Thursday, December 10, 2009

အချဉ်ပေါက်ခြင်း

ခုတလော ဘာရေးရမလဲပြတ်နေတာပါ တနေ့တနေ့ အိုင်ဒီယာ ကမထွက်ဘူးလေ ဒါပေမယ့် ခုတလောမှ ကိုယ့်ဘလောခ် ကိုလာလာလည်နေတဲ့ မမကြီးဆိုတဲ့ တယောက်နဲ့ စကား ပြော ဖြစ်ပါတယ် နောက်တော့ သူကလင့်ခ်ပေးလို့ ဘလောခ် တချို့ရောက်သွားတော့ ရေးချင်လာတာလေးတွေရှိလာပါတယ် အရင်တခါကလဲရေးဖူးပါတယ် ကြိုက်တဲ့လူတွေက အားပေးကြပြီး မကြိုက်တဲ့လူတွေ က ရှုံ့ချကြတဲ့ ပိုစ့်မျိုးပါ ထုံးစံအတိုင်းပေါ့ တီချမ်းက လူပြောမခံရရင် ထမင်း စားမဝင်ဘူးလေနော့ ဒေါ်ရီတာကတော့ ကြိုက်ပုံရပါတယ် တောင်းဆိုထားတာကြာပါပြီ အဲ့တော့ရေးဖြစ်တယ်ပေါ့နော် ခုတော့ အရင်ပိုစ့်က ဒီမှာပါ တီချမ်းအင်တာဗျူး ဆိုပြီးရေးခဲ့တာပါ ခုတော့ အင်တာဗျူးနောက်ဆက်တွဲ သို့အပိုင်းနှစ်လို့ပြောရရင်ရမယ်ထင်တယ်နော်………

တနေ့သောအခါမှာ ဘလောခ်စပေါ့ မဂ္ဂဇင်းတိုက်တွင်ထိုင်နေတုံး ဂျာနယ်လစ် မောင်မျိုးအား အယ်ဒီတာက ဟစ်ဖြစ်မယ့် စာမူမရှိဘူးလို့ခေါ်ဆူတဲ့ အတွက် တခါက ဗျူးထားတာ တော်တော်ကြာပြီဖြစ်တဲ့ ဘလောခ်လောက ပွဲဆူဘုရင်မ ဝတ်လစ်တလစ်ဗျူတီ (ပြောရဲတယ်နော်) တီတီချမ်း ကို ဗျူးဖို့သတိရမိပါတယ်။ မှတ်မိပါသေးတယ် အဲ့ဒီ တီချမ်း အင်တာဗျူးစာမူပါလာတဲ့ လတုံးက မဂ္ဂဇင်းစောင်ရေ ထိုးတက်သွားတာ မြန်မာပြည်က ကားဓါတ်ဆီဈေးတက်သလိုပါပဲ ၅ဆပါ ၅ဆ နော် ၅ဆ
အဲ့တော့လဲ မဂ္ဂဇင်းတိုက်က မရှိမဲ့ရှိမဲ့ ဆိုက်ကားလေးနဲ့ တီချမ်းရဲ့ ဘယ်ဗလီဟေးလ် မှာ ရှိတဲ့ အဆင့်လွန် ခေတ်ဆန် ဆင့်ဆင့်ဆန်း တိုက်ခံခြံ ကိုရောက်သွားပါတယ် အိမ်နေရင်း မပြင် မဆင်ဘဲ ကပိုကယိုလှနေတဲ့ တီတီချမ်းက ဗိုက်ကြီးသည် ဂါဝန်နဲ့ပါ အောက်ကလဲ လင်ဆေးလိုဟန်၊ ဘရစ်(တ)နီ လှံတို့ ပဲရစ်ဟီလ်တန်တို့ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်နဲ့ဖြစ်ပါတယ်

