Friday, November 20, 2009

ငါ့ရဲ့ ၂၀၁၂




ငါ့ရဲ့ ၂၀၁၂

ဥပမာ…
ငါဟာ ငါ့ဝင်ရိုးအတိုင်း
၁၁ ၄ ပိုင်း ၃ ပိုင်း ဒီဂရီ
စောင်းပြီးလည်နေတယ်ဆိုပါတော့

ငါ့အသားနဲ့အရိုးတွေဟာ
ကုန်းမြေတွေဖြစ်ပြီးတော့
ငါ့အသွေးတွေကတော့
ရေပြင်တွေဖြစ်မယ်

ငါ့မှာ အမြဲအဟုန်တွေနဲ့
ပေါက်ကွဲဖို့အဆင်သင့်ဖြစ်နေတဲ့
ဒေါသ ဆိုတဲ့
မီးတောင်ရှင်တခုလဲရှိသေးတယ်

ပြီးတော့ (လောလောဆယ်)မှာတော့
အမြဲစိမ်းတောတွေလို
နက်မှောင်နေတဲ့ ကေသာနက်နက်တွေရှိပေမယ့်
(နောင်မကြာတော့မယ်ကာလတခုမှာ)
ခြောက်သွေ့တောတွေလို့သူတို့တွေကိုခေါ်ရတော့မယ်

ပြီးတော့ အရာရာ ကို
အလေးနက်မထားသလို
ဘာကိုမှထဲထဲဝင်ဝင် မခံစားတတ်သလို
နေတတ်တဲ့
မြောက်ဝင်ရိုးစွန်းရေခဲတောင်ဒေသဆန်ဆန်
နှလုံးသားတခုလဲရှိသေးတယ်

ငါ့ရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကတော့
တောင်တန်း၊ တောင်ကုန်း၊ တောင်ကြားနဲ့
လျှိုမြောင်၊ ချိုင့်ဝှမ်းတွေပေါ့ကွယ်

တကယ့်ကို တခါတခါဆိုတဲ့
တခါတခါမှသာ
ရေလေးစပ်စပ်စီးဆင်းတတ်တဲ့
သဲချောင်းကောလေးနှစ်ခုနဲ့
ရေတွေ အမြဲမြင့်ရာကနေနိမ့်ရာခုန်တဲ့
ရေတံခွန်အသေးလေးတခုလဲရှိသေးတယ်

ပြီးတော့ ဘာထည့်ထည့်ဝါးမြိုပစ်တတ်တဲ့
ဘာမြူဒါ တို့ တွင်းနက်ကြီးတို့ထက်
ပိုကြောက်စရာကောင်းတဲ့
တွင်းကြီးတတွင်းလဲရှိသေးတယ်
သူရဲ့ထူးခြားချက်က
ရေဝဲတို့
လေဆင်နှာမောင်းတို့လိုပဲ
သူမကြိုက်တာတွေကျတော့
ပြန်အန်ထုတ်ပြန်သေးတာလေ

အဖျားတက်ရင်ပူတဲ့
ငါ့ခန္ဓာက နွေရာသီပေါ့
ချွေးတွေနဲ့ ရွှဲရွှဲနေတတ်တာက
မိုးဥတုလေ
တခါတခါခိုက်ခိုက်တုန်အောင်
ချမ်းတတ်တဲ့ ဆောင်းလဲရှိသေးရဲ့

အီကွေတာလိုအမြဲပူနေတာကတော့
ငါ့ရဲ့ချစ်တတ်တဲ့စိတ်ပါ

တခါတခါ ပင်မကမ္ဘာကြီးနဲ့
အဆက်သွယ် ပျက်ပျက်သွားတတ်တဲ့
တောင်ဝင်ရိုးစွန်းကတော့
မကြာခဏ ထုံထုံပြီးအသိမဲ့သွားတတ်တဲ့
ငါ့ရဲ့ခြေချောင်းကလေးတွေပေါ့

ကဲဒီလိုနဲ့တနေ့မှာ
ငါ့ရဲ့ဝင်ရိုးကနေ
ငါဟာ(လိုအပ်တာထက်ပိုမို)
တိမ်းစောင်းလည်ထွက်သွားလို့

ဝုန်း
ဒုန်း
အုန်း
(မြည်သံစွဲများ)

ရေတွေက ကုန်းတွေဖြစ်
ကုန်းတွေကရေတွေဖြစ်
မြေလွှာတွန့်ခေါက်တွေ
ပြတ်ရွေ့တွေကြောင့်
ငါ့ရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကလဲ
နေရာတွေလွဲမှား…..
ချိုင့်တာတွေချိုင့်ခေါက်တာတွေခေါက်
ဖောင်းတာတွေဖောင်း
၉ ဒဿမကျော်ကျော်ရှိတဲ့ ငလျင်ကြောင့်
ငါ့ခန္ဓာကိုယ်ကြီးလဲသွက်သွက်ခါ
တော်ပြီတော်ပြီ
မင်းပဲဆက်စဉ်းစားတော့
ငါကတော့
ဘယ်သူဘာပဲပြောပြော

၀၁ ရက် ၀၁ လ ၀၀၀၁ ခုနှစ်ကနေ
ပြန် “စ”နေပြီ

A Chen
05:16 pm
18th November 2009
Anteenee hotel
Bangkok

10 comments:

  1. ခန္ဓာကိုယ်ကို ကမ္ဘာကြီးနဲ့ နှိုင်းယှဉ် ဥပမာ ပေးထားတာ အရမ်းကောင်းတယ်။ ကမ္ဘာပျက် ပို့စ်တွေထဲမှာ ထူးထူးခြားခြား ကြိုက်မိတဲ့ ကဗျာလေးပါ။

    ReplyDelete
  2. ကြားထဲက ဖြေရှင်းချက်တွေ ပါနေတာကတော့ ဖတ်ရတာ ထောက်တယ်.. ဥပမာ-(ယောက်ျားတယောက်အတွက်လဲ......အလွဲသုံးစားလုပ်လိုက်မယ်) ဆိုတာမျိုးတွေ..

