Wednesday, March 17, 2010

ခြင်ကိုက်ရင် HIV ကူးပါသလား?




ခြင်ကိုက်ရင် HIV ကူးပါသလား?

လာပြီလာပြီ ဒေါ်ချမ်းချမ်း။ ဟုတ်ကဲ့ တနေ့က ရေးတဲ့ တီ့ weekend holidays post မှာ မမကွမ် လာမေးသွားတဲ့မေးခွန်းလေးဖြေပေးမှာပါ။ အဲ့ဒီပိုစ့်မှာ တီက ငါးနဲ့ခြေထောက်နှိပ်တာ (ဝါ) အကိုက်ခံတာ ကိုရေးထားပါတယ်။ ပြီးတော့ တီ့ စာဖတ်ပရိတ်သတ်အများစုသိကြပြီးတဲ့ အတိုင်း တီက HIV positive ဖြစ်တဲ့ အတွက် မမကွမ်မေးတဲ့မေးခွန်းက သဘာဝကျပါတယ်။ မေးခွန်းမေးတဲ့အတွက် စိတ်မဆိုးပါဘူး၊ ကျေးဇူးတောင်တင်ပါသေးတယ်။ မဟုတ်ရင် ဒီလိုပိုစ့်လဲ တီရေးဖြစ်မှာ မဟုတ်ဘူးလေ။ အရင် တီ စာစရေးကာစက အလုပ်အတူလုပ်ခဲ့ဖူးတဲ့ အမတယောက်က တီ့ အလုပ်အတွေ့အကြုံတွေ၊ တီသွားခဲ့ဖူးတဲ့ နိုင်ငံတကာ ညီလာခံတွေကိုရေးစေချင်ပါတယ်။ တီက မရေးချင်တာတော့မဟုတ်ပါဘူး။ မကြုံတာပေါ့။ တခါတလေ ကြုံရင်တော့ရေးဖြစ်ပါတယ်။ ဥပမာ မနှစ်က ကိုတောင်ပေါ်သားနဲ့ စကားစမြည်လိုမျိုးပေါ့။ နောက် တီ့ပုံမှန်စာဖတ်ပရိတ်သတ်တဦးဖြစ်တဲ့ တီက ရေခဲတောင်လို့ အမြဲခေါ်တတ်တဲ့ ဂလေစီယာ ကလဲ တီ့အလုပ်နဲ့ပတ်သက်တာရေးဖို့ပြောဖူးပါတယ်။ ခုနပြောသလိုပဲ တီက စာရေးတာ ဝါသနာပါလို့ရေးတာဆိုတော့ ရေးချင်တာပဲရေးနေတာပါ။ မဟုတ်ရင် ကိုယ့်ကို ကို တွန်းရတာ ပိုခက်မှာ သိနေလို့ပါ။ ဝါသနာပါတာပဲရေးတော့ အနည်းဆုံးရေးရတာ flow ရှိတာပေါ့လေ။ ခုလဲ မမကွမ် မေးတဲ့မေးခွန်းကိုတော့ တီခုတလော လုပ်နေတဲ့ UN CARE Programme က ဒီ region မှာ ရှိတဲ့ UN တော်တော်များများ အားလုံးနီးပါးကို HIV/AIDS နဲ့ပတ်သက်ပြီးတော့ သင်တန်းပေးနေပါတယ်။ အဲ့တာ တီ့ အဓိက အလုပ်တော့ မဟုတ်ပါဘူး။ (လာငှားလို့ ပိုက်ဆံရလို့ လုပ်တဲ့ အလုပ်ပါ) ထားပါတော့ အဲ့လို UN တွေကို သင်တန်းပေးတော့လဲ ဒီမေးခွန်းက ခဏခဏ အမေးခံရတဲ့မေးခွန်းပါ။ ခြင်ကိုက်ရင်ကူးသလားဆိုတာမျိုးပေါ့။ စကားစပ်လို့ပြောရမယ်ဆိုရင်တော့ တီ သင်တန်းပေးရတဲ့လူတွေက expatriate တွေပါ။ ယိုးဒယားနိုင်ငံမှာ တီတို့လိုပဲ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားတွေချည်းပါပဲ။ အများစု က ဘိုတွေ၊ အဖြူတွေပါ။ သို့သော်လည်း အားလုံးသည် HIV နဲ့ပတ်သက်တဲ့ ဗဟုသုတ ရှိနေပြီလို့ ပြောလို့မရပါဘူး။ UN တွေက မျိုးစုံရှိတဲ့ အတွက် သူတို့ဆိုင်ရာ ဆိုင်ရာ မှာသာလျှင် ကျွမ်းကျင်လေ့ရှိကြပါတယ်။ နိုင်ငံခြားသား ဖြူသော အရေ ရှိရင်ပြီးရော အထင်ကြီးသူများ သတိချပ်သင့်ပါတယ်။ (ရေးရင်းနဲ့ တီချမ်း ထုံးစံအတိုင်း ရိုက်ပေါက် ဘေးရောက်ဖြစ်နေပြန်ပါပြီ) ပြန်ဆက်ပါမယ်။ အဲ့တော့ အဲ့လို အမေးအများဆုံးမေးခွန်း တီ မြန်မာ နိုင်ငံမှာ လုပ်ခဲ့သမျှ သင်တန်းတွေ မှာလဲ ခဏခဏ အမေးခံရတဲ့မေးခွန်း။ ဖြေရှင်းရင် အများအတွက်လဲ အကျိုးရှိမယ်ထင်လို့ အပင်ပန်းခံ စာရှာဖတ် ပြီးဖြေပေးထားပါတယ်။ တလက်စတည်း စမေးပေးတဲ့ မမကွမ် ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မေးတာ က ငါး ဘာလို့ ခြင် နဲ့လာဖြေနေသလဲ လို့ အပြစ်တော် တင်မစောဖို့ ကြိုပြောလိုပါတယ်။ နောက်ဆုံး အထိ ဖတ်ကြည့်လိုက်ပါ။ ရှင်းသွားပါလိမ့်မယ်။
ကဲ အဲ့တာတွေမပြောခင် အရင် ဂျင်နရယ် ဗဟုသုတ အနေနဲ့ ဒါလေးတွေသိထားဖို့လိုပါတယ်။ HIV 101 ပေါ့နော်။ အဲ့တာတွေကတော့

