Tuesday, March 30, 2010

တီချမ်း တီမုန့်

မနေ့က ၂၉ရက် ၃လ ၂၀၁၀ ခုနှစ်ပါ။ ဘန်ကောက်မြို့ကြီး မိုးတွေရွာပါတယ်။ သင်္ကြန်အကြိုမိုးပဲလား ရာသီဥတု ဖောက်ပြန်မှုတွေလား တီချမ်းပဲ မဟုတ်တာတွေလုပ်တာများလို့ မိုးနတ်မင်းက သတိပေးနေတာလား (ဘုရား ဘုရား) ပြီးတော့ ရုံးကအပြန် နောက်ကျပါတယ်။ အခုက ၁၀ နာရီ ၆ နာရီ ဆင်းနေလို့လေ။ ပြောပါအုံးမယ် တီက မနက်မနက် မထနိုင်ပါဘူး။ ညဘက်ကျတော့ တော်တော်နဲ့မအိပ်ဘူးလေ။ ၃ ၄ နာ၇ီလောက်မှ အိပ်တာ။ အဲ့တော့ ရုံးအမြဲနောက်ကျပါတယ်။ တော်သေးတာပေါ့ဘော့စ်က အလုပ်ပြီးရင် အိုကေတဲ့ ဘောစ့်မို့လို့ ပြီးတော့တီတို့ တခါတလေ ဝစ်ကန်းတွေကော ညဘက်တွေကော လိုရင် လိုသလို အမြဲ လုပ်နေတာသိလို့လဲပါပါတယ်။ ပြီးတော့ တီတို့ရုံးက အချိန်ကို ကြိုက်တဲ့အချိန် အထက်အရာရှိနဲ့ ညှိယူလို့ရပါတယ်။ ၆ နာရီ တက်ရင် ၃ နာရီဆင်း။ ၇ နာရီတက်ရင် ၄ နာရီဆင်း စသဖြင့်ပေါ့လေ။ အဲ့တာနဲ့ တီကတော့ ၁၀ နာ၇ီတက်ပြီး ၆ နာ၇ီဆင်းတာကို အခု ယူထားပါတယ်။ နောက်တခါ အိမ်ကို တိုက်ရိုက်မပြန်ချင်သေးတာနဲ့ ပါရာဂွန် က ဂေါမန့် မားကတ် ကိုဝင်ပါတယ်။ ထုံးစံအတိုင်း အသားလေး ငါးလေးဝယ်တာပါ။ တပတ်စာ နှစ်ပတ်စာပေါ့လေ။ အများကြီးဝယ်လာဖြစ်ပါတယ်။ ဒီတခေါက်ဝယ်လာတာ ဝက်လျာတချောင်း၊ ကြက်အမြစ် နှစ်ဘူး၊ နှလုံးချည်းပဲတဘူး၊ (အသဲမစားပါ) ဒီမှာက အတွဲလိုက်မဟုတ်ဘူး သပ်သပ်စီ သန့်ထားပြီးသား လိုချင်တာ ဝယ်ယုံပဲ (တယ်အဆင်ပြေ)။ ပြီးတော့ ပေါင် ၅ ချောင်း၊ အတောင်ပံ ၁၀ ချောင်း ဘာချက်ရမလဲမသိသေးဘူး၊ ပေါင်ကတော့ နောက်နေ့ကျ မှိုနဲ့ တရုတ်ချက်ချက်စားမယ် စိတ်ကူးထားတာပဲ။ တီက ပျင်းတော့ တခါတခါဝယ်ရင် အဲ့လို အများကြီးတခါတည်းဝယ်ပြီး ရေခဲသေတ္တာထဲပစ်ထားတတ်တာများပါတယ်။ တခါတလေ ခရီးထွက်ရတော့မယ်ဆိုရင် ရေခဲသေတ္တာရှင်းရတာ က ကို တဒုက္ခ။ ပစ်ရတာတွေအများကြီးပါ။ ဝယ်တာပဲဝါသနာကပါတယ် ကုန်အောင်စားခဲတယ်။ အဲ့တာကြောင့် ချက်ရင်လဲ သူငယ်ချင်းတွေအများကြီးကိုခေါ်ကျွေးရတာပါ။ ဆိုင်မှာသွားစားရင်လဲအဲ့လိုပဲ အများကြီးမှာရတာ ကိုကြိုက်တယ် ပြီးတော့မှ ကုန်အောင်အသေစား မစားနိုင်တော့လဲ တီပြောနေကျ စကားတခွန်းက ဘာတဲ့ “မစားချင်တော့ဘဲနဲ့ အလကား သက်သက် နှမျောလို့ အဝခံမစားနဲ့” တဲ့ မိုက်တယ်နော် ပြီးတော့လဲ အစား အသောက်တွေ ကုန်အောင်မစားတဲ့လူတွေကို တော့ ဒီလိုပြောတတ်ပြန်ပါတယ် “မင်းဒီလို စားနေသောက်နေရတဲ့အချိန်မှာ ကမ္ဘာမှာ လူဘယ်နှသန်းက ငတ်နေလဲဆိုတာ သိလား” ဘာညာပေါ့ အလုံးကြီးကြီးတွေ သွင်းတတ်ပါသေးတယ်။ အော် လူ့အလို နတ်မလိုက်နိုင်နော်။ တကယ် တရားကျပါရဲ့ (ကို့ကိုကိုပြောတာပါ) ကိုကို့ကို မဟုတ်ဘူးနော် (ကိုယ့်ကို ကိုယ်) အလွယ်ရေးတာ။ မမကွမ်ကို အားကျလို့ ခိ...အံမယ် ခုတော့ သူက မှန်နေပြန်တယ်နော် ပြောတဲ့သူတွေကသာ မှားနေပြန်တာ အော် အသင်လောက အပြောင်းအလဲ တယ်မြန်သော ကလော်ကလယ် အသင်လောက ပါကလား....ဟူး................ကဲ စကားပြန်ကောက်မယ် (ဘယ်လိုကောက်လဲမသိပါ ပြောနေကျမို့သာပြောတာ သေချာတော့နားမလည်) ပြီးတော့ ရှိသေးတယ် ဘုန်းကြီး ကိုဆွမ်းကျွေးတွေ ဘာတွေအတွက် ပင့်ပြီးရင် ဘုန်းကြီးထောက်ရတယ်တဲ့ တီကတော့ ငယ်ငယ်က ခပ်ရွဲ့ရွဲ့နဲ့တွေးတာ ဘုန်းကြီးကိုထောက်ရင် ဘုန်းကြီးက ခေါက်မှာပေါ့လို့ (ဟဲဟဲ ဒီလိုပေါ့ ဒါမျိုးတွေနဲ့ ကိုတာရာက လုပ်စားလေ့ရှိတယ်။ ) ကဲကဲ စကားပြန်ကောက်မယ်......ပါရာဂွန်မှာဈေးဝယ် ပြီးတော့ မုန့်တီဖတ်တွေတွေ့တာနဲ့ ဝယ်လာသေးတယ် ရခိုင်မုန့်တီချက်စားမယ်ပေါ့။ တလောက ၇န်ကုန်က သူငယ်ချင်းလာတော့ အရင် တီ့အိမ်လာတည်းသွားတဲ့ သူငယ်ချင်းတွေ တပည့်တွေက ထည့်ပေးကြတဲ့ထဲက ငါးဖယ်ကြော်တွေကျန်သေးတယ်။ မုန့်ဟင်းခါး ချက်မလို့ဟာပဲ။ ဒါပေမယ့်…. ခုနက ပြောပြီးပြီလေ ပျင်းနေပါတယ်ဆို။ အဲ့တော့ မုန့်တီပဲ လွယ်လဲလွယ် စားလို့လဲကောင်း။ ကဲ ပြောနေကြာတယ် ချက်လိုက်ကြစို့ လာ………….

