Monday, November 9, 2009

မက်ဟီကို နဲ့ တီချမ်းရန်စခြင်း (နှာဗူးမကြီး ကြွားလုံးထုတ်ခြင်း)

ဒေလီယာ သူသူ က မာယာတွေနဲ့ ကမ္ဘာပျက်မယ့်အကြောင်းတွေရေးတော့ တီလဲအရင်တခါတင်ပြီးတဲ့ မက်ဟီကို ဆိုတဲ့ကဗျာ ပိုစ့်ကို သတိရမိပါတယ် တီကအဲ့လိုပဲ ခရီးတွေထွက်ရင်းမရောက်ဘူးတဲ့ မြို့တွေရောက်ရင် ကဗျာလေးတွေရေးလေ့ရှိပါတယ် မြို့အကြောင်းလူတွေအကြောင်း သဘာဝပတ်ဝန်းကျင်အကြောင်းဘာဘာညာညာ စသဖြင့်ပေါ့လေ ခုလဲ မနှစ်က သြဂတ်စ် ကသွားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အေစ့်ညီလာခံက ကအပြီး မက်ဟီကိုမြို့နဲ့ အနီးပတ်ဝန်းကျင် ကိုသွားလည်ခဲ့ကြပုံတွေ နဲ့ တီရေးထားတဲ့ ကဗျာလေးတင်ပေးလိုက်ပါတယ်နော် အင်္ဂလိပ် ဘာသာနဲ့ပါ လေးဘက်လေးတန်နံရံတွေနဲ့ မွန်းကျပ်နေမယ့် ကိုယ့်ကို မြင်ယောင်ကြည့်ကြပါ


Mexico City

Monumento a’ colon

Beautiful city

Is that the wall on my left???

Nice feature, cute people

I am walking on the street smoking cigarette

Is that someone following me?

Scary

There a man in the street

Looking at me

Spooky

Is that the wall on my right???

Wide roads

Lots of trees

Weather remind me of ShanghaiHanoi

Cool, cold, shiver

Suddenly, it rain

Is there a wall in front of me???

huuuuuuuuuuuuuuuuu

High altitude makes me difficult to breathe

Hotel doesn’t need air condition

Taxi and buses either

Is that a wall behind me???

