Monday, December 14, 2009

I spoiled myself on Saturday (12.12.2009)

၁၂ ရက် ၁၂လ ၂၀၀၉ ခုနှစ်...........

စနေနေ့ပါ အိပ်ရာကနိုးတော့ ညနေ ၂ နာရီ ခွဲနေပြီ အဲ့တာနဲ့ ဒီနေ့ ဘာလုပ်ရမလဲ စဉ်းစားနေရင်း ဗိုက်ကလဲဆာနေပါတယ်။ ပြီးတော့ shop လေ shop မ shop ရတာလဲကြာနေပြီမှလား။ နှစ်ကလဲကုန်ခါနီးနေပြီ အဲ့တော့ ကိုယ့်ကိုကိုယ်လဲ တနှစ်တာလုံးကြိုးစားပမ်းစား အိပ် အဲလေ အလုပ်လုပ်ခဲ့တဲ့ အတွက် ဆုချသင့်တယ်ပေါ့။ (အမှန်က အကြောင်းပြချက်ရှာနေတာပိုက်ဆံဖြုန်းဖို့ ဟိဟိ) ပြီးတော့ ခုကိုပဲ ၂၀၀၉ ကုန်လို့ ၂၀၁၀ ရောက်ချင်နေပြီ ဟော တနှစ်ကုန်သွားလိုက်တာ မျက်တောင်တခတ်ကလေးအတွင်း ဘိုလိုဆိုရင်တော့ in a blink of an eye ပေါ့ ကဲ နောက်ဆို ဘာမှမကြာတော့ဘူး ဟော..............ဆို
၂၀၁၂ ရောက်လာတော့မှာ ပြီးတော့ စုထားတဲ့ပိုက်ဆံလေးတွေ ဘယ်လိုလုပ်ရပါ့မလဲပေါ့နော် (ယူထားတဲ့အကြွေးတွေကတော့ ကမ္မသကာ ပဲ အဟေးဟေး) အဲ့တာနဲ့ ခုလိုအကြောင်းပြချက်တွေ စုပေါင်းပြီးသကာလ ဈေးဝယ်ထွက်ဖို့ မေလေပြင် လုပ်ပါတယ် တီ့အိုင်ဒီယာ သဘောကျသော လေဒီများ အမျိုးသမီးများ လက်ခုပ်တီးကြပါ (ဟေး မမကွမ်ကြီးရှေ့ဆုံးကထိုင်ပြီး ရေရေလည်လည် အားပေးနေပါတယ်)

ပထမဆုံး လှလှကလေးဖြစ်အောင် ဖိနပ် အသစ်လေးထုတ်စီးပါတယ် dapper ပါ ဒီနှစ် နှစ်စတုံးကဝယ်ထားတာပါ ၁၇၄၀ ဘတ်ပေးရပါတယ် နှစ်ရံဝယ်ရင် ၃၀ % လျော့မယ်ဆိုလို့ အညာမိသွားတာပါ ဝယ်လိုက်မိတယ်ကွယ်ငှယ်ငှဲ ထားပါတော့ တရံကတော့ ဝတ်တာဟောင်းတောင်သွားပြီ ဒီနေ့တော့ အသစ်တရံထပ်ထုတ်ဝတ်ပါတယ် လှချင်တာကိုးနော် ပြီးတော့ အိတ်ကလေးကလဲ dapper ပါပဲ ၃၄၀၀ ဘတ်လားမသိဘူးကျပါတယ် အရင်လ တီ့ မွေးနေ့အတွက် တီ့ ဝမ်းမနာ ကလေး နှစ်ကောင်ဝယ်ပေးတာပါ ဒီအိတ်ဝယ်ပေးဖို့အတွက် သူတို့နှစ်ကောင် မုန့်ဖိုး ၆လစုရပါတယ်တဲ့ တကယ့်ကလေးတွေပဲနော် သိတတ်ကြတယ် (မွေးစားရကျိုးနပ်တယ်နော် တွေ့လား)
ထားပါတော့ အဲ့လိုလှလှလေးဝတ်စားပြီးသကာလ ကြွကြွရွရွလေး ဈေးဝယ်ထွက်ပါတယ် ဒန်ဒန့်ဒန့်....