ပထမဆုံး မုန့်တီချက်ဖို့ အသင့်စား အထုပ်လေးတထုပ်ပေါ့ သူကတော့ ရေ နို့ဆီဘူး နှစ်လုံးပြောတာပဲ တီကတော့ တအိုးပဲ လာထား.....တီ့ထုံးစံ အစာပလာတွေထည့်အုံးမှာလေနော့ တံဆိပ်က အိမ့်စည်းစိမ်ပါတဲ့ ဘေးကတော့ တီ ထည့်မယ့် အစာပလာတွေထဲက ကြက်သွန်ဖြူပါ တီက မုန့်တီ ဟင်းရည်ဆိုရင် ကြက်သွန်ဖြူတွေကိုပါ ထောင်းရုံထောင်းပြီးထည့်ထားတဲ့ အရည်မျိုးကို ချက်ချင်းပြေးမြင်ပါတယ်။ ငါးလေးတွေ ကင်ပြီးထည့်နိုင်ရင် ပိုကောင်း................ရိုးရိုးမဟုတ်ဘူးနော် ကင်မှာ ပိုမွှေးအောင်
ပြီးတော့ လျာရှည် တီချမ်းဖြစ်တဲ့အတွက် ဟင်းရည်ထဲမှာ ဘူးသီးလေးထည့်ပါမယ် အဲ့တာမှ ဟင်းရည်ချည်းပဲ သောက်ရင်လဲ အဖတ်လေးတွေနဲ့ဆိုတော့ ကောင်းတာပေါ့နော့ ဘူးသီးလေးတွေကိုရေဆေးပြီး ပါးပါးလှီးပါမယ်



