Wednesday, December 16, 2009

ဂရုမစိုက်သလို ဟန်ဆောင်လို့မရဘူး

ဂရုမစိုက်သလို ဟန်ဆောင်လို့မရဘူး

သူငယ်ချင်းတယောက် ရက်သတ္တ ၃ ပတ်ဆက်တိုက် ဆေးရုံ ရဲ့ အထူးကြပ်မတ် ကုသ ဆောင်ကို တင်လိုက်ရတယ်။ ဗိုက်အောင့်တဲ့ ဒဏ်ကို သူသေလုမျောပါးခံစားရတာလေ။ ဆရာဝန်တွေအမျိုးမျိုးကြိုးစားကြပေမယ့် ဗိုက်အောင့်တဲ့ အကြောင်းအရင်းကို ရှာလို့ မရ ကြဘူး။ သုံးပတ်ကျော်သွားတော့ သူ့လက်ထဲမှာ ရှိနေတဲ့ အလုပ်ကြွေးတွေအကုန်ပြီးသွားတဲ့ အခါလည်းကျရော ဗိုက်အောင့်တာပါ တပြိုင်တည်း ယူပြစ်သလိုပျောက်သွားတော့တာပဲ။ အဲ့တော့ မှာ သူတွေးမိတာက ဗိုက်အောင့်တာ က စိတ်ဖိစီးမှုတွေများနေလို့ ဖြစ်မှာပဲတဲ့လေ။

သူ့ကိုခင်တာ နှစ်တွေကြာလှပါပြီ။ ဘယ်တုံးကမှ သူဟာ စိတ်ဖိစီးမှု ကိုလုံးဝမခံနိုင်တဲ့ လူစားမျိုးလို့ သတိမပြုမိခဲ့ဘူး။ သူ့ကြည့်လိုက်ရင်အမြဲ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဘာကိုမှသိပ်ဂရုမစိုက်သလိုပုံစံနဲ့လေ။ လက်စသတ်တော့ အဲ့တာတွေက ဟန်ဆောင်နေတာကိုး။

“တကယ်တော့ ငါ့ကိုလူတွေဘယ်လိုတွေးကြမှာ၊ ထင်ကြမှာ ငါသိပ်ကို ဂရုစိုက်ပါတယ်။ ဒါပေမယ့် အဲ့လို ငါဂရုစိုက်တာကို ငါက လူတွေကို မသိစေချင်ဘူး” လို့ သူကပြောပါတယ်။

တချို့တွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အရမ်းဂရုစိုက်ပါတယ်။ ပြီးတော့ လူတွေက သူတို့ကို ဘယ်လိုမြင်သလဲ ဘယ်လိုသဘောထားလဲ ဆိုတာကိုလဲ အရမ်းအရေးထားတယ်။ ပြီးတော့ ဘာမှဂရုမစိုက်သလို ဘာမှမဖြစ်သလို ဟန်ဆောင်မှုအလွှာတထပ်နဲ့ သူတို့ကို သူတို့ ဖုံးအုပ်ထားကြတယ်။ အဲ့လိုနဲ့ပဲ တခြားလူတွေကို ညာနေကြသလို သူတို့ကို သူတို့လဲ ပြန်ညာ နေကြတယ်။ အားလုံးကဂရုစိုက်လွန်းအားကြီးရင် ကြည့်မကောင်းဘူးလို့ထင်နေကြတယ်လေ။

ကိုယ်ကတော့ ရှင်းပါတယ်။ တကယ်လို့ ကိုယ့်ကို အပေါ်ယံအမြင်မှာ ဘယ်လောက် ဂရုစိုက် တတ်သလဲလို့မြင်ရင် အဲ့တာ ကိုယ့်စိတ်ထဲမှာလည်း အဲ့လောက်ကို ဂရုစိုက်လို့ပဲ။ နည်းနည်းမှ မပိုသလို နည်းနည်းမှလဲလျော့ဘူး။ ဒါပေမယ့် လုံးလုံး ဟန်မဆောင်တတ်တာကလဲ သိပ်တော့ မကောင်းဘူးထင်ပါတယ်လေ။