ပထမဆုံး ကွန်ပျူတာ စီးတီး ပန်တစ် (computer city pantip) ကိုသွားပါတယ် ကိုယ့်အတွက် ဝိုင်ဖိုင် အောပ်တစ်ကယ်မောက်စ် ဝယ်ပါတယ် ဘတ် ၃၀၀ ဆမ်းသင်း ပါ။ ပြီးတော့ ဘေးကဟာတွေက လက်တော့ပ် ဖုန်သုတ်စက်ဘတ် ၁၀၀ ရယ် ကိုကြီး အတွက်မောက်စ် ဘတ် ၁၅၀ ရယ် ကွန်ယက်ထဲက သူငယ်ချင်းတယောက်မှာတဲ့ လက်တော့ ဖုံးတဲ့ ရာဘာပြား ဘတ် ၈၀ ရယ်ပါ အဲ့တာတွေက ဇန်နဝါရီ ပြန်ရင်ပေးရမယ့် လက်ဆောင်တွေ အဟင့်ဟင့် အဲ့တာ သမီး အခြောက်မလေးတွေအတွက် အလှပြင်ပစ္စည်းတွေ မပါသေးဘူး အရပ်ကတို့ရဲ့ ကြည့်ကြပါအုံး အဆင်းလှစွမ်း မိမိချမ်း ဘဝ ကို အောင်မယ်မင်းရယ်တဲ့မှ အမင်းမယ် (ငိုချင်း တွိန်တွိန်တွိန်)

