Monday, December 7, 2009

comment for rita (မြို့မေတ္တာခံယူမယ့်သားပေမို့)

ဒေါ်ရီတာ ရဲ့ ဖြေကြည့်သူများ ပိုစ့်ကိုဖတ်ပြီးတော့ ပြောချင်တာလေးတွေရှိလာတယ် အမှန်ကတော့ ကွန်မန့်မှာ တင်တာပါ မပေါ်လာဘဲပျောက်သွားတယ် ပြီးတော့ ရေးရင်းပြောချင်တာတွေကများပြီး အရမ်းလဲရှည်လာတာနဲ့ ပိုစ့်တခုအနေနဲ့ပဲ ကိုယ့်ဘလောခ်မှာ တင်လိုက်ပါတယ် ဒေါ်ရီတာ တို့ခေတ်နဲ့ ကိုယ်တို့ခေတ်နဲ့ သိပ်မကွာပါဘူး (ဒါက အသက်ကိုမှန်းပြီးပြောကြည့်တာပါ) ဒါပေမယ့် ကိုယ်က တက္ကသိုလ် မတက်ခဲ့ရဘူး နောက်ပြီးတော့ တက်ဖြစ်တယ်ဆိုအုံးတော့ အင်ဂျင်နီယာ မဖြစ်နိုင်ဘူး အဲ့တာဆိုရင်လဲ အတန်းကြီး ကျောင်းသားတွေ နဲ့ မကြုံရတဲ့အတွက် အမြင်တွေက မရှိလောက်ဘူး နောက်ပြီး ဒေါ်ရီတာ ပြောတာတခုကို ကိုယ်ကတော့ လက်ခံတယ် အဲ့တာက ကိုယ်တို့တွေခေတ်မှာ အဲ့ဒီ ကိစ္စ ကိုလူငယ်တွေ သိပ်စိတ်မဝင်စား ကြတော့တာပဲ ခုခေတ်ဆို ပိုဆိုးမယ် ဒါပေမယ့် အဲ့လူတယောက်ကြောင့် “ဟင်” သွားတယ် လို့တော့ ကိုယ်က ဒေါ်ရီတာ ကိုမထင်ဘူး အဲ့ဒီ ဘက်မှာ ကိုယ်ခံအားနည်းတယ် လို့ပဲထင်ပါတယ် ဘာလို့လဲဆိုတော့ ရှင်က ရှာမှရှား စာဖတ်ပြီး တွေးတတ်တည့်မိန်းမပေကိုး ပြီးတော့ အငြင်းကလဲသန်တယ် (ဒါကတော့ လုံးဝကို ငြင်းမရသောအချက်ပေါ့) အဲ့တော့ ခုန ပြောသလို အဲ့ဒီ ဘက်မှာ စိတ်ဝင်စားတဲ့ ကိုယ်ခံအားနည်းတာပါ ကိုယ်ဆို ၈၈ တုံးက အသက် ၇ နှစ်ပဲရှိသေးတယ် ၁တန်း ၂ တန်းပေါ့ တောင်ကြီးမှာ ကျောင်းအိပ်ကျောင်းစားနေတယ် ကျောင်းရှေ့ကိုလူတွေရောက်လာရင် ဆရာမကြီးနဲ့ တူတူထွက်ပြီး အားပေးတယ် ကျောင်းရှေ့မှာ လာဆော်ကြရင် ကိုယ်တို့ က အတန်းခုံတွေအောက်မှာသွားဝပ်နေရတယ် ဂျင်ကလိမှန်မှာစိုးလို့ အဲ့ခေတ်က တောင်ကြီးမှာတော့ ဂျင်ကလိ ကခေတ်စားတယ်လေ နောက်တော့ ၉၆ မှာ ကိုယ် ၇တန်း ၈တန်းရောက်နေပြီ ဒါပေမယ့် ကိုယ်ဘာမှမသိလိုက်ဘူး အကိုတယောက် အင်ဂျင်နီယာပဲ စက်မှုတက်တယ် အဲ့တုံးကလဲ သူတို့ ပါကြတယ် ကိုယ်တို့ကတော့ ဘာသိဘာသာပဲနေခဲ့တယ် သေချာလဲမသိဘူး မသိတဲ့အတွက်ပါရကောင်းမှန်းလဲမသိဘူး ကိုယ်ကတော့ ၉၆ ပြီးတော့ ကျောင်းတွေပိတ်တော့လူငယ်ပီပီ ကျောင်းပိတ်ရင် ပျော်တာကိုပဲမှတ်မိနေတယ် (တကယ်ပြောတာ ခုပြန်တွေးရင် ၉၆ က ဘာဖြစ်ခဲ့တယ်ဆိုတာ ဘာမှမမှတ်မိဘူး)
၁၀ တန်းကျတော့ ကိုယ်တို့ ကိုသင်တဲ့ သမိုင်းဆရာက တကယ့်ပါဝင်သူစစ်စစ်ကြီး အဲ့လိုဆရာနဲ့စာသင်ခဲ့တာတောင် ကိုယ်က အဲ့ဘက်ကို စိတ်မပါခဲ့ဘူး ဆရာစာသင်တာအရမ်းကောင်းပါတယ် ပြီးတော့ လက်ရှိလဲ တက္ကသိုလ်မှာ ဆရာလုပ်နေသေး(တယ်လို့ထင်)ပါတယ် ကိုယ်တို့နှစ်တုံးကတော့ လုပ်နေသေးတယ် ပြီးတော့ ဆရာစာသင်တိုင်းသင်တိုင်း သူ့အတွေ့အကြုံတွေကိုအမြဲထည့်ထည့်ပြောတတ်တယ် နားထောင်လို့လဲအရမ်းကောင်းတယ် ကျောင်းသားတွေကို သူတို့ ဘယ်လိုအားပေးခဲ့တာ ထိန်းပေးခဲ့တာ ဘယ်လိုလမ်းကြောင်းပေးခဲ့တာ ဒါပေမယ့် ခုပြန်တွေးကြည့်တော့ တော်တော်လေးဝါးနေပြီ မမှတ်မိတော့ဘူး ဆရာအပြောမကောင်းလို့လား မဟုတ်ဘူး ကိုယ်ဆရာသင်ခဲ့တဲ့ သမိုင်းတွေ ခုထိ မှတ်မိနေတယ် ဒါပေမယ့် အဲ့ဒီ ကိစ္စတွေကိုတော့ ဆရာပြောတာတွေတောင်မမှတ်မိတော့ဘူး ခုနပြောသလိုပဲ ကိုယ့်ကိုယ်ခံအား အဲ့ဘက်မှာ မကောင်းတာ ဖြစ်နိုင်ပါတယ် စိတ်ဝင်စားမှုနည်းတာပေါ့လေ




