Tuesday, March 23, 2010

ဒီနေ့ နဲ့ အနီ၊ မနက်ဖြန် ဘယ်လိုလဲ

ခုတလော ယူအန် ကို သင်တန်းပေးနေရတယ်ဆိုတာ ပြောပြောနေလို့ သိပြီးကြပြီနော်
အနီတွေအကြောင်းနဲနဲပြောချင်လို့ပါ
ဒီနေ့ သင်တန်းသွားပေးတော့ စီးနေကြ မော်တော်ဆိုင်ကယ်က တခြားလမ်းကနေ မောင်းပါတယ် ဘာလို့လဲဆိုတော့ လမ်းတွေပိတ်ထားလို့ပါတဲ့ ဟင် ဘယ်လိုဖြစ်တာလဲပေါ့ ကို က မေ့ကိုမေ့နေတာပါ အဲ့တာပဲကြည့်တော့ အဲ့လို ဟင်စရာတွေ ကို ဘယ်လောက်တောင်စိတ်မဝင်စားလဲဆိုတာ
အရင်တပတ်က ဝုန်းဝုန်း ဝုန်းဝုန်း ဖြစ်ကြသေးလို့ ရုံးတွေ ဘာတွေပိတ်လို့ တီချမ်းတယောက် ပျော်နေသေးတာကော ခုတော့လဲ အကုန်မေ့ အဲ့လို ပါ (အပူအပင် ကင်းတာများပြောပါတယ်လေ)
ဒီနေ့တော့ ကိုတိုင်နဲ့ဝင်တိုက်တော့မှသာ အော် သူတို့ လုပ်နေကြတုံးပါလားပေါ့
နောက် ကိုမသိသလိုနေနေတာ သူတို့ အစိုးရ က ခုတလောလေးကမှ အသစ်ကြေငြာထားတဲ့ ဥပဒေနဲ့လဲဆိုင်ပါတယ် ဘယ်အရင် မနှစ်က သင်္ကြန် အနီတွေ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်ကြတုံးကဆို မိချမ်းတို့ကလဲ ရွရွ ရွရွပေါ့လေ
အိမ်နဲ့လဲနီးတယ်မှလား သွားတောင်ကြည့်လိုက်သေး အနုစာဝါရီ လို့ခေါ်တဲ့ Victory Monument မှာ
ခုတော့လဲ ကိုနဲ့မဆိုင်သလို မျက်နှာလွဲခဲပစ် လုပ်နေတယ်လေ အော် ဥပဒေက ဘာလဲဆိုတော့ နိုင်ဂံဂျား တားတွေ ပါရင် ပြန်ပို့မယ်တဲ့ (အိ.......................) Deported လုပ်မယ်လို့ပြောပါတယ် မီးကကြောက်တာပေါ့လို့ နူကလိုခ (ယိုးဒယားလို သမီးကြောက်တယ်လို့ပြောတာပါ)
အဲ့တော့ အစကလဲ ဝါသနာက မပါဆိုတော့ ကင်းကင်းနေလိုက်တာ ဆက်လက် အေးငြိမ်းစွာ ဆန္ဒပြနေကြဆဲဆိုတာတောင်မသိတော့ပါဘူး
ကောင်းပါတယ် အကြမ်းမဖက်ပါဘူး
အောက်မှ တီ ယူအန် အဝင်ပေါက်ရှေ့နားကနေ ရိုက်ယူလာတဲ့ပုံတွေကိုကြည့်ပါ Tank တွေထိုးပြီးတော့ ကို ကြီးကြီးငယ်ငယ် ကျားမမရွေး ယူအန် ရှေ့က ပါရာမီတာ တခုလုံးကို ပိတ်ထားကြပါတယ် အမှန်က အစိုးရ အိမ်ရာ ကိုပိတ်ထားတာပါ ယူအန် ကလဲပါတာပေါ့ သူတို့က အစကတည်းက လျှာရှည်ပြီး နီးနီးသွားနေကြတာကိုးနော့ အဲ့မှာပဲ ချက်ပြုတ်ကြ စားသောက်ကြ အိပ်စက်ကြပါတယ် တီ ဒီနေ့ သင်တန်းပေးပြီးပြန်လာတော့ နှစ်ချက်ထိုးလေ အမယ် တချို့တွေများ နေ့လည်နေ့ခင်း ခြေခင်းလက်သာ တရေးတမောတောင် အိပ်နေကြသေး အေးလေ ဘာမှလုပ်စရာမရှိတာာ အဓိက က ပိတ်ထားပြီးတော့ လိုချင်တာတွေတောင်းနေကြတာပဲလေ
အံမယ် အနီတွေကလဲ ဘူဇွာကြတယ်ဆရာ
အဲ့လို လာပါ လာအိပ် လာပြ ကြတဲ့ ယိုးဒယားနိုင်ငံသား တယောက်ကို တနေ့ ဘတ်ငွေ ၂၀၀၀ ပေးပါသတဲ့ အစိမ်းဆိုရင် ၇၀ လောက်ရှိမယ်နော် အဲ့တာ တယောက်ချင်းစီကိုပေးတာ
တအိမ်လုံးသာထွက်လာကြလို့ကတော့ ကေပဲ တနှစ် လေးခါလောက်သာ ဒီလိုလုပ်ကြ အဲ့ပိုက်ဆံနဲ့ စားလို့လောက်တယ် တနှစ်လုံး တနေ့ ၂၀၀၀ ဆိုတာ နည်းတာမှမဟုတ်တာ တီတို့ဆို တနေ့တနေ့ ဖတ်ဖတ် လျှာ အတောင့်လိုက်ထွက်အောင် လုပ်မှ အဲ့လောက် ပျော့ပျော့ရတာလေနော့ ဒီလိုပါပဲလေနော် လက်လှုပ်မှ ပါးစပ်လှုပ်ရမဲ့ဘဝ နှစ်ရက်လုပ်မှ တရက်စားရတဲ့ဘဝဆိုတော့လဲ (သနားကြပါ ရဲလေးလေသံနှင့်ဖတ်ရန်)
ပြီးတော့ ဒီနေ့ အဲ့ဒီ အနီ ဆိုင်ကယ်စီးပြီး ပြန်လာလိုက်တယ် ပြီးရော သူတို့က လမ်းတွေပိတ်ထားတော့ တက္ကစီတွေ တခြားဆိုင်ကယ်တွေက မှဝင်ခွင့်မရဘဲ အံမယ် အဲ့ဒီ ဆိုင်ကယ် သမားက ဝေါ့ကီ တော့ကီ နှစ်ခု ခါးမှာချိတ်လို့နော်.. အလန်ဇယားဆရာ ကဲကဲ ပုံတွေကိုရှု....(နာဂစ်ကိုတောင် သတိရသေး tank တွေနဲ့နေကြတာမို့ပါ) ပုံတွေက သိပ်တောင်မကောင်းဘူး ဆိုင်ကယ်ပေါ်ကနေ ဖုန်းနဲ့ ခိုးရိုက်ရတာမို့လို့
တော်ကြာ ကို့ကို ဖမ်းသွားရင် ဘယ်နဲ့ လုပ်မလဲနော် (တီကတော့ အော်မှာပဲ လူကို ကြိုက်တာသာလှုပ်ပါ ပစ္စည်းတွေကိုတော့ ချမ်းသာပေးပါလို့ တခုခုအရင် လုပ်ရင်တော်သေး ဟိဟိ)