HIV ကူးစက်နည်း ၃ မျိုး

1. သွေးမှ တဆင့်ကူးစက်တာ (ပိုးရှိတဲ့သွေးသွင်းမိတာမျိုး၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် အတူ သုံးစွဲတာမျိုးကနေအဓိက ကူးပါတယ်)
2. အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ကနေ ကူးပါတယ် (လိင်တူ၊ လိင်ကွဲ နှစ်မျိုးစလုံးပါ)
3. မိခင်မှ တဆင့် သန္ဓေသား ကို ကူးစက်တာ က တမျိုးပါ။

HIV ကူးစက်စေနိုင်တဲ့အခြေအနေ ၄ မျိုး နဲ့ ပိုးပါတဲ့ အရည်တွေ

1. HIV ပိုးဟာ ပိုးရှိတဲ့သူရဲ့ ခန္ဓာထဲကနေအရည်တခုခု အနေနဲ့ ထွက် လာရပါမယ်


2. ပြီးတော့ အဲ့ဒီ ထွက်လာတဲ့အရည်တွေမှာကူးစက်နိုင်ဖို့ လုံလောက်တဲ့ ပိုး ပမာဏ ကွမ်တတီ ပါရမှာဖြစ်ပါတယ်။ ဆိုလိုတာက ပိုးရှိတဲ့သူ ရဲ့ ခန္ဓာက ထွက်လာတဲ့ အရည်သည် လုံးလောက်တဲ့ ပိုးပမာဏ ကို ထိန်းထားနိုင်တဲ့ အရည်မျိုးဖြစ်ရပါမယ်။ ဥပမာ…သွေး၊ သုက်၊ သုက်ရည်ကြည်၊ မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့ မိခင်နို့တို့ဖြစ်ပါတယ်။ ကျန်တဲ့အရည်တွေမှာ ကူးစက်နိုင်စေလောက်တဲ့ ပမာဏရှိတဲ့ပိုးမပါလာနိုင်ပါဘူး။ အဲ့တာကြောင့် လေကုန်ခံပြီး ချွေး၊ တံတွေး စတာတွေကို မပြောတော့ပါဘူး။


