Wednesday, December 2, 2009

Top Ten (ပျင်းပျင်းရှိတာနဲ့)

ဒီနေ့ ပျင်းပျင်းရှိတာနဲ့ ဒေါ်ရီတာ တက်ခ်ထားတာလေးကိုရေးပါတယ်
ပထမတော့ သူ့လိုပဲ မင်းသားတွေ သူဌေးတွေ ပညာရှင်တွေ ကမ္ဘာကျော်တွေရေးမလို့စဉ်းစားပါသေးတယ် ပုံတွေတောင် ရှာပြီးပြီ Alan Dilon တို့ ရဲတိုက်တို့ စသဖြင့်ပေါ့လေ။ နောက်တော့မှ သူက သူ့ဘာသာ ဘီလ်ဂိတ်ကိုရေးတာ သူလိုချင်လို့ပေါ့နော့ သန်ရာသန်ရာပဲလေ လို့ (အလကားစတာပါ ဒေါ်ရီတာ)
ရေးမယ်ကြံလိုက်တိုင်း စာတစောင် က ခေါင်းထဲပေါ်ပေါ်လာတယ်
ဟိုဟာလေ အီးမေးလ်တွေ စပေါ်ခါစကပေါ့
သူက မေးခွန်းလေးတွေမေးထားတာ ဥပမာ...
၁) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ယောက်နာမည်ကိုချရေးပါ
၂) မယ်စကြာဝဠာ ၅ ယောက်ကို ယခုနှစ်မှ စ၍စီပါ
၃) ကမ္ဘာ့ နာမည်အကြီးဆုံး စစ်သေနာပတိ ၅ ယောက် ရဲ့ နာမည်တွေကိုချရေးပါ
စသဖြင့်ပေါ့လေ ရှိပါသေးတယ် နောက်တော့ အီးမေးလ်ကမေးတယ် မသိဘူးမှလားတဲ့
အဲ့တာဆိုရင်
ဘဝမှာ အမှတ်အရဆုံးဆရာ ၅ ယောက်နာမည်ချရေးကြည့်ပါတဲ့
အခင်ဆုံးသူငယ်ချင်း ၅ ယောက်နာမည်ချရေးကြည့်ပါတဲ့
ကဲလွယ်မသွားဘူးလားတဲ့
ပြောချင်တာက ကိုယ့်အနားမှာ ရှိတဲ့ သူတွေကိုတန်းဖိုးထားပါပေါ့လေ
အဲ့တော့ ကိုယ်နဲ့မဆိုင်တဲ့ ကိုယ်နဲ့လဲမသိတဲ့ ကိုယ့်ကိုလဲသိမှာမဟုတ်တဲ့လူတွေကို သဘောကျကြောင်း ချစ်ကြောင်း ကြိုက်ကြောင်း အားကျကြောင်း လေးစားကြောင်း အထင်ကြီးကြောင်း အတုယူကြောင်း ဘာကြောင်း ညာကြောင်းတွေပြောမယ့်အစား ကိုယ့်ဘဝအတွက်တကယ် အမှတ်တရဖြစ်မယ့် လူတွေအကြောင်းရေးရရင်ကောင်းမှာပဲလို့တွေးမိပါတယ် အမှန်ပါပဲ ဒေါ်ရီတာ ကိုကျေးဇူးတင်ရမှာပါ
တကယ်က ကိုယ့်ဘဝမှာ အမှတ်တရ ဖြစ်ရမယ့်လူတွေတော်တော်များပါတယ် ကိုယ်က အရင်တခေါက်က ပြောသလိုပဲ အမြဲတန်းလိုလို taking as granted ဖြစ်နေတာများပါတယ် ခုတော့ မထင်မှတ်တဲ့ တက်ခ်ပိုစ့်လေးကြောင့် အမှတ်တရလေးတွေ က စာလွှာဖြစ်လာတယ်ပေါ့ ဒါပေမယ့် ခုနကပြောထားသလိုပဲ ကိုယ်ကလဲသန်ရာသန်ရာပါ အဲ့တော့ ဘာအကြောင်းရေးမယ်ထင်လဲ ရည်းစားတွေအကြောင်းပေါ့ ဒေါ်ရီတာ တက်ခ်တာက သဘောအကျဆုံး ယောက်ျား ၁၀ ယောက်ပါ အမှန်က ကိုယ့်အတွက်ကတော့ ၁၀ ယောက်မကတော့ တော်တော်ရွေးရပါတယ် ရှိရှိသမျှ ၅၀ ကျော်ထဲက အကောင်းဆုံး ကိုယ့်အတွက် ခံစားချက်အရှိစေဆုံးတွေကိုရွေးလိုက်ပါတယ် မကြိုက်တော့လဲ မျက်စိညောင်းတာတော့ အဖတ်တင်မှာပါ
တခုပဲပြောစရာရှိပါတယ် အမှတ်စဉ်လိုက်မဟုတ်ပါဘူး ဓါတ်ပုံက အဆင်ပြေသလို တင်ရတာမို့လို့ပါ အဲ့တော့ အရင်ဆုံးလာတိုင်းအချစ်ဆုံးယောက်ျားမဟုတ်ခဲ့ပါဘူးနော် အဲ့တာလေးတော့ဖြည့်ဖတ်ပေးကြအေ