ရောက်ရောက်ချင်း တီချမ်း ရဲ့ မန်နေဂျာ အကြံပေး စက်ကတ်ကြေး အိမ်တော်စောင့် ဒေါ်ရီတာ နဲ့တွေ့ရပါတယ် တီချမ်းကို အင်တာဗျူးချင်လို့ဆိုတော့ အပွိုင့်မန့် ယူထားလား လို့မျက်နှာထားနဲ့မေးပါတယ် မယူထားပါဘူးဆိုတော့ အဲ့တာဆိုရင် ၂၀၁၂ မှပြန်လာခဲ့လို့ ပြောပါတယ် အမ် ဘာလို့လဲဆိုတော့ တီချမ်း ရဲ့ ဒိတ်တွေအကုန်ပြည့်နေပြီလို့ဆိုပါတယ်
ကိုယ်ကလဲ ဘလောခ်စပေါ့အောင်မျိုးမှလား ဒီလိုအရေးတွေကြိုမြင်ပြီးသားပါ ဘလောခ် တကာလှည့် အရပ်တကာလှည့် ထီးဖြူပြီး ဖိနပ်ပါးလာတဲ့ကောင်ပဲ အသင့်ပြင်ပါလာတဲ့ လော်ရီရယ် ဆက်လိုက် ကိုထုတ်ပေးလိုက်တဲ့အခါ ဒေါ်ရီတာ ခမျာ လော်စပီကာလောက်နီးနီး
“ဟယ်…………………….”ဆိုတဲ့ အသံနဲ့ ရီဝေနေတဲ့ မျက်လုံးကိုပေကလပ်ပေကလပ် လုပ်ပြီး ရယ် လာပါတော့တော့ လော်ရီရယ် ဆိုတာ ဒါပါကလားလို့ အသိတိုး ရပြန်ပါတယ်
အဲ့တာနဲ့ပဲ တိုက်တဲ့ အအေးကိုသောက်ပြီးသကာလ တီချမ်းနဲ့တွေ့ခွင့်ရပါတယ် အော် ကျေးဇူးကြီးမားလေခြင်းနော်……………………..

အောင်မျိုး(ဘလောခ်စပေါ့ )= တီချမ်းခုတလော ဘာတွေလုပ်နေလဲကနေစရအောင်နော်?

တီချမ်း= အော်ကိုမျိုးရယ် ထွေထွေထူးထူးတော့လဲမဟုတ်ပါဘူး ခုတလော တီ နောက်ဆုံး ရေးတဲ့ “အညတရ” ဆိုတဲ့နာမည်နဲ့ ကဗျာလေးတပုဒ်ရှိတယ်လေ အဲ့တာ ထုတ်ဝေသူတွေ လိုက်နေလို့ တီက တီ့ကိုယ်ပိုင် “ချမ်း” စာအုပ်တိုက်ကပဲ တကမ္ဘာလုံး တဦးတည်း မူပိုင်ထုတ် ပါမယ် ဆိုတာမနည်းပြောယူရတယ် မကောင်းဘူးလေနော် (ဟင်းဟင်ဟင်း ဟု ညှင်းသွဲ့သွဲ့လေးသာယာစွာရယ်သည်) တီ့အမျိုးသားကတော့ ပြောပါတယ် နည်းနည်းလေးဖြစ်ဖြစ် မျှပေး လိုက်ပါလားတဲ့ တီကပြန်ပြောလိုက်တယ်လေ ပူလစ်ဇာ ဆုရတော့မယ့် ကမ္ဘာကျော်မယ့် ဂန္တဝင်တွင်မယ့် ပိုတန်ရှယ် ကဗျာ မျိုးကို ဒီလို လွယ်လွယ် ပေးလို့ရမလားပေါ့ သူကဘာမှ နားမလည်ဘူးလေနော် တီ့အမျိုးသားဆိုတာ ကလဲ ခုခေတ် ယောက်ျားအများစု လိုပဲ အိမ်ရှင်း ထမင်းဟင်းချက်ပြုတ် မီးပူတိုက် ကလေးထိန်းလောက် ပဲတတ်တာဆိုတော့လေ ပြီးတော့ တွဲဘက်ရေးဖော် မိဘုတ်ရန်ကလဲရှိသေးတယ်လေနော့ တော်ကြာ ဆုရတော့မှ သူလဲတူတူ ရေးတာပါဆိုပြီး လာလုနေတော့ ဘယ်လိုလုပ်မလဲနော် အဲ့တော့ တီကခုရှုပ်မှနောင်ရှင်း ပေတန် (patent) လုပ်ထားပါတယ်ပေါ့နော်

အောင်မျိုး(ဘလောခ်စပေါ့ )= နောက်ပြီး ခုတလော တီ့ဘလောခ်မှာ တနေ့ လူ ၃၀၀ ကျော်ဝင်တယ်ဆိုတာ ဟုတ်ပါသလား။ တီချမ်းလို စလစ်ဗရစ်တီ တယောက်က ပွဲဆူအောင် ဘယ်လိုများ လုပ်လိုက်တာလဲ ဆိုတာလေးလဲသိချင်ပါတယ်?