ပြီးရင် ခုနက အထုပ် သေးသေးလေးပါပဲ အဲ့တာကို ရေထဲထည့် ဘူးသီးဖတ်လေးတွေထည့် ပြီးတော့ ကြက်သွန်ဖြူ ကွဲရုံထောင်းထားတာလေးထည့် ပြီးရေ ကိုဆူအောင်တည်ပါမယ်။ ဒီလိုလွယ်တာနော်။ ငှက်ပျော်သီး အခွဲနွှာတာတောင် ဒီလောက်မလွယ်ဘူး။



ပုံမှာ ပြထားတဲ့အတိုင်းပါပဲ ကြက်သွန်ဖြူ ကို ထောင်း ပြီး တခါတည်းထဲ့ ဆူအောင်တည်.........အရေးကြီးတဲ့ အခန်းက ခုမှလာတာပါ ထုံးစံအတိုင်း မဟာဟင်းရည်ပဲပေါ့ အရေးကြီးလာပြီလေ မှတ်ထားကြပါ သားတို့သမီးတို့ မုန့်တီ ဟင်းရည်က တခြား ဟင်းရည်တွေနဲ့ မတူပါဘူး ဟင်းရည်ကျ ဖို့လိုပါတယ် ဘယ်လို ကျရမလဲဆိုတော့ ဆူလာရင် မီးအေးလေးနဲ့ နည်းနည်းကြာကြာလေး တည်ထားပေးရပါမယ် ပြီးရင် ချို ငံပေါ့ မြည်းပေးပါ လိုရင် ဆား ဟင်းချိုမှုန့် (အာဂျီနိုမိုတို..............) ငံပြာရည် ထည့်ပေးပါ။ တီကတော့ တိုင်းပြီးယက်တဲ့ ပကလာ ဆိုသလိုပဲ တည်လိုက်ပြီဆိုကတည်းက အိုကေပါ ဂွတ်ရှယ်ပဲ ဘာမှကို မပြင်ရတော့ဘူး လက်ဆိပ်က ကောင်းတာ အဲ့လို (အော် ဘယ်တတ်နိုင်မလဲနော် မွေးကတည်းက ဘုရားက ရုပ်ကိုလဲချောအောင် ဟော ပညာဆိုလဲ တော်အောင် ငွေရှာလဲ ကျွမ်းအောင် ဖန်ဆင်းပေးထားတာတာကိုးနော် ဒီကြားထဲ ဟင်းချက်ကလဲကောင်း အင်း.............ဖြူဖြူ့စကားငှားသုံးရရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပဲ ချီးမွမ်းပါတယ်လေနော် )