ဒီတယောက်ကို ကိုယ်က ကိုကြီးလို့ခေါ်ပါတယ်
(နာမည်တွေကိုအရင်းအတိုင်းမရေးချင်လို့ ကိုယ်ခေါ်သလိုပဲထည့်ရေးပါမယ်) ကျင့်ဝတ်လိုက်နာတဲ့သဘောပေါ့လေ စိုးစိုးတောင် မောင့်အတွက် တို့ အချစ်စစ်စစ်များတို့မှာ နာမည်တွေကိုအရင်းအတိုင်းမရေးပါဘူး လင်းထင်ကိုတောင်ထင်လင်းလုပ်ပစ်သေးတာနော့
ကိုကတော့ ကိုယ်ခေါ်နေကျအတိုင်းပဲရေးပါမယ် အကျင့်ပါနေလို့ပါ
ကိုကြီး ကို စလုံးက ဘလောခ်ရေးတဲ့ သူငယ်ချင်းတယောက် ထရမ်စဖာ လုပ်ပေးတာပါ သူ့အရင်ရည်းစားပေါ့နော့
အရမ်းချစ်ခဲ့ကြပါတယ်တဲ့ ကိုယ်ကတော့ ဒီလိုပါပဲ သိပ်မှမချစ်တတ်တာ
ဒါပေမယ့် ကိုကြီးက ကိုယ့်အပေါ်ကောင်းတယ် အဲ့တော့ သူလဲအမှတ်တရတွေထဲပါလာတာပေါ့
ဒီလောက်ပါပဲ သူက အများကြီး အမှတ်တရ မရှိလှပါဘူး တခုပဲ သူက ကိုယ်နဲ့ အရမ်းအဆင်ပြေတာ တခုက ကိုယ်ဘယ်သူနဲ့တွဲတွဲ အိုကေတယ် သူလဲ တွဲချင်တဲ့လူနဲ့တွဲပဲ ကိုယ်က နိုးပရော်ပလမ်
မချစ်လို့လားဆိုတော့ သိပ်မချစ်လို့နေမှာပေါ့နော် ချစ်လားဆိုတော့လဲ ချစ်ပါတယ်ပေါ့ ဘယ်လိုလဲမသိဘူးဆိုတော့ ကိုယ်ရောပဲလို့ ပြန်ဖြေရလိမ့်မယ်



ဒီကောင်လေးက တော့ အင်ဒိုနီးရှားကပါ မနှစ်က နှစ်လည်လောက်ကတွေ့တာပါ နောက်တော့ ဘာလီသွားတော့လဲ ကိုယ့်ကို ရောက်သင့်တဲ့နေရာတွေအကုန်လိုက်ပို့ပေးပြန်ပါတယ်
ကိုယ်က သူ့ကို စိတ်ကူးပေါက်ရင် ပေါက်သလို တခါတခါ ဒါလင် တခါတခါ ဟန်နီ လို့ ခေါ်ပါတယ်
သူနဲ့ ကိုယ့်အတွက်အမှတ်တရကတော့ jason marz ပါ butterfly ဆိုတဲ့ သီချင်းလေးနဲ့ ကိုယ်တို့ နှစ်ယောက် အမှတ်တရ များစွာရှိခဲ့တာပါ သီချင်းထဲက အတိုင်း ကိုယ်တို့ အက်စ်ကီးမိုးတွေလိုလဲ နမ်းခဲ့ဖူးပါတယ် (ဘယ်လိုလဲသိချင်သွားပြီမို့လား သီချင်းနားထောင်ကြည့် မပြောပြဘူး) သူ့အကြောင်း ကိုယ်ပိုစ့်ရေးဖူးပါတယ် innocent encounter ဆိုတဲ့ ပိုစ့်လေးပါ မထင်မှတ်ဘဲတွေ့ခဲ့တဲ့အကြောင်းလေးပေါ့ တကယ်ကိုပါပဲ မထင်မှတ်စွာတွေ့ မမေ့လောက်အောင်ခင်ပါ


ဒါကတော့ ထွေထွေထူးထူးပြောစရာမလိုတဲ့ “မောင်” ပါပဲ သူက ကိုယ့်ကိုရေးတဲ့စာတွေ တင်ဖူးသလို ကိုယ်လဲ သူ့အကြောင်းကို “ကျမ ကိုချစ်သော ယောက်ျားတယောက်အကြောင်း” မှာတင်ဖူးပါတယ် သူက ကိုယ့်ကို အရမ်းချစ်တဲ့ တယောက်ပါ ကိုယ်ကတော့ သူ့ကို အစက ခဏ ချစ်ခဲ့တယ်ထင်ပါတယ် နောက်တော့ မချစ်တော့တာသေချာသွားပါတယ် ဒါပေမယ့် ကိုယ့်အပေါ်အရမ်းကောင်းလွန်းတဲ့ သူ့ကို မထားခဲ့နိုင်ဘူးဖြစ်နေတာပါ ဒီလိုနဲ့ လေး နှစ်ကြာသွားပါတယ် တခါမှ ယောက်ျားတယောက်ကို အဲ့လောက်ကြာကြာမချစ်ခဲ့ဘူးဘူးပါဘူး ကိုယ်တခါကရေးဖူးသလိုပဲ လေ အချစ်စစ်စစ်များဆိုတာ (စိုးမြတ်သူဇာ ရဲ့ဝတ္ထုနာမည် မဟုတ်ပါ တီချမ်းရဲ့အချစ် ဒဿန ဖြစ်ပါတယ် ဤကား စကားချပ်) စီးတီးမတ်ထဲက မုန့်ထုတ်တွေလိုပဲ expired dates တွေနဲ့လာတာဆိုတော့လေ အင်းပေါ့ အဲ့လိုပေါ့ ဒါပေမယ့် “မောင်”ကတော့ ကိုယ့်အတွက် ရက်လွန်မပါတဲ့ မုန့်ထုတ်လေးတထုတ် တဖြည်းဖြည်း ဖြစ်မှန်းမသိဖြစ်လာခဲ့တာပါ
ခုတော့လဲ တဖြည်းဖြည်း ပိုပို သံယောဇဉ်ရှိလာတာပါ အချစ်တော့မဟုတ်ဘူး ကိုယ်သိတယ် ကိုယ်သေသေချာချာ သိတယ် ဘာလို့လဲဆိုတော့ ကိုယ်က ယောက်ျားတယောက် ကိုချစ်နိုင်ဖို့အတွက် အဲ့ဒီယောက်ျားဟာ ကိုယ့်ကို
interlectually impress ဖြစ်နိုင်စေရပါမယ် အဲ့လိုဖြစ်ဖို့လဲလိုပါတယ် အဲ့တာမှ ကိုယ်ကချစ်နိုင်မယ်ထင်တယ်
ကိုယ့်လောက်မတော်တဲ့ ကိုယ်ထက်ညံ့တဲ့ ယောကျာ်းတွေကို ကိုယ်ချစ်နိုင်မယ် မထင်ပါဘူး ယောက်ျားတိုင်းက ယောကျာ်းဖြစ်တယ်ဆိုရုံနဲ့ အထင်ကြီးစရာကောင်းတာမှမဟုတ်တာဥပမာ ကိုတုတ်ကြီးတို့လိုပေါ့ (ယခု ဤစာ ကို ဖတ်နေသော မိန်းမများ လက်ခုပ်တီးကြပါသည် ယောက်ျားများက တီချမ်းအား သေနာမကြီး တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းဟု ဆိုကြလေသည်) ထားပါတော့ ပြောချင်တာ က “မောင့်” ကို ကိုယ်မချစ်ပါဘူး ဒါပေမယ့် လေးနှစ်အကြာမှာ ရှိသင့်ရှိထိုက်တဲ့ သံယောဇဉ်တော့ ရှိတယ် အမှန်က ပိုပါတယ် တခါတခါ ကိုယ်က အမှန်ကို ဝန်မခံချင်ဘူး ပြီးတော့ အတ္တကြီးတဲ့အတွက်လဲ ထုံးစံအတိုင်း taking as granted ပေါ့ ကဲ “မောင့်”အကြောင်းရေးတာ ပိုစ့်တပုဒ်စာထက်ပိုများနေပြီ