Thick buildings

Historic

Ancient

20 million of population four times of my city

I like the wide platforms with different sculpture and benches

everywhere

then you see someone at the street corner

and greet...>>>>

Hola

Buenos dias

Adio’s

A Chen

20th Aug 2008

12:48 pm



မက်ဟီကို =>>>>> ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၂၄၀ ရှိတဲ့ဒီမြို့လေးဟာ အပူချိန်ကျတော့ ၁၆ံစင်ဒီဂရိတ ၆၁ ဒီဂရီ ဖာရင်ဟိုက် ပဲရှိတာပါ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ ကျော်မြင့်တဲ့အတွက် ကိုယ်တို့ရှူနေကျ အောက်စီဂျင် ထက် နည်းတဲ့ အောက်စီဂျင်ပဲရှိတာပါ (သူ့ရဲ့လေထုကလေ) အဲ့တာကြောင့် အသက်ရှူရတာ နည်းနည်းပိုခက်တာပေါ့ အရက်သောက်ထားရင် လွယ်လွယ်လေးနဲ့မူးတယ်တဲ့ ဦးမွန်ကိုတောင် သတိရမိသေးတော့ လူဦးရေကတော့ သန်း ၂၀ နီးပါးရှိတဲ့ ကမ္ဘာပေါ်က တိုကျို နဲ့ နယူးယောက်ပြီးရင် တတိယ လူဦးရေ အထူထပ်ဆုံးမြို့ပါ
(တီ့ စာဖတ်ပရိတ်သတ်တွေထဲမှာ ဒေါ်ရီတာ တို့လို့ အီး အဖတ်ပျင်းတဲ့သူတွေလဲပါတော့လေ၊ အမှန်က အဲ့မိန်းမ အကြောင်းပြတာပါ တခြားကမ္ဘာ ဂန္တဝင် အီးကဗျာတွေတော့ သူဖတ်ပြီးတင်နေသားပဲ တီက ကမ္ဘာမကျော်လို့နေမှာပေါ့အေနော့ ထားတော့ ထားတော့ နောင်ကမ္ဘာကျော်လာလို့ လက်မှတ်လာထိုးခိုင်းရင် ချေနေလိုက်မယ် အဲ့မိန်းမ ကိုဟွန့်) အမှန်ကတော့ ပုံတွေ ရှိသေးတယ် အများကြီးတင်ရင် အပြောခံရမှာ စိုးလို့လေ တော်ကြာ နှာဗူးမကြီးမှသည် အရှက်မရှိကောင်ကြီး ဖြစ်နေအုံးမယ် သူများမပြောခင် ကိုယ့်ဘာကိုယ်ပြန်ပြောထားတာ ခုတလောက တီ့ဘလောခ် ကိုအချိန်တိုင်း နာရီမိနစ် စက္ကန့်မလပ် စောင့်ကြည့်သူတွေရှိနေတယ်လေ
(အဟေးဟေး ဘယ်သူမှမပြောခင် ကြိုပြောထားတာ အော် ပြီးတော့ တီ့ပုံတွေ ကို ခိုးမယူရဘူးနော် ခွင့်တောင်းပါ အဟိ တော်ကြာ တီ့ ကို ကြိတ်ကြိုက်နေတဲ့ ကိုကိုတုတ်ကြီး တွေ့ရင် လာခိုးယူနေမှာ စိုးလို့ ။ ဗီဒိုထဲက ထွက်ခဲ့ပါတော့ (come out off the closet) ကိုကိုတုတ်ရယ် အခြောက်တွေ မိန်းမ တွေတောင်မှ နာမည်အရင်းတွေနဲ့ကိုယ်ရေးချင်ရာ ကိုယ်ယုံကြည်ရာ ကို ရဲရဲရေးနေတဲ့ခေတ်ကြီးမှာ တို့တွေလောက်မှ သတ္တိမရှိရင်လဲ ထမိန်သာဝတ်ထားလိုက်တော့အေ သူသူ့ ပိုစ့်မှာတွေ့တယ် ဟုတ် မိန်းမတွေ ကမ္ဘာ ကိုစိုးမိုးလာတော့မှာ အဲ့တော့ ရှင်လဲ အချိန်မကုန်ခင် မြန်မြန် လိင်ပြောင်းလိုက်တော့ (ရှင်လုပ်ချင်နေတာ သိပါတယ်အေ့) ၂၀၁၂ နော် နီးနေပြီ) (အဟေးဟေး အခြောက်တွေကို စရာတကယ်ပျော်ဖို့ကောင်းတာပဲ )

ကဲကဲ သူ့ရန်စနေရတာနဲ့ ................................
ပိုစ့် ပြန်ဆက်မယ်

ဒီပုံက basilica de guadalupe ဘုရားကျောင်း မှာ ရှိတဲ့ သူသူပြောတဲ့ မာယာ ပြက္ခဒိန် ပါ

အဲ့ဘုရားကျောင်းက ဘာနဲ့တူလဲဆိုတော့ ရွှေတိဂုံဘုရားလိုမျိုးပါ (ခရစ်ရှန် နဲ့ ဗုဒ္ဓ ဘာသာ ကိုနှိုင်းယှဉ်ပြတာမဟုတ်ပါဘူး) ပြောချင်တာက မက်ဟီကို လူမျိုးတွေ အကုန်က တီ့ တို့ မြန်မာတွေလိုပဲ ရွှေတိဂုံ ကို အမြို့မြို့ အနယ်နယ် ကနေ လာဖူးကြသလိုပဲ အဲ့ဒီ basilica de guadalupe ဘုရားရှိခိုးကျောင်းကိုလဲ ညအိပ်ညနေ စောင့်ပြီးတော့ ကို လာဖူးကြပါတယ် အထူးသဖြင့် ရက်ထူးရက်မြတ်တွေမှာ ဆို တကယ်ကိုပဲစောင့်အိပ်ပြီး တံခါးဖွင့်တဲ့ အထိ ကွင်းပြင်(ရင်ပြင်ထဲမှာ) ညလုံးပေါက် စောင် ခေါင်းအုံး မီးဖို ထမင်းချိုင့်စတာတွေနဲ့ မိသားစု လိုက်လာစောင့်ဖူးကြတာပါ။




ဘုရားကျောင်းထဲမှာ ကောင်းကင်တော် ကဥယျာဉ်ပုံ ကိုလုပ်ထားတာ နောက်ပြီးတော့ ပုပ်ရဟန်းမင်းကြီး ပုံရုပ်ထု နတ်တမန်တော်တွေ စတာတွေကို ထုလုပ်ထားတာ အများကြီးရှိပါတယ်






