Monday, March 21, 2011

ထောပတ်သီးလက်ဖျော်

မြန်မာပြည်က ပြန်လာကတည်းက ချဉ်ချင်းတခု ပါလာပါတယ်။ ထောပတ်သီး စားချင်တာပါ။ မြန်မာပြည် ကို ၂ လပိုင်းက ခဏ ပြန်လိုက်တာ နေ့တိုင်းလိုလို စားဖြစ်ပါတယ်။ စဉ့်အိုးတန်း လမ်း အောက်ဘလောခ် အလယ်လောက်က အသီးဖျော်ရည်ဆိုင်မှာပါ။ နောက်မှ ပုံသပ်သပ်တင်ပေးပါမယ်။ လိုရင်းကတော့ ပြန်ရောက်ပြီး ကတည်းက စားချင်နေသေးတာ ထောပတ်သီးပါ။ ထောအောင် မဟုတ်ပါဘူး။ ယတြာ ချေတာလဲမဟုတ်ပါဘူး။ ဗိုက်ကြီးနေတာလဲမဟုတ်ပါဘူး။ စားချင်တာ သက်သက်ပါ။ ရှာတော့လဲ တွေ့ရတာပါ့။ လျာရှည်လေ တွေ့ရှိလေမှလား။ တခုပဲ ရင်နာနာနဲ့တွေ့ရတာပါ။ မိန်းမယူသွားတဲ့ ရည်းစားဟောင်းလိုပေါ့။ အင်းတီချမ်းလဲ ဘာတွေပြောနေမိပြန်ပြီလဲမသိပါဘူး။ ကလူ ကလူ ကလူ...

ခုနက ပြောသလိုပါပဲ ရှာတော့လဲတွေ့ပါတယ်။ တခုပဲ ပြောစရာရှိတယ် ဈေးကြီးနေတယ်။ ဈေးတော်တော်လေးကြီးနေတယ်။ ဈေးကြီးနေတယ်ဟေ့.....................................ပြောရင်းနဲ့ ဒေါသတောင်နည်းနည်း ထွက်လာပါတယ်။ ထောပတ်သီး အစိမ်းကိုလိုက်ရှာတော့ တော်တော်နဲ့မတွေ့ပါဘူး။
သူက ဘန်ကောက်မှာ မပေါပဲ ချင်းမိုင်မှာပဲ ပေါတယ် ဆိုပါကလား။ အဲ့တာနဲ့ ပဲ ဘယ်ရမလဲ ပါရာဂွမ် ကို သွားတာပေါ့။ တီက အသားဆိုလဲ အဲ့ဒီ ပါရာဂွမ် မှာပဲ ဝယ်လေ့ရှိပါတယ်။ အဲ့တာကြောင့် သူငယ်ချင်း အမ ကြီးတယောက်ကတောင် ကြီးကျယ်လိုက်တာလို့ပြောပါတယ်။ ပါရာဂွမ် က ဝက်သား ပဲဝယ်စားလို့လို့ ဆိုပါတယ်။ အမှန်ကတော့ ဈေးနည်းနည်းပိုကြီးတာမှန်ပါတယ်။ သို့သော် အသားကွာလတီက ကွာတယ်လေနော့ ကောင်းကောင်းစားချင်ရင် ဈေးကြီးပေးရမှာပေါ့လေ မဟုတ်ဘူးလား။ ပြောရင်းနဲ့ လိုရင်းက လွဲပြန်ပြီ အဲ့လိုပဲ ကြွားနေရရင် စားဝင်အိပ်ပျော် ကျန်းမာ လှပ လုပ်ပြန်ပြီ (အင်းလေ ဒီလိုပေါတောတောတွေမရေးရတာကြာလို့ ရေးမိပြန်တယ်တော့တယ် ခွင့်လွှတ်ပါ အသင် စာရှု့သူ)

အဲ့တာနဲ့ပဲ ခုန က ဘန်ကောက်မှာ ရှားနေတဲ့ ထောပတ်သီး အစိမ်း ကို အင်ပိုထ့်သီးတွေ အကုန်နီးပါးရတဲ့ ပါရာဂွမ်မှာ သွားရှာဝယ်ရပါတယ်။ အဲ့မှာ စိတ်နာတဲ့ ဇာတ်လမ်းက စတာပဲ။ အချင်း ထောပတ်သီးက တလုံး ကို ယိုးဒယား ငဝက်နဲ့ ၅၅ ဘတ်ပေးရပါတယ်။ အဲ့မှာ စိတ်နာတဲ့ ဇာတ်လမ်း ရဲ့ အစပေါ့။ မြန်မာပြည်မှာတုံးက ၁၀၀၀ ဖိုး ကို ၅ လုံး အီစိမ့်နေအောင်စားရတာ ခုတော့ တလုံးကို ၅၅ ဘတ် အကြမ်းဖျင်းတွက်ရင်တောင် ၁၈၀၀ ၂၀၀၀ ကျပ်လောက်ကျပြီ။ အဲ့တာနဲ့ မထူးပါဘူးဆိုပြီး စိတ်နာနာနဲ့ ၅ လုံးဝယ်လိုက်ပါတယ်။ နောက်တခါ ဝယ်မစားဘူးပေါ့။ အော် ပြောရအုံးမယ် အဲ့ဒီ သောက်ဈေးကြီးတဲ့ ရွှေထောပတ်က သြစတြေးလျ က လာတာပါတဲ့ အရပ်ကတို့ရေ.................................ပုံကိုကြည့်ကြပါ။ သေချာမြင်ရအောင် တံဆိပ် ကိုပါ အနီးကပ် ရိုက်ပေးလိုက်တယ်.............





