစားနေတဲ့ မယ်သစ်ကို အဟိ

    ReplyDelete
  3. တော်လိုက်တာ တော်တီးတော် ချမ်းချမ်း
    ချက်နည်းပါပါတယ် ... ဗိုက်ဆာလာပီ

    ReplyDelete
  4. တယ် .... ဒီတီတီတော့ ဗိုက်ဆာပါတယ်ဆို သူလုပ်လိုက်မှ ပိုဆိုးသွားတယ် ... ရခိုင်ဆိုင်ကလည်း နေ့တိုင်းစားလို့ ရိုးအီနေပီ

    ReplyDelete
  5. 6 Nov 09, 12:23
    littlebrook: နောက်ဘ၀ကျ ပြိတ္တာတွေဖြစ်မယ်ထင်တယ် .. မြင်ပဲမြင်ရပြီး မစားရဘူးလေ ဟီဟီ ..
    6 Nov 09, 12:22
    littlebrook: ဘလော့ဂ်လောကမှာ သူများကို စိတ်ဆင်းရဲအောင်လုပ်တာ ဟင်းချက်တဲ့ ဘလော့ဂ်၈ါတွေ
    6 Nov 09, 09:47
    Cherry: နည်းလေးဘာလေးမှတ်သွား မယ်သစ်သစ် သားရေပဲကျမသွားနဲ့ 
    6 Nov 09, 09:42
    သစ်သစ်: ချမ်းကတော့လုပ်ချလိုက်ပြန်ဘီ စောစောစီးစီးဗိုက်ဆာသွားတယ် ဟင့်
    4 Nov 09, 23:46
    Snow: ကြက်သဲ၊ကြက်မြစ် နဲ့ သီးစုံဟင်း ပုံလေး တင်ပါဗျို့....
    4 Nov 09, 23:21
    Snow: ဟင်းပန်းကန်တွေ.. စားပွဲပေါ်မရောက်သေးပါလား.. စောင့်နေတာ..

    ReplyDelete
  6. nye: အဲ့ ဟင်းချက်နည်းတွေ
း(


    nye nyi: တကယ်တော့ ပျော်ရွှင်မှုဆိုတာ “ပျော်ရွှင်မှု”လို့ရေးထားတဲ့ စာလုံးများသာဖြစ်ခဲ့တယ်
    Addy: ဘာလဲမကျေနပ်ဘူးလား
    ကိုယ့်ဘာသာ ချက်စားတာ
    ဟိဟိ


    nye: ဘာမှန်းလည်းမသိဘူး
    လိုက်ချက်ဖို့လည်းဝါသနာမပါ.. အသင့်စားမယ်ဆိုတော့လည်း တကယ်စားမရနဲ့
    ကတောက်


    Addy: ညုန်းမ်


    nye: ဟွန့်


    Addy: ခုပတည်းက ဟင်းချက်သင်ထားတော့လေ
    ဝိုင်တွေ သောက်လိုက် ဆိုက်ကယ်မှောက်လိုက်ပဲ လုပ်မနေနဲ့


    nye: ခုကတည်းက ?? ဘာလုပ်ဖို့ ??


    Addy: အိုလာရင်
    တောင်ကြီး ပင်းတယမှာ နေမှာဆို
    နှစ်ယောက်တည်းနေရင် ဟင်းချက်တတ်ဖို့လိုတာပေါ့


    nye: ကျန်တဲ့တစ်ယေက်ကိုချက်ခိုင်းမယ်


    Addy: မြင်ယောင်ပါသေးတယ် နှစ်ယောက်သားစကားကြီးစကားကျယ်တွေပြောလိုက် ပုံဆွဲလိုက် နင်ချက် ငါချက်နဲ့ ရန်ဖြစ်လို့ နဲ့ ဗိုက်မှောက်နေကြရမှာ
    အဲ့တော့မှ တီ့ကိုသတိမရနဲ့


    nye: ဟားဟား

    ReplyDelete
  7. ကိန်တာပဲ.. ဒီ တီချမ်းတစ်ယောက်နဲ့တော့..

    ReplyDelete
  8. ခရမ်းသီးနဲ့ အာလူးလှီးတဲ့နည်းတောင် ပါသေးတယ်

    bree van de camp က botox များနေတဲ့ မျက်နှာနဲ့ကွယ်.. နှိုင်းစရာရှားလို့

    ReplyDelete
  9. snow: မေချမ်းရေ..
    ဘလော့ပေါ်ကနေ စားသွားတယ်။  ကျေးဇူးပါရှင်.. မလာလိုက်ရလို့တော့ နာလိုက်လေခြင်းလို့ မအောက်မေ့ပါဘူး။ လာရင် ထပ်ချက်ကျွေးဦးမှာ ဆိုတော့.. :D
    D.JJ ကတော့ မေတာပို့နေတယ်..  မစားရလို့..


    Sent at 11:26 PM on Friday

    ReplyDelete
  10. တီ အိုးကကြီးလှချည်လား ၂ယောက်စာတော့ မကလောက်ဘူး
း)
    စားချင်ထှာ...
း(

    ReplyDelete
  11. တီချမ်းက တကယ့်အိုးကြီးကြီး ကြိုက်တဲ့သူ နှစ်ယောက်စာ အဲ့တာ တကယ်ပဲ နှစ်ယောက်စာ..ဦးမွန်က ကိုယ်တွေ့ ချက် ချက်ကတော့ တကယ်အနပညာဆန်ပါပေ့ ..တကယ်လဲ စားလို့ကောင်းတယ် သူ့ချစ်ချစ်ကတော့ ချစ်လိုက်မယ့် အမျိုး :P

    ReplyDelete
  12. နောက်ပြီး အပျိုမ လက်ချောင်းကိုလဲမထည့်သေးပါဘူး လောင်သွားမှာ စိုးလို့ပါ (ရွာထိတ်က စုန်းမကြီး ဒေါ်အိုဇာ သင်ထားတဲ့အတိုင်း ပွက်ပွက်ဆူမှ တခါတည်းထည့်မှာ အဟိ)

    ReplyDelete