ကဲ ဟင်းရည် အသင့်ဖြစ်ရင် ခုလို မြန်မာပြည်က ပါလာတဲ့ စပယ်ရှယ် ငါးဖယ်ကြော်လေး ကို ပါးပါးလှီးပါမယ် မြန်မြန်ကုန်သွားမှာ စိုးလို့ အဟေးဟေး (မမဝေ လူကြုံရှိရင် များများ ထပ်ပို့ပါ တီကြိုက်၏)



ဒါတွေကတော့ မုန့်တီဖတ် (ပါရာဂွန်က ဝ်လာတာနော် အချဉ်မဟုတ်) အချဉ်တွေက ဘေးမှာ သံပရာ ရည်ဘူး၊ မန်ကျည်းရေဘူး နဲ့ ငရုတ်သီးဆီချက်ပါ အဲ့တာက တီ အရင် ရှမ်းခေါက်ဆွဲတွေ ချက်စားရင် အမြဲ အသင့်လုပ်ထားတာ အမှန်ကတော့ မုန့်တီအတွက်က ငရုတ်သီးစိမ်းလေးကိုထောင်းရမှာ မီးကင်ပြီး အဲ့တာမှ မွှေးပြီး စပ်တာာ ရှူးရှဲပဲ လောလောဆယ်တော့ အလွယ်ရတာပဲပေါ့နော့ နောက်ဘေးက ကြက်သွန်ဖြူ ဆီချက်ပုလင်း ဒါကလဲ ရှမ်းခေါက်ဆွဲက ဟာပါပဲ အကျန်တော့မဟုတ်ဘူး အပို လုပ်လုပ်ထားတာ စားချင်တဲ့ အချိန် ထ စားလို့ရအောက်လို့


ကဲ ဒါလေးကတော့ ချက်ပြီးသား အသင့်စားစဖွယ်ပေါ့ တီကတော့ သူ့ အော်ရီဂျင်နယ် အရသာ ရအောင် ဘာမှမထည့်ပဲ တပွဲစားပါမယ် ငါးဟင်းရည် ရဲ့ ပြကတိ အရသာပါ အချဉ်တွေ အငံတွေ မထည့်ပါဘူး

ဒါလေးတွေကတော့ နောက်ဆက်တွဲ အချိုတည်းပါ သရက်သီးရယ် လက်ဖက်ရည်စိမ်း သူသူ့ သူငယ်ချင်း ဂရင်းဂဲ ရဲ့ အမျိုး ဂရင်းတီးပါ (အံမယ် သူတို့တောင် မပေါ်လာတာကြာပေါ့)ရယ် ဘေးနားက ဟာလေးက တီ့အကြိုက်ဆုံး ပါရာဂွန် မန်ဒရင်း အိုရီရန်တယ် က ခရမ်ဘရူလေးပါ ဟိဟိ ရေးရင်းတောင် သွားရည်ပြန်ကျတယ် အဲ့လောက်ကြိုက်တာ


သရက်သီးနဲ့ ရေနွေးကြမ်း စိမ်းကတော့ အထွေအထူးပြောစရာမရှိပါ ပြောစရာရှိတဲ့ ကြက်ဥ ပုတင်း ခေါ် ခရမ်းဘရူးလေ ကိုပဲပြောတော့မယ် အောက်မှာကြည့် ....






အင်္နီးကပ်ကြည့်ပါ အမှန်ကတော့ ကြက်ဥပေါင်းပါပဲ ဒါပေမယ့် ဒါပေမယ့် ပေါ့လေ စပယ်ရှယ်ထက်ကို ပိုရှယ်တဲ့ ကြက်ဥပေါင်းပါ သေချာကြည့်ပါ ဈေးလဲကြီးပါတယ် အဲ့ဒီ ခွက်သေးသေးလေး ဖြုတ်မျက်စိလောက်လေးကို ဘတ် ၁၀၀ ပေးရတာပါ ၃ ဒေါ်လာ တိတိ မြန်မာ ကျပ်နဲ့ဆို ၃၀၀၀ ကျပ် တိတိ အံမလေးလေး စီးတီးမတ်မှာဆို ပူတင်း ကိတ် ဘယ်နှတုံးတောင်ဝယ်စားလို့ရသလဲ ကဲပြော...........
သူက ကြက်ဥပေါင်းကို စပယ်ရှယ် နို့အနှစ်တွေနဲ့ အီဆိမ့်နေအောင် လုပ်ပြီး သကာလ အပေါ်မှာ သကြားရည် ကို မီးမြိုက်ပါတယ် ဆိုင်မှာ သွားဝယ်ရင် လုပ်တာ တခါတည်းကြည့်လို့ရပါတယ် အဲ့လိုကောင်းသော ပါ တီကတော့ ဆရာသော်တာဆွေစကားအတိုင်း ၇၅ ခုလောက်တောင်စားလိုက်ချင်ပါသေးတယ်လို့ ...