ပြီးတော့ ဘေးနားက ပလက်တီနန် ပလာဇာ ကိုသွားပြီး သကာလ ဂျပန် ငပုစာတွေကို သွားစားပါတယ် ပြောရအုံးမယ် ခုတလောက အဲ့ဒီ ဂျပန်စာကို တီ ချဉ်ချင်းတပ်နေတာ ပါ ခဏခဏ သွားစားတာ ဒီအပတ်ထဲကို လေးခေါက်ရှိပါပြီ ပြီးတော့ စားတိုင်းလဲ တမျိုးထဲ တခုထဲပါပဲ ဒီနေ့တော့ မောင်နဲ့ တူတူသွားစားတယ်
အော် မေ့တော့မလို့ မောင့်ကို ဘာပြောလိုက်လဲသိလား
“မောင်......ခုတော့ တူတူစားနေရပြီနော်....အရင်အခါတွေလာစားတုံးကဆို မောင့်ကို အရမ်းသတိရမိတာပဲ အစားကောင်း စားရင် ချစ်တဲ့သူကို သတိရတယ်ဆိုတော့လေ” လို့
အဲ့လိုလေးလဲ ပြောလိုက်ရော ယောက်ျားတွေများ သိတယ်မှလား ညာတာလေးပဲ ယုံချင်တယ်ဆိုတာလိုလေ အရည်တွေပျော်ကုန်တာပေါ့ မောင်က အဲ့လို ဥာဏ်များတာနော် မိမိချမ်းတို့က ကဲကဲ သမီးလေးတွေ မှတ်ထားကြနော် နည်းလမ်းကောင်းလေးတွေ ဟုတ်သော်ရှိမဟုတ်သော်ရှိပေါ့ ပြောသာပြော အထူးသဖြင့် ယူတော့မယ် ဆိုတဲ့ မိကြယ်တို့ အတုယူဖွယ်ပဲ (ပြောသာပြောရတာပါ တီ့စာဖတ်ပရိတ်သတ်တွေကလဲ တီ့ထက် (၇) လကြီးတွေချည်းပဲနေမှာ သိနေတယ် ဟင်းဟင်း)
ဒီပုံလေးတွေကတော့ မောင်မှသောက်တဲ့ နမ့်ပလောဝ် (ရေ ရိုးရိုးနဲ့) တီသောက်တဲ့ ချာခရို ရောမ်း (ရေနွေးကြမ်း အစိမ်း အပူပါ)
ဘေးကပုံက တီဖတ်လက်စ ဝတ္ထုပါ ဒီမှာ တခါက နည်းနည်း မိတ်ဆက် ရုပ်ရှင် အကြောင်းရေးဖူးပါတယ် ခုတော့ ဝတ္ထုပြန်ဖတ်နေတယ် ရေရေလည်လည်ပဲ မိုက်တယ်
(စာရေးဆရာမလေးက စီစီလီယာ အေဟမ် Cecelia Ahern ပါ တီနဲ့ ရွယ်တူပါ ၈၁ မှာ မွေးပါတယ် တီ့လိုပဲ လှလှလေး တီကတော့ သူ့လောက်မ“ဝ”ပါ မှတ်ချက်) သူဒီဝတ္ထုကို စရေးတုံးက အသက် က ၂၁နှစ်ပဲရှိပါသေးတယ်။ ဒီဝတ္ထုက ၂၀၀၂ ကစရေးတာ ၂၀၀၄ မှာ ထုတ်ဝေတော့ အိုင်ယာလန်မှာ ရက်သတ္တ ၁၉ ပတ် နံပါတ် ၁ အရောင်းရဆုံးချိတ်ပါတယ် ပြီးတော့ နိုင်ငံပေါင်း ၄၀ကျော်မှာလဲ (တီချမ်းရဲ့ စာမူများကဲ့သို့) အသေရောင်းကောင်းနေဆဲပါ။
ရုပ်ရှင်အဖြစ် ဒါရိုက်တာ ရစ်ချက် လာဂရမ်ဗာနီးစ် က ပြန်ရိုက်ပြီးတော့ မင်းသား ဂျရတ် ဘတ်တလာ (၃၀၀ three hundreds) နဲ့ ဟီလာရီ ဆွမ်ခ့် (မီလီယံဒေါ်လာဘေဘီ million dollars baby) တို့ သရုပ်ဆောင်ပြီး ဒီဇင်ဘာ ၂၁ ၂၀၀၇ မှာ အမေရိက မှာ စတင်ဖြန်ချိခဲ့ပါတယ် စာရေးဆရာမ အကြောင်းအသေးစိတ် သိချင်ရင်တော့ http://en.wikipedia.org/wiki/Cecelia_Ahern မှာဖတ်ကြည့်ကြပါ။ တီကတော့ ရုပ်ရှင် ကို အခေါက်ခေါက်အခါခါ ကြည့်ပြီးပါပြီ ကြည့်တိုင်းလဲငိုရပါတယ် ခုတောင်ပြောရင်းငိုချင်လာပြီ..........အဟင့်..........အော် မေ့တော့မလို့ ရုပ်ရှင်ကားနာမည်က “စာကြွင်း....မင်းကို ဒို့ ချစ်တယ်” တဲ့နော်

ဒါကတော့ မှာထားတာတွေမလာခင်စောင့်နေတာပါ မျက်နှာချင်းဆိုင်ထိုင်နေတာပါ ရိုက်လိုက်တော့ ဒီလိုလေးတွေ ထွက်လာတယ် မိုက်တယ်နော် (ဘယ်သူမှမပြောခင် ကိုယ့်ဘာသာပြောထားတာ) ဒါပေမယ့် ကိုယ်က ဓါတ်ပုံ ပိုရိုက်တတ်တော့ သူ့ပုံက ပိုလှနေသလိုဖြစ်နေတာပေါ့ အမှန်က ကိုယ်ကပိုချောတယ် (ဘယ်သူမှဓါးနဲ့ထောက်ပြီး မပြောခိုင်းဘူး ကိုယ်ကအမြဲမှန်သောစကားပဲပြောတတ်တာ အကျင့်ပါနေလို့)