"ကိုယ်ကတော့ ကျော်လွန်ပြီး
မကြည့်နိုင်သေးဘူး။

ကိုယ်လိုလူတွေ အများကြီး ရှိမှာ
သေချာတယ်။"

သေချာတာပေါ့ ကိုယ်လဲ အဲ့လိုလူတွေထဲက တယောက်ပဲဖြစ်နေခဲ့တယ် ရွေးချယ်ခဲ့တာလား မသေချာပါ ဘာလို့လဲဆိုတော့ ရွေးချယ်ခွင့် သိပ်ရှိခဲ့တယ်မထင်လို့ပါ

၂၀၀၇ စက်တင်ဘာ ကျတော့ ကိုယ်က သင်တန်းပေးနေပြီ HIV/AIDS နဲ့ပတ်သက်ပြီးတော့ အဲ့တော့ ကိုယ်တို့အလုပ်တွဲလုပ်ကြတဲ့ လူထုအခြေပြုအဖွဲ့ကလေးတွေကို သင်တန်းပေးရတယ် ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကိုယ်တို့ သင်တန်းပေးနေတုံး စင်ထရယ်ဟိုတယ်မှာ။ တပည့်တွေကထွက်ကြည့်ချင်ကြတယ် ကိုယ်အတန်းခဏနားပေးတယ် ကိုယ့်အထက်အရာရှိဆရာက တကယ်ဝါသနာပါ စိတ်ပါ သွားကြည့်တယ် လိုက်တယ် အားပေးတယ် ဝင်ပါတယ် ကိုယ်ကတော့ ဘာသိဘာသာပဲ နောက်သင်ရမယ့် သင်ခန်းစာကို ကြိုကြည့်နေတယ် ပြောချင်တာ က အဲ့ဒီ ဘက်မှာ ပါဝင်ချင်တဲ့စိတ် ကိုယ်ခံအား အားနည်းတာပါ အားနည်းဆို စိတ်ပါဝင်စားဖို့အခြေအနေမပေးခဲ့ဘူး ကိုယ်တို့ လူငယ်ဘဝတုံးက တရားပွဲဘာညာမရှိဘူး (ကိုယ်ကျောင်းသားဘဝက ၄၂ စီးရတော့ လိုင်းကားက တက္ကသိုလ်ရိပ်သာလမ်းဟောင်းကဖြတ်ရင် ဒေါ်စု သူ့အိမ်ရှေ့မှာတရားထွက်ဟော်တာမှတ်မိနေတယ် နောက်အစိုးရက လမ်းပိတ်လိုက်တာာ ဒေါ်ဂွက်ထော် နဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ အဲ့တာကို သရော်ပြီး ရိုက်ခိုင်းတာ ဒေါ်ဂွက်ထော်အိမ်ကို ခဲနဲ့အပေါက်ခံရတာ တွေတော့ မှတ်မိနေတယ်) ကိုယ်တို့ပတ်ဝန်းကျင်က လူတွေကအဲ့ဒီကိစ္စတွေကိုမပြောကြဘူး ကိုယ်တို့သိတာ ၁၀တန်း။ ကျောင်းစာ။ နောက်တော့ ပိုက်ဆံရှာ။ ဒါပဲ။ အခြေအနေအချိန်အခါမပေးခဲ့တာလဲဖြစ်နိုင်ပါတယ် အခြေအနေအချိန်အခါပေးခဲ့ရင်တော့ ကိုယ့်အမြင်တွေ အတွေးတွေ ယုံကြည်မှုတွေ တခုခု