ကိုယ်ညာတော့ သူပြုံးနေတယ်
တလောက ရိုးသားတာ ဟန်မဆောင်တတ်တာ အကြောင်းတွေရေးထားတော့ ခုလိမ်တဲ့ညာတဲ့အကြောင်းလေးရေးချင်နေပါတယ်။ အဆိပ်ကိုပြန်ဖြေတဲ့သဘောပေါ့။ ရိုးသားတာက အဆိပ် လိမ်တာ ညာတာ ကဖြေဆေးနော်။ ပြောင်းပြန်မယူနဲ့။
ငယ်ငယ်တုံးက ကိုယ်က လိမ်တာ ညာတာ တော်တော်ဝါသနာပါပါတယ်။ ဘယ်လောက်အထိအောင်လဲဆိုတော့ လိမ်တာကို လိမ်လို့ လိမ်နေမှန်းတောင်မသိအောင်ပါပဲ။ နေအေးလိမ်နည်းကျေတယ်ပြောမလား (အမှန်တော့ဖတ်တောင်မဖတ်ဘူးဘူး) လိမ်တာကို တဖက်ကမ်းခတ်နေတယ် ဆိုပါတော့။ ခုမှပြန်စဉ်းစားကြည့်ပြန်တော့ အဲ့တုံးက လိမ်ခဲ့တာတွေက လိမ်တယ်မမည်လောက်ပါဘူးလေ။ အမှန်ကတော့ ကိုယ်ကပုံပြောကောင်းလွန်းတာပါ။ စိတ်ကူးအရမ်းကောင်းသလို အပြောလဲအရမ်းကောင်းခဲ့တယ်ပဲဆိုပါတော့။ အဲ့လိုနဲ့ ပဲ လူတွေအများကြီးကို ပုံပြင်တွေ အများ ကြီးပြောဖြစ်ခဲ့တယ်။ နောက် နည်းနည်း အသက်ကလေးရလာတော့မှ အမဲနဲ့ အဖြူ၊ အမှန်နဲ့ အမှား၊ အဆိုးနဲ့အကောင်းစတာတွေ နည်းနည်းလေးနားလည်လာတဲ့အခါမှ လူဆိုတာ အလိမ်အညာ ကင်းကင်းနဲ့ လူလုပ်နိုင်ရင် ပိုကောင်းတယ်ဆိုတာ တဖြည်းဖြည်း ပိုမို နားလည်သဘောပေါက်လာတာနဲ့အမျှ အဲ့ဒီအချိန်ကစပြီး အလိမ်အညာတွေ ပုံပြောတာတွေ လျော့ခဲ့တယ်။ နောက်ကျတော့လဲ တမျိုးပြန်စဉ်းစားမိပြန်တယ်။ မိန်းမတွေဟာ တခါတလေမှာ တော့တဘက်လူကို အရမ်းကြီးလဲ ထိခိုက်နစ်နာမှု မရှိဘူးဆိုရင် လိမ်တာ ညာတာ ပုံပြင်တွေ ဘာညာ ပါးပါးလေးတော့ ဖြူဖြူ စင်စင် ပြောလို့ရတယ်/ပြောလို့ သင့်တယ်ဆိုတာပါပဲ။
ယောက်ျားတွေကို ဒီလို လေးတွေ ပုံပြောလို့ရပါတယ်။ ဥပမာပေါ့နော်…
“ရှင်ဟာ ကျမတွေ့ဖူးတဲ့ယောက်ျား ဘသားတွေထဲမှာာ အတော်ဆုံးပဲ”
“အရင်ကဟာတွေအကုန်က အလကားပါ မောင်နဲ့တွေ့မှ ကျမက အချစ်ဆိုတာ ဘာလဲဆိုတာကို သူငယ်တန်းကနေစသိ၊ သင်ယူ၊ သဘောပေါက် လာခဲ့ရတာ”
“မောင်က ကျမရဲ့ ဒုတိယမြောက် ကြုံဆုံရတဲ့ ယောက်ျားပါ၊ နောက်ဆုံးတယောက်လဲဖြစ်တယ်”
“ရှင်က နမ်းတာ သိပ်တော်တာပဲ”
“ရှင်က သိပ်သန်မာတယ်နော်” (အမှန်ကတော့ နည်းနည်းလေးမဆိုစလောက် “ပု” နေတဲ့ လူ့ဖလန်လေးပါ)
“ရှင်က ရယ်စရာတွေ သိပ်ပြောတတ်တာပဲ၊ ဟာဒရဥာဏ် တော်တော်ရွှင်တယ်နော်…”
(အမှန်ကတော့ သူပြောတဲ့ ဟာသတွေက အေးစက်လွန်းလို့အိပ်မပျော်သွားအောင်၊ သူ့ရှေ့မှာ မ သန်းဝေ မိအောင် (ကြိယာပါ လူနာမည် နမ်မဟုတ်) တော်တော်သတိထားနေရတာ)
“ရှင့်ကိုကြည့်ရတာ တော်တော်လေးနနေသေးတယ်နော်” (အမှန်ကတော့ သူ့မျက်ခမ်းစပ်နားက ကျီးခြေထောက်က ပုရွက်ဆိတ် တကောင်ကိုတောင် သေသေချာချာ ညှပ် သတ်နိုင်နေပါပြီ)
မိန်းမတွေကိုကျတော့ ဒီလိုပြောနိုင်ပါတယ်……..