3. နောက်ပြီးတော့ အဲ့လို အရည်တခုခုနဲ့ထွက်လာတဲ့ပိုးတွေဟာ ခံနိုင်ရည် ကွာလတီ ရှိရပါမယ်။ HIV ပိုးဟာ ခန္ဓာ ပြင်ပ မှာဆိုရင် အင်မတန်မှနုပါတယ်။ လေသလပ်တာခံရတာနဲ့တင် သေနိုင်ပါတယ်။ သူတို့ အသက်ရှင်ရပ်တည်ဖို့က ကိုယ်ခန္ဓာ အပူချိန်နဲ့ အခြေအနေ လိုပါတယ်။ ဥပမာ အပြင်ကိုရောက်လာတဲ့သွေးတစက်ဆိုရင် လေသလပ်လို့ချက်ချင်း ခြောက်သွားနိုင်ပါတယ်။ အဲ့တာဆိုရင် အဲ့မှာပါတဲ့ HIV ပိုးတွေဟာ ချက်ချင်းသေသွား နိုင်ပါတယ်။ သွေးပမာဏပေါ်တော့မူတည်တာပေါ့လေ။ ဒါပေမယ့် များသောအားဖြင့် က ချက်ချင်းလိုလိုသေပါတယ်။ နောက် တခြား အခြေ အနေတွေ…ဥပမာ ခံတွင်းထဲ က တံတွေးမှာပါတဲ့ အက်ဆစ်ဓါတ်တမျိုး ကလဲ ပိုးကို ခံနိုင်ရည်ကျစေနိုင်သလို ကျတော်တို့ အစာအိမ်ထဲမှာ ရှိတဲ့ အစာချေရည် အက်ဆစ်တမျိုးကလဲ HIV ကိုသေစေနိုင်ပါသတဲ့။ အဲ့တော့ ပါးစပ်နဲ့လိင်ဆက်ဆံတာမျိုး၊ သုက်ရည်မြိုချတာမျိုး၊ နှုတ်ခမ်းချင်းတေ့စုပ်ပြီး နမ်းတာမျိုးတွေကနေမကူးနိုင်ဘူးဆိုတာရှင်းပါလိမ့်မယ်။


4. နောက်တခုကတော့ ခုနက ပိုးရှိတဲ့သူ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အဲ့ဒီပိုးပါတဲ့အရည်တွေဟာ နောက်တယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင် ရပါမယ်တဲ့ လမ်းကြောင်းပေါ့ အဲ့တာလိုပါတယ်။ ဒီမှာ တခု ဖြေရှင်းချင်တာက ခုနက ပြောတဲ့ တံတွေးနဲ့ မျက်ရည် ချွေး စတာတွေမှာပိုးမပါဘူးလို့ပြောခဲ့ပါတယ်။ အမှန်ကတော့ အလွယ်ပြောတာပါ။ ပိုးက ပါပါတယ် ဒါပေမယ့် အချက် ၂ နဲ့ ၃ ကိုမကျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာ တံတွေးထဲမှာပါတဲ့ ပိုးပမာဏ က နောက်လးကို HIV ပိုးကူစက်စေနိုင်ဖို့ဆိုရင် အဲ့ဒီလူထဲကို ဝင်ဖို့က ဂါလံနဲချီပြီးလိုပါသတဲ့။ အဲ့တော့ လူတယောက်က တံတွေးလို ချွေးလို မျက်ရည်လို အရာမျိုးက ဂါလံနဲ့ချီပြီး ထုတ်လုပ်နိုင်ပါသလား၊ ပြီးတော့ နောက် လူတယောက်ရဲ့ ကိုယ်ထဲကိုလဲ အဲ့လို ဂါလံနဲ့ ချီတဲ့ အရည်တွေဝင်ဖို့ လမ်းကြောင်းရှိပါသလား။ မရှိနိုင်ဘူးဆိုရင်ရှင်းပါပြီနော်။ အဲ့တာကြောင့် အဲ့ဒီအရည်တွေမကူးနိုင်လို့ စကားထဲထည့်မပြောကြတာပါ။ ဒါပေမယ့် သွေး၊ ဒါမှမဟုတ်ခုန က အပေါ်မှာ ပြောခဲ့တဲ့ အရည်တမျိုးမျိုးဆိုရင်တော့ တစက်ကလေးမှာတောင် ကူးစက်ဖို့ လုံလောက်တဲ့ပိုး အရည်းအသွေးကော အရည်အတွက်ကော ရှိပါသတဲ့။ ပိုရှင်းအောင် အောက်မှာ English လိုကြည့်ကြည့်လိုက်နော်။ အတိုကောက်ကိုတော့ ESSE ဒါမှမဟုတ် QQR လို့မှတ်လို့ရပါတယ်။

