Saturday, November 21, 2009

speechless

ချစ်တဲ့သဲ

မင်းအရိပ်လေးငေးမိရုံနဲ့
ငါ့အတွေးတွေအကုန်ယူသွားတတ်သူ
ယုံကြည်မှုဟာမင်းခြေလှမ်း
မင်းလမ်းလေးအပေါ်
ဖြန့်ခင်းလဲလျောင်းပေးလိုက်စရာ
ငါ့မေတာတရားသာစိမ်းခဲ့
ငါ့ကိုငါရုပ်သိမ်းလို့မရနိုင်
မင်းအတွေးနဲ့ဝေးဝေးမှာ
ငါကလွမ်းဖျားလွမ်းနာကျ
ရှင်သန်ခြင်းဟာ
ချိုမြိန်ဖို့အတွက်မင်းရှိနေမှဖြစ်မယ်
ခုချိန်မင်းရဲ့အိပ်စက်ခြင်းအပေါ်
လေညင်းလေးတစ်စဖြာကျရုံပဲဖြစ်ဖြစ်
ငါ့မေတာကိုမင်းရစေချင်တယ်
ငါကဘ၀နောက်ပြေးလိုက်ရတဲ့သူ
ငါလဲရင်ငါ့ဘာသာထူရတယ်
လောကဓံကိုမျက်ရည်ခံထိုးဖို့အတွက်
တူနှစ်ကိုယ်တဲအိုပျက်လေး
မဖြစ်သင့်ဘူးလေ။


သဲကိုအရမ်းလွမ်းတယ် 103း0 နာရီ ဆေးတိုက်ရတယလည်းလွမ်းတယ် ကော်ဖီဖျော်တိုက်ရတာလည်းလွမ်းတယ် ထမင်းဟင်းအတူချက်စားတာကိုလည်းလွမ်းတယ် အတူတူရုပ်ရှင်ကြည့်တာကိုလည်းလွမ်းတယ် တစ်ခါတစ်လေစကားများတာကိုလည်းလွမ်းတယ် မတွေ့ဖြစ်တဲကအချိန်တွေမှာဘာဖြစ်လို့အလွမ်းတွေပဲပေးထားရတာလဲသဲရာ အခုတော့သဲနဲ့ပတ်သက်တဲ့အရာတွေမှန်သမျှ မောင့်အတွက်လွမ်းစရာတွေချည်းပါပဲ သဲပေးထားတဲ့ကဗျာတွေမောင်တို့နှစ်ယောက်ဓာတ်ပုံတွေပြန်ပြန်ကြည့်ဖြစ်တယ် သဲကိုလွမ်းတိုင်းလေကျန်းမာရေးကိုဂရုစိုက်ပြီး စိတ်ပျော်အောင်နေပါ
သဲဘေးမှာမောင်အမြဲရှိနေတယ်

အရမ်းချစ်တယ်
မောင်


my guilt

တခါတခါကျ
ဘာပြောရမှန်းတောင်မသိဘူး
ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လိုလဲခံစားရတယ်
ဒါပေမယ့် ကိုယ်ဘာမှမတတ်နိုင်ဘူးလေ
ကိုယ်ကတော့
taking as granted ပေါ့
ကိုယ်က အနိုင်ပဲလိုချင်တယ်
ကိုယ်အရှူံးပေးရမယ့် လူကို
ကြာကြာမချစ်ချင်/နိုင်ဘူး

ဒါကိုယ့်ရဲ့ သဘာဝပါ

5 comments:

  1. သက်ပြင်းချသွားတယ်

    ReplyDelete
  2. သက်ပြင်းတူတူချသွားတယ် မေနဲ့ 
    ကိုယ်ကအဲလောက်ကြီးမချစ်တတ်ဘူး..
    ဖတ်ရတာမောထှာ

    ReplyDelete
  3. mae နဲ့vis နဲ့ တူတူ
    ကိုယ်လဲ သက်ပြင်းချမိတာပဲ
    သူ့ဝဋ်လား ကိုယ့်ကံလား
    အဲ့တာကပဲ အချစ်ဆိုတာလား
    မသိတော့ဘူး
    အတ္တကြီးတယ်ပဲပြောပြော
    ရနေတာတော့ ကျေနပ်မိတာပဲ
    ပေးမလားဆိုပြန်တော့
    အတ္တကြီးတယ်ပဲပြောပြော
    ဟင့်အင်း...ပဲ
    (ကိုယ့်ဘာသာ ကိုယ့်အတွက်ပေးတဲ့ ကြောင်းပြချက်ကတော့
    ကိုယ်က လူပီသတာပါနော့)
    ဆိုတော့ သူကဘာလဲပေါ့နော်
    မသိတော့ပါဘူး
    ငြိမ်ယူနေတာပဲကောင်းမလား
    တပြိုင်တည်း ဂေးလ်တီဖြစ်နေရမလား

    ReplyDelete