လူတယောက်နဲ့ ကြုံဆုံ ရင်ဆိုင်တွေ့တဲ့အခါ သူ့ကို လုံးဝ ဂရုမစိုက်ပါဘူးလို့ ဟန်ဆောင်ချင် တယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဟန်ဆောင်ထားပေမယ့် ကိုယ့်ရဲ့ အမူအရာတွေက မလုံတော့ မျက်နှာထား၊ စကားအပြောအဆိုက အစ ကိုယ်ဘာကိုဆိုလိုတာလဲဆိုတာ ကို သူက ဘွင်းဘွင်းကြီးအကုန်သိနေရော။

ကိုယ်တိုင်က ဟန်မဆောင်တတ်တော့ ကိုယ့်လိုပဲ သူများတွေကလဲ ဟန်ဆောင်မှာ မဟုတ်ပါ ဘူးလို့ထင်တယ်။ တဘက်လူက ကိုယ့်ကို စိတ်မဝင်စားပါဘူးလို့ထင်နေတယ်။ တနေ့…သူက “ကိုယ်မင်းကို အရမ်းစိတ်ဝင်စားနေတာကြာလှပါပြီ” လို့ ကိုယ်တိုင်ဖွင့်ပြောတော့မှပဲ ကိုယ့်မှာ သက်ပြင်းမောကို တိတ်တိတ်ကြိတ်ချရတာလေ။

ကိုယ်လူတယောက်ကို အရမ်း ဂရုစိုက်မိနေပြီဆိုရင် ခဏခဏ စိတ်ပူကြောင်းကို ထုတ်ပြမိ တတ်တယ်။ ခဏခဏလဲ ပြောပြောနေတတ်တယ်။ ဒီဟာမလုပ်နဲ့၊ ဟိုဟာမလုပ်နဲ့နော် လို့။
လူ့ဘဝမှာ တခါတလေတော့ လုံးဝ ဟန်မဆောင်လို့မရတဲ့ အခါတွေရှိတတ်ပါတယ်။ အဲ့လိုပဲ တခါတခါမှာလည်း ဘယ်လိုမှ ဆက်လက်ဟန်ဆောင်လို့မရတော့တဲ့ အခါတွေရှိတတ်ပါတယ်။
ဒါပေမယ့် အဲ့လိုအချိန်ကျရင် ကိုယ့်ဘာသာကိုယ်ပဲ ငါဟန်ဆောင်တဲ့ဘာသာရပ်မှာ တော်တော် ကို ညံ့နေသေး ပါလားလို့ပဲ ဘာသာတိုးတိုး ဝန်ခံလိုက်ယုံ၊ အားတင်းလိုက်ယုံပါပဲ။

မှတပါးအခြားမရှိပေါ့လေ…..။

A Chen
4:39 pm
16th December 2009
Home
Bangkok
Thailand

11 comments:

  1. ဖတ်ချင်ယောင်ဆောင်သွားပါတယ်။
    လုံးလုံးဟန်မဆောင်တတ်တာတော့ မကောင်းတာမှန်ပါတယ်။
    ဒါပေမဲ့ ဟန်ချည်းပဲလုံးလုံးဆောင်ထားတာထက်တော့ ပိုကောင်းမယ်ထင်တယ်။
    မဟုတ်ဘူးလား။ မဟုတ်ရင်တောင် ဟုတ်ချင်ယောင်တော့ဆောင်လိုက်...။ ;P

    ReplyDelete
  2. ဘုရားဘုရား မောင်တေဇာ
    ကွန်မန့် မန့်တာတောင်မှ ပိုစ့်မော်ဒန်လိုလိုပါလား

    ခရစ်ကတ်စာတော့မိတော့မယ် အဟေးဟေး

    ReplyDelete
  3. You have to pretend in some necessary case.

    ကိုယ်လူတယောက်ကို အရမ်း ဂရုစိုက်မိနေပြီဆိုရင် ခဏခဏ စိတ်ပူကြောင်းကို ထုတ်ပြမိ တတ်တယ်။ ခဏခဏလဲ ပြောပြောနေတတ်တယ်။ ဒီဟာမလုပ်နဲ့၊ ဟိုဟာမလုပ်နဲ့နော် လို့။

    You show that you are so kind.

