Thursday, November 12, 2009

ကန်စွန်းဥကြိုက်တဲ့ “ကောင်လေး” ရယ်လွမ်းလိုက်တာ

ကန်စွန်းဥကြိုက်တဲ့ “ကောင်လေး” သို့ လွမ်းချင်း



ဘာပုံကြီးလဲဆိုပြီးလန့်သွားကြတာလား မလန့်ပါနဲ့ ကန်စွန်းဥမီးဖုတ်ပုံပါ
ဘာလို့ဒီကန်စွန်းဥမီးဖုတ်မဲမဲကြီး ကိုတခုတ်တရ ပိုစ့်လုပ်တင်ချင်တာလဲလို့မေးရင်တော့
လူနှစ်ယောက် ကို ဒယ်ဒီကေးရှင်းပေးချင်လို့ လို့ဖြေရမှာပါပဲ
ကြာတော့ကြာပါပြီလေ
ကြာတာမှတော့တော့ ကိုကြာလို့ ဘယ်တောင်ရောက်သွားလဲမသိတော့တာပါ
ပထမတယောက်က တီ မဒီမေလို့ခေါ်တဲ့ အရင်က တီ့စာဖတ်ပရိတ်သတ် သမီးလေးပါ
မေဒီဇာ ပါ တခါက တီ့ကို ပြောဖူး(တောင်းဆိုဖူး)ပါတယ် ကန်စွန်းဥ မီးဖုတ်စားချင်တယ်တဲ့ ခုတော့ သူတောင် ဘလောခ်ပိတ်သွားတာကြာပေါ့ ဘာတွေဖြစ်လဲမသိပါဘူး ထားပါတော့
တီတခါကတော့ အချိုပွဲထဲမှာ ပါတဲ့ကန်စွန်းဥ ပြုတ်ပုံလေးတင်ပေးဖူးပါတယ်မယုံရင် တလက်စတည်း ဒီမှာဖတ်ကြည့်ပါ

ဒုတိယတယောက်ကတော့
ကန်စွန်းဥအသေကြိုက်တယ် ဆိုတဲ့ (တခါက အရမ်းချစ်ဖူးတဲ့ ချစ်ဆဲ ချစ်နေမယ့်) ကမ္ဘာတခြမ်း ပင်လယ်ရပ်ခြား ဝေးတမြေက “ကောင်လေး” တယောက်ကိုလဲအရမ်းသတိရမိပြန်ပါတယ်
တလောက ဒေါ်ရီတာကလဲဘာတွေဖြစ်တယ်မသိပါဘူး လွမ်းကဗျာတွေချည်းစွတ်တင်နေတော့တာပဲ သူလဲခံစားချက်တွေ များနေတယ်ထင်သာပ အဲ့တော့ တီလဲ တိုက်ဆိုင်လာတဲ့ အခါ “ကောင်လေး” ကိုသတိရမိပါတယ် အမှန်ကတော့ နေ့တိုင်းနီးပါးသတိရနေတာပါ အမြဲတမ်းလိုလိုကတော့ သတိရနေတဲ့အဆင့်ပါပဲ တခါတခါကျတော့ လွမ်းပါတယ် တခါတခါကျတော့ တကယ့်ကိုသေလောက်အောင်လွမ်းမိတာပါ ဒါပေမယ့်လဲ ကိုယ့်အပြစ်နဲ့ကိုယ်ပဲမို့လား အရင်အချိန်တွေက မိုးလင်းပေါက် ထိုင်စောင့်စကားပြောခဲ့တာတွေလဲတကယ်လွမ်းပါတယ် အချိန်က တော်တော်ကွာတယ်လေ အဲ့တော့ တီ မနက် ၃ ၄ နာရီလောက်အထိစောင့်မှ သူအိမ်ပြန်တဲ့အချိန်နဲ့ကြုံတာပါ (တကယ်က ကောင်လေးလို့သာခေါ်နေတာပါ သူက တီ့ထက်အသက်ကြီးပါတယ် ပြီးတော့ အရမ်းလဲကလေးဆန်ပါတယ်) ဒါပေမယ့် ဘာပဲပြောပြောတီကတော့ ချစ်ပါတယ် ခုတော့လဲ မတိုက်ဆိုင်တော့ (နားလည်မှုလွဲတာပါ)စကားတောင်မပြောဖြစ်ကြတော့ပါဘူး ထားပါတော့ သတိရတာကိုပြောတာပါ။ အရမ်းလွမ်းတယ်ကွယ်
အဲ့တော့ ကောင်လေး အတွက်ကဗျာလေးတပုဒ်လဲရေးပေးချင်ပါတယ် ကဗျာ ဆိုတာ ခံစားချက်ရှိရင် ခဏလေးထွက်လာတာပါ ခံစားချက်မရှိတဲ့အချိန်ဆိုရင်ကျပြန်တော့လဲ ဘယ်လောက်စဉ်းစားစဉ်းစား ဘယ်လောက်ရေးရေး အသက်မပါပါဘူး ရေးရတာလဲခက်ပြန်ပါတယ်

ကန်စွန်းဥကြိုက်တဲ့ “ကောင်လေး” သို့ လွမ်းချင်း

အစ
၂၀၀၉ နှစ်စပိုင်း
အဝေးက ကောင်လေးနဲ့
လျှစ်စီးလိုင်းတွေကနေတဆင့်
ချစ်ကြိုက်…..
Chat

အလယ်
၂၀၀၉နှစ်လယ်ပိုင်း
မှယနေ့တိုင်….

