Tuesday, December 8, 2009

အညတရ

မရေးတာကြာလို့ မိဘုတ်မ နဲ့တူတူကဗျာလေးရေးမိပြန်ပါတယ်
လက်မကျလောက်သေးဘူးမှန်းတာပါပဲ ကဗျာကလဲခက်တယ် တခါခါကျ ဒလဟော ထွက်လာတတ်သလောက် တခါခါကျတော့ ကျောက်ခဲရေညစ်တာကမှပိုထွက်မယ့်ပုံစံ
အဲ့တော့ ဘာလုပ်ရလဲဆိုတော့ ကဗျာများများဖတ်ပါတယ် ကိုယ့်ကို inspiration ပေးနိုင်မယ့် ကိုယ်ကြိုက်တဲ့ ကဗျာဆရာတွေကိုဖတ်ရတာပေါ့
တီကတော့ တီအမြဲဘာသာပြန်နေကြ ကြိုက်လဲအရမ်းကြိုက်တဲ့ jewel kilcher ရဲ့ ကဗျာတွေကိုဖတ်တာများပါတယ် မိဘုတ်ကတော့ ပြောစရာမလိုအောင်ကဗျာရည်ဝ ပြီးသားပါ
အမှန်က သူနဲ့ရေးလို့သာ ပိုထွက်တာလဲဖြစ်နိုင်ပါတယ်
နောက်တခုက တီတို့နှစ်ယောက်က ကဗျာမှအတွဲညီတယ် (လို့ထင်ပါတယ်) ပြီးတော့ ရေးရင် တီကလဲတီ့ပုံစံပဲဖြစ်နေပြီးတော့ သူကလဲ သူ့ပုံစံနဲ့ပါ
စကားလုံးတွေသုံးတာကအစ flow တွေအလယ် အဓိပ္ပါယ်အဆုံးပေါ့
လောက ကိုမြင်တဲ့အမြင်တွေကအစမတူပါဘူး
နောက်ပြီးတော့ တီက လွတ်လပ်ဝါဒီ သူက တာအိုသမား
အဲ့လိုပါ တရားကိုချည်းကပ်ပုံလဲကွာကြပါတယ်
ဒါပေမယ့် သူနဲ့ ကိုယ်ကဗျာကောင်းလေးတွေတော့ရေးနိုင်ခဲ့ကြတယ် (ထင်တာပါပဲ) ပြီးတော့ ထူးဆန်းတာလို့ပြောလို့လဲရတဲ့ မထူးဆန်းတဲ့အကြောင်းလေးတခုပြောပြချင်ပါတယ် တီနဲ့သူက တွေ့ရင်ကဗျာအကြောင်းမပြောဖြစ်ကြဘူး ဘာတွေပြောလဲဆိုရင် ရုပ်ရှင်အကြောင်းပြောတာများတယ်
ပြီးတော့ ကဗျာတွေကို တူတူထိုင်ရေးတယ်ဆိုတာ တခါမှမရှိဘူးဘူး
အင်း ဒါပေမယ့် အွန်လိုင်းမှာဆိုရင်တော့ ထူးဆန်းစွာပဲ (မထူးဆန်းဘူးလို့လဲပြောလို့ရပါတယ်) ရေးဖြစ်ကြတယ် သူတကြောင်းကိုယ်တကြောင်း သူတပိုဒ် ကိုယ်တပိုဒ်
နောက်တော့ လိုတာဖျက်ပြင် ပိုလျော့ တည်းဖြတ်က တီအရင်proof လုပ်ရပါတယ် ပြီးတော့ မှ သူကပြန်ကြည့်ပြီး အင်း.....ဒီနေရာမှာတော့ ဒီလိုဆို ပိုကောင်းမယ် ဟ ဒါလေးတော့ဖြုတ်လိုက်တော့ စသဖြင့်ပြောတတ်ပါတယ် နောက် နာမည်............ကဗျာ နာမည်ကိုလဲတီကရွေးတာများပါတယ် သူက ကြိုက်မကြိုက်ပြောတာပဲ (ရှားပါးလွန်းတဲ့) တခါတလေမှ သူက အကြံပြုတတ်ပါတယ် များသောအားဖြင့် တီပေးတဲ့နာမည် သူကြိုက်တာများပါတယ် အဲ့လိုပေါ့
ချစ်သူငယ်ချင်းလေးသို့ အမှတ်တရ..........................