တီချမ်း= ပွဲဆူအောင်………………..? အိုကိုမျိုးရယ် မဟုတ်တာ တီက စလစ်ဗရစ်တီ မဟုတ်သေးပါဘူး အဟင်းဟင်း ဖြစ်ချင်ဖြစ် ဝတ်လစ်စလစ်ဗျူတီကမှနီးစပ်ပါသေးတယ် ( ဟု မျက်ခုံးလေးအားလှပစွာပင့်၍ လုံးဝ မသိနားမလည်သော အပြစ်ကင်းလေသံလေးဖြင့်) ဘယ်လိုများပွဲဆူအောင် တီလုပ်မိလို့လဲ ကိုမျိုးရယ် မဟုတ်တာ ညှင်းညှင်းညှင်း…အိုကိုမျိုးရယ် ကြံကြီးစည်ရာ တနေ့ လူ “၃၀၀ ကျော်” ဝင်တယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမယ့် “တီလုပ်တယ်” ဆိုတာ မဟုတ်ပါဘူး ဘယ်လို ပြော ရမလဲ တီ့မှာ တီ့ကို obsessed ဖြစ်နေတဲ့ စာဖတ်သူတယောက်ရှိတယ် သူကလုပ်ပေး တာပါ။ တိုက်ရိုက်တော့ မဟုတ်ပါဘူး။ သူက တီ့ဘလောခ်ကိုနေ့တိုင်းလာတယ် လာသမျှလူတွေနဲ့ ဒိုင်ခံရန်ဖြစ်ပေးတယ်။ ပြည်သူ့မေတ္တာခံယူတယ်။ မလာပါနဲ့လားဆိုတော့လဲသူမနေနိုင်ပြန်ဘူး။ ဟော ခုဆိုရောဂါကဘယ်လောက်ထိရင့်လာသလဲဆိုရင် ဘလောခ်ဖွင့်ပြီး တီ့အကြောင်း ရေး တယ်။ အဲ့လောက်ကိုဖြစ်နေရှာတာပါ။ ဒါပေမယ့် ခုလိုလူဝင်များတာ သူ့ကြောင့်လို့တော့ ပြောလို့ရမယ် သွယ်ဝိုက်ပြီး တော့ပေါ့။ တီကျေးဇူးတင် ထိုက်သူပေါ့ နော်။

အောင်မျိုး(ဘလောခ်စပေါ့ )= ပွဲဆူအောင်နဲ့ ပတ်သက်ပြီး ခုလက်ရှိ ဘလောခ်လောက ကိုဘယ်လိုမြင်ကပါသလဲ?