ဒါက A' la carte ပါ ပုစွန်နှစ်ကောင်ရယ် ပြည်ကြီးငါးတကွင်းရယ် ဂဏန်း နှစ်ဖတ်ရယ် ငါးတဖတ်ရယ်ပါတဲ့
sea food tempura ပါ ဘေးကတော့ ဂျင်းရည်ပူပူလေးပါ အဲ့ဒီအထဲကို မုန်လာဥ အဖြူ မှုန့်မှုန့်လေးကြိတ်ထားတာ (အကြော်တွေဘေးနားက အတုံးလေးတွေ့လား) ကိုထည့်ဖျော်ပါတယ် တန်ပူရာနဲ့တို့စားစရာအချဉ်ရည်ပေါ့

ဒါကတော့ မောင်မှာစားတဲ့ စော်လမွန် ငါးကင်ပါ သူမှာတာက set လိုက်ဆိုတော့ ထမင်းရယ် ကမ်ချီရယ် ဆလပ်တပွဲရယ် မီဆို ဟင်းရည်ရယ်ပါပါသေးတယ် (စကားမစပ် ကိုယ်ကအဲ့ဒီမီဆိုကို ကမ္ဘာပေါ်မှာ အမုန်းဆုံးပါ ပဲပိစပ် ကိုဟင်းရည်လုပ်ထားတာပါ ပဲပိစပ်ကိုမသိဘူးဆိုရင် တောင်ကြီး ဟဲ့ဟိုးဘက်က ပဲပုပ်စေ့သိလား အဲ့တာပဲ ဆယ်တန်းတုံးက စလက်တက် မြန်မာတေးလ် (selected myanmar tales)ထဲမှာပါတဲ့ မင်းသမီးက သူ့အဖေ ဘုရင်ကြီးနဲ့ တော်လည်ထွက်မယ့် သူ့ချစ်သူ ကို ဦးထုပ်အဖြစ်ဖုတ်ပေးလိုက်တာလဲ အဲ့ဒီပဲပိစပ်ပဲပေါ့ ပြောမယ် ဆိုရင်တော့ သူက ဂန္တဝင်ပဲပါ ဘေးနားက ဘရိုကိုလီ ရယ် မှိုရယ် အက်စပါရာဂတ်စ် ရယ်ပါ အော် မုန်လာဥနီ (ခါကြက်ဥ) လဲပါသေးတယ် အဲ့တာလဲ ကိုယ်မကြိုက်ဘူး Asparagus တော့ကြိုက်တယ် ဘယ်လိုချက်ချက် ဟင်းရည်ချက်လဲကြိုက်တယ် ခရမ်စွပ် (cream soup)လေ အဟေးဟေး သောက်ချင်လာပြီ.....