နောက်ပြီးတော့ လဲ black Jesus and Mary ရုပ်တုတွေလဲရှိပါတယ် ကိုယ်တွေတွေ့နေကျ ရုပ်တုတွေနဲ့ အဓိပ္ပါယ်က မတူဘူးလို့ပြောပါတယ် တီ့လိုအပ်ချက်က သူသူ့လို သေသေချာချာလေ့လာရေးသားဖို့အချိန်မပေးနိုင်တာပါ နောက်များမှပေါ့နော့




ဒီပုံက pope တရားဟောခန်းမ ပါ ကိုယ်လဲဆုတောင်းခဲ့သေးတယ်
အောက်ကပုံတွေကတော့ ဘုရားရှိခိုးကျောင်းကို အမြင်ရှူထောင့်အမျိုးမျိုးက မြင်ရတဲ့ပုံတွေပါ သူက ဝန်းတခုထဲမှာပဲ ဘုရားကျောင်းတွေအများကြီး ရှိနေတာမျိုးလေ ဝန်းကြီးက အကျယ်ကြီးပဲ
လူတွေသောင်းနဲ့ချီလာတာတောင် မပြည့်ဘူး



ဒါက မြို့ထဲကပုံတွေပါ နောက် ပိုင်းမှာထပ်လာပါမယ် နာမည်ကြီးနေရာတွေအကြောင်း
အောက်ကတော့ ကြားဖြတ်ပြီး ပိရမစ်အကြောင်းပြောပါမယ်
ဒါကတော့ ပိရမစ် teotihuacan လို့ခေါ်ပါတယ် မက်ဟီကိုမြို့ကနေ ရထားနဲ့ဖြစ်ဖြစ် ကားနဲ့ ဖြစ်ဖြစ် သွားလို့ရပါတယ် တီတို့ကတော့ အသွားကိုရထားစီးပြီးတော့ အပြန်ကို ဘတ်စ် စီးပါတယ် အစုံပေါ့ ရောက်သွားတော့လဲ ဘာမသိပ်မထူးပါဘူး တီကတော့ စိတ်ထဲ ကမ္ဘောဒီယား က အန်ကော်ဝတ် ကိုတောင်ပိုကြိုက်မိသေး အပေါ်တက်တော့ ကျိုက်ထီးရိုးလိုလဲခံစားချက်ပေးတယ် အမြင့်ကြောင့်ထင်တယ် မြို့ထဲထက်တော့ပိုပူတယ် ထူးဆန်းတာ က ကန္တာရ ပင်အကြီးကြီးတွေရယ် အဲ့အပင်ရဲ့ အသီးတွေကို ရောင်းနေတာပါအခွံခွာလိုက်ရင် ရဲယိုသီးနဲ့တူသလိုလို ကီဝီနဲ့လဲအရသာ ခပ်ဆင်ဆင်ပါ စားလို့ကောင်းပါတယ် အရသာက ချိုချဉ်ပြုံးလေးပါ ဒီမှာကြည့်ပါ



ဒါကတော့ တီရဲ့ ဟိုရိုက်ဒီရိုက်ပေါ့



ဒီပုံက ပိရမစ် ရဲ့အဝေးမြင်ပါ အမြင့်ကြီးပဲ ဒီတခုက အမြင့်ဆုံး မတက်ဘူး မောမယ်ဆိုတာ မြင်ယုံနဲ့သိလို့ သူသူပြောတဲ့ ပြက္ခဒိန်နဲ့ ဆိုင်တာ ဒဓီတခုလို့ထင်တယ် သိပ်တော့မသေချာဘူး တီဘာမှမသိပါဘူးဆိုနော့ ပြောထားတယ်လေ အစကတည်းက အာပတ်လွတ်အောင်






ဒါကတော့ ဘေးတိုက်ပိရမစ်ပုံတွေပါ အဲ့မှာလဲ ခုနက ဘုရားကျောင်းလိုပဲ ကွင်းပြင်အကျယ်ကြီးထဲမှာ ပိရမစ်တွေအများကြီး ဆောက်ထားတာ နောက်တော့ လာအုံးမယ် မြို့ထဲက ကွင်းပြင်ကြီးအကြောင်းအောက်မှာ မာယာတွေနဲ့ ကွင်းပြင်ကတခုခုတော့ တခုခုပဲ ကြည့်ရတာ နေကနေ မီးလုံးတွေကျလာရင် ပြေးစရာနေရာရှိအောင်ထင်တယ် နော့
အဲ...တီနဲနဲနိမ့်တာ တခုတော့တက်ခဲ့တယ် အောက်မှာကြည့်ပုံတွေရှိတယ်
ဒါကတော့အတက်ပါ လှေခါးကလဲအသေမတ်ပါတယ် တန်းရှိလို့တော်တော့တယ်