ပြောင်းလဲလာမလားမပြောနိုင်ဘူး နောက်တခုက ခုန ဒေါ်ရီတာ ပြောသလိုပဲ အဲ့လူအော်သွားတာ “မင်းတို့အတွက် အလုပ်လုပ်နေတာ” ဆိုတာ တကယ်ပဲလား ကိုယ်တို့အကျိုးအတွက် သူတို့တကယ့်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ပေးနေတာလား ကိုယ်မပြောနိုင်ဘူး ကိုယ့်လာမေးရင်တော့ ကိုကမယုံဘူးလို့ပြောရမယ် ဘာလို့လဲဆိုတော့ ကိုယ်မကြုံခဲ့ရလို့ ယုံကြည့်ရလောက်အောင် အားကိုးရလောက်အောင် ကျိုးစာခဲ့တဲ့ကျောင်းသား ခေါင်းဆောင်ဆိုတာမျိုးကိုယ့်တို့ခေတ်မှာ မကြုံခဲ့ဘူး ကိုယ်သိတာ သမိုင်းထဲက ကိုအောင်ကျော်ပဲ အဲ့တာကြောင့် အဲ့လမ်းကိုခဏခဏရောက်တယ် ကေအမ်ဒီတက်တုံးကရယ် YES မှာ english တက်တုံးကရယ် နောက်တော့ ကိုယ့်ညီလေး st mary church မှာ ကျောင်းအိပ်ကျောင်းစားနေတုံးကရယ် နောက် ကိုယ် တရုတ် တိုးဂိုက်လုပ်တော့ အဲ့မှာ china airline company ရှိလို့ရယ် စသဖြင့်ပေါ့လေ တခါတခါ စဉ်းစားမိတယ် လူတွေက အပြောင်းအလဲ ကိုတကယ်မလိုချင်ကြလို့ တကယ်မပြောင်းလဲအောင်မလုပ်ကြတာလား လို့တွေးမိတယ် ဒါမှမဟုတ် တချို့လူတွေပြောပြောနေကြသလို ကိုယ်တို့မြန်မာတွေနဲ့ မတန်သေးလို့ တန်တာ နဲ့ပဲနေနေရ တာလားပေါ့ နောက်ကိုယ်လုပ်ငန်းထဲမှာ ကြုံဖူးတာကလဲ အဲ့တာတွေလုပ်နေတယ်ဆိုတဲ့ လူတွေက ကိုယ်တို့ ပေါ့စတစ်တွေကို အသုံးချ ဘန်းပြ ပြီးလုပ်စားသွားတာတွေပဲမြင်ခဲ့ဘူးတယ်လေ ဆေးပေးမယ်ဆိုပြီး အဖွဲ့ထဲဝင်ခိုင်းတာ ဆုတောင်းပွဲတွေမှာ အင်အားပြခိုင်းတာ ကိုယ်ပြောချင်တာ အဲ့လိုကိစ္စတွေကို သေချာနားလည်လို့ စိတ်ပါလို့ ယုံကြည်လို့လုပ်မယ်ဆိုရင်လုပ်ကြ မသိနားမလည်တဲ့လူတွေကို လိုအပ်တာ တခုခုပေးမယ်ဆိုပြီးတော့ ရောရောင်မလုပ်ခိုင်းနဲ့ လုံးဝမကြိုက်ဘူး သဘောလဲမတူဘူး အဲ့တာ အသုံးချတာသက်သက်ပဲ




