Monday, March 8, 2010

ဘဲရုပ်ဆိုးလေးတွေ



ဘဲရုပ်ဆိုးလေးတွေ

အဦးဆုံးအချစ်တွေအားလုံးဟာ
ဘဲရုပ်ဆိုးလေးတွေပါ
အဲ့ဒီအချိန်တုံးက
ထိခိုက်ခံစားလွယ်တာ
ဝမ်းနည်းကွဲရှလွယ်တာ
ပျော်ရွှင်ရစ်မူးလွယ်တာ
ရင်ခုန်နူးညံ့လွယ်တာတွေအားလုံးကို
အမှတ်ရနေတတ်တယ်လေ

နောက်ပိုင်းမှာတွေ့တဲ့ အချစ်တွေဆိုတာကတော့
အမွှေးအတောင်တွေစုံလာတဲ့ ဘဲငန်းတွေပေါ့
ဘာပဲပြောပြော ဘဲရုပ်ဆိုးလေးရဲ့
အနာအဆာတွေကတော့
မဖြတ်သန်းလို့မဖြစ်တဲ့
အတွေ့အကြုံ
ခံစားချက်တွေပါ

အဲ့တော့
တို့တွေ အားလုံးတချိန်တုံးက
ဘဲရုပ်ဆိုးလေးတွေပါ

A Chen
11:28 pm
8th March 2010
Home
Bangkok

5 comments:

  1. အပေါ်က ကြိုးကြာ။ အောက်က ဘဲ။
    ဘာမှလည်း မဆိုင်ဘူး။

    ReplyDelete
  2. အမှန်ကတော့
    ဘဲ နဲ့ ဘဲငန်းလေ
    ရှိတဲ့ပုံပဲ ထည့်လိုက်ရတာ

    ReplyDelete
  3. ပြီးတော့ ကွန်မန့်က ကိုယ့်ရဲ့ အချစ်ဒသန အကြောင်း မန့်ရမှာလေ
    ဘယ့်နှယ့်

    ReplyDelete
  4. မှန်ပါ့ .. ပထမဆုံးမြင်လိုက်ရတဲ့ ကြိုးကြာကြီးက ကဗျာကိုလာဖိနေတယ် .. အဲ့အမွေးအတောင်တွေလှတဲ့ငန်းကြီးတွေ အိုသွားပီး အမွေးအတောင်တွေကျွတ် အရိုးအရေပဲကပ်ကျန်တဲ့အခါ အရင်ကဘဲရုပ်ဆိုးလေးကို သတိရသေးလား မေးကြည့်ချင်သေး .. အဟီး

    ReplyDelete
  5. Forget in the past.
    Forgive him for brake away.
    Keep going in love yourself.

    BINO

    ReplyDelete