ဒါကတော့ အပေါ်ရောက်သွားတဲ့ပုံပါ ပြောသားပဲ ဘာမှတယ်မထူးခြားပါဘူးလို့ ကိုယ်တို့ ကျိုက်ထီးရိုးကတောင် သာသေး အရောင်ပြောပါတယ် ဝင်နေတာလေ ရွှေလူမျိုးတွေနဲ့ ရွှေရောင်ပေါ့ မဟပ်ဘူးလား?း=)



ဒါလေးတွေကတော့ အပေါ်က အရန်ရန်အထပ်ထပ် ကြားက ပုံတွေပါ
မလှမှာတော့ မပူရဘူး ကိုယ်က တာရာမင်းဝေ ရဲ့ အရှေ့မြို့ရိုးမှ မိုးရေစက်များထဲက ကခြေသည်မလေး ဂျူနို လိုပဲ ဘယ်လိုနေနေလှတဲ့ မိန်းကလေးဆိုတော့ အဟိ



ကဲအများကြီးလဲမသိပါဘူးလို့ပြောထားပြီးသားနော် ပြီးတော့ ပုံတွေ အပ်လုတ်လုပ်နေတာနဲ့တင် အချိန်တော်တော်ကုန်သွားလို့ ရေးမယ်စဉ်းစားထားတာတွေ ခေါင်းထဲကနေ ကြက်ငှက်များကဲ့သို့ ပျောက်ကွယ်ကုန်ပေါ့ အောက်ကပုံတွေကတော့ မက်ဟီကို မြို့ထဲက ပုံတွေပါ ကဗျာထဲကရေးထားသလိုပဲ ခုံတန်းရှည်တွေ တမြို့လုံး ပလက်ဖောင်းကျယ်ကျယ်ပေါ်မှာ အများကြီးရှိပါတယ် တတိယပုံက monumento angel de la independencia ပါ မက်ဟီကန်တွေ ရဲ့ မက်ဟီကို မြို့ အဓိက အကျဆုံးနဲ့ အထင်ကရ အဖြစ်ဆုံး လွတ်လပ်ရေးကျောက်တိုင်ပေါ့





လာပါပြီ ကွက်လပ်နောက်တခု Zo'calo ဇိုကိုလို လို့ခေါ်ပါတယ် သူ့အရှေ့ က လွှတ်တော် city hall ပါ အဲ့နားမှာက အလယ်ကိုကွက်လပ်လုပ်ထားပြီးတော့ ဘေးပတ်ပတ်လည်မှာ သမိုင်းဝင် အဆောက်အဦတွေနဲ့ဝန်းရံထားတာပါ သူသူတို့ဒေါ်ရီတာ တို့လို အာခီတွေ အင်...ဂျင်နီယာတွေဆိုရင်တော့ တော်တော်လေ့လာလို့ကောင်းမယ် မြို့ပါ ကိုယ်လို နလပိန်းတုံးအတွက်ကတော့ အင်း.....................မက်ဟီကို ကကောင်လေးတွေက ချောတယ်ကွယ် ခက်တာက ဝ နေကြတာပဲ မျက်လုံးမျက်ခုံးလေးတွေကလှကလှနဲ့ ကိုယ်လုံးတွေကလုံးနေတာခက်တယ် ကိုယ်က ဝတာမကြိုက်....း=(
အဲ့ဒီကွက်လပ်က ရုရှားက ကွက်လပ်ပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံးလို့ပြောပါတယ် ရုပ်ရှင်ထဲကအတိုင်းပဲနော်

ဒီပုံတွေက အနားမှာရှိတဲ့ Majestic Hotel ရဲ့ ၇ ထပ်ကကော်ဖီဆိုင်ကနေ panoramic view ရိုက်ထားတာပါ။




