(ဘေဘီလုံမှာ)
ဝတ္ထုကတဘက်
နားထဲမှာ နားကြပ်တပ်လျက်
ကဗျာရေးမယ်ကွယ့်
လေညင်းကသွဲ့သွဲ့
လွတ်လပ်တာ ငါ့ဘာသာဟဲ့
အကုန်မေ့မယ်ကွယ့်
စကားပန်းလေးများ
ကျောက်ခင်းစီလမ်းကြားလေးအား
ပနံတင့်တယ်လား
တုံးလုံးနဲ့ပက်လက်
ကန်ဘောင်မှာပတ်လည်ရံလျက်
ကန်ထဲမှာတဝက်
ဖြူပြာဝါတင်းရင်း
အလှပြ လူပျိုငယ်တသင်း
စပီဒိုဝတ်ရင်း
ဗိုက်ပူဘိုးတော်များ
ဟိုဒီတိုက်မယ်သတိထား
မွှေးမျှင်တွေကများ
အာရှလူငယ်များ
ငွေနဲ့ဘဝ လဲတယ်လား
စိတ်ပျက်စရာများ
ခဏတွေ့ကြုံခိုက်
မင်းနဲ့ငါအကြည်တွေဆိုက်
တခြုံကွယ်မေ့လိုက်
အသိမဲ့တဏှာ
လုပ်ကြ တိရိစ္ဆာန်သာသာ
Sauna တွေထဲမှာ
အသက်တွေကကြီး
ရာဂနဲ့တဏှာ ငြီးငြီး
လူ့ပေါက်ပန်းတွေချည်း
မြင်တာတွေငါရေး
ဟိုက္ကူလို့ ခေါ်ခံချင်သေး
“ဇ” ကတယ်မသေး
Subscribe to:
Post Comments (Atom)
ပျောက်နေတယ်မှတ်တယ် ဘေဘီလုံရောက်နေတာကိုး
ReplyDeleteမဟုတ်ပါဘူး
ReplyDeleteမလုပ်ပါဘူး
မေထင်သလို မရှုပ်ပါဘူး
အဲ ရှုပ်တော့ ရှုပ်နေတယ် (အလုပ်)
မလုပ်ပါဘူး အရှုပ်တွေမလုပ်ပါဘူး အလုပ်တွေရှုပ်နေတာပါ
အဲ ပိုရှုပ်ကုန်ပြီထင်တယ်
ကဲကဲ ဒါပဲ
ခုတလောမအားလို့
ခုတော့ အားပြီ နည်းနည်း အဲ့တော့
တိမ်ပေါ်မှာ နဲ့ အဲလက်စ် ရိုစီ ပြန်ရေးပြီ
ကြိုက်တယ် :)
ReplyDelete