4 Conditions for HIV Transmission

1. Virus must EXIT the body it occupies (ROUTE)
2. There is SUFFICIENT quantity of HIV (QUANTITY)
 spinal cord fluid, blood, seminal fluid, vaginal fluid & breast milk
 NOT saliva, tears, sweat, urine, stool
3. Virus must SURVIVE (QUALITY)
HIV cannot live outside the human body & is easily destroyed (e.g., acid in stomach)
4. Virus must ENTER the other person’s blood stream directly (ROUTE) thru:
 Unprotected penetrative sex
 Blood to blood – e.g., using same injection equipment
 From mother to baby

အဲ့တော့ လူတယောက်ကနေ နောက်လူတယောက်ကို HIV ကူးစက်နိုင်ဖို့အတွက်က အဲ့ဒီအချက် ၄ ချက်စလုံးသေချာပြည့်စုံမှန်ကန်မှ ဖြစ်နိုင်ပါသတဲ့။ တချက်ချက်နဲ့ လွဲနေရင် မကူးနိုင်ပါဘူးတဲ့။ တခု သတိထားဖို့ရှိတာက အဲ့ဒီလူက ကိုယ့်ကို အမှန်ပြောမပြောဆိုတာပါပဲ။ လူတွေက ခေါင်းရိတ်တဲ့ဓါးကနေ ကူးလာတယ်၊ သွားစိုက်ဆိုင်ကနေ ကူးလာတယ်။ ပိုးရှိတဲ့လူရဲ့ ပစ္စည်းသုံးမိလို့ကူးလာတယ် စသဖြင့် ပြောတတ်ကြပါတယ်။ ခုနကပြောတဲ့ အချက် ၄ ချက်နဲ့နိုင်းယှဉ်စဉ်းစားပါ။ ဥပမာပေးမယ်… ဓါးကနေတဆင့်ကူးတယ် အိုကေနော်… English လို reality check လို့ခေါ်ပါတယ်… လူတယောက်က မုတ်ဆိတ်ရိတ်တယ်ပေါ့ ဓါးရှတယ်ပေါ့ ပြီးရင် ဘာလုပ်ပါသလဲ…ရေမဆေးဘူးလား။ နောက်လူတယောက်က ကော ချက်ချင်း လာသုံးသလား….“ဟား ဟိုကောင်ရိတ်သွားတယ် ဓါးမှာသွေးတွေနဲ့ အပိုင်ပဲ ငါလဲရိတ်လိုက်အုံးမှ” လို့ဘယ်နှယောက်ကများ လုပ်မလဲ စဉ်းစားကြည့်ကြပါနော်။ အဲ့လိုပဲ ကဲ ပထမလူက မဆေးဘဲထားခဲ့တယ် ပဲထားပါတော့ ခုနကပြောခဲ့တယ်လေ လေသလပ်တာနဲ့ သွေးခြောက်ရင် HIV ကသေပါတယ်လို့ အင်မတန်နုတဲ့ပိုးလေးပါ။