နောက်တယောက်.....................

ဒီကောင်လေး ကိုတော့ ကိုယ်က ချာတိတ် လို့ခေါ်ပါတယ် တခါတခါ အသည်းအရမ်းယားရင်လဲ ကလေးလေး လို့ခေါ်ပါတယ် ဘိုလိုခေါ်ချင်စိတ်ပေါက်ရင်တော့ တမျိုး kiddo လို့ခေါ်တတ်ပြန်ပါသေးတယ် ကိုယ်အချစ်ခဲ့ဆုံး ၃ ယောက်ထဲက တယောက်ပေါ့ သူနဲ့ ကိုယ်နဲ့ ကအမှတ်တရ တွေအများကြီးရှိခဲ့တာပါ သူ့အတွက်နဲ့ ကိုယ့်ဘဝ ကိုအပြောင်းအလဲတွေအများကြီးလုပ်ခဲ့တာပါ ခုတော့လဲ အတိတ်တွေက တခါက သူ့အတွက်ရေးခဲ့တဲ့ မှုန်ရီဝေဝါးဆိုတဲ့ ပိုစ့်လိုပါပဲ မှုန်ရီဝေဝါးကုန်ပါပြီလေ.....နောက် သူ့အတွက်ပဲရေးခဲ့တဲ့ “တခါက” ဆိုတဲ့ ပိုစ့်လေးကလဲ ရှိပါသေးတယ် အမှတ်တရ ဖြစ်စရာလေးတွေပေါ့လေ
ခုလို ဒီပိုစ့်ကိုပြန်ရေးမှပဲ ကိုယ့်ဘလောခ် တခုလုံးက ကိုယ့်အမှတ်တရတွေနဲ့ ဖွဲ့တည်ထားတာ ဆိုတာ ပိုပိုသဘောပေါက်လာတယ်လေ သေချာပါတယ် ကိုယ်က တချို့တချို့တွေလို သိမှတ်စရာတွေ ဘာတွေရေးတာမဟုတ်ဘူး ကိုယ့်အမှတ်တရတွေကို ဒိုင်ယာရီ လိုချရေးပစ်တာမျိုးပါ
တွေ့တယ်နော် ကိုယ်အမြဲတမ်းကလေးလိုချင်ခဲ့တယ် အဲ့ကလေးလေးက ကော်ဖီဆိုင်ပိုင်ရှင် အမ ရဲ့ကလေးလေးပါ ကိုယ်တို့လက်ပေါ်မှာပဲကြီးလာခဲ့တာပါ အချိန်တွေအကုန်မြန်လိုက်တာ................