"(သိပ်မကောင်းတဲ့ လူတွေနဲ့ပဲ တွေ့ရတာ ကံမကောင်းလို့
ဖြစ်မှာပေါ့။ အဲဒီတော့ အဲဒီ
အရေးကိစ္စတွေဟာ စိတ်ကုန်စရာတွေလို့ မြင်ကုန်တယ်။
နောက်ပြီးတော့ ကိုယ့် အရေးကိစ္စ
ကွက်ကွက်ကလေးကိုပဲ စိတ်ဝင်စားတတ်တဲ့ အတ္တကြောင့်
ဖြစ်လိမ့်မယ်။)"


အဲ့တာတွေလဲပါမှာပေါ့ မယုံကြည်နိုင်တော့တာ တကယ်ကို သူတို့တွေလုပ်နေတာ ကိုယ်တို့ အရေးအတွက်လို့ မယုံကြည်နိုင်တော့တာ နောက်ပြီး မြန်မာတွေအများကြီးပါ အပြင်ရောက်မှ အဲ့တာကိုအော်ကြတာပါ အဲ့လို အော်နေကြတဲ့လူတွေက အထဲမှာတုံးက ဘာလုပ်နေတယ် ထင်ပါသလဲ ကြားတောင်မကြားမိကြဘူး ခုလဲမဲစောက်မှာ အဲ့လိုတွေ နဲ့ထွက်ဖို့စောင့်နေတ့လူတွေအများကြီး ကိုယ်လဲ ဘာမှကိုယ့်နိုင်ငံအတွက်မလုပ်ပေးနိုင်ခဲ့ပါဘူး အဲ့တာကြောင့် ကိုယ်ဘာမှအော်မနေဘူးလေ
အမှန်ကတော့ မီးမလာတာ ရေပျက်တာ ဒါတွေလဲနိုင်ငံရေးပါပဲ ဒေါ်လာဈေးတယ်တာ ကားခဈေးတက်တာ ကန်စွန်းရွက်ဈေးတက်တာလဲ နိုင်ငံရေးပဲ ကိုယ့်အတွက်ဆိုရင် ပေါ့စတစ်တွေ ဆေးမရတာ နိုင်ငံရေးပဲ အဲ့တာအတွက် ကိုယ်တတ်နိုင်သလောက် လုပ်နေတယ်လုပ်ခဲ့တယ် လုပ်နေအုံးမယ် မှတ်မိသေးတယ် နေပြည်တော် ဝန်ကြီးအစည်းအဝေးတခုမှာပေါ့ ကိုယ်က ပေါ့စတစ်တွေဆေးမလောက်တာ ကိုထပြောတယ် အဲ့တော့ ဝန်ကြီးက ကိုယ့်ကို ဒီကောင်လေးမလောက်လေးမလောက်စားနဲ့ ဘာတွေလာပြောနေတာလဲဆိုတဲ့အကြည့်နဲ့ ကြည့်တယ် ဒက်ပြူတီ ကလုပ်နေကြပါတယ်လို့ပြောတယ် အမှန်က ကိုယ်တို့တွေဒီလိုတွေလုပ်နိုင်ဖို့ လိုအပ်တဲ့ အထောက်အပံ့တွေ မရနေကြဘူး အဲ့လိုပဲ လိုအပ်တဲ့ နည်းပညာ အချက်အလက် မရနေကြဘူး ပြောဖို့အတွက် အခွင်းအရေးမရနေကြဘူး ဒါပေမယ့် လူတွေ ဘာမှမလုပ်နေကြဘူး အေးဆေးပဲ ဈေးတက်ရင်ပေးလိုက်တယ် မီးမလာရင် စောစောအိပ်တယ် မနေနိုင်တဲ့လူတွေက အပြင်ကိုထွက်နိုင်အောင်ကြိုးစားကြတယ် ကိုယ်လဲသေချာတယ် ပြောချင်တာတွေအစည်းအဝေးမှာ ထထပြောပြီး ဘာမှပြောင်းလဲမလာမယ့်အတူတူ ညဘက်ကျမှ ကိုယ် ဝှစ်ကနဲပျောက်သွားပြီး မပြန်လမ်းကိုမမြန်းချင်ဘူး အဲ့လိုပဲ ကိုယ်သူများတွေအတွက် အလုပ်လုပ်လို့ ကိုယ့်အတွက် ကိုယ့်လုံခြုံမှုအတွက် ဘာမှအာမခံချက်မရှိဘူး တခါ လူတေါ လူတွေ သူတို့ပြောချင်တာတွေကို ကိုယ်တို့က ပြောသယောင်လုပ်ပေးစေချင်ကြတယ် ကိုယ်က ဒီလိုအစည်းအဝေးတက်ရခါစ meeting politic တွေနားမလည်ဘူး ဒါပေမယ့် ကိုယ်က ဘာပြောရမလဲမသိရင်သာရှိမယ် ဘာမပြောရဘူးလဲတော့ သိတယ် ကိုယ့်ဘဝပေးအခြေအနေသင်ထားပေးခဲ့လို့ ကိုယ့်ပတ်ဝန်းကျင် က ဥပမာတွေကြောင့် တခြားလူတွေလဲ ကိုယ့်လို့ပဲနေမှာပါ ခုကိုယ်တို့တွေက အပြင်ကနေ ဒီလိုစာတွေရေး စကားတွေပြောရတာ လွယ်ပါတယ် ဒါပေမယ့် ကိုယ်တို့တွေလဲ(သေချာတယ်)အထဲမှာ တုံးက ချီးတောင်အသံကျယ်ကျယ်မပေါက်ခဲ့ကြဘူးလေနော့