“ဒီနေ့ မင်းအရမ်းလှနေတယ်နော်” (အမှန်ကတော့ ဝတ်ထားတာက တုံးပြီး တိုက်ဂေါနေတယ်လို့ စိတ်ထဲမှာ ထင်နေတာပါ)
“ဟင် အသက်က အဲ့လောက်ရှိနေပြီလို့ လုံးဝ လုံးဝ မထင်ရဘူးနော်။ နုလိုက်တာ” (တကယ်က အရင်တခေါက်တွေ့တုံးကထက်တောင်အများကြီး ပိုအိုစာလာတာ)
“အပျိုကြီး၊ ကောင်းတာပေါ့ အပူမရှိဘာမရှိ အေးချမ်းလိုက်တာများနော်” (အမှန်ကတော့ ဘယ်ယောက်ျားကမှ သူ့ကို မကြိုက်တာ ကြာလှပေါ့)
ငယ်ငယ်တုံးကလိမ်တာ ညာတာတွေက မလိုအပ်ဘဲနဲ့ အလွယ် လိမ်တာညာတာပါ။ အမှားကို တာဝန်မယူချင်လို့ ရိုးရိုးလေး အလွယ် လိမ်လိုက် ညာလိုက်တာပါ။ အသက်ကလေးတွေရလာမှ လူ့ဘဝမှာ တခါတလေ လိမ်တာ ညာတာလေးတွေ သုံးလိုက်ရတဲ့ အချိန်လေးတွေ အခိုက်အတန့်လေးတွေရှိလာတယ်ဆိုတာ နားလည်သဘောပေါက်လာခဲ့တယ်။
လိုချင်တာက တဘက်လူရဲ့ ပျော်သွားတဲ့ အပြုံးလေးတခုတည်းလဲဖြစ်နိုင်ပါတယ်။
A Chen
00: 47 am
20th December 2009
Hotel Olympic Sports
Kuala Lumpur
Malaysia
5062025
-
အမေနှစ်ယောက်နဲ့စကားပြောဖြစ်တယ်...။
ဘာမှ အများကြီး မလုပ်ပေးနိူင်ပေမယ့် အဝေးကနေ
သူတို့လိုသမျှထောက်ပံ့ပေးနေနိူင်တာကိုပဲ သူတို့က သာဓုခေါ်ကြတာ...။
အမေတ...
5 days ago
း)
ReplyDeleteတီချမ်းတို့ လုပ်ပီ :D
လိမ်တာ ညာတာ ကိုကို မကြိုက်ပါ :P
It is innocent လိမ်တာညာတာ, not intentionally to make trouble to anybody.
ReplyDeleteMake them enjoy by your kind heart.
That is acceptable.
BINO
ဟုတ်တယ် နော် ကိုဘီနို
ReplyDeleteဘာတဲ့ မုသားဖြူတဲ့
ဟုတ်တယ်မှလား
နာမည်လေးက လှကလှနဲ့
ဒီပို့စ်လေးကြိုက်တယ် . . Flow လေးရော၊ ပေးချင်တဲ့ Message လေးရော တော်တော်မိုက်တယ် . . . (စကားကြွင်း။ ။တဖက်လူ ပျော်သွားအောင် ပြောခြင်းမဟုတ်ပါ။)
ReplyDeleteဒါပေမယ့် တုန့်ပြန်လာမယ့် အပြုံးတွေကကော ဖြူစင်မှာမို့လား...?
ReplyDeleteလောကကြီးက ဒီလိုဟန်ဆောင်မှုတွေနဲ့ပဲ နေထိုင်အသားကျနေကြတာပါပဲလေ
အို သိပ်ကောင်းတာပဲနော်။
ReplyDeleteနောက် အဲလို များများရေး သိလား။
အဟက်
ဒေါ်ရီတာ ဘာကိစ္စ အဟက်လုပ်သွားတာရတာလဲ
ReplyDeleteမိန်းမမဆန်လိုက်လေခြင်းနော်
အဟေးဟေး အဟော့ဟော့
လုပ်ပါဟ
လိမ်တာညာတာ ကိုကိုမကြိုက်ပါ .. ၀ါးတစ်လုံးနဲ့ဆောက်တဲ့အိမ်
ReplyDeleteကြက်တူရွေးတို့ အိမ် ... ငယ်ငယ်က ဆိုဖူးတာ ဘာအဓိပ္ပာယ်လဲ မမေးနဲ့
မသိဘူး ဟီဟိ
တီ..
ReplyDeleteလိမ်နေညာနေမှန်းသိ အောင် ဘယ်လိုလုပ်ရမလဲ...
တီပြောသလိုမျိုး လိမ်နေညာနေမှန်း သိရင် ဘာလုပ်ရမလဲ...
အို ဘာတဲ့.. လိမ်ပါဟ.. ညာပါဟ.. လှည့်ပါဟ..
ReplyDeleteဟုတ်တယ်.. ဒါမျိုးကတော့ ကြိုက်သလောက်လိမ်စမ်းပါ၊
ReplyDeleteလူတစ်ယောက်ကို တနေ့တာ စိတ်ချမ်းသာသွားစေတယ်ဆို နဲတာမှတ်လို့