တနင်္လာနေ့
အိပ်ရာထ
မျက်နှာသစ်
ရုံးသွား/ရုံးပြန်
ညစာစား
သတိရ
အိပ်


အင်္ဂါနေ့
အိပ်ရာထ
မျက်နှာသစ်
ရုံးသွား
အစည်းအဝေးတက်
ရုံးပြန်
သတိရ
အိပ်

ဗုဒ္ဓဟူးနေ့
အိပ်ရာထ
မျက်နှာသစ်
ဆေးရုံသွား-သွေးစစ်
ရုံးသွား/ရုံးပြန်
သတိရ
အိပ်

ကြာသပတေးနေ့
အိပ်ရာထ
မျက်နှာသစ်
ရုံးသွား/ရုံးပြန်
ဈေးဝယ်
အိမ်ပြန်
သတိရ
အိပ်

သောကြာနေ့
အိပ်ရာထ
မျက်နှာသစ်
ရုံးသွား/ရုံးပြန်
ရုပ်ရှင်ကြည့်
အိမ်ပြန်
သတိရ
အိပ်

စနေနေ့
အိပ်ရာထ
ဈေးဝယ်ထွက်
ဟင်းချက်
ထမင်းစား
အဝတ်လျှော်
သတိရ
အိပ်

တနင်္ဂနွေနေ့
အိပ်ရာထ
မျက်နှာသစ်
အလည်ထွက်
ဓါတ်ပုံရိုက်
လျှောက်သွား
သတိရ
အိမ်ပြန်
အိပ်

အဆုံး…

ခုတော့ မင်း…
ဘယ်မှာလဲ….
ဘယ်လိုနေသေးလဲ…
ဘာ့ကြောင့်တို့တွေဝေးရတာလဲ
ဘယ်လိုအဆုံးသတ်မှာလဲ….
မသိချင်ပါဘူးလေ….
ဘာပဲပြောပြော
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
အခုထိတော့
ကနေ့ထက်တိုင်
မင်းကိုစချစ်ခဲ့တဲ့နေ့ကစလို့
ကိုယ့်ဘဝရဲ့ နိစ္စဒူဝ
ကိစ္စတွေမှာ
မင်းကို
“သတိရခြင်း” ဆိုတာ
တိုးလာတာအဖတ်တင်တယ်
မင်းကတော့
တခြားရင်ခွင်မှာ…..လား?
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
ပျော်နိုင်ပါစေ။

A Chen
12th November 2009
10:41 pm
Home
Bangkok

6 comments:

  1. ကဗျာလေးကို ကြိုက်တယ် တီ...
    ကြိုက်တယ်...

    ReplyDelete
  2. လွမ်းမယ်ကြံလိုက် ကန်စွန်းဥမီးကျွမ်း မဲမဲကြီး မျက်စိထဲရောက်လာလိုက်နဲ့.. တိန် လွမ်းရတာ ဖီးလ်ပျက်တယ် ..
    ရိုမန်တစ်မဆန်ချက်က ကန်စွန်းဥမီးဖုတ်တဲ့ ...

    ReplyDelete
  3. အေးလေ
    ပန်းသီးလေးဘာလေးဆို ဟုတ်သေး
    ကန်စွန်းဥတဲ့

    ReplyDelete
  4. မြောင်းကောင်
    ကန်စွန်းဥ က ကန်စွန်းဥပေါ့အေ့
    သူ့ရိုမန်စ့်နဲ့သူပေါ့
    “ကောင်လေး”က ကန်စွန်းဥပဲကြိုက်တာကို
    ပန်းသီးလဲမကြိုက်ဘူးတဲ့ ဒေါ်ရီတာ
    အဲ့တော့ ကန်စွန်းဥပဲ
    ပြီးတော့ ကန်စွန်းဥ ကိုမြင်မှ သူ့ကိုပိုလွမ်းသွားတာပဲလေ
    အဲ့တော့ ကန်စွန်းဥ မှကန်စွန်းဥပဲအေ

    ReplyDelete
  5. 14 Nov 09, 15:23
    တေဇာ: တီချမ်းရဲ့ကဗျာတွေက တီချမ်းဟန်ပဲ... မိုက်...း)

    ReplyDelete