မိသစ်၊ ဗစ်၊ မျိုး၊ ဆာကူရာ၊ မေ ဘယ်သူတွေကျန်သေးလဲ အကုန်ခေါ်လိုက် လာစားလို့............

12 comments:

  1. တီချမ်း အိပ်ခါနီး သွားရည်ကျအောင်လုပ်တယ် ....ခေါ်တော့ဝူးးးးးးးးးးးးး

    ReplyDelete
  2. တော်သေးတယ် အပြင်မှာ စားပြီး ပြန်လာကာစ ဗိုက်ဝနေလို့

    ReplyDelete
  3. လာစားသွားပြီ.. ရခိုင်မုန့်တီက အကြိုက်ဆုံးအစားအစာထဲမှာပါတယ်.. ရှလွတ်

    ReplyDelete
  4. တီခေါ်ခေါ် မခေါ်ခေါ် လာစားသွားပြီ။
    တီချက်တာဆို အကုန်စားချင်စဖွယ်ကြီးပဲ... ကြိုက်စ်စ်စ်

    နနခ

    ReplyDelete
  5. အဲ နနခ ရယ် ပုံမှန်လာနေကျလူတွေက အထွေအထူးခေါ်နေစရာမလိုပါဘူးအေ့
    ရောက်ရင် ခူးခပ် ဝင်သားစားသွား
    မိသစ်တို့ အုပ်စုနဲ့က တနေ့က စီပုံးမှာ ပြောကြရင် ပြောထားလို့ ခေါ်လိုက်တာပါ
    ရောက်ရင် လာ စားသားစား
    ဂျိုင့်ပါရင် ထည့်သွားအုံး
    အနာထပိန် နဲ့ အမျိုးတော်တယ် တီက

    ReplyDelete
  6. စားသွားပါတယ်

    ReplyDelete
  7. ဒီမယ်.. ဘာကိစ္စ အဲလို စားစရာအကြောင်းတွေချည်းပဲ ရေးရေးနေရတာတုန်း..း(

    ReplyDelete
  8. ရှလွတ် ခုမှ တွေ့ တယ် ရခိုင်မုန့် တီတောင် စားချင်လာပြီ
    အောက်က ပူတင်းမျိုး ဒီမှာ တွေ့ ဖူးပေါင် စားချင်တယ် အဲ့ဒါလေးလည်း
    သရက်သီးကတော့ ဒီမှာ ရှိပါတယ်အေ့

    နောက်တမျိုးထပ်ချက် ဒါမှ ဒေါ်ရွှေသစ်တို့  နည်းယူနိုင်မှာ

    ReplyDelete
  9. ရေးနေတယယ် ဒေါ်မေ
    တင်ပေးမယ်
    နေပါအုံး တီချက်တာတွေ ဒေါ်သစ်ကြီးက
    ချက်ကျွေးတယ်လား
    တယ်ဟုတ်ပါ့လား

    ReplyDelete
  10. တီ.....
    ဒီမှာ ၁ယောက်ကျန်ခဲ့ပြီ..................း(
    မုန့်တီ အရမ်းကြိုက်တာာာာာ..........
    မကျွေးလဲ စားမှာပဲ.........

    ReplyDelete
  11. သားရည်တွေ တောက်တောက် (ခွေးကိုမမြင်ယောင်နဲ့ နော် )
    ကျသွားပါတယ် ..ချက်စားပါအုံးမယ် တီချမ်းနဲ့ နီးနီးနားနားဆိုလည်းကောင်းသား အုပ်စုလိုက်လာစားမယ်...

    ReplyDelete