အညတရ


A Chen

အိပ်စက်ခြင်းတွေနဲ့ဝေးရာ
ငါရောက်နေမိတယ်
ဖန်သားပြင်ပေါ်မှာ
စာတွေရိုက်လို့
ငါ့အတွေးတွေ ကို
စကားလုံးတွေအဖြစ်နဲ့ဖော်ပြ
သြော် ငါရေးနေတာ
ကဗျာတဲ့လား

သြော်
ကဗျာရေးနေတာ
ငါတဲ့လား?

BS

နာရီလက်တံကြီး
တဝီဝီမြည်နေလိုက်တာ
ငါနဲ့ ဘာမှမပတ်သက်သလိုပဲ
အိပ်စက်ခြင်းကို
နားမလည်တဲ့စိတ်တွေ
နေပစေ
နင့်အရိပ်တွေရဲ့ ဘေးမှာ

A Chen

ညကြီးကလဲ လမပါ
အမှောင်တွေချည်းပဲ
ဘဝကကော
အရောင်တွေမဲ့ပြီး
တီးမုန်းစရာ
နှောင်တွယ်ခြင်းမဲ့
မင်းမရှိတော့ ငါ့မှာ
ခဏတာတောင် မှ
ယောင်လည်ရင်းလွဲ

BS

ဘဝမှာ
နံပါတ်တွေပျောက်နေတယ်
လမ်းဘေးကိုခုန်ချခဲ့ပါ
အနုပညာသည်တဲ့လေ
ငါ…
ဘယ်ခြုံကို ခိုရမှာလဲ
???

A Chen

ငါ့မှာ
သုညတွေပျောက်နေတယ်
မြောင်းထဲကိုရောက်နေတယ်
(ဆပ်ပြာ)
ပူဖောင်းထဲမှာတောင်
ပြန်ပြန် “ပေါက်” နေတယ်
ကဲဘယ်လိုလဲ




BS and A Chen
2:16 am
6th December 2009
Bkk, chaing mai
Online

13 comments:

  1. Hey, I just forget to say that;
    "Your introduction is SUPER CUTE and our poem is BRILLIANT!!!"
    hehehee :D

    ReplyDelete
  2. သြော် ငပေါကောင်နဲ့ ငပေါမ (အဲလေ)
    ငပေါမနဲ့ငပေါမ ငပေါမနှစ်ကောင်
    ကိုယ့်ငါးချဉ်ကိုယ်ချဉ်ကြရှာတယ်
    ကျွတ်ကျွတ်ကျွတ်

    ReplyDelete
  3. ပြောလို့ပြောတာမဟုတ်ဘူးနော်...
    ငါတို့က တော်ကိုတော်လွန်းနေတာ အဟိ :D
    နင်နဲ့တွေ့မှာ ငါ့ရဲ့ Third Eye Philosophy ရူးသွပ်မှု အသစ်အကြောင်း ဝေမျှဦးမယ်။ ဟဲဟဲဟဲ ... နားညည်းဖို့သာပြင်ထား

    ReplyDelete
  4. အေးဟယ်
    အမေမွေးကတည်းက ဒီလိုတော်နေတာတော့ ဘုရားသခင်အလိုတော်အတိုင်းပေါ့ဟာ
    ကြားထဲမှာ အလာရဲ့ ဘလက်ဇင်းနဲ့ ဗုဒ္ဓ ရဲ့ကျေးဇူးတော်တွေလဲပါမှာပေါ့နော်
    ညှင်းညှင်းညှင်း (နင့်မှာပေါက်နေတာ)
    လာလေ နင့်ရဲ့တတိယမျက်လုံးမဟာ ဒဿန ကို ငါက မေချောက်ချမ်း ရဲ့ ရေခဲတောင် အတွင်းအားနဲ့ ချေဖျက်မယ်
    (ထို့နောက် အဆင့်မြင့် သိုင်းပညာရှင် မေချောက်ချမ်း မှ မည်သို့လုပ်လိုက်သည်မသိ မိဘုတ်ဆုံမှာ ကားယားလဲလေသည်)
    ငှဲငှဲငှဲ
    ဟားဟားဟားဟားဟားဟာာာာာာာာာာာာာာာ(အက်ခိုးသံများ)