ဒါကတော့ မြို့လယ်ကွက်လပ်က ဘုရားကျောင်းပါ အနောက်နိုင်ငံတွေကလဲ သူတို့ဘာသာနဲ့သူတို့တော့ တော်တော်လေးကို ယုံကြည်သက်ဝင်ကြတာတွေ့ရပါတယ် ဖရီးသင်ကာတွေများတယ်ဆိုပေမယ့်လဲ ရီလေးဂျီးယပ်စ် တွေလဲများတော့မျှနေပုံရပါတယ် ဒီဘုရားကျောင်းက နှစ် ၅၀၀ ကျော်ပြီလို့ပြောပါတယ် အမိုးပေါ်အထိတက်လို့ရပါတယ် ပြင်နေတာတွေလဲတွေ့ရပါတယ် ထိန်းသိမ်းထားတဲ့သဘောထင်ပါတယ် အဟောင်းတွေကိုဖျက်ပြီး ထိန်းသိမ်းတယ်ဆိုတာ ကိုယ့်စိတ်ထဲတော့တမျိုးပဲ အင်းလေ ဒါကလဲ သမိုင်း ကိုထိန်းသိမ်းတဲ့လူတွေပိုသိမှာပါ အောက်က အလံနောက်က အဆောက်အဦ ကခုနကပြောတဲ့ လွှတ်တော်ပါ မိုက်တယ်နော်
ဂျက်ကီချန်းကိုတောင်ကွက်လပ်ထဲလျောက်ပြေးပြီးနောက်ကနေ ရုရှားသေနတ် သမားတွေက လိုက်သတ်နေပုံမျက်လုံးထဲမြင်ယောင်လာသလိုပဲ



ဒါကတော့ တီမြို့ထဲမှာ လျောက်သွားရင်းရိုက်ထားတာတွေပါ


ကဲတော်ပြီ အိပ်တော့မယ်
အရေမရ အဖတ်မရတွေလဲရေးပြီးသွားပြီ
တီချမ်း ဟင်းပဲချက်တာကောင်ပါတယ်နော် လျောက်လုပ်နေတယ်

12:05 am
10th November 1981
Home
Bangkok
Thailand

10 comments:

  1. တီရေ
    ကဗျာလေးကြိုက်တယ်လို့ ထပ်ပြောလိုက်ဦးမယ်

    ReplyDelete
  2. ကြွားလုံးထုတ်စရာရှိလို့ ကြွားတာ ကြွားပါ ကြွားပါ
    မရောက်ဘူးတဲ့နေရာတွေ ရောက်သွားသလို ခံစားရလို့  ကျေးဇူးပါ

    ReplyDelete
  3. တီချမ်းတို့များ .. ခရီးထွက်လိုက် ဟင်းချက်လိုက်နဲ့ .. ဟွန့် ..
    အပေါ်ကကဗျာကို ဘာသာပြန်ရလာတော့မှပဲ ဖတ်တော့မယ် ဟီးဟီး

    ReplyDelete
  4. တီတို့ ဂိုက်ပေးကြမ်းနေတာ....
း)
    ဒါနဲ့ အဲ ပိရမစ်တွေထဲမှာ ဘာမှမရှိဘူးလား တီ...

    ReplyDelete
  5. ရီလဲ ရီရ
ှဗဟုသုတလဲရ (မကောင်းတတ်လို့ ထည့်ရေးတာပါ။ ဘာမှ သိပ် ဗဟုသုတ မပါပါဘူး။ မသိဘူးချည်း ပြောထားတော့)

    ဓါတ်ပုံတွေလဲ တွေ့ရ။
    ကဗျာကတော့ နောက်များ အားမှပဲ လာဖတ်တော့မယ်။

    ReplyDelete
  6. ဖတ်ကောင်းပါတယ်

    မင်းသမီးပုံတွေကတော့ လန်းပါ့း)

    နနခ

    ReplyDelete
  7. ဓေါ်ယီဒါ
    ခုတော့ ဒီလောက်နဲ့ပဲ ရယ်ထားပါအုံးနော်
    လင်တွေပိုစ့်က နောက်မှတင်ပေးမယ်
    ကဗျာ ကိုလဲအများရဲ့ တောင်းဆိုချက်အရ မြန်မာလိုပြန်ပေးပါ့မယ်အေ

    ReplyDelete
  8. စကားမစပ် ဒီလိုပိုစ့်တွေ ပရိတ်သတ်ကြိုက်တာ တီမသိလို့ပါ
    ကြိုက်တယ် ဆိုလို့ကတော့ ရေးစရာတွေအများကြီး
    အရှေ့တောင် အာရှ တော်တော် စုံစုံရောက်ပြီးသား

