ဘဲရုပ်ဆိုးလေးတွေ
အဦးဆုံးအချစ်တွေအားလုံးဟာ
ဘဲရုပ်ဆိုးလေးတွေပါ
အဲ့ဒီအချိန်တုံးက
ထိခိုက်ခံစားလွယ်တာ
ဝမ်းနည်းကွဲရှလွယ်တာ
ပျော်ရွှင်ရစ်မူးလွယ်တာ
ရင်ခုန်နူးညံ့လွယ်တာတွေအားလုံးကို
အမှတ်ရနေတတ်တယ်လေ
နောက်ပိုင်းမှာတွေ့တဲ့ အချစ်တွေဆိုတာကတော့
အမွှေးအတောင်တွေစုံလာတဲ့ ဘဲငန်းတွေပေါ့
ဘာပဲပြောပြော ဘဲရုပ်ဆိုးလေးရဲ့
အနာအဆာတွေကတော့
မဖြတ်သန်းလို့မဖြစ်တဲ့
အတွေ့အကြုံ
ခံစားချက်တွေပါ
အဲ့တော့
တို့တွေ အားလုံးတချိန်တုံးက
ဘဲရုပ်ဆိုးလေးတွေပါ
A Chen
11:28 pm
8th March 2010
Home
Bangkok
အပေါ်က ကြိုးကြာ။ အောက်က ဘဲ။
ReplyDeleteဘာမှလည်း မဆိုင်ဘူး။
အမှန်ကတော့
ReplyDeleteဘဲ နဲ့ ဘဲငန်းလေ
ရှိတဲ့ပုံပဲ ထည့်လိုက်ရတာ
ပြီးတော့ ကွန်မန့်က ကိုယ့်ရဲ့ အချစ်ဒသန အကြောင်း မန့်ရမှာလေ
ReplyDeleteဘယ့်နှယ့်
မှန်ပါ့ .. ပထမဆုံးမြင်လိုက်ရတဲ့ ကြိုးကြာကြီးက ကဗျာကိုလာဖိနေတယ် .. အဲ့အမွေးအတောင်တွေလှတဲ့ငန်းကြီးတွေ အိုသွားပီး အမွေးအတောင်တွေကျွတ် အရိုးအရေပဲကပ်ကျန်တဲ့အခါ အရင်ကဘဲရုပ်ဆိုးလေးကို သတိရသေးလား မေးကြည့်ချင်သေး .. အဟီး
ReplyDeleteForget in the past.
ReplyDeleteForgive him for brake away.
Keep going in love yourself.
BINO