Saturday, November 14, 2009

မွေးနေ့မှာကျွေးတဲ့ ကြာဇံချက်

ကဲ ကဲ ကဲ
ကတိပေးထားတဲ့အတိုင်း မွေးနေ့မှာ ချက်ကျွေးတဲ့ ကြာဇံချက်ပါ အရပ်ကတို့

ပထမဆုံးပြောချင်တာက ဒီနှစ်မွေးနေ့ က ၂၈ နှစ်မြောက်ပါ အဲ့တော့ ၄ နှစ်တခါ ဖြစ်တဲ့အတွက် ၇ နှစ် ၄ လီ နှစ်ဆယ့်ရှစ်ပါ အဲ့တော့ ဘာဖြစ်သလဲ ဘာမဖြစ်ပါဘူး မွေးနေ့မွေးရက်ကိုက်တာပေါ့နော့ တနင်္ဂနွေသားလေးပါတော်

ကောဇာသက္ကရာဇ် နဂါးခေါင်း မြောက်ဘက်လှည့်တဲ့အချိန်မှာမွေးတဲ့ ဘင်္ဂါဘွား (ဖင်ကဖွား)တနင်္ဂနွေသားနေတက်ရေတက် လေဂျင်တက် (အေ့......) အဲလေ ဆရာသော်တာဆွေ နဲ့ရောသွားပြီ

ကဲလေထားပါတော့

ဒုတိယအနေနဲ့ပြောချင်တာက မျက်နှာစာ စာမျက်နှာကနေ ဆုတောင်းပေးကြတဲ့လူတွေ အီးမေးလ်ကနေ ဆုတောင်းပေးကြတဲ့လူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်






အီးမေးလ်ကနေ ဆုတောင်းပေးကြတဲ့ထဲက တီ့အကြိုက်ဆုံးက အမ တယောက်ရဲ့ဆုတောင်းပါ ဒီမှာဖတ်ကြည့်ကြပါအုံး တီ ကြိုက်လို့ပြန်တင်ပေးလိုက်တယ် ကူးထားလို့လဲရတယ် နောက်တခြားလူကို ရေးပေးလို့ရတာပေါ့





Happy Birthday, my dear BIS!InboxX

Hey,I know it's a day early but as I will not be able to use internet tomorrow (Sunday), I wanted to make sure that you get your wish from me.So,where do I start? I don't want the usual "many happy returns blah blah blah". They sound so inadequate compared to what I want to say. First off, I thank your parents for giving birth to you on this special day. Second off, I thank my luck that I get to meet you and we become close friends. Third off, I thank you for all your support and friendship through good and bad times. Lastly, let's continue to take care of each other whatever the futurebrings and we will still be together (at least in spirits, if not indistance) for many years to come.
Love and kisses, mkxoxoxoxoxoxox

ကဲအဲ့တော့ အားလုံးကိုကျေးဇူးတင်တဲ့အနေနဲ့ ကြာဇံချက် ချက်ကျွေးတာပါ

တီ့ဘလောခ့် ချစ်သူတွေ အားလုံး၊ လာလည်နေကြလူတွေအားလုံးကိုလဲ ဖိတ်ကျွေးပါတယ်နော်

ပထမဆုံး ကြက်ပေါင် (ကြက်တကောင်လုံးရဲ့လေးပုံတပုံ)ကို ကြက်သွန်ဖြူနီ တွေနဲ့ပြုတ်ပါမယ် အသားရည်တွေချိုလာတဲ့အထိ ပြုတ်ပေးပါ ဆားအချိုမှုန့် သင့်ရုံထည့်လို့ရပါတယ် ပြီးတော့ ဆူပြီး အသားရည်ချိုလာပြီဆိုရင် ခဏအိုးကိုချထားပြီး ပေါင် ကို အသားနွှင်ပါမယ် အောက်မှာပြထာတဲ့အတိုင်းပါနော်
အသားနွှင်ပြီး ကျန်နေတဲ့အရိုးကိုတော့ ဟင်းရည်ပိုချိုအောင် ပြန်ထည့်ပြုတ်ပေးပါ။



နောက်တဆင့်ကတော့ ကြာဇံဟင်းထဲထည့်မယ့် အစာပလာ အကုန်လုံးကို ဒီလိုလေးတင်ကြိုရေစိမ်ထားပါမယ်
ဘယ်ဘက်က ပုံကတော့ ပန်းခြောက်နဲ့ ပဲပြားခြောက်ပါ ညာဘက်ကပုံကတော့ ကြွက်နားရွက် လို့ တချို့ က ခေါ်တဲ့ မှိုခြောက်ပါ ရေစိမ်ထားပါမယ်



