Monday, December 7, 2009

menu...?

စလုံးလာဖြစ်ခဲ့ရင်......
ဒေါ်ရီတာ တောင်းဆိုချက်အရ.....
မန်နူးဆွဲပါမယ်
ဘာစားချင်ကြပါသလဲ?
နေရာကောအဆင်ပြေပါ့မလား
မီးက အိုးကြီးပဲချက်တတ်တာနော်....

MENU


Appetizers


Main course

Dessert

  • Coffee or tea or me, Sir?

ဒီလိုပေါ့နော်.... စားချင်တာတွေကို ကွန်မန့်မှာရေးခဲ့ကြပါနော်.... အဆင်ပြေရင်ချက်ကျွေးမယ် မပြေရင်လဲမုန့်ဝယ်ကျွေးပါ့မယ်တော်.......

လောလောဆယ်တော့
ချက်ရမှာပျင်းလို့အလွယ်တကူလုပ်စားလိုက်တဲ့ ကြက်ဥပေါင်းလေးနဲ့ကျေနပ်လိုက်ကြအုံးနော်.....

လုပ်ရတာအရမ်းလွယ်ပါတယ် စားလို့လဲအရမ်းကောင်းပါတယ် ပထမဆုံး အသားတောက်တောက်စင်းထားပါ (ဝက်) တီကတော့အလွယ် မားကက်ကပဲ စင်းပြီးသားဝယ်ပါတယ် ပြီးတော့ ကြက်ဥ သုံးလုံးထည့်ခလောက်ပါတယ် ဆား ၊အချိုမှုန့် နဲ့ ငရုတ်ကောင်းမှုန့် ထည့်ခေါက်ပါတယ် ပြီးရင်တော့ ရေနည်းနည်းထည့်ပြီး နှံ့အောင်မွှေ ရေတည်ထားတဲ့အိုးထဲမှာ ၁၀ မိနစ်သာသာလောက်ပေါင်းလိုက်ရင် အနံ့အရသာ နဲ့ပြည့်စုံကောင်းမွန်တဲ့ ကြက်ဥပေါင်းတခွက်ရပါပြီ အရေးကြီးတာတချက်က ကြာကြာမပေါင်းမိဖို့လိုပါတယ် ကြာကြာပေါင်းရင်ပျင်းလာရော လင်မယားတွေလို အဲလေ ဘာတွေပြောနေမိပါလိမ့်....
ကြာကြာပေါင်းရင် ကြက်ဥက မာသွားတတ်တော့ စားမကောင်းပါဘူး ၁၀ မိနစ် ဆိုရင် အတော်ပါပဲ အိပြီးနူးနေပါမယ် ဒီလိုလေးပါ...



တီကတော့ ပျင်းရင် ဒီလိုပဲ ခပ်စားလိုက်ပါတယ် ထမင်းပေါ်ပုံပြီးတော့ပေါ့ ရေနဲနဲထည့်ထားတဲ့အတွက် ပေါင်းလို့ကျက်သွားတဲ့အခါကျရင် အသားတွေက အောက်မှာဒီလိုထိုင်သွားပါမယ် အပေါ်မှာ ကြက်ဥလေးပဲပေါ့



လုပ်ရတာအရမ်းလွယ်ပြီး စားကောင်းအဆင်ပြေတဲ့ဟင်းလေးတခွက်ပါနော်....
ပျော်ရွှင်ကြပါစေ....

ချစ်တီချမ်း....
6:43 pm
7th December 2009
home Bangkok

7 comments:

  1. အမလေးဟယ် ဒါများ ၅ တန်းလောက်တည်းက လုပ်တတ်တယ်။
    အဲဒါတော့ menu ထဲ ထည့်မလာနဲ့နော်။

    ရှမ်းထမင်းချဉ်တွေဘာတွေ စားချင်တာ။
    ဝက်သားနဲ့ ဒညင်းသီးတို့။

    ရှလွတ်

    ReplyDelete
  2. ရတယ်
    ရှမ်းထမင်းချဉ်က မြန်ကောင်းသက်သာပဲ
    လုပ်ကျွေးမယ်
    ပိုကောင်းတာက အများကြီးလဲတခါတည်းကျွေးလို့ရတယ်
    လုပ်ရတာလဲလွယ်တယ်
    စားလို့လဲကောင်းတယ်
    ကေကေ

    ReplyDelete
  3. http://chenaddy.blogspot.com/2009/04/blog-post_30.html
    အဲလိုလေးနော်

    နနခ

    ReplyDelete
  4. Appetizers

    1. ငါးဖယ်သုပ်

    Main course

    1. … ထောပတ်ထမင်း
    2. … ငါးပေါင်း
    3. … ကြက်သားကာလသားချက်
    4. … အရွက်စုံသုပ်
    5. … မုန်လာဦနီသုပ်

    Dessert

    * Coffee

    ReplyDelete
  5. အင်း မိညီမရယ် တီစိတ်မကောင်းလိုက်တာ
    တီကစလုံးသွားမှာလေ
    ရန်ကုန်မပြန်ဖြစ်ဘူး
    ဇန်နဝါရီမှ နော်
    အသုပ်ကလဲ ၃ မျိုးတောင်
    ကေကေ
    ဖြစ်စေရမယ်

    ReplyDelete
  6. စလုံးတွေ ရန်ကုန်တွေသိဘူး.. ကွက်လပ်တွေ့လို့ ဝင်ဖြည့်တာ.. ပြန်လာရင် ဂယ်ကြီးချက်ကျွေးပါ.. ဒါဗြဲ

    ReplyDelete
  7. တီရဲ့
    ၁၀မိနစ်ထဲပေါင်းတော့ ၀က်သားက ကျက်ပါ့မလား
    သူများကတော့ ကြာကြာထားလိုက်တာပဲ မကျက်မှာစိုးလို့
း))))))))

    ReplyDelete