ဒါကတော့ ကိုယ်မှာစားတဲ့ set ပါ လေးခါရှိပါပြီ ဒီဟာပဲစားနေတာ မုန်းသေးပါဘူး ဆက်စားသွားမယ်လို့လဲဆန္ဒပြုထားပါတယ် ကြည့်ကြပါအုံး ဒီလောက်ကောင်းတာကို နော့ ကဲကဲ ဘယ်ဘက်ပေါ်ထောင့်ကွက်ထဲကိုစကြည့်ရအောင် ဘာတွေပါသလဲလို့ ထောင့်နားလေးမှာ ဆလပ်ရွက်နဲ့ကွယ်နေတာက ဝက်သားလိပ်ပါ အထဲမှာ ပဲသီး ကညွတ် Asparagus တခါတခါ ကြက်သွန်မိတ်တွေ ကြုံတာရရင်ရသလိုထည့်တယ် တူပါတယ် (ဘာလို့လဲဆိုတော့ တခါစားရင်တမျိုးဖြစ်နေလို့ ) ဘေးကအသားကတော့ ဝက်ပါ ပါးပါးလေးလိတ်ထားတာ ပြီးတော့ တစွန်းတစ ပေါ်နေတဲ့ အဝါရောင်အတုံးလေးက ကြက်ဥ အချိုပါ အရမ်းအရမ်းကိုချိုပါတယ် အချိုပွဲနဲ့ပဲတူတယ် နောက် သူ့အောက်က ညိုတိုတို အတုံးလေးနှစ်တုံးက ကြက်သားတုံးတွေပါ အောက်ဆုံးထောင့်နားက အလုံးလေးက ရေဘဝဲ အသားအစာသွတ် မုန့်ပါ မြန်မာ မုန့်လင်မယားနဲ့ဆင်တယ် ဒါပေမယ့် သူက နှစ်ခြမ်းမဟုတ်ဘဲ အလုံး
ပြီးတော့ အပေါ်က ငါးကြော်တုံးကတော့ မောင့်ငါးအတိုင်းပဲစော်လမွန် ကြော်လေး အင်းဘေးအကွက်က ဆလပ် ကို မေရောနိစ် ဒရက်ဇင်းနဲ့ (မေယောနိ)လို့ပေါင်းလိုက်မိလို့ စိတ်ထဲတောင်တမျိုးကြီးဖြစ်သွားတယ် ဆော်တီး အာဘွားနော် နောက် ပုစွန် သေးသေးတကောင်ကြော်ရယ် ပြည်ကြီးငါးသေးသေးတကွင်းကြော်ရယ် ငါးတဖတ်သေးသေးကြော်ရယ်ပါ အောက် ဘယ်ထောင့်အကွက်ကတော့ ဆူရှီပါ ရေညှိနဲ့ အထဲမှာ ဂဏန်းသားပါတဲ့အလိပ်ကလေး ၃ ခုနဲ့ ထမင်းချည်းပဲ နှမ်းမဲအစေ့လေးတွေဖြူးထားတဲ့ အလိပ်က ၃လိပ်ပါ နောက်ဘေးက ဝါဝါ နှစ်လိပ်က ပဲပြား အပေါ်က အုပ်ထားတဲ့ အထဲမှာ ထမင်းနဲ့မှိုနယ်ထားတာပါ စားကောင်းပါတယ် ချိုတိုတိုလေးပါပဲ နောက်ဆုံးညာထောင့်ကွက်ကတော့ ဆာရှီမီ (ငါးစိမ်းလွှာပါ) တီ့ အကြိုက်ဆုံးပါပဲ ဘေးနားမှာ စိမ်းစိမ်းလေးက ဝါဆာဘီပါ ဆာရှီမီနဲ့တို့စားဖို့ပါ သူကအင်မတန်မွှန်ပါတယ် နှာခေါင်းထဲကနေခေါင်းထိတက်ပြီးတော့ အူးဆို မွှန်တက်သွားတာပါ (လာမယ် ဇာတ်လမ်းက အောက်မှာအဟိ)
အဲ့ဒီ ဆာရှီမီ ကိုရှာလကာရည် အပျော့နဲ့တွဲဖျော်ရပါတယ် ဘေးက ဆော့စ်က ခုန ဘူးထဲက အကြော်တွေနဲ့တို့စားဖို့ပါ နောက်တခွက်က တီဖျော်ပြီးသား ဝါဆာဘီ ပါ ဘေးက အစိမ်းတုံးလေးက အပို

ဒါကတော့ တောသားလေး ဝါဆာဘီ မွှန်သွားတာပေါ့ကွယ် တီ့အညာမိသွားတာလေ အဟေးဟေး ချစ်စရာလေးနော် (သဘောတူရင်လက်ခုပ်တီးကြပါ)

ဒါကတော့ အချိုပွဲနဲ့ ကော်ဖီပါ အဲ့ဒီဆိုင် fuji ကနေ့လည် ၁၁ နာရီ ကနေ နေ့ခင်း ၃ နာရီ မတိုင်ခင် မှာ တီတို့ မှာသလို set လိုက်တွေမှာရင် အချိုပွဲနဲ့ ကော်ဖီတိုက်ပါတယ် ကော်ဖီက အပူအအေး ရွေးလို့ရပါတယ်။တီတို့ကတော့ ဒီနေ့ အပူပဲသောက်ကြပါတယ်
အချိုပွဲက နာနတ်သီး ဖရဲသီး သင်္ဘောသီး တစိပ်စီပါ တော်တော်ချိုပါတယ်