ဒါကတော့ ကိုယ့်ဘဝမှာ အချစ်ခဲ့ဆုံးယောက်ျားပါ ကိုယ်ရဲ့ monday born လေးပေါ့ ကိုယ်က သူ့ကို သူ့နာမည်အတိုင်း ဝီလီ လို့ တခါခါခေါ်သလို တခါခါလဲ ဟေ့ကောင်တနင်္လာသား လို့ခေါ်တတ်ပါသေးတယ်
သူနဲ့ ကိုယ်စတွေ့တုံးက သူအိမ်ထောင်ကျပြီးခါစပါ ၂၀၀၁ ခုနှစ်ပေါ့
မင်မြင်ချင်းချစ်တယ် ဆိုတဲ့အချစ်မျိုးကို ကိုယ့်ကို သူသင်ပေးခဲ့တာပါ သူ့ကို တကယ်ပဲ ကိုယ်မြင်မြင်ချင်း ချစ်သွားတာပါ
သူနဲ့ ကိုယ်က chemistry တော်တော်ရှိခဲ့တာပါ မပြောပြဘဲနဲ့ တယောက်စိတ်ထဲမှာ ဘာဖြစ်နေတယ် ဆိုတာ တယောက်က အလိုလိုသိကြတယ် တခါတုံးကပေါ့ အမှတ်တရလေးတခုပါ သူနဲ့ ကို စပျစ်သီးဝယ်စားကြပါတယ် ကိုယ်က သူကျွေးတာ ကိုစားချင်တယ် လို့ပြောတော့ သူက ကိုယ့်ကို ပါးစပ်နဲ့ခွံကျွေးပါတယ် အမှန်က အဲ့လိုပဲ ကိုယ့်စိတ်ထဲမှာ ခွံကျွေးစေချင်တာပါ ဒါပေမယ့် ကိုယ်ဖွင့်မပြောရဘူး သူအလိုလို ခံစားသိနဲ့သိတယ်
နောက်တခါတုံးကလဲ ကိုယ်က သူ့ဘေးမှာ လှဲနေပါတယ် အဲ့အချိန်မှာ စိတ်ထဲမှာ ဘာလို့လဲ မသိဘူး သူဖွဖွလေးဖက်ထားပေးတာကိုခံချင်နေတယ် ဖွင့်လဲမပြောဖြစ်ဘူး အဲ့ဒီအချိန်မှာပဲ သူက ကိုယ့်ဘက်ကို လှဲနေရာကနေ လှည့်လာပြီး ဖွဖွလေးလှမ်းဖက်လိုက်ပါတယ် ကိုယ်အဲ့ဒီတုံးက ခံစားရတဲ့ပီတီ ကို ခုပြန်တွေး ခုပြန်ခံစားရပါတယ် ဂျူးတခါကရေးဖူးတဲ့ sense of perfection ကို ကိုယ်က အကောင်အထည်လိုက် ခံစားရတာလို့ ထင်ပါတယ်
သူ့အမျိုးသမီး ကလဲ ကိုယ်နဲ့ သူ့အကြောင်းကို သိပါတယ် နားလည်ပေးပါတယ် (အမှန်ကတော့ ဒီနေရာမှာ ကိုယ်က ခွင့်လွှတ်တယ်ဆိုတဲ့ စကားကိုတမင် မသုံးထားပါဘူး ဘာလို့လဲဆိုတော့ လူတယောက်နဲ့ တယောက် ချစ်ကြတာ အပြစ်လို့ ကိုယ်မယူဆသလို ခွင့်လွှတ်စရာကိစ္စ လို့လဲ ကိုယ်မယူဆပါဘူး) ထားပါတော့ ခုတော့ သူ ကလေးသုံးယောက်ရနေပါပြီ ခုထိချစ်သေးပါတယ် သူ့ကို သူကလဲ ကိုယ့်ကို ခုချိန်ထိချစ်နေပါတယ် ကိုယ်မြန်မာပြည်ပြန်တိုင်း ကိုယ်သူတို့မိသားစုကိုအမြဲသွားတွေ့ပါတယ် သူ့အမျိုးသမီးနဲ့ ကိုယ်လဲ အဆင်ပြေပါတယ် ဘယ်လိုကြီးလဲလို့တွေးနေကြတယ် မှလား မတွေးပါနဲ့ ဆံပင်ဖြူပါတယ် ဒီလိုကြီးပဲလို့ သာလက်ခံထားလိုက်ပါ
ဒီ ပိုစ့်ကို ဒီနေ့မှာရေးတာအကြောင်းရှိပါတယ် ဒီနေ့ က သူ့မွေးနေ့ပါ ဒီဇင်ဘာ ၂ ရက်နေ့ ကမ္ဘာအေအိုင်ဒီအက်စ် နေ့ပြီးတော့ နောက်တနေ့ ကိုယ့်ဘဝ ကိုတဆစ်ချိုး ပြောင်းကွေ့စေတဲ့နေ့တနေ့ ဒီနေ့မှာ ပဲ ကိုယ်က ကိုယ့်မှာ HIV ပိုးရှိနေတယ် ဆိုတာ သိခဲ့ရတာပါ သိသိချင်း ကိုယ်ပြေးမြင်တာ သူ့မျက်နှာပါ အဲ့အချိန်မှာ သူ့မိန်းမ ပထမဆုံးကလေး မမွေးရသေးပါဘူး အဲ့အချိန်မှာ ပဲ သူ့ကိုအရမ်းချစ်တဲ့ကိုယ် ဆုံးဖြတ်ချက်တခု ချခဲ့တာပါ ကိုယ်သူ့ကို ထားခဲ့တော့မယ် ဆိုတာပါ သူကလဲ ကိုယ်မဖွင့်ပြောပေမယ့် သိပါတယ် သူ ဘာမှမတောင်းဆိုပါဘူး ဒါပေမယ့် ကိုယ်သွေးအဖြေ ကို သိတဲ့အချိန်မှာ ကိုယ့်ဘေးမှာ သူရှိနေပေးခဲ့တယ် ကိုယ်အားငယ်နေတဲ့အချိန်တွေမှာ သူကိုယ့်ကို အားပေးခဲ့တယ် ဖေးမ ခဲ့တယ် အနားကနေမခွာစောင့်ရှောက်ခဲ့တယ် အချစ်တွေပေးခဲ့တယ် ကိုယ်ထင်ပါတယ် အဲ့တာတွေက ကိုယ့်ဘဝအတွက်အချစ်ဆုံးဆိုတာ ဖြစ်လာစေခဲ့တာနေမှာပါ။
နောက်ဆုံး တခေါက် ရန်ကုန်ပြန်တော့ ကိုယ်တရုတ်တန်း ကိုသွားပါတယ် အဲ့မှာ စပျစ်သီးတွေတွေ့တော့ သူ့ကို စူးစူးနစ်နစ် သတိရမိပါတယ် အဲ့တာနဲ့ ဝယ်လာပြီးတော့ ရေခဲသေတ္တာထဲ ထည့်ထားပါတယ် နောက်တနေ့ သူ့ဆီကိုဖုန်းဆက်တော့ ကိုယ်ဘာမှမပြောရသေးခင် သူက....
“မနေ့က မင်းကိုအရမ်းသတိရလို့ စပျစ်သီး သွားဝယ်စားတယ်” လို့ပြောပါတယ်
ကိုယ်ကြွေတာပေါ့..................
ပြီးတော့ သူနဲ့ ကိုယ်နဲ့ ကြားမှာ ရှိတဲ့ ဘယ်သူနဲ့မှ မတူတဲ့ ချစ်စရာအလေ့အထ လေးတခုက မွေးနေ့ရောက်တိုင်း ဖုန်းဆက်ပြီး မွေးနေ့ သီချင်းဆိုပြကြတာပါ
မနှစ်ကတည်းက ကိုယ်ဘန်ကောက် ရောက်နေပါတယ် ဒါပေမယ့် တခါမှ မပျက်ဘူးပါဘူး
မနှစ်ကလည်းဆိုပြတယ် ဒီနှစ်လဲ ဆိုပြပါမယ် ကိုယ်အမြဲ ဖုန်းခေါ်ပါတယ် သူမွေးနေ့ရောက်တိုင်းရောက်တိုင်းပါ
တခါမှမပျက်ဘူးဘူး ၂၀၀၁ ကတည်းက .......................
(ထပ်တိုး....၂ နာရီ ၀၁ မိနစ် ခုပဲ ဖုန်းဆက်ပြီး birthday wish လုပ်လိုက်တယ် သူ့မိန်းမနဲ့လဲစကားပြောဖြစ်တယ်)