    ကဲကဲ ဒေါ်ဂျူဂျူး
    တင်ပေးမယ် နော်
    ရှင့် မန့်ကိုဒီမှာပဲ
    အခုကျုပ်က ဒေါ်ရီတာ ကျေးဇူးကြောင့် အနော်နိမတ်စ် မန့်တာ ကိုဖြုတ်လိုက်ပြီလေ ကိုကိုတုတ်တောင်မလာတော့တာကြည့်ပါလား
    သတ္တိမှမရှိဘဲ

    10 Nov 09, 00:57
    jeujue: black Jesus and Mary ရုပ်တုတွေ အကြောင်းတော့သိချင်တယ်။ အချိန်ရရင် ရေးပေးပါနော်။ တခါမှ မကြားဖူး ဘူး။
    10 Nov 09, 00:55
    jeujue: စိတ်ရှည်လိုက်တာ။ ဘယ်လိုဖြစ်တာတုန်း
    10 Nov 09, 00:55
    jeujue: ဗျို့ ... တီ... ကောင်းပြီကောင်းရဲ့နဲ့  မန့် ပြီးကာမှ မန့် မရလို့  ကော်ပီ ပြီး စီပုံးမှာ ပေ့ရတယ်။
    10 Nov 09, 00:53
    jeujue: ဒါနဲ့ ...ခုံတန်းရှည် လုပ်ပါ တီရ။ တချောင်းငင်လေးတော့ထည့်ပါ။
    10 Nov 09, 00:52
    jeujue: နောက်ဆိုဆင်ခြင်ပါ။ ဒါမှမဟုတ် ဘာသာပြန်ပေးပါ။ ဒါပဲ။ ကျေးဇူးတင်စွာ စွာသွားသည်။
    10 Nov 09, 00:52
    jeujue: ပေးတဲ့အတွက်လဲ ကျေးဇူးကမ္ဘာ ပါ။ အီး လိုရေးတာတွေတော့ ကိုယ်လဲမုန်းတယ်။
    10 Nov 09, 00:51
    jeujue: တင်နိုင်သလောက်တင်ပေးပါ။ မရောက်ဖူးတဲ့သူတွေအတွက် တကယ်ကိုဗဟုသုတရပါတယ်။ အခုလဲ တော်တော်အချိန်ယူပြီးတင်ထား
    10 Nov 09, 00:50
    jeujue:့ ။စကားမစပ် ကိုယ်မသိကြောင်းတခါကြွားရင်ရပါပြီ။ ဘယ့်နှယ် ခဏခဏ။ တီရေ...ဓါတ်ပုံတွေတော့ တင်နိုင်သလောက်တင်
    10 Nov 09, 00:50
    jeujue: ဒါလဲ တမျိုးကောင်းတာပါပဲ တီရ။ တီ...တို့ ကိုအရမ်းကျေးဇူးတင်တာပဲ။ မရောက်ဖူးတာတွေရောက်ရ၊ မသိတာတွေသိရနဲ့ 

    ReplyDelete
  9. လွယ်လွယ်လေးနဲ့မူးတယ်ဆိုတဲ့နေရာကို ရောက်ဖူးချင်လိုက်တာ တီရေ.. ပို့စ်ကို ရီဝေေ၀နဲ့ဖတ်သွားတယ်..ဟဲဟဲ မိန်းမ ရှင့်ပုံလေးတွေ လန်းပါ့ ..၀က်သားဟင်း ထပ်ချက်ကျွေးဦး :P ကျူပ် ရှင့်စားပွဲကို ရေလာထပ်မှောက်မယ် ဟီးဟီး

    ReplyDelete
  10. တီချမ်းရေ

    စိတ်ဝင်စားဖို့ကောင်းတယ်။

    ဖတ်ရတာလည်း မပျင်းဘူး။

    နောက်ထပ် အတွေ့အကြုံလေးတွေကို ဒီလိုပဲ

    ပုံလေးတွေနဲ့တကွ စာလေးတွေနဲ့ပါ ရှင်းပြတင်ပြပါအုံးလို့

    တောင်းဆိုလိုက်ပါတယ်။

    ဂိုက်လုပ်နေတဲ့ လူတစ်ယောက်အတွက်တော့

    အတွေ့အကြုံတွေများမှာ သေချာပါတယ်။

    ပြောပြမှလဲ သိမှာကိုး။

    စိတ်ပါရင် ဖြစ်ဖြစ်။ အားရင်ပဲ ဖြစ်ဖြစ် ဒီလိုပိုစ့်လေး

    တွေ ထပ်တင်ပါအုံးဗျာ

    ခင်တဲ့ ရီနိုမာန်

    ReplyDelete