စမ်းချောင်းလေးက ငိုတတ်သလား
အသည်းကွဲနေတဲ့ငါ
အတွေးတွေခမ်းခြောက်
ရင်ခုန်သံတွေနွမ်းတော့
လိပ်ပြာတောင်မလှတော့ပါလား
ခံစားချက်တွေမဲ့နေတာကြာပြီတဲ့လား
ရင်မနွေးရင် ဘာမှလုပ်လို့မရတော့ဘူးလေနော်
ပန်းချီဆရာမကို
ကာလာကောင်းစလင်းလုပ်ပါလားပြောတာ
၂၂ ရာစု ဟာသသစ်လေလား
မြူကျသံတွေက
တစ္ဆေခြေသံယောင်ပြတယ်
လမင်းဝါဝါက
ရှည်သွယ်သွယ်နွဲ့တယ်
ခွေးလေတွေတောင်
ကိုယ့်ကိုဝင်တိုက်ပြီးပြေးသွားတယ်
အိပ်မက်ကိုမှ
တဝီဝီဝင်ကိုက်တဲ့ခြင်တွေ
ခပ်ဆတ်ဆတ်ရိုက်ချပစ် . . .
နင်မို့လို့ ငါ့ကို ပစ်ထားရက်တယ်
ဘဝက ထက်ပိုင်းကျိုးနေပြီ
အကောင်းဆုံးနှစ်ပိုင်းတွေ မင်းကိုပေးခဲ့ပေမယ့်
ပြန်ရခဲ့တာက “အကိုလိုခင်တာပါ”တဲ့လား
ရပါတယ် ရပါတယ် ရပါတယ်
ဘာမှကိုမပြောချင်တော့ဘူး
အဲ့လောက်ချစ်နိုင်တဲ့လူကိုပဲ အံ့သြတယ်
ဖြစ်တတ်ပါတယ်
တခါတခါ ကိုယ်ကံကောင်းတာကို
လူတွေမမြင်တတ်ဘူး
အဲ့လိုနဲ့လွဲခဲ့တာတွေရှိတယ်
လူကောင်းတွေကလဲ ကိုယ့်ကို
ခဏခဏ ခလုတ်မတိုက်မိကြဘူးလေ
ဖြစ်တတ်ပါတယ်
ဖြစ်တတ်ပါတယ်
ဖြစ်တတ်ပါတယ်
စကားမပြောတဲ့
နှောင်ကြိုးတွေက
နင့်ကို ကံကောင်းစေသလောက်. . .
ငါ့မှာတော့ ကံမှောင်မှောင်မှာ
ယောင်ကန်းကန်းရယ်ပါ။
မေးကြတယ်ဟ . . .
အဲလောက်ကံကောင်းတဲ့သူ ဘယ်သူလဲလို့ . . .
ငါပြုံးစိစိနဲ့ပြောလိုက်တယ်
“ငါ့ချစ်(ခဲ့)သူ” ပေါ့ လို့ . . .
ငါ့ကံကြီး ဘယ်လောက်ပဲခေခေ
မိုးကောင်းကင်အောက်မှာ
နင်ရှိသေးတယ်ဆိုတဲ့အတွေးနဲ့တင်
ကျေနပ်နေနိုင်ပါတယ် . . . .
BS and A Chen
1:51 pm
4th February 2010
Online
Ygn and Bkk
Friday, March 5, 2010
Subscribe to:
Post Comments (Atom)
little: ငိုတတ်တယ် ငိုတယ်တယ် ငိုခဲ့ဖူးတယ် ငိုနေရတုန်း ...
ReplyDeleteDon't be cried baby.
ReplyDeleteBINO
uncle Bino
ReplyDeleteမီးမဟုတ်ဘူး
ပြောပြီးသားလေ စမ်းချောင်းလေးပါဆို
little brook ပေါ့
men may come and men may go လေ
အဲ့လို အဲ့လို
စမ်းချောင်းလေး စီးဆင်းတာကလဲ ကြည့်တဲ့လူက ငိုတယ်လို့မြင်တာပဲတဲ့
အဲ့လိုပေါ့ အခံလေ အခံ
ထပ်ပြောမယ်
မီးမဟုတ်ဘူးနော်
အဟဲ
Like Khin Maung Toe' song?
ReplyDeleteBINO