ဒီတယောက်ကတော့ ဂျာမန်ပါ ကိုယ့်ထက်အသက်နဲနဲ ကြီးပါတယ် ကိုယ်သူ့ကို ၂၀၀၇ ရှန်ဟိုင်းသွားလည်တုံးကတွေ့တာပါ သူလဲကိုယ့်အချစ်ဆုံးတွေထဲကတယောက်ပါ ခုထိအဆက်အသွယ်မပြတ်ပါဘူး အွန်လိုင်းမှာ အမြဲတွေ့ပါတယ် နောက်နှစ် နှစ်လယ်လောက်ကျရင် သူရှိရာ မြူးနစ်ခ် ကိုသွားလည်ဖို့စဉ်းစားထားပါတယ် ဘယ်ဘက်က ပုံက ကိုယ့်ကို သူပါစတာ ချက်ကျွေးနေပုံပါ
အမှန်က ရှန်ဟိုင်း ကိုသွားတာ ကိုယ့်သူငယ်ချင်း တယောက်ဆီကို အလည်သွားတာပါ ရောက်ရောက်ချင်းညမှာပဲ ကိုယ့်ကို သူငယ်ချင်း က ရှန်ဟိုင်းမြို့ ရဲ့ နာမည်ကြီး ဂေးကလပ် တခုကိုခေါ်သွားပါတယ် အဲ့မှာ ကိုယ့်ဘဝ ရဲ့ ပထမဆုံး အတွေ့အကြုံ သစ်ကိုပေးမယ့် သူ့ကိုတွေ့ရတာပါ အဲ့ညကတည်းက ကိုယ်သူ့အိမ်ပါသွားတာ သူငယ်ချင်းဆီ အလည်သွားတဲ့ ၂ ပတ်လုံး သူငယ်ချင်းအိမ်ပြန်မရောက်တော့ပါဘူး ခုထိ ကို အဲ့ဒီသူငယ်ချင်း က စကားနာထိုးလို့ကောင်းတုံးပါ ကိုယ့်အတွက် တသက်တာမေ့မရမယ့် ၂ ပတ်ပေါ့
သူ့ကို ကိုယ်က Mr M လို့ ခေါ်ပြီး သူက ကိုယ့်ကို babe လို့ခေါ်ပါတယ်