နောက် နည်းနည်းထပ်ဆွေးနွေးရမယ်ဆိုရင် တီတို့ရဲ့ body defense mechanism ခန္ဓာဗေဒရဲ့ အလိုအလျောက်တုံ့ပြန်မှုစနစ် (အင်း အီးလိုပြောရတာ ပိုလွယ်တယ် မြန်မာလိုက ရှင်းရခက်တယ်) က ဥပမာ လက်ကို ဓါးရှတယ်ဆိုပါတော့... လက်က ဥပမာနော် ဘယ်နေရာပဲဖြစ်ဖြစ်ပါ။ ဘယ်လိုဖြစ်လဲ….သွေးက ငှောက်တောက် ပန်းထွက်တာမှလား… ကဲခုနပြောတဲ့ ဥပမာကိုပဲ ပြန်ကောက်မယ်နော် အရင်လူက ဓါးရှတယ်၊ သူ့မှာကလဲ ကံဆိုးစွာပဲ ပိုးရှိတယ်။ ကို့ကိုလဲထပ်ရှတယ်။ ကဲ အချက်၎ချက်နဲ့ ချိန်ကြည့်ရအောင် ပထမ ၃ ချက်မကိုက်ဘူးလား။ ကိုက်နေပါတယ်နော်. အဲ နောက်ဆုံးအချက်လေ ကိုယ့်ဆီကသွေးကလဲ ပန်းထွက်လာတာလေ ပန်းဝင်သွားမှ မဟုတ်တာ။ အဲ့တာဆိုရှင်းမယ်ထင်ပါတယ်နော်။ တီ့စာဖတ်ရင် လူလည်ချည်းပဲပေါ့။ ဒီလောက်ပြရင် အကုန်မြင်လောက်ပြီနော်။

တခုတော့ ရှိတယ် သွေးသွင်းတာတို့ မူးယစ်ဆေးထိုးတာတို့မှာသုံးတဲ့အပ်က အခေါင်းပေါက်ပါတယ် အဲ့ဒီအခေါင်းကလဲ လေမခိုနိုင်အောင် လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဒီမှာ ကပ်ကျန်နေတဲ့ပိုးဆိုရင်တော့ အချိန်တော်တော် ကြာတဲ့အထိ အသက်ရှင်နိုင်ပါတယ်။ သူ့မှာ ကိုယ်ခန္ဓာ အပူချိန်မရှိပေမယ့် လေမဝင်နိုင်တဲ့အတွက် သွေးပမာဏ အလျောက် အပ်က ထိန်းပေးထားနိုင်တာကိုး။ နောက် နမ်းတာကနေကော ကူးမလား စဉ်းစားကြည့်ရအောင်… လူတယောက်က နေ ပိုးကထွက်လာရပါမယ်။ အရည် ဘာအရည်လဲ။ ဘယ်သူကများ ဟယ်သွေးတွေနဲ့ ပါးစပ်ကြီး လာနမ်းလိုက်ကြစို့ လို့များရှိသလား အဲ twilight light တို့ new moon saga တို့ထဲက ဒရက်ကူလာ Robert Pattinson ဆိုရင်တော့ တီလဲပြောတတ်ဘူး။ တီဆိုရင်တော့ ထပ်ကူးမယ်ဆိုရင်တောင် အကြိမ်တထောင်ကူးဝံ့တယ်လို့ပဲ ပြောချင်တယ် (အဟဲဟဲ နီရူဒ ကိုနောက်တာ မှုတ်ပါ)

တခု ထပ်ပြောပါမယ် စကားမကျန်အောင်ပါ။ တီခုပြောနေတာာ HIV အကြောင်းနော်။ တခြား ကာလသား STIs/STDs (Sexually Transmitted Infections/Diseases) တွေမပါဘူးနော်။ အဲ့တော့ HPV B တို့ HPV C တို့စတဲ့ အသည်းရောင် အသားဝါ ပိုးတွေ တခြား ဆစ်ဖလစ် ဘာညာ တွေမပါပါဘူး။ အဲ့တော့ ……

ကဲ နောက်တဇာတ်လမ်းဆက်ရမှာက ခြင်ကိုက်ရင်ကူးမကူးပါ။ အောက်မှာ သုတေသန နှစ်ခု ကိုဖော်ပြထားပါတယ်။ အကြမ်းဖျင်းက ဘာကိုဆိုလိုသလဲဆိုတော့