အောက်ကပုံကတော့ ကြာဇံပါ ရေစိမ်ထားပါမယ် တပြိုင်တည်းမှာပဲ ကပ်ကြေးလေးနဲ့ ညှပ်ထားပေးပါ မဟုတ်ရင် အရှည်ကြီးဖြစ်နေပါမယ် အဲ့တာကြောင့် ကပ်ကြေးလေးနဲ့ ကိုက်ထားပေးရင် အဆင်ပြေပါမယ်



နောက်အဆင့်အနေနဲ့ကတော့ ခုနက ပြုတ်ထားတဲ့ကြက်ပြုတ်ရည်ထဲမှာ ရေစိမ်ထားတဲ့ ပန်းခြောက်နဲ့ ပါးပါးလှီးထားတဲ့ ပဲပြားခြောက် မှိုခြောက်စတာတွေကိုထည့်ပြီး ဆူအောင်ထပ်တည်ပေးပါမယ်



ပြီးရင်တော့ ကြဇံချက်လေး အရောင်လှဖို့အတွက် အရောင်တင်ဆီမှုန့်ကို ဆီသတ်ရပါမယ်
ဆီပူအိုးလေးတည်ပြီး အရောင်တင်ဆီမှုန့်ကိုထည့်လိုက်ပါ ခဏလေးဆိုရင် ရပါပြီ


ပြီးရင်တော့ အဲ့ဒီဆီသတ်ထားတဲ့ အရောင်တင်ဆီကို ခုန က တခါ ပြန်ဆူအောင်တည်ထားတဲ့ အသားပြုတ်အိုးထဲထည့်ပါ ပြီးရင် ခုနက ရေစိမ်ထားတဲ့ ကြာဇံတွေကိုထည့်လိုက်ပါမယ် ကြာဇံထည့်လိုက်ရင် ရေတွေက ခဏအေးသွားတဲ့အတွက် ပြန်ဆူအောင်တည်ရပါမယ်
နောက် ငရုတ်ကောင်းမှုန့် ကြိုက်တတ်ရင် ထည့်ပါ တီကတော့ ကြိုက်တဲ့အတွက် များများ ပိုထည့်ပါတယ်



နောက်တခါ ပြန်ဆူပြီဆိုရင်တော့ အချို အငန်အပေါ့ မြည်းပေးပြီးတော့ အိုးဆူရင် ချလို့ရပါပြီ



ဒါကတော့ ဆူပြီးအသင့်စားသုံးရန်အသင့် ကြာဇံချက်လေးပါ
အောက်ကတော့ နံနံပင် ငရုတ်သီးမှုန့် သံပရာသီးစိပ်ကလေးတွေပေါ့


ကဲ တီ့လိုပဲ အောက်ကလို ချဉ်ချဉ် ငံငံ စပ်စပ်ကလေးထည့်စားကြနော်
ချွေးလေးတွေထွက်သွားအောင်
ရှူးရှဲစပ်ပေါ့


အားလုံးအတွက်
ချစ်တီချမ်း

11 comments:

  1. လာစားသွားပါတယ် တီရေ.....
    သွားရည်တွေ မျိုချ
    မျိုချ ပြီးတော့...
း)

    ReplyDelete
  2. ချမ်းရေ.. happy birthday and many happy returns!!

    ReplyDelete
  3. ကြာဇံချက် မကြိုက်ဘူး တီ.. တခြားဟာကျွေးပါ

    ReplyDelete
  4. Happy Birthday!
    Wishing you all the best and always happy!

    ReplyDelete
  5. happy Birthday ... တီ။
    ဗိုက်ဆာတယ်ဟာ ...

    ReplyDelete
  6. happy Birthday ပါဗျာ

    ရီနို

    ReplyDelete
  7. မွေးနေ့မှာ ပျော်ရွှင်ပါစေ..။။
    ဒီကိုတခါမှ မလာဖူးပါဘူး။။
    ကြာဇံချက်ကြောင့် ရောက်လာပါတယ်။။
    အခုထိ မချက်တတ်သေးပါဘူး။။

    ReplyDelete
  8. ဟယ် နောက်ကျနေပြီ
    Facebook နေ့တိုင်းဝင်ပါတယ် notification လည်းမတွေ့လိုက်ဘူး
    ခုမှပဲ wish လုပ်ရတာ့မယ်

    HAPPY BIRTHDAY TTTTTTTTT!

    နွေးနေခြည်

    ReplyDelete
  9. ဗိုက်ဆာပါတယ်ဆို .........
    ဟက်ပီးဘတ်ဒေးပါ တီရေး))
    ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်ပါစေ ..း))
    နောက်တော့ကျသွားတယ် .. ရုံးသစ်မှာ အပိုးကျိုးပြနေလို့ .. :D

    ReplyDelete