    BINO

    ReplyDelete
  4. တူတူပဲ တီရေ....
    ဟန်မဆောင်ဘဲ အဲလိုထုတ်ပြမိတော့ ဘာဖြစ်သလဲ.... နေရာတကာပါတယ် စပ်စုတယ်... ......တယ် .....တယ် ....တယ်

    ReplyDelete
  5. 17 Dec 09, 09:00
    Glacier: အလုပ်တွေအရမ်းရှုပ်ရင် home မ sick နိုင်တော့ဘူ။ အလိုလိုကောင်းသွားတာပဲ။
    17 Dec 09, 08:58
    Glacier: တီချမ်းသူငယ်ချင်းဖြစ်သလို ဖြစ်ဖူးတယ်။ Stress တွေရော homesick ကြောင့်ရော။

    ReplyDelete
  6. ဟန်ဆောင်တယ်ဆိုတာက Response။ လေ့လာသင်ယူထားတာမျိုး . . ဆိုပါစို့ . . လူတစ်ယောက်နဲ့မိတ်ဆက်ပေးရင် တွေ့ရတာ ၀မ်းသာပါတယ် လို့ တုန့်ပြန်ရမယ်လို့ မှတ်ထားတာမျိုး။ အဲဒီတော့ ငါပြောချင်တာက ဟန်ဆောင်တာက သူလေ့လာကြီးပြင်းခဲ့ရတဲ့ အသိုင်းအ၀ိုင်းရဲ့လွှမ်းမိုးမှုလည်း အများကြီးရှိနိုင်တယ်။ ကိုယ့်ကိုကိုယ် ဟန်ဆောင်နေမှန်းမသိဘဲနဲ့ ဟန်ဆောင်တာလို့ ပြောရမယ်ထင်တယ်။ ဟီးဟီး ထင်တာပဲအေ

    ReplyDelete
  7. ဟန်မဆောင်ဘူး.. ဟန်ဆောင်လေ့မရှိ.. သို့သော် ကျွမ်းကျင်စွာ ဟန်ဆောင်တတ်ပါတယ်..

    ReplyDelete
  8. susunge to me
    show details 1:21 PM (6 minutes ago)


    ဟန်ဆောင်ရတာ ပင်ပန်းတယ်။ အပြည့်အထောက်ခံတယ်။ ဒါပေမဲ့ တခါတလေ သူများတွေ စိတ်ချမ်းသာဖို့အတွက် ကိုယ်က ဟန်ဆောင်ပေးရတာပေါ့။ စိတ်ပင်ပန်းပေမဲ့ လူမှုရေးဆိုတာက ရှိသေးတော့ ဟင်း...... ခက်ပေမဲ့ လုပ်ရတာပေါ့

    ReplyDelete
  9. ayeme mehtun to me
    show details 4:41 PM (9 minutes ago)


    မန်.မယ်..

    ဟန်ဆောင်ကောင်းတဲ.သူတွေပေါတဲ.ဒီလောကကြီးမှာ..ဟန်မဆောင်ပဲနေနိုင်ဖို.ဆိုတဲ.လွယ်တဲ.အရာမဟုတ်ဘူးလို.ခံယူထားပါတယ်။
    ပြီးတော့ဟန်ဆောင်မှုမပါသောခင်မင်မှုတွေ ချစ်ခြင်းတွေကိုလဲတန်ဖိုးထားပါတယ်။ ဒီပလိုမတ်မဖြစ်ချင်နေပါစေဆင်.စီးယားပဲဖြစ်ချင်ပါတယ်။
    ဒါကြောင့်သူငယ်ချင်းရေကိုယ်ယုံကြည်ရာကိုလက်မလွတ်လိုက်ပါနဲ.။

    ReplyDelete
  10. ဟန်ဆောင်လေ့မရှိ .. အဲလိုအပ်မယ်ထင်ရင်လည်း ကောင်းကောင်းတတ်တယ် .. လူကြီးတွေကိုတော့ ဟန်ဆောင်ရတာ မရဲဘူး၊ ကလေးတွေနဲ့ ရည်းစားတွေကိုတော့ ကောင်းကောင်းပတ်နိုင်တယ် သူတို့ ပတ်နေရင်လည်း သိတယ် .. မသိချင်ဟန်ဆောင်ရတာတော့ ရှိတာပေါ့ ..

    ReplyDelete
  11. ရည်းစား “တွေ”ဆိုပါလား

    ReplyDelete