တီချမ်း= အင်းအဲ့တာနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်နေတာ။ မေးမှမေးပါ့မလားလို့…..
ခုတလော ဘလောခ်လောက မှာ လူတွေလူတွေ ဘိုင်ပိုလာ ဖြစ်တာပိုများလာသလိုပဲ (ဘလောခ်စပေါ့ မဂ္ဂဇင်းမှာ မောင်မျိုး ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။ တော်သေးတယ် ဘိုင်ပိုလာဆိုတာ ဘာလဲမမေးလို့ဟု တီချမ်းမှ အင်တာဗျူးဖြေနေရင်းတွေးသည်။ ကိုယ်က ကြားဖူးနားဝနဲ့ဆော်လိုက်တာ စကားတလုံး ဘာပဲပြောပြောလူအထင်ကြီးတာပေါ့) ဘယ်လိုလဲ ဆိုတော့ ခါတိုင်းအချစ်အကြောင်းဘာအကြောင်းရေးနေတဲ့လူကလဲ ဘလိုင်းကြီး ထပြီး နိုင်ငံရေးအကြောင်းရေးလိုရေး။ ပွဲဆူအောင် လုပ်တာပေါ့လေ။ ဟော ခုတလော ဘလောခ် လောကမှာ ခွေးရူးတွေလဲ တော်တော် ပေါလာတယ် စည်ပင်က အမဲတုံးမပစ်တော့ တွေ့ကရာလူတွေကိုလိုက်ကိုက်တာပေါ့။ အဲ မိန်းကလေးတွေရဲ့ ဘလောခ်တွေကိုလဲသွားပြီး အယုတ်တ အနတ္တတွေကိုနှမချင်းမစာနာ ရေးတဲ့ ယောက်ျားဆိုတဲ့လူတန်းစားတွေ (အဲ့လူ တွေက ယောက်ျားဘလောခ်ဂါတွေဆီကျတော့ သွားမရေးရဲဘူးလို့ ဆိုတဲ့သူတွေကဆိုတယ် သူတို့ကို... xxx ... လုပ်လိုက်မှာကြောက်လို့တဲ့လေ) တရားပဲကျရသေးတော့နော်၊ နောက်တခါ သူတို့ကို သူတို့ ဘလောခ်ဂါဝေဖန်ရေးဆိုတဲ့ တကျွန်းပြန်လိုလို အမှောင်ကမ္ဘာ ဘက်တော် သားလိုလို လူတန်းစားတရပ်လဲပေါ်ထွန်းလာသေးသတဲ့။ ဟောတချို့များဆိုရင် အိတ်ဖွင့်ပေးစာ ဘာညာရေးရတာ အားမရလို့ ဘလောခ်တောင်ဖွင့်ပြီး ပါဆင်နယ်လီး အတက်ခ် (ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာအထိတောင်လုပ်ကြသေး) မိန်းမမို့မိန်းမလိုမိန်မရ လုပ်ရင်ထားပါတော့ တချို့ယောက်ျားရင့်မာကြီးတွေကလဲ ဒါမျိုး လုပ်တတ်တယ်နော်၊ ဟင်းဟင်း နောက်ဆို တီတို့အတွက်တောင် ထမိန်တွေ စကပ်တွေရှားလာဖွယ်မြင်တယ်။ ဟောခုတခါ ကျတော့ နောက်ဆုံးပေါ်ပဲ တီတွေ့တာ သူငယ်ချင်းအချင်းချင်း ဖဲ့တယ် ဘာညာ ဆိုပြီးတော့ လူတကာ မကောင်းကြောင်းတွေအလှည့်ကျရေးကြတယ်။ နောက်တမျိုးတဘာသာကလဲ ရှိသမျှလူတွေကို သနားအောင် ပတ်ချွဲနပ်ချွဲတွေပြော။ ရှိသမျှလူတကာ ချစ်ချစ် ချစ်တဲ့ ကိုကို မောင်မောင် ကိုကို မောင်မောင်ချစ်တဲ့ ချစ်ချစ် စသဖြင့် ချစ်ချစ်ချင်း မွှန်အောင်ခေါ် အဲ့လို