1. ခြင်က လူ ကိုကိုက်တဲ့အခါမှာ သူ့ ရဲ့ တံတွေးကို ချော်ဆီအဖြစ် လူရဲ့ ခန္ဓာကိုယ်ထဲကို ထိုးထည့်ပါတယ်တဲ့။
2. ပြီးတော့ မှ လူရဲ့ သွေးကိုစုပ်တာပါ။ အဲ့တော့ ခြင်တကောင်က လူတယောက် (ပိုးရှိတဲ့လူတယောက်) ကိုကိုက်လာခဲ့ရင်တောင် နောက်လူတယောက်ကို ကိုက်တဲ့အခါ ပထမ ကိုက်လာတဲ့ လူရဲ့ သွေးကို နောက်လူထဲကို ပြန်မထိုးထည့်ပါဘူးတဲ့။ သူ့ရဲ့ တံတွေးကိုသာ ထိုးထည့်တာပါတဲ့။ အဲ့တော့ ခုန အပေါ်ကပြောခဲ့တဲ့ အချက်လေးချက်ထဲက ဘယ်အချက်နဲ့ ကိုက်မကိုက်ပြန်ကြည့်ကြရအောင်နော်။
• ပထမဆုံး ပိုးရှိတဲ့လူဆီကနေ ထွက်လာပါသလား? (ထွက်လာတယ်နော် အကိုက်ခံရတယ် သွေးစုပ်သွားတယ်လေနော်)
• အချက် ၂ နဲ့ ၃ လဲ ပြည့်စုံပါတယ် ပိုးရှိတဲ့ လူရဲ့ သွေးလေနော်
• ဟော ဒါပေမယ့် အချက် ၄ နဲ့ ပြည့်စုံသေးရဲ့လား? (မပြည့်စုံတော့ဘူးလေနော်)
• ပြီးတော့ ပိုးဟာ ခြင်ရဲ့ ကိုယ်ထဲကို ရောက်သွားတာနဲ့ ချက်ချင်းလိုလိုပဲသေပါသတဲ့ ပိုးမယ်နုလေနော်
• နောက်အရေးအကြီးဆုံးက ဘာလဲဆိုတော့ ခြင်တကောင်ဟာ လူတယောက်ကို ကိုက်ပြီးသွားရင် ဗိုက်ဝသွားပြီဖြစ်တဲ့အတွက် နောက် လူတယောက်ကို ချက်ချင်းမကိုက်တော့ပါဘူးတဲ့။ ဒါကလဲ လျှာရှည်တတ်တဲ့ မိကျောင်းသားတွေအတွက် သုတေသီတွေက ရှာရှာဖွေဖွေ တင်ပြထားတာပါ။
• ပိုရှင်းတဲ့ ဥပမာကတော့ တီတို့အရပ်ဒေသတွေမှာ တောင်ပေါ်ဒေသတွေရှိပါတယ်။ ငှက်ဖျားအားကြီးပေါပါတယ်။ ဒါပေမယ့် အဲ့ဒီအရပ်တွေမှာ HIV ကူးစက်နုံးက ထူးပြီးမများပါဘူးတဲ့။ ကဲရှင်းပြီနော်။ ခြင်ကိုက်လို့သာ HIV ကူးမယ်ဆိုရင် အဲ့လိုငှက်ဖျားများတဲ့ဒေသတွေမှာ HIV ကူးစက်နုံးကလဲငှက်ဖျားလိုပဲ အရမ်းမြင့်နေမှာပါ။

အဲ့တော့ မမကွမ်အမေးကို ပြန်ဖြေစရာမလိုတော့ဘူးထင်ပါတယ်နော်။ ပြီးတော့ ငါးတွေက ရေထဲမှာနေတယ်လေ။ အဲ့တော့ ငါးက ကိုက်လို့ တီ့ဆီက သွေးထွက်တယ်ဆိုရင်တောင် ရေတွေက ပိုးရဲ့ ကွာလတီ ကွမ်တတီကို ကျစေနိုင်ပါတယ်။ နောက်ပြီးတော့ သွေးတွေ က နောက်လူရဲ့ ကိုယ်ထဲကို ဝင်ဖို့ ဝင်ပေါက်လိုပါမယ်။ ရေနဲ့ရောနေပြီဖြစ်တဲ့အတွက် ဂါလံ လိုက်ဝင်ရန်လိုပါလိမ့်မယ်။ သောက်ရင်တောင်မှ အဲ့လောက်များတဲ့ရေတွေသောက်နိုင်ရင် ဂရင်းနစ်ထဲမှာ ဘရစ်နီ နဲ့အပြိုင်နေရာရနိုင်ပါတယ်လို့…………………..