ဒီတယောက်ကတော့ အော်စီ ကပါ သူက ကိုယ့်ထက် အသက် ၂၀နှစ်တိတိကြီးပါတယ် အဖိုးကြီးပေါ့ ကိုယ်က သူ့ကို RB လို့ခေါ်ပါတယ် တခါတခါ grandpa လို့လဲခေါ်ပါတယ် အဲ့လိုခေါ်ရင် သူအရမ်းစိတ်ဆိုးပါတယ် သူ့ကို အို ပြီလိုပပြောရင်လဲ ကိုယ့်ကိုကောက်တတ်ပါသေးတယ် သူနဲ့ ကိုနဲ့ က တခါတခါ အလုပ်အတူတူ လုပ်ရတဲ့အပိုင်းတွေ ရှိတတ်ပါတယ် သူ့ ကိုရော ကိုယ့်ကိုရော အဖွဲ့တခု က အတူတူ ငှားတုံးက တခါ သင်တန်း တွေအတူတူ လုပ်ရပါတယ် ကိုယ်သူ့ကို သိပ်ချစ်ပေမယ့် အမြင်လဲအရမ်းကပ်ပါတယ် ကိုယ်သူနဲ့ အတူတူအလုပ်တွဲလုပ်လို့မရပါဘူး အမြဲ မျက်ရည်ကျရတယ် သူက အလုပ်မှာ မတော်လို့လားဆိုတော့ မဟုတ်ပါဘူး တော်ပါတယ် ကိုယ်လဲ သူ့ဆီက သင်ယူရရှိတာတွေအများကြီးပါ ဒါပေမယ့် သူက အသက် ၄၀ ကျော်မို့လို့ထင်ပါတယ် အတ္တတွေ များနေသေးတာပါပဲ အသက်ကြီးတာ ငယ်တာနဲ့မဆိုင်ပါဘူး သူကိုက အတ္တ ကြီးတာပါ သူအလုပ်တခုခု လုပ်တော့မယ် စကားတခုခု ပြောတော့မယ် ဆိုရင် (သူ့ လုပ်တာ ပြောတာတွေက မှန်နေသင့်တော်နေရဲ့သားနဲ့ အမြဲ သူ့အတ္တ ကိုအရင်ရှေ့တန်းတင်လေ့ရှိပါတယ် ပြီးတော့ သူများပြောတာ ကိုနားမထောင်တာ အဲ့တာတခုကလဲ အစည်းအဝေးတွေကျရင် ကိုယ်နဲ့အမြဲထိပ်တိုက်တွေ့တတ်တဲ့အကြောင်းတခုပါပဲ) ဘာပဲဖြစ်ဖြစ် ကိုယ်သူ့ကို ချစ်ပါတယ် အရက်ခွက်မြှောက်နေတဲ့ပုံလေးက ကိုယ်မွေးနေ့တုံးက သူ အော်စီ ကနေ ဆုတောင်းပေးနေတဲ့ပုံပါ နောက်နေ့ ကျတော့ အီးမေးလ် နဲ့ ပုံပို့လိုက်တယ် မွေးနေ့ ဆုတောင်းလေးကောပေါ့ အဲ့လို ချစ်စရာကောင်းတာပါ


အောက် ညာဘက်က ပုံက ၂၀၀၅ တုံးက သူနဲ့ ကိုနဲ့စတွေ့ကြတုံးက ပုံပါ အပေါ်ပုံနှစ်ပုံကတော့ ၂၀၀၇ တုံးက သီရိလင်္ကာ မှာ ရိုက်ထားတာပါ အချိန်တွေကြာလာပေမယ့် အချစ်တွေမလျော့ပါဘူး....


ဒါလေးကတော့ ကိုယ်ချစ်ခဲ့ဖူးသမျှထဲမှာ အသက်အငယ်ဆုံးလို့ထင်တာပဲ ၁၈ ပါ ယိုးဒယား ကောင်လေးပါ နာမည်က derm တဲ့ ကိုယ်က အမှန်တော့ ယိုးဒယား တွေ တရုတ်တွေ ဂျပန်တွေ ကိုရီးယားတွေကို လုံးဝ မကြိုက်ပါဘူး သူလေးကတော့ ချွင်းချက်ပေါ့လေ သူကတော့ နမ်းလို့အကောင်းဆုံး အတော်ဆုံး အချိုဆုံး စံချိန်ချိုးသူလေးပါ
ကိုယ် unexpected ဆိုတဲ့ ပိုစ့်လေးမှာရေးထားတဲ့ကောင်လေးပါ ဖိုးသူတော်တို့ ကောင်းချီးပေးတာတောင် ခံရသေးတယ်လေ မှတ်မိသေးတယ်

ဒါလေးကတော့ ပိုတောင်ငယ်သေးတယ် ဘော်ဘီ တဲ့ ခွေးလေးလိုပဲနော် နာမည်က ၁၇ နှစ်ပါ အင်ဒိုနဲ့ ဂျာမန် အစပ်ကလေးပေါ့ရည်းစားမဟုတ်ပါဘူး
အီစီကလီလေးပါဒါပေမယ့် သဘောအကျဆုံး ၁၀ယောက်ထဲတော့ ထည့်ချင်လို့ထည့်ထားတာပါ ဘာလီ ကအပြန်လေဆိပ်မှာတွေ့တာပါ.....ကိုယ်က သူ့ကို cin လို့ ခေါ်ရမလား darling လို့ခေါ်ရမလားဆိုတော့ cin လို့ခေါ်ပါတဲ့ အဲ့တာကြောင့် သူ့ကို ကိုယ်က cin လို့ခေါ်ပါတယ် အင်ဒိုလို ဒါလင်ပါ (မှတ်ချက် ဒါမယား မဟုတ်ပါ)

နောက်ဆုံးတယောက်ကတော့ ဒတ်ခ်ျပါ လူဒို လို့ အမည်တွင်ပါတယ် သူကလဲ ကိုယ့်ကို အက်ဒီလို့ပဲခေါ်ပါတယ်
( စကားချပ်= မမရီတာ ကလဲဘာကြောင့်မှန်းမသိဘူး ဒီလောက် တအန်တီထဲ အန်တီပြီးချမ်းနေတာတောင် သူက စခင်ကတည်းက အက်ဒီ လို့ပဲခေါ်ပါတယ် မေ တို့ သစ်သစ် တို့ ဆို ချမ်းလို့ပဲ ခေါ်ကြတယ်လေ ထားပါ ဘယ်လိုခေါ်ခေါ်ပါ ခင်မင်မှုက အဓိက ပါနော့ )
ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတွေမကုန်သေးဘူးလားတီချမ်းရေ လို့မမေးပါနဲ့ ကျန်ပါသေးတယ် အများကြီး..............
ဗီယက်နမ် မှာနေတာပါ ကိုယ်အစည်းအဝေးတွေသွားတက် presentation သွားပေးတုံးကတွေ့တာပါ နောက်တော့ သူလဲဘန်ကောက်ခဏခဏ အစည်းအဝေးလာရတော့ ပိုတွေ့ဖြစ်တာပါ ရည်းစားမဟုတ်ပါဘူး အီစီကလီပါပဲ အကြိုက်ဆုံးထဲမှာတော့ ပါပြန်ပါတယ် သူ့ကို သဘောကျတာက ဂျစ်လို့ပါ အရမ်းဆိုးပါတယ်
တီက အဲ့လိုပဲ “မောင့်” လို ကိုယ့်အပေါ်အသေကောင်းနေရင် မချစ်ဘဲနဲ့ ကိုယ့်အပေါ်ဆိုးရင်တော့ ပိုချစ်တတ်ပါတယ် မကောင်းဘူးနော်......................


