Thursday, December 17, 2009

သူငယ်တန်းဖတ်စာ

မောင်ညီမလေးတို့ရေ

ဒီနေ့ အသစ်ဖတ်မှတ်ကြရမယ့် စာလွှာကတော့ စာဆိုတော် နန်းမတော် မယ်နု နဲ့ ညီအမ ၈စိပ်ကွဲတော်စပ်ပြီး နန္ဒသူရ အမတ် (ရှိမရှိမသိ အဟိ) (မဲဇာတောင်ခြေရေးတာဘယ်သူပါလိမ့် သြော် နန္ဒသူရိယ အမတ်ကြီး ဟုတ်တယ်မှလား?) နဲ့ စပ်ရင် ဟိုဘက်ဒီဘက် အမွေဆိုင် လင်ပါသားရဲ့ တူ ၂ဝမ်းကွဲ၊ အဆွေးကဗျာတွေရေးတာဘယ်သူ….သြော် နတ်သျှင်နောင် နဲ့ကျတော့ ဘယ်လိုတော်တာလဲဆိုတော့ ဦးလေးရဲ့ အကိုဝမ်းကွဲ နဲ့မယားပါသား ဘက်က မြေး အင်း အဲ့လို ခုတလော ဗာရာဏာဘလောခ်ပြည်မှာ နာမည်ကျော်ကြား၊ ထင်ရှား၊ လျှမ်းလျှမ်းတောက်၊ လက်မလည်(ကြက်သည် အဲလေ) လောက်အောင်၊ ပတ်ပလစ်ရှာတွေ လိုက်နေတဲ့ လူသိများလှတဲ့ အောင်မြင်လှတဲ့ ရောင်းအားကောင်းလှတဲ့ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံပေတဲ့ အိုဘယ့်ဘယ် အိုဘယ့်သမီးတော် စန္ဒာ သူဇာ တို့နဲ့ ညီအမ ဟိုဘက်ဒီဘက် အတင်းစပ်ရင် ဆွေတော်မျိုးတော် အမျိုးတော် တော်စပ်သူ သီဟပျံချီ ဘုံပျံ သီရိသုဓမ္မ ခင်ကလျာ နွဲ့နွဲ့နှောင်း ဘွဲ့ရ နန်းမတော် အွန်စော ဂျူမုံ ချိုဝမ် နောက် (ဟင်းချက်တဲ့ကားထဲက ဘယ်သူ???) သြော်မှတ်မိပြီ ချန်ဂင် စဝ်နေ ယွန်း ခင်မိမိချမ်း (အောင်မဠီးဟဲ့ မွေးမေလေ့လေ့လေ့) က သူ့ရဲ့ ချစ်လှစွာသော စားရန်မွေးထားသည် ဟု စာဖတ်သူများ စွပ်စွဲကြသော ပုစွန် ၃ ကောင်အကြောင်း ကို ဒီလို လေးချိုးမမည် တျာချင်းမမြောက် ဒွေးချိုးဆိုတော့လဲမဟုတ်ပြန်တဲ့ “တမ်းချင်း” ကဗျာဖွဲ့ပါတယ်။ကဗျာ နာမည်လေးကိုတော့ ရိုးရိုးလေးပဲ “သူငယ်တန်းဖတ်စာ” လို့အမည်ပေးထားပါတယ်ကွယ်……ကဲကဲ ခံစားကြည့်ကြရအောင်နော်…..

သူငယ်တန်းဖတ်စာ

“ပ ပုစွန်တွေ သေရှာလေ
မ မောင်မင်းမင်း အပြစ်မကင်း
တ တီချမ်းမှာ စိတ်မကောင်းရှာ

က ကဗျာစပ် သူမနေတတ်
ဘ ဘလောခ်ရေးအသိပေး
အ အဟေးဟေးမရယ်နိုင်တော့
ပ ပုလင်းလေး ဟောင်းလောင်းပေါ့
အဟော့ဟော့ အဟော့ဟော့”