ထွေထူးအံ့ရာသော် ဆိုတဲ့ လူတွေလဲရှိကြသေးတယ်လေ။ မြန်မာ့ဂီတ လောကနဲ့ နှိုင်းယှဉ် ပြရရင် ရဲလေးလိုပေါ့လေ (စကားချပ်)။ နောက်ဆုံးတော့လဲ လူတွေကိုပဲ လိုက်ကိုက်ကိုက်၊ သူငယ်ချင်းကိုပဲဖဲ့ဖဲ့၊ နိုင်ငံရေး ရေးပြီးတော့ပဲ ပွဲဆူအောင်လုပ်လုပ်၊ ငြင်းငြင်း၊ ကိုယ်ပိုင်ဘလောခ်ဖွင့်ပြီးတော့ပဲ ပုဂ္ဂိုလ်ရေးတွေဆော်ဆော် ပတ်ချွဲနပ်ချွဲလုပ်ပြီးရေးရေး၊ အားလုံးက ကိုယ်သန်ရာသန်ရာ လုပ်ပြီး နောက်ဆုံးမတော့ နာမည်ကြီးချင်တာပါပဲ
အဲ့တော့ တီလေ့လာကြည့်တယ် သုံးသပ်ကြည့်တယ် စဉ်းစားကြည့်တယ် ဝေဖန်ပိုင်းခြား ကြည့်တယ် ဘာလို့များ အဲ့လို ဇာတ်လမ်းတွေ ရှည်နေရတာလဲပေါ့နော် နာမည်ကြီးချင်တာများ တီ့လို ကိုယ်တုံးလုံးပုံတွေဘာတွေတင်လိုက်ပြီးရောနော့ တခါတည်း နေ့ချင်းညချင်း နာမည် ကြီးသွားမယ် ပရိုဖိုင်းတွေဘာတွေသေချာမဖတ်ဘဲနဲ့တောင် နှာဗူးမကြီးဘာညာ ဘွဲ့ တွေ ဘာတွေရသွားနိုင်တယ် အဲ့လူမုန်းတော့ နဲနဲခံရမှာပေါနော် အမှန်တော့ မုန်း တယ်ဆိုတာကိုက ဆိုက်ကိုလောဂျီသဘောအရ ချစ်တာတမျိုးပဲမဟုတ်လား အဲ့လိုပေါ့နော့ တီတွေးမိတာလေးတွေပါ
နောက်တခု ဘာကိုသွားတွေ့လဲဆိုတော့ တီတို့လူတွေ ခုတလောပြောပြောနေကြတဲ့ ဘာတဲ့ ဒီမိုကရေစီပေါ့လေ (တီနားလည်တာကတော့ ဟိုမိုကရေစီ ပဲ ဒီမို မဟုတ်ဘူး ဟိုမို အဲ့တာကမှအမှန် ဟိဟိ ကြော်ညာ ကြော်ညာ) အဲ့တာကို ပါးစပ်မှာ အာဂုံဆောင်ပြီးတော့ လုပ်ချင်တာလုပ်နေကြတာပဲ။ အဓိက ကတော့ မြန်မာပြည် အပြင်ဘက် ကိုရောက်နေကြ တယ်ကွယ်၊ မီးမှန်မှန်လာတယ်ကွယ်၊ အင်တာနက်လွယ်လွယ်သုံးရတယ်ကွယ် ဘာလုပ်လုပ်အဖမ်းမခံရဘူး အမေကြီးကား လိုနေရာရောက်နေရင် အဖမ်းခံ ရနိုင်ခြေရှိတာနဲ့တင် အဆိုင်လမ် တွေဘာညာ အော်ပြီးတော့ အစိမ်းရောင်ကဒ် ရနိုင်ကြတာကိုး။ ကဲဒီလိုလူမျိုးတွေမှ လုပ်ချင်တာမလုပ်ကြရင်ဘယ်လိုလူမျိုးတွေလုပ်မလဲနော့။ ဘာပဲဖြစ်ဖြစ် ၂၀၁၀ အကြို ဟိုမိုကရေစီ ကိုစတင်ကျင့်သုံးလာကြတာကောင်းပါတယ် မဲပေးနည်းလေးတွေတချို့ဘလောခ်တွေမှာထည့်ထားတာတွေ့ရတယ် ကြိုက်မကြိုက် ဘာညာပေါ့ အဲ့စနစ်လေးတွေကိုလဲ ၂၀၁၀ အတွက် ပွဲမဝင်ခင်အပြင်ကကျင်းပဆိုသလို တကယ့်ကိုအပြင်မှာ ရှိနေတုံး လွတ်လပ်တုံးလေး တွင်တွင်ကျယ်ကျယ် တင်ကြိုကျင့်သုံး လာကြရင် ကောင်းမယ်ထင်တယ်ကွယ်