    ReplyDelete
  5. စကားမစပ် သူကလဲ မယ်လိုဒီ ၁၃ ကိုကျော်ငြာသေးတာနော်
    အံ့ပါရဲ့အေ
    ဒီလို သူများရဲ့ မိတ်ဆွယ်တာတော့
    ညည်းရဲတယ်အေ

    ReplyDelete
  6. 8:16 PM me: hey it out
    BS: what ?
    what is out ?
    me: my blog
    BS: ok
    let me


    10 minutes

    8:27 PM me: how was it?
    BS: your intro is Super cute and our poem is Brilliant !
    8:28 PM me: and u didn't comment about it
    BS: wait
    me: ကိုယ့်ငါးချဉ် ကိုယ်ချဉ်အုံးလေဟာ
    BS: i'll add that sentence
    8:33 PM hey if if open my gmail account in the same window with blogspot, i can comment very easily
    cool !
    me: သြော် ခုမှသိလား
    8:34 PM BS: ကျုပ်တို့ရွာမှာ ရှင်တို့ဘလော့ခ်တွေ မသုံးဘူးအေ
    8:35 PM me: မမြင်ရဘူး
    ရေးပြီးပလား
    မန့်
    BS: ဟေ
    ရေးပြီးပြီေ
    me: ရပြီ
    8:36 PM ပြန်ကြည့်လိုက်
    ဟိဟိ
    BS: အေး
    8:41 PM ငါပြန်ရေးထားတယ်
    8:42 PM me: နင်မပြီးတော့ဘူးလား
    ဟိဟိ
    BS: ဟဲ့
    ရတုန်းလေ
    ဟီးဟီး
    ဖိုးသူတော်လက်ချက်မမိခင်
    ဟီးဟီး
    8:43 PM me: ဘုရားဘုရား မကြားလိုပါ အမယ်မင်းရဲ့ မကြားလိုပါ ဖခင်ဘုရာင်ကြီးမှာ မကြားလိုပါ....................
    BS: ဟားဟားဟား
    :D :D
    ဘာအခုမှ ကြောက်ပါဘီလဲ
    me: ဘာလဲဟ တတိယမျက်လုံးဒဿန ဆိုတာကြီးက
    နင်လဲတော်တော် ပေါရဲတယ်နော်
    BS: ငှင်းငှင်းငှင်း
    me: အဲ့တာ ခမမ နဲ့ ပေါင်တာများလို့နေမှာ
    BS: လာမယ်လေ လာမယ်
    8:44 PM ဟဲ့
    ငါက ပညာရှိကြောင်ကြောင်တာ
    သူက နလပိန်းတုန်းကြောင်
    မတူဘူး
    me: အင်ပေါ့လေ ပြောပေါ့
    BS: တွေ့ရင်ပြောလိုက်စမ်းဘာ့အေ
    me: ငါသူ့ကို ဖော်ဝပ်ပေးမှာပဲ ပြောသာပြော ပြောသာပြော ပြောသာပြော
    BS: ဟီးဟီးဟီး
    8:45 PM ငါ့ကိုသတ်ချင်ရှာမှာအေ့
    8:49 PM me: သူငယ်ချင်း ပြန်လာကြည့်ပေအုံးလော့ ငှဲငှဲ
    BS: အေး
    8:50 PM me: ခွိခွိခွိ
    8:51 PM BS: ဟားဟားဟား
    ဟဲ့ နင်ကမ ကုမရအောင်ကြောင်တာ
    ပေါလိုက်တာအေ
    8:52 PM me: အံမယ်
    နင်ကြောက်သွားပြီမှလား ငါ့ရဲ့ရေခဲတောင်အတွင်းအားကို