တမ်းချင်း




သီဟပျံချီ ဘုံပျံ သီရိသုဓမ္မ ခင်ကလျာ နွဲ့နွဲ့နှောင်း ဘွဲ့ရ နန်းမတော် အွန်စော ဂျူမုံ ချိုဝမ် နောက် (ဟင်းချက်တဲ့ကားထဲက ဘယ်သူ???) သြော်မှတ်မိပြီ ချန်ဂင် စဝ်နေ ယွန်း ခင်မိမိချမ်း

ကဲကဲ
စာဖတ်သူတွေကို မေးခွန်းလေးတွေမေးပါမည်။

  • ပုစွန်၊
  • မောင်မင်းမင်း၊
  • တီချမ်း၊
  • ဘလောခ်၊
  • အဟေးဟေး အဟော့ဟော့

စတဲ့စကားလုံးတွေကိုသုံးပြီး ဝါကျဖွဲ့ပေးရပါမယ်။ (တလုံး ကို ၂ မှတ် ၅ လုံး ၁၀ မှတ်ပါ။) လာဖတ်ရင် ဖွဲ့ရပါမယ်၊ မဖွဲ့ရင် မဖတ်ရပါဘူး။ (ဟော ဖတ်ပြီးသွားလို့ ဒီအထိရောက်လာပြီ မှလား ဖွဲ့ပေတော့ မစဉ်းစားနဲ့ ဖွဲ့ပေတော့ ပဲ အဟေးဟေး…..)

ပြီးရင် အထက်ပါကဗျာ ကိုစကားပြေ ရေးပေးရပါမယ်။ (အမှတ် ၃၀ပါ။)

အထက်ပါမေးခွန်းတွေကိုအကုန်မှန်အောင် ဖြေနိုင်ရင် တီချမ်းရဲ့ သူငယ်ချင်း စစ်စစ် စာမေးပွဲမှာ အမှတ် ၄၀ အပြည့်နဲ့ သင် “အောင်” ပါပြီ။ ကဲကဲ ကံကောင်းပါစေနော်……….

ချစ်တဲ့
လှုပ်လီလှုပ်လဲ့ အပြုံးမပျက် ပြုံးလျက်
သီဟပျံချီ ဘုံပျံ သီရိသုဓမ္မ
ခင်ကလျာ နွဲ့နွဲ့နှောင်း ဘွဲ့ရ
နန်းမတော် အွန်စော ဂျူမုံ ချိုဝမ်
နောက် (ဟင်းချက်တဲ့ကားထဲက ဘယ်သူ???)
သြော်မှတ်မိပြီ ချန်ဂင်
စဝ်နေ ယွန်း ခင်မိမိချမ်း

ညီအကိုမသိတသိချိန် (၈ နာရီ ၅၀ မိနစ်)
ပြာသို လဆန်း ၂ ရက် ၁၃၇၁ ခုနှစ် (ခရစ်သက္ကရာဇ် ၂၀၀၉ ခု ဒီဇင်ဘာ ၁၇ ရက်)
အယုဒ္ဓယပြည် ဘန်ကောက်မြို့တော်
နေအိမ်တွင်ရေးသားပြီးစီးသည်။

bonus (ကိုကိုကာကာ ကိုအားကျလို့ပါ)..............

စာဖတ်သူတွေကို up date လုပ်တာပါ
ဒီနေ့ ဆံကေသာ “သ” ပါတယ်
(မှတ်ချက် ဘန်းစကားများ
ဖိနပ်သဲကြိုးလဲ၊ အိမ်ခေါင်မိုးပြင်)
မနက်ဖြန် မလေးရှား ကေအယ်လ် ကို ၅ ရက်သွားပါမယ်
အဲ့တာကြောင့် ရွိုင်းနင်းဂွိုင်းနင်း လုပ်ပါတယ်။ မောင်မင်းမင်း ကိုသွားမပြောပါနဲ့နော်...ရှူး..................