အီးလိုဖတ်ချင်သူများအတွက် အောက်မှာ တီရှာထားတဲ့ source တွေနဲ့ Links တွေပါထည့်ပေးထားပါတယ်။


The San Francisco AIDS Foundation provides a very succinct summary of our arguments:


HIV is not transmitted by mosquitoes, flies, ticks, fleas, bees or wasps. If a bloodsucking insect bites someone with HIV, the virus dies almost instantly in the insect's stomach (as it digests the blood). HIV can only live in human cells.
Mosquitoes cannot transmit HIV for two reasons:
The mosquito draws blood and injects saliva. The blood from one person is not injected into the mosquito's next victim.
HIV dies in the mosquito's body. People sometimes are confused because malaria actually reproduces inside the mosquito's digestive tract, using the insect as part of its life cycle. HIV does not.
These facts are confirmed by looking at infection patterns. In areas where mosquitoes are common and where HIV is prevalent, the distribution of AIDS cases in the population is not different from other areas. If mosquitoes transmitted HIV, they would be seeing a disproportionate number of children and elderly infected in those areas.

http://www.sfaf.org/aids101/transmission.html#insects



Perhaps a more widely trusted source would be the US CDC, and here's their info sheet, which also says the same thing:

Can I get HIV from mosquitoes?


No. From the start of the HIV epidemic there has been concern about HIV transmission from biting and bloodsucking insects, such as mosquitoes. However, studies conducted by the CDC and elsewhere have shown no evidence of HIV transmission from mosquitoes or any other insects–even in areas where there are many cases of AIDS and large populations of mosquitoes. Lack of such outbreaks, despite intense efforts to detect them, supports the conclusion that HIV is not transmitted by insects.
The results of experiments and observations of insect biting behavior indicate that when an insect bites a person, it does not inject its own or a previously bitten person's or animal's blood into the next person bitten. Rather, it injects saliva, which acts as a lubricant so the insect can feed efficiently. Diseases such as yellow fever and malaria are transmitted through the saliva of specific species of mosquitoes. However, HIV lives for only a short time inside an insect and, unlike organisms that are transmitted via insect bites, HIV does not reproduce (and does not survive) in insects. Thus, even if the virus enters a mosquito or another insect, the insect does not become infected and cannot transmit HIV to the next human it bites.
There also is no reason to fear that a mosquito or other insect could transmit HIV from one person to another through HIV-infected blood left on its mouth parts. Several reasons help explain why this is so. First, infected people do not have constantly high levels of HIV in their blood streams. Second, insect mouth parts retain only very small amounts of blood on their surfaces. Finally, scientists who study insects have determined that biting insects normally do not travel from one person to the next immediately after ingesting blood. Rather, they fly to a resting place to digest the blood meal.

Last Modified: October 20, 2006
Last Reviewed: October 20, 2006
Content Source:
Division of HIV/AIDS Prevention
National Center for HIV/AIDS, Viral Hepatitis, STD, and TB Prevention
http://www.cdc.gov/hiv/resources/qa/qa32.htm

15 comments:

  1. ရှင်းပြတာကိုတော့ကျေးဇူး။ တစ်ချို့အချက်တွေ သိတ်လက်မခံချင်သေးမေဲ့ အချက်အလက်မရှာရသေးဘူး။

    ReplyDelete
  2. ဟုတ်တယ် မမကွမ်
    အမှန်က ပြောပြီးရှင်းပြလို့ရရင် ပိုများများပြောနိုင်တာပေါ့
    မေးခွန်းတွေလဲ အပြန်အလှန်မေးလို့ရတာပေါ့
    ခုတော့ ဒီလောက်ပါပဲ