အောင်မျိုး(ဘလောခ်စပေါ့ )= အင်းအဲ့လိုတရှည်တဝေးရှင်းပြပြီးတဲ့အခါမှာ အနှစ်ချုပ်အနေနဲ့ကော တခုခုပြောပါအုံး?

တီချမ်း= အင်းအနှစ်ချုပ်အနေနဲ့က တီစဉ်းစားကြည့်တယ် စာရေးတယ်ပေါ့နော် တချို့ ကလဲ ဝါသနာပါလို့ရေးတယ်၊ တချို့ကလဲ စာရေးဆရာတကယ်ဖြစ်ချင်လို့ ကလောင်စမ်းတဲ့ အနေနဲ့ ရေးတယ်။ တချို့ကလဲ ဘလောခ်ဆိုတာ ကိုယ်တိုင်တည်း ဖြတ်မဂ္ဂဇင်းလို ချက်ချင်း ပရိတ်သတ်ရဲ့ ဝေဖန်ရေးကိုရတယ် ဘာညာပေါ့
တချို့ ဘလောခ်ဂါလေးတွေရှိပါတယ် တော်တော် အနေတတ်တယ် ဘယ်သူတွေဘာဖြစ်နေနေ သူတို့ဘာသာ သူတို့ စာပဲပုံမှန်ရေးတယ် ကြားနေပေါ့။ တချို့ကျတော့လဲ ဘက်လိုက်ပြီး ရန်ဖြစ်ပေးကြတယ် အဂတိပေါ့ တချို့ကကျတော့ အသေကိုဖဲ့တာ တကယ့်ကို့ပဲ အာဂါတပေါ့ အမျိုးစုံပါပဲတွေ့ရပါတယ်။ တချို့ကျတော့လဲ ငြင်းခုန်ရတာ ဝါသနာပါတယ်လို့ကိုပြောပြီး ချဲပါတယ် တီကလဲတရား သဘော တွေကိုနားလည်လွန်းလို့ပြောနေတာမဟုတ်ပါဘူး လူတွေရဲ့သဘော လူတွေရဲ့မနော ကို စောကျော်ကြည့်တာပါ။ တီလဲမလွတ်ပါဘူး ဒီထဲက တမျိုးမျိုနဲ့တော့ ညိတာပါပဲ။ အဲ့တော့ တီကမနေတတ်တဲ့လူတွေထဲမှာပါတာပေါ့။ အဲ့တာကြောင့်လဲ ဒီအင်တာဗျူးကိုလက်ခံတာပါ။ ပြောချင်နေတာလေးတွေရှိသေးတယ် ဘာလို့ ကိုယ်တိုင်ကကောင်းမနေဘဲနဲ့ သူများလိုက်ပြောနေတာလဲလို့မေးရင်လဲ တီ့အလုပ်ကအဲ့တာပဲလေ ကိုယ်ကတော့အနေအထိုင်မတတ်ဘူး လျှပ်ပေါ်လော်လီ နေမယ် သူများတွေကိုတော့ စကပ်တိုတယ် ဘာညာ လိုက်ပြောမယ် အဲ့တာကို လူပီသတယ်လို့မြင်တယ်။ ခုတော့ ဒီလောက်ပါပဲ။ နောက်ကြုံတော့ ပြောပါအုံးမယ်။

9 comments:

  1. စကားမစပ် တီချမ်းရေ... တလောတုန်းကမှ.. (လွန်ခဲ့တဲ့သုံးလလောက်) အိန္ဒိယမှာလည်း... ဟိုမိုကရေစီ အေးချမ်းစွာ ရယူနိုင်ခဲ့ပါတယ်။ ဘာသာရေးတင်းကြပ်မှု ထိုက်တန်သလောက်ရှိတဲ့ နိုင်ငံမှာတောင်မှပေါ့နော်...။
    ဒါပေမဲ့ သူတို့ဒီမိုကရေစီကတော့ (လက်ဝါးကြီးအုပ်ဒီမိုပဲပြောပြော) အပေါ့အငန်အတော်လေးပေါ့နော်...။ မြန်မာမှာဆိုရင်တော့ တော်တော်ကြိုးစားရယူရဦးမယ် ထင်တာပဲ။ သူများကို ၀ဋ်နာကံနာလို့ထင်နေတဲ့ ၀ဋ်နာကံနာသမားတွေလည်း ရှိသကိုး...။
    အဲဒါထားပါ... ဖပ်...။

    တီချမ်းအင်တာဗျူး ဖတ်သွားတယ်... ခစ်ခစ်...။

    ReplyDelete
  2. 10 Dec 09, 05:01
    mamagyi: hahhaahaaa
    10 Dec 09, 05:01
    mamagyi: good idea chan

    ReplyDelete
  3. အင်းတေဇာ ဟုတ်တယ် ပီနယ်ကုတ်အကြောင်းမှလား
    တီကတော့ သိပ်စိတ်မဝင်စားဘူး
    ဘာလို့လဲဆိုတော့ တီက marriage ကိုစိတ်မဝင်စားတာ
    နောက်မှ ကြုံရင် အရှည်ရေးမယ်