15 comments:

  1. saw: ဟဲ့ တင်လို့ မရဘူး


    Addy: ဘာကိုလဲ


    saw: ဒီမှာဘဲ နင့်ကို ပြောတော့မယ်
    ပုပြီး မျက်လုံး စွန်နေသော
    မောင်မင်းမင်း ခေါ် တီချမ်း ၏ လင် သည်
    ဘလောခ့် ဟုခေါ်သော အင်တာနက် စာမျက်နှာတွင် အဟေး ဟေး ဟု အော်မြည်ကာ အဟော့ဟော့ ဖြစ်လေကုန်သတည်း ။ ကဲ ပြီးပြီ ။ ဟိဟိ

    ReplyDelete
  2. Addy: ok
    ပိုစ့်အသစ်လာဖတ်နော်
    ကျမ အခူ ရှင့်ဟာပြန်နေတယ်
    ပြီးရင် ပို့ပေးမယ်နော် မမ


    Sent at 9:24 PM on Thursday
    thetpaingthu3: တီ့ဟာ
    ဒီမှာ ဖွင်ုလို့မရဘူး
    ကျေးဇူး
    တီ


    Addy: ပီဒီအက်ဖ်နဲ့ဖတ်မလား


    thetpaingthu3: ဟုတ်
    အခုပို့ပေး
    စောင့်ဖတ်မယ်
    တီ
    ပီဒီအက်ဖ်
    မလုပ်နဲ့
    မေးလ်နဲ့ပို့
    စာရေးသလို


    Addy: အာ
    အဲ့တာဆို ပုံတွေဘယ်ပါတော့မလဲ
    အဲနေအုံး


    Sent at 9:26 PM on Thursday
    Addy: ရလား


    thetpaingthu3: ရသေးဘူး
    တီ
    ရပီ
    ခဏလေး
    ပ ပုစွန် ဖင်ထဲဝင်
    မ မောင်မင်းမင်း သရက်ကင်း
    တ တီချမ်းမှာ စိတ်မပြေပါ
    က ကုလားထိုင်ကျိုး အစားထိုး
    ဘ ဘာဘူကြီး ထိပ်တက်စီး
    အ အ အ အ အ.. အခုမှ ပျော်ရ
    ပ ပက်လက်လေး တီ.. လှန်ပေး
    ဟီ ဟီ
    ချိတ်ချိုးနဲ့


    Addy: ဟဲ့ ဆင်ဆာတွေမမန့်နဲ့လေ ဘယ်လိုတင်မလဲ


    thetpaingthu3: အာဘွား
    ရဘူး

    ReplyDelete
  3. ပုစွန်ကြိုက်တတ်သော ကျွန်မလင် ကိုမင်းမင်းတွင် အဟေးဟေး အဟော့ဟော့ အော်ပြီး အရူးဘလော့ခ်များရေးတတ်သော တီချမ်းဟု ခေါ်သည့် မယားငယ်တစ်ယောက်ရှိသည်။

    (ကျမမယားငယ်ဖြစ်ရခြင်းအတွက် နာကျည်းစွာဖြင့်ရေးချသွားသည်)

    ReplyDelete
  4. သေလိုက် မယားငယ်မ

    ReplyDelete
  5. စကတည်းက ပုစွန်တွေ အမြည်းလုပ်ပလိုက်တယ်လို့  မပြောဘူး
    လူကို မျက်စိမှုန်အောင်ရှာခိုင်းတယ်
    အရူးကြီးတီချမ်း

    ReplyDelete
  6. တကယ်ပါ ဒေါ်မေရယ်
    နင်ထင်သလို မယုတ်မာဘူး
    မဟုတ်ပါဘူး
    မရှုပ်ပါဘူး
    မလုပ်ပါဘူး

    အဟုတ်အမှန်အရူး (အဲလေ)

    ReplyDelete
  7. 18 Dec 09, 11:06
    t: လက်ဝဲသုန္ဒရ = မဲဇာတောင်ခြေ ၊ စီးတွေတွေတည့်
    18 Dec 09, 11:05
    t: အနန္တသူရိယ = သူတည်းတစ်ယောက် ကောင်းမှုရောက်မူ

    ReplyDelete
  8. အဟေးဟေး ကျေးဇူး T ရေ
    နေပါအုံး ဘာတီလဲရှင်က
    ကျုပ်ကတော့ earth worm
    အဟေးဟေး

    ReplyDelete
  9. ဒါ ၀ါကျ......