    မရှင်းသေးတာ မေးခွန်းတခုချင်းဆီအနေနဲ့တော့ ကွန်မန့်မှာပဲမေးရင် ဖြေပေးပါ့မယ်
    များရင်တော့ ပိုစ့်နဲ့ ဖြေပေးပါ့မယ်

    ReplyDelete
    Replies
    1. သွေးကိုတက်နင်းမိရင်ကောကူးစက်နိုင်ပါသလား ခမျ

      Delete
  3. ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. T.. got knowledge alot!! thx u so much..
    cant type mm font... ;(
    would like to ask one thing which is making me confused.
    is there any safe for using public toilets as we have to sit on commode? like HPV C, HPV B, STIs, STDs, etc...

    ReplyDelete
  5. good good good!!!
    nice contribution to yr reader!!!

    ReplyDelete
  6. dear sweet peony

    public toilet are safe for HIV but not for other STIs,
    and BTW HPV b is primarily same as HIV in transmission and HPV C is primary through needle and syrigne

    but from the public toilet you can catch some STDs and STIs, but again the chance is VERY VERY LOW, see the Q and A below to clear this up.

    Sexually Transmitted Diseases - Public Restroom

    --------------------------------------------------------------------------------
    Expert: Kimberly - 7/6/2004

    Question
    1)Can STD's exist in someone's urine, and be transmitted if they came in contact with another person.

    2) Can the physicals you take at the doctors office determine whether you have an STD or not?

    Answer

    For the most part you are safe from STDs unless you are having sexual intercourse or contact. Toilet seat have long been sited as POSSIBLE or THEORETICAL risk points for some sexually transmitted diseases. However, most professionals will venture to say that it is very VERY RARE to catch an STD from a public toilet seat. Based on theoretical risks that there might be something possible to catch, you can prevent this by being precautious, ie using toilet paper or covers or simply not sitting on the toilet. Keep in mind though that this is again more rare.

    Most STDs, such as chlamydia, gonorrhea, syphilis, herpes, and genital warts, are spread only through direct sexual contact with an infected person. Crabs (pubic lice) or scabies, which are often sexually transmitted, can be passed through contact with infested items like clothes, sheets, or towels.

    Viruses start to die immediately once they leave the skin of the infected person and moreover it would take a "perfect" scenario to pass to someone else with a toilet involved. The infected person would have to leave behind some sort of virus and then pretty much IMMEDIATELY a person would have to sit on the toilet with broken skin or the wet skin of their privates on the same spot...but even still the virus would already be dying. It usually could not penetrate normal skin like the skin on the back of the buttocks or thigh.

    I hope that I have helped.
    Kimberly

    http://en.allexperts.com/q/Venereal-Diseases-2106/Public-Restroom-1.htm

    ReplyDelete
  7. ခြင်တွေ တံတွေးတွေက မကူးနိုင်ဘူးဆိုတာတော့ ကြားဖူးနားဝရှိခဲ့ပါတယ်။
    ငါးကတော့ ခုမှ သိ၏။

    ReplyDelete
  8. စောစောက ပို့စ်မှားပြီးမန့်လိုက်လို့ ပြန်ဖျက်လိုက်တာ။

    တန်ဖိုးရှိတဲ့ ပို့စ်ကောင်းလေးအတွက် ကျေးဇူးနော်။ :)

    ReplyDelete
  9. တီချမ်းရေ ဗဟုသုတရသွားတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  10. So nice naw.. I need to learn from you something...
    Thanks for your Health Issue,I need to renew my memory, warming up again.
    LOVE,
    Diamond

    ReplyDelete
  11. Hello ကွိန်​​တော်​အရမ်းသိချင်​တာ​လေးတခုရှိလို့ပါ လိင်​ဆက်​ဆံမှုမှာ တကြိမ်​ထိုးသွင်းပြီးပြန်​ထုတ်​မိတာ​တောင်​ hiv ကူးနိုင်​လားခင်​ဗျ

    ReplyDelete
  12. For example, HIV can enter the body via the blood stream, where it multiplies itself without leaving behind any visible traces. However, those whose immune system is already weakened may need to take precautions. If you are curious to know more about accuracy of hiv rna test, here you can get more information about it.

    ReplyDelete