    ReplyDelete
  7. ကဗျာလေးက modern ကဗျာလားဗျာ ကျနော်က modern ဆိုကြောက်တတ်လို့ပါ

    ReplyDelete
  8. ငါ့မှာ
    သုညတွေပျောက်နေတယ်
    မြောင်းထဲကိုရောက်နေတယ်
    (ဆပ်ပြာ)
    ပူဖောင်းထဲမှာတောင်
    ပြန်ပြန် “ပေါက်” နေတယ်
    ကဲဘယ်လိုလဲ




    ငါဖတ်နေတာ ကဗျာလား
    ကဗျာဖတ်နေတာ ငါလား....

    “ဆပ်ပြာပူဖေါင်းထဲမှာတောင် ပြန်ပြန်ပေါက်..”
    အဲဒါအရမ်းလှတယ်... “ဖောက်” .... ;P

    ReplyDelete
  9. It is a nice poem.
    Don't be trouble yourself.
    Insufficient sleep can kill you.
    ILO had enforced rest our regulations for worker.
    You have to sleep to rest and relax.
    Otherwise,...........
    you already know.....

    BINO

    ReplyDelete
  10. Correction for spelling
    read hour for our

    minimum rest hour = 10hr rest for 24hrs period.

    BINO

    ReplyDelete
  11. “နင်နဲ့တွေ့မှာ ငါ့ရဲ့ Third Eye Philosophy ရူးသွပ်မှု အသစ်အကြောင်း ဝေမျှဦးမယ်။ ဟဲဟဲဟဲ ... နားညည်းဖို့သာပြင်ထား” တဲ့
    သာမီးလည်း နားထောင်ကြည့်ချင်တယ်..

    ကဗျာကတော့ ပြောစရာမရှိပါ.. သဘောကျမိပါသည်

    ReplyDelete
  12. ရွှေဇင် အူးရေ
    မော်ဒန်မကြိုက်ရင် ဒါလေးတွေဖတ်ကြည့်ပါကွယ်

    ကျေးဇူး တေဇာ မိညီမ ကိုဘီနို
    ကိုဘီနိုရေ တကယ်က တီအိပ်တာ နားတာ ၂၄ နာရီစက်ဝန်းမှာ ၁၀ နာရီမကပါဘူး ဟိဟိဟိ
    မနေ့ဆိုရင် အိပ်တာ မနေ့ကည ၁၁ နာရီလောက်ကနေ ဒီနေ့မနက် ၁၁ နာရီအထိပါ
    ဘောစ့်မောင် ဖုန်းဆက်နှိုးရတယ် ဟိဟိ
    အစည်းအဝေးရှိတာ မေ့သွားလို့
    ပြီးခဲ့တဲ့ သောကြာစနေ တနင်္ဂနွေကလဲ အိပ်တာ ၃ရက်ကို စုစုပေါင်း နာရီ ၅၀ ကျော်လောက်ရှိတယ်
    တကယ်ပြော
    အဲ့တော့ မစိုးရိနမ်နဲ့
    တီ စီဒီ ဖိုးလဲကောင်းနေပါတယ်
    ဒါပေါ့ ကံကိုယုံပြီးတော့ တော့ ကိုယ့်ကိုယ်ကိုယ် ပစ်မထားပါဘူး
    ကိုယ်လဲရင် ဘယ်သူမှမထူဘူးလေနော့
    သတိပေးတာ ကျေးဇူးပါ

    ReplyDelete
  13. အော် ဆော်တီး ရွှေဇင်
    လင့်ခ်မေ့သွားတယ်
    ဒီမှာပါ
    http://chenaddy.blogspot.com/2009/02/blog-post.html

    http://chenaddy.blogspot.com/2009/02/blog-post_01.html

    ReplyDelete