Saturday, December 12, 2009

တရုတ်ဟင်းနောက်ဆက်တွဲ (မနက်စာ)

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့

ဘန်ကောက်မြို့
နေအိမ်

မနက် ၅နာရီ ၀၉မိနစ်

ခုန က ရုပ်ရှင်ကြည့်ပြီး ပိုစ့်ရေးတယ် ပိုစ့်ရေးပြီးတော့ မဲစောက်က သူငယ်ချင်းနဲ့ စကားခဏပြောတယ် ပြီးတော့ မအိပ်ချင်သေးဘူး အဲ့တာနဲ့ မနက်ဖြန်ကလဲစနေဆိုတော့ အခွေတခွေထပ်ကြည့်မယ် စိတ်ကူးတယ် အခွေကြည့်မယ်ဆိုတော့ ဗိုက်ကဆာလာပြီ မအိပ်ပျော်သေးဘူး ရေခဲသေတ္တာထဲမှာ ရှာကြည့်တော့ အသားတွေချက်ထားပြီးသားတွေ့တယ် ခါတိုင်းလဲ ဆာရင်အလွယ်တကူလုပ်စားလို့ရအောင်ဆိုပြီး ချက်ထားနေကြပါ ရှမ်းခေါက်ဆွဲအစာအသားပေါ့ ကိုယ့်အကြောင်းကိုသိလို့ဥာဏ်အမျှော်အမြင်က ဒီလိုကြီးတာလေ အဲ့တာနဲ့ထပြီးတော့ ခေါက်ဆွဲအထုပ်ကြီးတထုပ်ဖောက် ပြုတ်ပြီး ကိုယ့်အသား (ကိုယ့်ဘာသာ ဘာသာချက်ထားတဲ့ ရှမ်းခေါက်ဆွဲ လုပ်စားတဲ့ အသား)နဲ့ကိုယ်သုပ်စားပါတယ် သူ့မှာပါတဲ့အထုပ်လေးတွေတခုမှမထည့်ပါဘူး ခေါက်ဆွဲပဲယူတာပါ ဒါတောင် ဂျုံခေါက်ဆွဲအသင့်မရှိလို့ ရှိရင် ယူစရာမလိုဘူး အဲ့ဒီခေါက်ဆွဲတွန့်တွန့်တွေကို
ဘာပဲဖြစ်ဖြစ် ခေါက်ဆွဲသုပ်ကောင်းလေးတပွဲတော့ဖြစ်သွားတယ် ချဉ်ငံစပ်ကြိုက်လို့ ငရုတ်သီးဆီချက်နည်းနည်းနဲ့ သံပရာသီး ပဲငံပြာရည် ထည့်ထားပါတယ်




ပြီးတော့ တွဲသောက်စရာ ရေနွေးကြမ်းရယ် မြန်မာတီးမစ်စရယ် ကျောက်ပန်းတောင်း တဘက်ကမ်း
ပြစ်ပြစ်သောက်ချင်လို့ နှစ်ထုပ်ကို နှို့ဆီနဲ့ဖျော်ပါတယ် ကဲမှတ်ကရော.......




စားကြသောက်ကြပါအုံးလား

5 comments:

  1. I don't like ready made noodle.
    I like your hand cooking.
    If I have a chance, I'll surely come to you.
    You are so innocent.

    BINO

    ReplyDelete
  2. 12 Dec 09, 12:42
    EEK: Good. အိုင်ဒီယာ ကော်ပီကုးပြီး မုန့် ဟင်းခါးဖတ်သုပ် စားလိုက်ဦးမယ်။

    ReplyDelete
  3. ကျေးဇူးပါ ကိုဘီနို
    လူချင်းတွေ့တော့
    ခေါက်ဆွဲကော ဖက်ထုပ်ကော လုပ်ကျွေးပါ့မယ်

    ReplyDelete
  4. 13 Dec 09, 21:41
    LB: အိုကေ အိမ်ကကောင်တွေတော့ ငါ့လက်တည့်စမ်းသပ်ဟင်း ထပ်စားရတော့မယ် မကောင်းရင် ဒီဘလော့ဂ်မှာ လာအော်ကြ ဟီးဟီ

    ReplyDelete
  5. အမလေးး တီ
    တီးမစ်ကို ၂ထုပ်တောင် ဆိုတော့ ရင်တုန်တော့မှာပဲ...........

    ReplyDelete