    ဒါမယ့် မိုက်တယ်..

    ဘယ်သူဘာပဲပြောပြော ငါကတော့
    ၀၁ ရက် ၀၁ လ ၀၀၀၁ ခုနှစ်ကနေ
    ပြန် “စ”နေပြီ.. ဆိုတာလေး

    ReplyDelete
  3. ဟုတ်ကဲ့
    ကြီးဒေါ် ညီ
    လူတိုင်းက ကြီးတော် လိုအမြင်မကျယ်ပါဘူး
    ဥပမာ
    ကိုကိုတုတ်တို့ ပေါ့
    အဲ့တာကြောင့်ပါ
    ခုရှင်းမှ နောင်မရှူပ်မှာလေ
    ၁ ၁ ၀၀၀၁ ကစနေပါပြီဆိုတော့
    သူတို့ကိုလဲ ထားခဲ့တော့မှာ
    မခေါ်လာတော့ဘူး
    ၁ ဘီလီယံဖိုး တန်တဲ့ခုံကိုဝယ်မှဝယ်မထားနိုင်ကြပဲ
    ဟိဟိ

    ReplyDelete
  4. ဝ၁ ရက် ဝ၁ လ ဝဝဝ၁ ခုနှစ်ကနေ
    ပြန် “စ”နေပြီ

    (BC လား AD လား)

    ReplyDelete
  5. ဘုရားမပွင့်သေးဘူးလေ ဒေါ်ရီတာ
    အဲ့တော့ ကျမအထင်ပြောရရင် ဘီဖော် ခရိုစ်ပေါ့အေ
    အေနို ဒိုမီနီ ပေါ့နော့
    နားကောလည်ပါ့မလားမသိ
    နားမလည်ရင်နောက်မှရှင်းပြမယ်နော့ ခိခိခိ
    အကုန်အသစ်ကပြန်စမှာ
    အဒမ် အန် အီဖ်ပေါ့

    ReplyDelete
  6. ဘုရားလောင်း ဒီအချိန်ရှိရင် ချက်တင်ဝင်နေမလား၊ ဟစ်ဟော့ပ်သီချင်းနဲ့ ငြိမ့်နေမလား၊ အိုင်အီးအယ်လ်တီအက်စ်တို့ တိုဖယ်တို့များဖြေနေမလား... ဒါမှမဟုတ် စလုံးမှာ၊ ကိုးရီးယားမှာ၊ ဂျပန်မှာ အလုပ်များသွားလုပ်နေမလား မသိဘူးနော် .. တွေးကြည့်တာ

    ReplyDelete
  7. BS: geeeeeeeeeeeee


    BS: i'm a youth's soldier chasin' down an endless dawn . . .
    BS: u r making me restless


    Addy: what
    so powerful and meaningful poem right
    and so innovative hehe
    whoelse will think lik eme


    BS: hahahahaha
    :D
    that's why u r my buddy !!
    a yue


    Addy: အော်
    မနာလိုလို့ပြောတဲ့စကား
    ငါ့ကဗျာကြောင့်သူ့ကိုယ်သူ ပြန်ရှက်သွား
    သနားစရာမိဘုတ်မလေးပါလား


    Sent at 8:50 PM on Friday
    BS: heehehee
    tay lite par lar
    i think u better remove (ယောက်ျားတယောက်အတွက်လဲ
    ရှိုက်ဖိုကြီးငယ်လို့သုံးလို့ရရင်ပြောပါတယ်
    ထားတော့ poetic freedom ကို
    အလွဲသုံးစားလုပ်လိုက်မယ်)
    or
    just remove ထားတော့ poetic freedom ကို

    ReplyDelete
  8. မြောင်းမောင်မောင်
    ဘုရားလောင်းလဲ တီ့ဘလောခ် လာဖတ်ရင်ဖတ်နေမှာပေါ့
    ပြောမရဘူးလေနော့

    ReplyDelete
  9. ကောင်းတယ် တီ..
    မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတဲ့ ရေတံခွန်လေးကို တွေးပီး
ဲပြုံးသွားတယ်

    ReplyDelete
  10. ကမ္ဘာကြီးကို ကိုယ့်ခန္ဓာတခုနဲ့ နှိုင်းပြသွားတဲ့ အတွေးက တကယ်ထိထိမိမိရှိတယ်...

    နောက်ကျမှ လာဖတ်ဖြစ်တာဆိုတော့ အခု သက္ကရာစ်ဘယ်လောက်ကို ရောက်သွားပြီလဲ...

းဝ)

    ReplyDelete