ဒါကတော့ တီနဲ့တူတူ သင်တန်းပေးနေတဲ့ မမဂျပန် က ပို့ပေးတာပါ မနက်ဖြန်ကျရင် ဒီလို ပိတ်ထားပါမယ်တဲ့ တီတို့သွားရမယ့်နေရာ ယူအန် ပင်မ အဆောက်အအုံက အပြာလေးနဲ့ ပါ ရှာကြည့်ကြ။ အနီတွေက ဒီလို ပိတ်ထားတာနော်
ကဲ မနက်ဖြန် တီ့အတွက် ဆုသာတောင်းနေကြပေတော့ မေတ္တာပို့ကြပေါ့အေ
သေရင်တော့ မပို့တဲ့ လူတွေကို လာခြောက်မှာပဲ

3 comments:

  1. ဒါများ ခက်တာလိုက်လို့  တီချမ်းပါ အနီရောင် ၀မ်းဆက်ဝတ်သွားပြီးရော

    ReplyDelete
  2. ကိုယ်ဆိုရင်တော့ အဲလိုချိန်မျိုး ဆိုင်ကယ်နဲ့ အပြင်မထွက်ရဲပေါင်။ အကာအရံလဲ မပါဘဲ။ သင်တန်းပေးဖို့ စီစဉ်တဲ့လူတွေကို ကားစီစဉ်ပေးပါ ပြောမှာပဲ။ သံချပ်ကာကား။

    ReplyDelete
  3. ထင်သလောက်လဲ မဆိုးပါဘူး မမရီတာ

    အံမလေး မလုပ်ပါနဲ့ ဒေါ်မေ
    တော်ကြာ အနီတွေက ဘာမှမလုပ်ဘဲ အဝါတွေက လုပ်သွားပါအုံးမယ်
    ဒီအချိန်ဆို ဒီမှာက အနီ အဝါ မဝတ်ကြတာများတယ်
    ကြားနေတွေက ပြောပါတယ်

    ReplyDelete