သေချာတာတခုကတော့ ဒီပိုစ့်ကိုဖတ်ရတာ ကျေနပ်တယ် ရှင်သည် အရင်ထင်ထားတဲ့အပြင်းစားမိန်းမဆိုတာထက်ပိုတယ် ဆိုတာပြတာပဲ ဒါပေမယ့် ခက်တာကအဲ့လို ကိုယ်တိုင်းပြည်ကိုအကျိုးပြုနိုင်မယ့် လူငယ်တွေ တော်တော်များများက အပြင်ရောက်နေကြပြီး ပြန်လာဖို့အစီအစဉ်မရှိကြတာပဲ ရင်နာရပါတယ် in spite of everything ကိုယ်ကတော့ ကိုယ့်တိုင်းပြည်ကိုချစ်ပါတယ် ပြန်လဲသွားမယ် အကုန်ပြောင်းလဲမှာမဟုတ်ဘူးဆိုတာလဲသိတယ် လူသာပြောင်းရင်ပြောင်းမယ် မူကတော့………
နောက်ပြီး ဒီလိုအပြင်ရောက်နေတဲ့လူငယ်တွေ ဘာလို့အပြင်ရောက်နေတာလဲဆိုလို့ ကိုယ့်လာမေးလဲ ကိုယ်ကတော့ ကြက်ဥ ပဲပေးနိုင်မယ် ကြက်မကလိုက်ဖမ်းရမှာမို့လို့
ထားပါ ဒီလောက်ပြောရင်လူတွေလဲတော်တော်ချဉ်ရောပေါ့ ရှင်နဲ့ကျုပ်ပေါင်းရင် ငရုတ်သီးနဲ့ငံပြာရည်ပဲလိုတယ် မဟုတ်ရင် စားလို့ရပြီ………………း)

ကဲ ပိုစ့်နဲ့ကပတ်သက်ပြီးတော့တော့ ပြောစရာကုန်ပြီ

တခုပဲ ဟန်လင်းထွန်းကို တုံပြန်ထားတာကတော့ ကိုယ်တော်ဟာ အမြဲ မာတုဂါမတွေနဲ့ ပတ်သက်ရင်တော့ ခက်နေတော့တာပဲ ဘယ်တော့မှလဲ ကိုယ်တော်ပြင်မှာမဟုတ်ဘူး လို့ပဲပြောချင်တယ်

ကိုယ်ကတော့ ဘာလဲသေချာအောင် Nicholas Spark ရဲ့ the note book ဖတ်နေတယ် ရှင်လဲ အီးလိုအဖတ်မပြင်းဘူးဆိုရင် ယူလာပေးမယ်

ကိုယ်လဲကိုယ်တော်နဲ့ ဘာမှမထူးပါဘူး အဲ့တော့ မာတုဂါမကိုဖျက်လိုက်ပြီ

12 comments:

  1. 7 Dec 09, 02:51
    အိအိခင်: နောက်ဆုံးပို့ စ်က ဖတ်လို့ ကောင်းတယ်။ တို့  ရီတာဆီမှာလဲ မန့် ထားခဲ့တယ်။
    7 Dec 09, 02:53
    အိအိခင်: ကောင်းတာ အကျိုးရှိတာလေးတွေ ဆက်လုပ်ပါ။ ဒါလဲ နိုင်ငံရဲ့  အရေးပါပဲ။
    7 Dec 09, 02:55
    အိအိခင်: တယောက်ခြင်းစီ အားလုံး ပြောင်းလဲလာကြရင် စနစ်တခုလုံးလဲ ပြောင်းလဲ လာပါလိမ့်မယ်။ ဘိုင် ...

    ReplyDelete
  2. Addy တခုတော့ တောင်းပန်ပါရစေ။ ထင်ယောင်ထင်မှား ဖြစ်အောင် မလုပ်ပါနဲ့။ စိုင်းစိုင်းကိစ္စ သိလဲ မသိ။ စိတ်လဲ မဝင်စားပါ။ အရင်က ကြားတောင် မကြားဖူးပါ။ Note Book ကတော့ ဝယ်ထားတာ ကြာလှတာတောင် မကြည့်ရသေးဘူး။ စာအုပ် လုံးဝ စိတ်မဝင်စားပါ။
    =)

    ဒီ post အတွက်တော့ ကျေးဇူးတင်ပါတယ်။
    =)

    ReplyDelete
  3. ဒီကို မလာခင် ဘာချက်ကျွေးမလဲ MENU လေး တခါတည်း ဆွဲထားပါလား။

    ReplyDelete
  4. နိုင်ငံရေးတွေဆိုရင် အရမ်းကြီးတော့ နားမလည်ပါဘူး.. အဲလိုစာမျိုးတွေဆို နည်းနည်းလည်း ဖတ်ပျင်းတယ်.. ဒါပေမယ့် လုံးဝမသိတဲ့ နလပိန်းတုံးဖြစ်တဲ့ထိတော့ မနေမိဘူး.. လုပ်နေတဲ့လူတွေကိုလည်း ဘာမှကို မပြောလိုဘူး.. တီချမ်းပြောသလိုပဲ “အဲ့ဒီ ဘက်မှာ ပါဝင်ချင်တဲ့စိတ် ကိုယ်ခံအား အားနည်းတာပါ” ပေါ့.. “ကိုယ့် အရေးကိစ္စ
    ကွက်ကွက်ကလေးကိုပဲ စိတ်ဝင်စားတတ်တဲ့ အတ္တကြောင့်” သက်သက်တော့ မဟုတ်ဘူးလို့ ထင်တာပဲနော်..

    မကေဘလော့မှာ generation gap ကိစ္စ အငြင်းပွားစရာဖြစ်နေတာ ဖတ်ပြီးမှ ဒီကိုရောက်လာတာ..

    ReplyDelete
  5. Nothing to say related post.

    Everybody can be hero when they have a chance.

    You can watch Dustin Hoffmin's "HERO"

    BINO

    ReplyDelete
  6. sorry rita....

    "save the cheerleader save the WORLD"

    ReplyDelete
  7. သေသေချာချာ ဖတ်သွားပါတယ်။

    ReplyDelete
  8. after I read this post, I respect you more.
    Do not ask why.
    .



    PS..
    Say hello..your လင် ချောချော
    ( အဟိဟိ)

    ReplyDelete
  9. PS..
    Say hello..your လင် ချောချော . for me.
    ( အဟိဟိ)

    ReplyDelete
  10.ုရုပ်ရှင်မင်းသား ကိုကျော်သူတို့လို ဘာမှကို မပြောပဲ တိုင်းပြည်ကိုအကျိုးပြုတဲ့လုပ်ငန်းမျိုးလုပ်ချင်ပါတယ်။
    လုပ်နေကြတယ်ဆိုလည်းပါချင်ပါတယ်။ လုပ်မယ်ဆိုရင်လည်းအားပေးပါတယ်။ တိုင်းပြည်ကိုချစ်ရင် အခွင့်မလမ်းတွေသယ်လာပေးကြပါ။ ပိတ်မထားကြပါနဲ့။ တိုင်းပြည်မနာအောင်စဉ်းစားကြပါ။

    ReplyDelete
  11. Cheer for the post; T Chan.
    Gyidaw

    ReplyDelete