စားသောက်ပြီးတော့ အိမ်ပြန်လာ ရုပ်ရှင်ကြည့်ကြပါတယ် ပြီးတော့ အိပ်ပျော်လုပျော်ခင်မှာ ကလေးနှစ်ကောင်က ဖုန်းဆက်ပြီးတော့ ဟောင်ကောင် သွားမလားလို့မေးပါတယ် Hong Kong အစစ်မဟုတ်ပါဘူး ဘန်ကောက် တရုတ်တန်းနားမှာရှိတဲ့ ကလောမ်ထောမ် လို့ခေါ်တဲ့ သူခိုးဈေးပါ အဲ့ဈေးမှာ ခိုးရာပါ ပစ္စည်းတွေတဲ့ တရုတ်ပစ္စည်းတော်တော်များများ ရပါတယ် ခိုးရာပါဆိုလို့ ဘန်ကောက်မှာ ဘယ်ကနေသွားခိုးလာလဲမသိဘူး ၄၂ လက်မ ဖလက် တီဗီ တောင်ရှိပါတယ် တကယ်ပါ တီမညာဘူး ပြီးတော့ များတာကတော့ အိုင်ပေါ့ထ်တွေ ကင်မရာတွေပါ တိုးရစ်တွေကများတော့ ကမ်းခြေတွေဘာတွေကနေ ခိုးကြတယ်ထင်တယ် ဘရမ်းတက်ပစ္စည်းကောင်းတွေလဲတွေ့ရတတ်ပါတယ် စနေတရက်ပဲဖွင့်တာပါ ညဘက်ကို နှစ်ဆိုင်းရှိပါတယ် ညဦး ၉နာရီလောက်ကနေ ညသန်းကောင် ၂ နာရီအထိက တဆိုင်းပါ ပြီးတော့ ၂ နာရီကနေ မနက်ထိကနောက်တဆိုင်းပါ
ဒီပုံက ဖန်အိုးလေးပါ အရင် ပိုစ့်က ပုစွန် ၃ ကောင်မွေးဖို့ပါ (ကဲဒေါ်ရီတာ မေးတာဖြေပြီနော် နနခရော ပဲ တတိယမြောက်နောက်ဆုံးပုံက ဘာကြီးလဲဆိုတာ သိပြီပေါ့) အော်မေ့တော့မလို့ ဈေးက ဘတ် ၁၅၀
၁၈၀ခေါ်တာပါ တီကဆစ်လိုက်တာ တီကအဲ့လိုပဲ ဈေးဝယ်လဲတော်တယ် ရန်ကုန်မှာဆို နွေဦးရာသီတွေမှာ ရှိသမျှ မြေနီကုန်း ဂမုန်းပွင့်ရှေ့ စကော့ဈေးရှေ့ အိမ်နားကဈေးလေး ရှိသမျှ သရက်သီးသည်တွေနဲ့ ဈေးဆစ်ရင်း ရန်ဖြစ်နေကြ (အော်...မှတ်မိပါသေးတယ် မချစ်စုသရက်သီးသည် )...အယ်ဟယ်အယ်ဟယ်

နောက်နေ့မှ ပုစွန်၃ကောင် ကိုတင်ပေးပါအုံးမယ်

ကဲဒါကတော့ မောင်တလက် မယ်နှစ်လက် ရေဘင်အတု ပူးမား အတု ဘယ်သူသိတာမှတ်လို့နော် ရုပ်ခံကရှိသေးတယ် ပြီးတော့ တခြားဝတ်ထားမယ့် အေတူဇက် နဲ့ ဒက်ပါ ပေါင်းလိုက်ရင် ဘယ်တူက အတုတွေဝတ်တယ်လို့ထင်မှာလဲနော့ အဟေးဟေး ပျော်တယ်ဟေး မယ့်နှစ်လက် က ၁၉၀ ဘတ် မောင်ဟာက ၇၉ ဘတ် အဟိဟိ