    ReplyDelete
  4. ဒီတကြောင်းတော့ကြိုက်တယ်

    သူများတွေကိုဝဋ်နာကံနာထင်နေတဲ့ ဝဋ်နာကံနာတွေကလဲရှိသေးသကိုး

    လှတယ်
    ငါးကြင်းဆီနဲ့ ငါကြင်းကြော်တာပဲ

    ReplyDelete
  5. အော် ကဗျာ အဟောင်းတပုဒ် ပြန်တင်ဖို့ ရှိနေတာကိုပဲ တင်လို့ မဖြစ်သေးတဲ့ ဘဝပါလား။ ငါ့နှယ်... ၁ ရက်နေ့တည်းက တင်ဖို့ဟာကို နေ့ရွှေ့ရက်ရွှေ့လုပ်နေတာနဲ့ပဲ.. ခုတော့ ကွေးသောလက် မဆန့်ခင် တွေ ဖြစ်ကုန်ပြီ။
    (ဘာမှ မဆိုင်တာ ပြောသွားတာ။)

    ရီရတယ်။ ရီချင်နေတာနဲ့ အတော်ပဲ။ ဒါပေမဲ့ ရုံးမှာရောက်နေလို့ တိတ်တိတ်လေး ရီရတယ်။

    တကယ်တော့ ကိုယ်က နိုင်ငံရေး တင်တာ မဟုတ်ဘူး။ လာငြိနေတော့ လာငြင်းကြရော။ ဆရာသမား(တွေ)ကလည်း ဦးဦးဖျားဖျား လာထောက်ခံထား(ကြ)တာကိုး။ လာငြင်းကြတာနဲ့ ကိုယ်ကလဲ ပြောစရာ ရှိနေတာတွေနဲ့ စိတ်ပါတာနဲ့ ပြန်ပြောမိတာ။ ဆက်စပ်နေတာကြောင့်လဲ ပါတာပေါ့။

    ReplyDelete
  6. ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ရေးပေးလိုက်ပြီနော်
    ရှင်လဲရယ်လိုက်ရပြီ
    လော်ရီရယ်လဲတဆက်ရပြီ
    ကျေနပ်တယ်မှလား

    ReplyDelete
  7. Difference people difference ideas.

    But I am staying right way as I think.

    Honest is my best policy.


    BINO

    ReplyDelete
  8. အခု ဒီဟာက Comment မှာရေးတယ်ဆိုပေမယ့် ဝေဖန်တာမဟုတ်ဘူး..။ အသိ အမှတ်ပြုတာ.. ။

    လူတစ်ကိုယ်စိတ် တစ်မျိုးဆိုတော့ .. သူ့ စိတ်ကိုယ့် စိတ်ဘယ် ညီမလဲ နော့..။
    သူ့  ကိုမကြည့်လို့ လည်း မရသလို ကိုယ့်ကိုယ်လည်းပြန်ကြည့်ပေါ့ ။

    အယ် .. အမှားတွေ့ တိုင်းတော့ မဝေဖန်နဲ့ ပေါ့.။ စိတ် ဆင်းရဲ မှာဆိုးလို့ ပြောတာ ။

    အခု ဒီစာကို ရီရတယ်လို့ တော့မထင်ဘူး..။ တီ့စိတ်ထဲ အချဉ်ပေါက်လို့ အပင် ပေါက်လာတို့ ပဲထင်တယ်..။
    ဘာပဲဖြစ်ဖြစ် .. ကိုယ့်ဘလော့ ကိုယ့် နေရာမှာ ကိုယ့်စိတ်ကြိုက် ရေးခွင့်ရှိတယ် ...။
    အသိအမှတ်ပြုပါတယ်..။

    (မှတ်ချက် ကျွန်တော်ကိုယ်တိုင်က ဘာကောင်မှမဟုတ်တဲ့ အတွက်..အသိအမှတ်ပြုတယ်လို့ ပြောလို့ ဟားစရာဖြစ်ရင်တော့ ခွင့်လွှတ် ဗျ)

    ReplyDelete
  9. ကျေးဇူး မောင်ငယ်
    စာပြန်ရေးပါအုံး ပဲခူးသားလေးရယ်
    စာမေးပွဲတွေများနေတာ သိပါတယ်
    ဒါပေမယ့် မျှော်နေတဲ့ပရိတ်သတ်လဲရှိသေးတယ်လေ နော့

    ReplyDelete