Tuesday, November 10, 2009

မက်ဟီကို

မက်ဟီကို

မော်နူမန်တို အာကိုလွန်*
လှပတဲ့ မြို့ကလေးတမြို့ပါ
ငါ့ရဲ့ ဘယ်ဘက်က နံရံတခုလား?

ပြေပြစ်တဲ့မျက်နှာကျတွေနဲ့
မျက်ခုံးမျက်လုံး လှပတဲ့လူတွေ
ငါ စီးကရက်သောက်ရင်း
လမ်းပေါ်မှာ လျောက်သွားနေမိတယ်
ငါ့နောက်က တယောက်ယောက်လိုက်လာတာလား?
ကြောက်စရာကြီး
(မက်ဟီကို မသွားခင်က
စဝ်ကယူရတီ နဲ့ ပတ်သက်ပြီး
အများကြီး သတိပေးကြပါတယ်)
လမ်းထဲက လူတယောက်ကလဲ
ငါ့ကိုကြည့်နေလိုက်တာ
သူ့အကြည့်တွေက စိတ္တဇဆန်လိုက်တာ
ငါ့ရဲ့ ညာဘက်က နံရံတွေလား?

သစ်ပင်တွေအများကြီးနဲ့
လမ်းမကျယ်ကြီးတွေ
ရာသီဥတုက
ငါ့ကို ရှန်ဟိုင်းမြို့နဲ့ ဟနွိုင်းမြို့တွေကို
သတိရစေပြန်တယ်
အေးလိုက်တာ…………စိမ့်နေတာပဲ
တုန်ခိုက်ချင်လာသလိုပဲ
ရုတ်တရက်
မိုးကရွာချလာပြန်တယ်
ငါ့အရှေ့မှာ ပိတ်နေတာ နံရံကြီးလေလား?
ဟူး………………………………

ပင်လယ်ရေမျက်နှာပြင်ကနေတော်တော်မြင့်လို့
မြို့ ကငါ့ကိုအသက်ရှူကြပ်စေလိုက်တာ
ဟိုတယ်မှာ လေအေးပေးစက်မလိုဘူး
တက်စီတွေ ဘတ်စ်တွေရောပဲ
ငါ့အနောက်မှာ နံရံတွေလား?

အဆောက်အဦ ထူထူကြီးတွေ
သမိုင်းဝင်ဆန်ဆန်နဲ့ခန့်ညားလို့
ဟောင်းနွမ်းလှပြီ
လူဦးရေသန်း ၂၀တဲ့
ငါနေခဲ့တဲ့မြို့တော်ထက်
၎ဆလောက်များနေပေါ့

နေရာတိုင်းမှာရှိနေတဲ့
မတူညီတဲ့ ထူးဆန်း ပန်းပုရုပ်တုတွေ
ခုံတန်းရှည်တွေနဲ့ ပလက်ဖောင်းကျယ်ကျယ်တွေကို တော့
အတော်လေးသဘောကျမိပြန်တယ်

အဲ့အချိန်မှာပဲ လမ်းထောင့်တနေရာမှာ
လူတယောက်ကိုတွေ့လိုက်တယ်
လက်တချက်ပြရင်းနဲ့ နှုတ်ဆက်လိုက်တယ်
အိုးလာ……(ဟယ်လို)
ဘွယ်နိုဒီယပ်စ်……(ဂွတ်မောနင်း)
အားဒီယိုစ်….(ဂွတ်ဘိုင်)







* (Christopher Columbus အထိမ်းအမှတ် ရုပ်တု
မက်ဟီကို မြို့တော်ကြီးရဲ့ အဓိက မီးပွိုင့်နေရာ အရင်တုံးက အထင်ကရ ရထားဘူတာရုံ နားမှာ ပြင်သစ်လူမျိုး Henri Cordier က ကိုလံဘတ်စ် အထိမ်းအမှတ်နဲ့ ဆောက်ထားခဲ့တဲ့ ရုပ်ထုပါ ရုပ်တု က ရေပြင်ညီမျဉ်းအတိုင်း မြို့ထဲဘက်ကို လက်ညိုးညွှန်နေတဲ့ပုံစံပါ။ ဒီလိုမျိုး ခပ်ဆင်ဆင် မော်နူမန်တို အာကိုလွန် အထိမ်းအမှတ်ရုပ်တုတွေ အယ်လ်မေးနီးယား၊ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ စပိန်၊ ကူးဘား၊ အမေရိက၊ အီတလီ၊ မက္ကစီကို၊ ပေါ်တူဂီ၊ ဗြိတိန်၊ ဒိုမီနီကန်ရီပတ်ပလစ် စတဲ့နိုင်ငံတွေမှာလဲ ရှိပါတယ် ဘာ့ကြောင့် သူ့ကိုအထိမ်းအမှတ်အဖြစ်ထားတာလဲဆိုတာကိုတော့ရှင်းပြစရာလိုမယ်မထင်တော့
ပါဘူးနော် ဒေါ်ရီတာ ပြောလို့ စာနဲနဲရှာဖတ်ပြီးတင်ပေးလိုက်တယ်နော် ဟွန့် ဗဟုသုတ မရဘူးမပြောနဲ့ အမှန်က တီ့စာတွေက ဗဟုသုတထက် “ဘူးဟုသုတ” ပိုများတာပါ အဟေးဟေး)



A Chen
11:38 pm
10th November 2009
Home
Bangkok

3 comments:

  1. ဒီလိုဆိုတော့လည်း မဆိုးပါဘူးလေ
    :D

    ReplyDelete
  2. ရသွားပြီ “ဘူးဟုသုတ” အဲလေ ဗဟုသုတး)

    ReplyDelete
  3. အောက်ကပို့စ်လို ဓာတ်ပုံတွေ ဝေဆာမှ ..

    ReplyDelete