ဒါတွေက ကိုယ့်ဘဝမှာ အမှတ်အရဆုံးဖြစ်နေစေတဲ့ top ten ပါ
ချမ်းသာလို့ မဟုတ် ပညာဥာဏ်မြင့်မားလို့မဟုတ် ကြီးမြတ်လို့မဟုတ် ဘာကြောင့်မှ မဟုတ်ဘဲ ကိုယ်ကချစ်နေရုံသက်သက်နဲ့ ကိုယ့်ဘဝမှာ အရေးပါခဲ့တဲ့ လူတွေပါ တချို့တွေနဲ့ ကိုယ်ချစ်ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ဘယ်အရာနဲ့မှ ဝယ်လို့မရနိုင်တဲ့ခံစားချက်လေးတွေပါ ခုပြန်တွေး ခုရင်နွေးစေတာမျိုးပါ (မိညီမ စကားလုံးကို ခဏ ယူသုံးတယ်)
ကဲကဲ ဒီလောက်ဆို တက်ခ် သူဒေါ်ရီတာ လဲကျေနပ်လောက်ပြီ အားကျတဲ့မိန်းမတွေလဲ ဒေါမနသ ပွားလို့ဝလောက်ပြီ ကျိန်ဆဲနေတဲ့ ယောက်ျားတွေကလဲ ဒီကောင်မ ကတော့ လုပ်ချလိုက်ပြန်ပြီဟ လို့အော်နေလောက်ကြပြီ
မြို့မေတ္တာ တွေဒီလောက်ခံယူအပြီးမှာတော့ ဇာတ်ပေါင်းရရင် နောက်ဆုံးတော့ အဲ့အပေါ်က ဟာတွေက အကုန်ဇာတ်ပို့ ဇာတ်ရံတွေပေါ့ စဖတ်သူတွေကတော့ ပရိတ်သတ် တီကတော့ မင်းသား အဲလေ....မင်းသမီး...
ညှင်းညှင်းညှင်း.........................ကိုကိုတုတ်ကြီး တို့ ဖိုးသူတော် တို့ လို တီကို မနာလိုတဲ့သူတွေကတော့ ဖြတ်လျောက်တွေပေါ့ လူကြမ်းလို့ပြောရင်လဲရပါတယ်
ရုပ်ရှင်ထဲမှာဆိုရင်တော့ ဒေါ်ထားနဲ့အဖွဲ့ပေါ့လေ ငှဲငှဲငှဲ....
တော်ပြီနော်
အိပ်ပြီ
မနက်ဖြန်ကျရင် ချစ်ဆုံးမွေးနေ့ ဖုန်းဆက်ပြီးသီချင်းဆိုပြရအုံးမှာ................
ဝါး................................................................
1:40 am
2nd December 2009
rememberance for my monday born.......
love you till the end of times......

15 comments:

  1. အဟမ်း ဘာပြောရမလဲ ပေါ့နော်။

    ရေးပေးတာ ကျေးဇူးပါပဲ။

    ကိုယ်ကတော့ မဆိုင်တဲ့သူတွေပဲ ထည့်ပါတယ်။ ဒါမှ j မဝင်အောင်လို့။ (အင်းလေ ဆိုင်တဲ့သူတွေကလည်း 10 ယောက်မှ မရှိတာ)

    ရီရအောင် ပေါက်ကရတွေ ရေးပါဆိုမှ အတည်ပေါက်တွေ ရေးတယ်။

    ကိုယ်က ခုတလော ရီပဲ ရီချင်နေတာ။

    ReplyDelete
  2.ုkom: တအံ့တသြဖတ်သွားသည်။

    ဒေါ်ရီတာ ရီတဲ့သူကရီပါတယ်
    ဟီးဟီးတဲ့နော်

    ReplyDelete
  3. ဟမ် များလိုက်တဲ့ဖြစ်ခြင်း
    Addy Chen ဟာဖတ်ပြီး
    ကိုယ့်ကောင်မလေးတွေကိုယ် လက်ရှိအသက်နဲ့တွတ်ပြီး
    ပြန်ရေကြည့်ရမလိုလိုဖြစ်နေပြီ ဟ ဟ =)

    ReplyDelete
  4. သြော် မောင်ပီအမ်ရယ်
    တီကစွမ်းတယ်လေ အဟိဟိ
    ဒါတောင် တော့ပ်တန်း ပဲနော်
    အများကြီးထဲကရွေးထားတာ
    ငှဲငှဲငှဲ
    စကားမစပ် တီ ဒီလထဲမှာ စလုံးလာရင်လာဖြစ်မယ်
    စာအုပ်တွေယူလာပေးမယ် နော်

    ReplyDelete
  5. မောင်တို့၊ ကိုကြီးတို့၊ ကလေးလေးတို့ ဆိုတာက အပြင်မှာတကယ်ခေါ်တာလား...အင်....။