ကဲဒါကတော့ တွေ့လဲတွေ့ရော မနေနိုင်မထိုင်နိုင်ဖြစ်သွားစေတာပါ မဝယ်နေနိုင်မလားနော် တခြားဟာတွေသာမဝယ်ရှိရမယ် အိုးခွက် ပန်းကန် ကတော့ တီတို့က ဝယ်ပြီးသားပဲ
မဟုတ်ရင် ဘယ်လို အကောင်းစားတွေချက်ကျွေးလို့ရပါတော့မလဲနော် ဘလောခ်ဖတ်သူတွေကိုပြောတာပါ
တရုတ်ဖြစ်ထင်ပါတယ် ဖန်အုပ်ဆောင်းနဲ့တောင်မှ ၉၉ ဘတ်ပဲပေးရပါတယ် ပြီးတော့ အိုးမကပ်တဲ့အိုးမျိုးပါ ပြီးတော့ မွှေဖို့ သစ်သား ယောင်းမ တချောင်းပါသေး အဟေးဟေး ပျော်တယ်ဝေး.............

ကဲတော်ပြီ
ဒီလောက်ပဲ နောက်နေ့မှာ ဟင်းချက်တာ ထပ်တင်မယ်နော်
လာစားကြ......................
အမှောင်တဘက်ကမ်းမှ
တောင်တော်ရှင်သခင်မ
အဆင့်မြင့် နှစ်တရာ အတွင်းအား
သိုင်းပညာရှင် မေချောက်ချမ်း

9 comments:

  1. It is a nice post.
    Carry on.
    I'm continuous reading.

    BINO

    ReplyDelete
  2. ဟွန်းး သွားပါ သွားပါ...

    နောက်ဆုံးပုံက ရေရင် ၃ပုံမြောက်က ဘာကြီး ပါလိမ့်

    ReplyDelete
  3.ွှအဲ့တာကြောင့်ပြောတာလေ နနခရဲ့ မပြီးသေးပါဘူးလို့
    အော်ပြီးတော့ တီ စလုံးမလာဖြစ်တော့ဘူးကွယ်
    ညည်းတို့ ကေအယ်လ် လာခဲ့ကြပေတော့
    ခိ
    အာလူးထမင်းလုပ်ကျွေးမယ်

    ReplyDelete
  4. တီက တမျိုးပါလား
    သူများလို ငါးမွေးတာလဲ ဟုတ်ဝူးးး
    ပုစွန်တဲ့..
    ဘီလိုကြီးတုန်းး
    လပ်ကီး ဖစ်ရှ်လေး ဘာလေး လုပ်ပါ
း)))))))))

    ReplyDelete
  5. တီချမ်းရဲ့ပုံလား...
    ချောတယ်နော်...
    တကယ်ပြောတာ..
    ပုဇွန် တကောင်ကျွေး...ဒါပဲ......

    ReplyDelete
  6. ဟိုတခါ တီဝယ်လာတဲ့ ဖိနပ်စီးပြီးထွက်ရမှား) အဲ့တာက ပိုမိုက်တယ် ထိပ်အချွန်ကြီးနဲ့ ... ဒေါက်ကလဲမြင့်တော့ ခနခန ခလုတ်တိုက် .. ဟီးဟီး

    ReplyDelete
  7. MAY:တီချမ်းကစာရေးအ၇မ်းကောင်းတာဘဲ...ဖတ်ရတာပျော်စရာလည်းကောင်းတယ်...အားပေးနေမယ်နော်တီ...များများရေး:P

    ReplyDelete
  8. အားပေးကြတဲ့ ပရိတ်သတ်တွေကိုကျေးဇူးအထူးတင်ရှိပါတယ်

    မြောင်းကောင် အဲ့ဖိနပ်က နင့်ကို ခုတ်မှာ
    အဟေးဟေး

    နတ်သမီးရေ ကြော်ငြာ တခုလောက်ရိုက်လိုက်ကြစို့လေနော့

    ကျေးဇူးပါမေ
    နောက်တခါကျရင်အတည်ရေးပါအုံးမယ်

    ReplyDelete
  9. သူ ညွန်းတဲ့ အဲ ရုပ်၇ှင်ကို
    မကြည့် ကြနဲ့ 
    ငို ၇ တယ်
    တို့  ကြည့် ပြီး ပြီ

    ReplyDelete