    ပုစွန် = စားရန် ပုစွန် ၀ယ်လာပါသည်။

    မောင်မင်းမင်း = မောင်မင်းမင်းသည် ပုစွန်ကို စားသည်။

    တီချမ်း = တီချမ်းသည် ပုစွန်ကို မွေးရန် ဆန္ဒရှိသည်။

    ဘလော့ = တီချမ်း၏ အမှတ်တရများ ကို ဘလော့တွင် ရေးထားသည်။

    အဟေးဟေး အဟောဟော့ = တီချမ်း ပျော်သောအခါ အဟေးဟေး အဟော့ဟော့ ဟု ရေးလေ့ရှိသည်။

    ဒါ စကားပြေ.....

    တီချမ်းမွေးထားသော ပုစွန်မှာ မောင်မင်းမင်းကြောင့် သေသွားပါသဖြင့် တီချမ်းစိတ်မကောင်းဖြစ်နေရှာသည်။ ထို့ကြောင့် အဟေးဟေးဟုပင် မရယ်နိုင်ပါ။ ထိုအကြောင်းကို စာဖတ်သူများကို ပြောပြရန် ကဗျာရေးပြီး ဘလော့ပေါ်တင်သည်။ ပုစွန်မရှိတော့ သဖြင့် ဟောင်းလောင်းဖြစ်နေသော ပုလင်းကို အခြားတစ်နေရာတွင် သုံးရန် အကြံပေါ်လာသောကြောင့် အဟော့ဟော့ ဟု သဘောကျစွာ ရယ်လိုက်လေသည်။

    ကဲပြီးပြီ....
    ဒါနဲ့ ပုစွန်ကလဲ ဘယ်နှစ်ရက်မှ မခံလိုက်ပါလား တီရဲ့...
    စကားမစပ် အဲဆံပင်ပုံစံကို ဘာပုံလို့ခေါ်လဲ တီ... hair dresser တော်တော် ညှပ်ရခက်မယ်...
း)))))))))

    ReplyDelete
  10. ကျေးဇူး အထူးပါ ဘိန်းပန်းချို
    ဆံပင်ပုံစံက ယိုးဒယားက ကလေးတွေ (ကျောင်းသားလေးတွေ) မညှပ်မနေညှပ်ရတဲ့ စစ်သားကေပါ
    သူတို့ကတော့ ပိုပါးတယ် နံပါတ် ၁ ဓါးနဲ့
    တီက နံပါတ် ၃
    ယပလက်လိုတော့ ထဟန် ကေလို့ခေါ်တယ် ထင်တယ်
    ထော်ထဟန် ဆိုတာ စစ်သားလေ

    ReplyDelete
  11. အော်မေ့လို့ ဟုတ်တယ်
    ပုစွန်က မောင်မင်းမင်းပေါ့ ဟိုတနေ့ည က သူဗိုက်ဆာလို့ စားတာ ပေါင်မုန့်လေ
    အဲ့တာ သွားထည့်တယ် ဟိုပုစွန် ၃ ကောင်ကလဲ ငတ်နေတာကြာပြီထင်ပါ့
    စားပြီးသေကြတာပဲ
    စူစကာ အမျိုးတွေထင်တယ်

    ReplyDelete
  12. သနားပါတယ်ဟယ် . . . ငါမှတ်မိနေသေးတယ် သူတို့ သုံးကောင်ရဲ့ မျက်နှာလေးတွေ . . . အမျှအမျှအမျှ
    ဟဲ့ နင့်ကေက စစ်သားကေနဲ့မတူဘူး။ မော်စကို ကထွက်လာတဲ့သူနဲ့ တူနေတယ် အဟီးဟီး (ဖွဟဲ့လွဲပါစေ)

    ReplyDelete
  13. အေး
    ပရီဇင်ဘရိတ် အဟေးဟေး

    ReplyDelete
  14. This comment has been removed by a blog administrator.

    ReplyDelete
  15. This comment has been removed by a blog administrator.

    ReplyDelete