    ယောက်ျားပုံနဲ့ အဲလိုခေါ်တော့ ဖတ်ရတာ တညိုးကြီးပဲ... ဟီးဟီး

    ReplyDelete
  6. ဟိဟိဟိ တကယ်ခေါ်တာပေါ့အေ
    စင်စင်ရယ်.............
    ခိခိခိ

    ReplyDelete
  7. နွေးနေခြည်: တီ.. စလုံးလာမယ်ဆို ကြိုပြောဦး.. ဟင်းချက်ကျွေးခိုင်းမလို့.. ဟိဟိ
    2 Dec 09, 14:45
    နွေးနေခြည်:
    2 Dec 09, 14:45
    နွေးနေခြည်: ဖတ်ရတာ တမျိုးကြီးပဲ.. တချို့ဟာတွေဆို နားကိုမလည်ဘူး။။ ဟီးးး

    နနခရေ
    လာလည်မယ့်သူကိုတော့ ကျွေးမယ်မစဉ်းစားဘူး
    ရှင်ဘန်ကောက်လာရင် တီအကုန်ချက်ကျွေးမယ်လေ တီလာရင် ရှင်တို့ကျွေးကြ ဒါပဲ ဟိဟိ

    ReplyDelete
  8. မေဇင်: ဟုတ်တယ်.... တအံ့တသြ ဖတ်သွားတယ်... နားမလည် မသိတဲ့ အရာတွေ တွေ့ရတယ်..

    ဟုတ်တယ် မေဇင်ရေ
    လောကကြီးကမတရားဘူးလို့ပဲပြောရမလား
    ယောက်ျားတွေကမကောင်းဘူးလို့ပဲပြောရမလား
    ဒါပေမယ့် တီ့ ဘလောခ် ကိုလာဖတ်ရင် မေဇင်တို့ မသိသေးတဲ့ ယောက်ျားတွေရဲ့ အကြောင်းတွေသိလာရမှာတော့အမှန်ပဲ

    ReplyDelete
  9. The post is Out of reach due to generation gap between you and me.

    I'll try to understand you.

    BINO

    ReplyDelete
  10. ပြောလို့ ပြောတာမဟုတ်ဘူး
    သူ့ လင်တွေက
    အယောက်တိုင်းချောတယ်
    .
    ကြီးမေချမ်းနော်.................
    မီးမီးမနာလိုဖြစ်မိတယ်.
    .
    .သိလား

    ReplyDelete
  11. တီရေ.. လောကကြီး အကြောင်းခုမှပိုသိလာသလိုပဲ..း)

    ReplyDelete
  12. ဘုရားရေ
    ဒျူးတူ ဂျင်နရေးရှင်း ဂပ် နဲ့တောင်တွေ့နေပြီ
    ကိုကိုဘီနိုက အတက် အဲလေ အသက်ဘယ်လောက်တောင်ကြီးနေပြီလဲ???`
    ခိခိခစ်စ်စ်စ်စ်

    ReplyDelete
  13. ဒီစာကို ဖတ်တော့မှ တီချမ်းဆိုတဲ့ အခြောက်မဟာ အရပ်ပျက်မလောက်တောင် အဆင့်အတန်းမရှိတာ ပို သေချာတယ်။
    လီးတကာလိုက်စုပ်၊ လူတကာ ဖင်လိုက်ခံနေတာ ခောတ်မှီတယ်လို့ ထင်တဲ့သူတွေက ရှိသေး။ အံ့ရောဗျာ......
    တစ်ည လီးတစ်ချောင်းမှ ပါးစပ်ထဲ၊ ဖင်ထဲ မ၀င်ရ မနေနိုင်တဲ့သူ.. ဒီရောဂါရတာ မဆန်းပါဘူး။

    အခြောက်မနှင့် သူ၏ ယောက်ျားမမှန်သော လင် (တစ်ဖင်ခံ)များ..ဖတ်ရတာ လောကကြီးအကြောင်း ပိုသိလာတဲ့သူက ရှိသေးဗျာ။ ညံ့ချက်...။

    လောကကြီးမှာ ယောက်ျားကောင်း၊ မိန်းမကောင်း၊ ကျားမဟုတ် မ မဟုတ် ပေမဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ သူတွေ အများကြီး ရှိနေတာ မမြင်မတွေ့ရအောင် အကုသိုလ်တွေ ဖိစီးနေကြပုံများတော့ကွာ....
    တယ်.....
    တောက်......
    ပြောရင် ငသူတော် လွန်ရာကျမယ်

    ReplyDelete
  14. အမလေး မသိရင် လူတွေက အဟုတ်ကြီး ထင်ကြဦးမယ်။ ဂေးလောကမှာ တနေ့ ဖော်ကင် ဘယ်နှစ်ခါ ခေါ်ကံသလဲ ဆိုတာ ဂေးတွေသာအသိဆုံး။ ပြီးတော့ ရွေးထားတာတွေက ရှယ်တွေပဲ ဖြစ်ရမှာပေါ့။ ဘယ်သူက ဆိုက်ကားဆရာနဲ့ စော်ကားထားတာ ပြပါ့မလဲလို့ ။ ဟိဟိ။ နောက်ပြီး အဲလို ရှယ်တွေကို ဒေါ်လာပေးအမ်းပြီး စားတာ အထင်မကြီးပေါင်။ (သူ ကိုယ်တိုင် ရင်ဖွင့်ထားခဲ့ဖူးပါသည် စကားချပ်)။ ပြီးတော့ ကိုယ့်အတွင်းရေးကို အဲလို ထုတ်ပြောလိုက်တော့ရော ဘာများ ဂုဏ်မြောက်စရာရှိတာကျလို့ ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်တာနဲ့ အတူတူပဲ။ အခန့် မသင့် ဓါတ်ပုံထဲက လူကတွေ့ ပြီး ကော်ပီရိုက်နဲ့ တရားစွဲမှ ထောင်နန်းစံနေရဦးမယ်။ ခစ်ခစ်။

    ချစ်တယ် ကောင်မရေ။ ဒီလောက်ပဲ။

    ReplyDelete