ကဲ ကြွားတာတွေလဲ ပြီး...............အဲလေ စိတ်နာစရာတွေ ပြောပြီးတော့ အချိုလေးတွေနဲ့ ပြန်ဖြေရအောင်နော်...
ပထမ ဆုံး ထောပတ်သီး မှည့်လေးတွေ ကို နှစ်ခြမ်းခြမ်းပါတယ်။ နောက် စတီးဇလုံလေးထဲကို ဇွန်းတွေ နဲ့ ခြစ်ချပါတယ်။ ပုံ ၁ ပုံ ၂ ပုံ ၃ တွေ ကိုကြည့်ပါ။





ပုံ ၄ ပုံ ၅ ပုံ ၆ ကတော့ ခုန က ဇွန်း နဲ့ခြစ်ချထားတဲ့ ထောပတ်သီး တွေကို ဇွန်းနဲ့ပဲ ခေါက်ပေးပါ အဖတ်လေးတွေ ညက်ညက်လေး ဖြစ်အောင်ခေါက်ပေးပါ။ အိမ်သား (မောင် မှတ်ချက် ဝစ္စနှစ်လုံးပေါက်ပါပါတယ် သေချာဘတ်ပါ) ကတော့ စက်ဖျော် ကိုကြိုက်ပါတယ်။ ဒါပေမယ့်လဲ အိမ်သူ ကိုယ်က လက်ဖျော် ကိုပိုကြိုက်တော့ အိမ်သားက အိမ်သူ အကြိုက် ကိုလိုက်ရတာပေါ့နော်။ ထားပါ စကားစပ်လို့ တခုပြောချင်သေးတယ် တနေ့ကပေါ့ အိမ်သားက ပြောလာပါတယ် စိုင်းထီးဆိုင်သီးချင်းထဲကလိုပဲတဲ့ လိုချင်တာက မိဖုရား ညားတော့ ဘုရင်မ ဆိုပဲ သူကပြောတာပါ ကိုယ်ကပြောလိုက်တယ် ခုတော့ ဘုရင်ဖြစ်ချင်တဲ့လူ သုံ့ပန်းဖြစ်နေပေါ့လို့ (အချစ်သုံ့ပန်းပေါ့လေ) ငှဲငှဲငှဲ... ထားပါ...လွတ်ပြန်ပြီ အလယ်ပုံက သကြားခဲလေးတွေ ထည့်လိုက်တဲ့ပုံပါ အိမ်မှာ သကြားမှုန့် အလွယ်မရှိလို့ ကော်ဖီသောက်တဲ့ သကြားခဲပဲ အလွယ်ထည့်လိုက်ပါတယ်။ (စဉ်းစားမိသေးတယ် တီချမ်းသာဆို ဒီလိုဘယ်တော့မှ အလွယ်မလုပ်ဘူးလို့ အလွယ်လုပ်တာ ဟင်းကို ဖြစ်ကတတ်ဆန်းချက်တာ မိစနိုးတို့ လို မိန်းမတွေအလုပ်လို့ ) ထားတော့....နောက်ဆုံးပုံက နို့ဆီ တွေ ထည့်ပါတယ် ပေါပေါရသလို များများသာထည့်ပါ အဲ့တာမှအရသာရှိမှာ.............





ပုံ ၇ က နွားနို့ထည့်ပါတယ်။ ဘူးထဲက ထွက်သလောက်သာ ဒလဟော လောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ပုံ ၈ မှာ ပြထားသလို ဇွန်းလေးနဲ့ မွှေမွှေမွှေပေါ့။ ပစ်နေအောင်မွှေပါ။ လိုအပ်တယ်ထင်ရင် နို့ဆီနဲ့ နွားနို့ သကြား ကြိုက်သလောက်ထပ်ထည့်ပါ။ (ဆီးချိုရှိသူများ တီချမ်းပို့စ် အတိုင်းလိုက် မလုပ်ရ) နောက်ဆုံး ပုံကတော့ သေချာမွှေထားပြီးသား ထောပတ်သီး လက်ဖျော်တွေကို ဘူးလေးနဲ့သေချာထည့်ပြီးတော့ မှရေခဲသေတ္တာ (အသစ်) ထဲ ကို ထည့်ထားလိုက်ပါတယ် နောက်နေ့ စားဖို့ ဟိဟိဟိ...........တော်သေးပြီ။

A Chen
3:12 AM
21st march 2011
Monday
Home
Bangkok

5 comments:

  1. your loving style makes me smile, release stress.

    ReplyDelete
  2. it is true that the quality of the meat from the gourmet market is so much better than others. (Am I showing off?) Hope not, since I have been thinking of buying the avocado for years, and hasn't bought them yet due to the price! By the way, they looks yummy.

    ReplyDelete
  3.ှတီ... ထောပတ်အဲ့လောက် အများကြီးစားတာ အပူကန်တာ မဖြစ်ဘူးလား။
    မေဒီလည်း ထောပတ်လက်ဖျော်သိပ်ကြိုက်...
    ယိုးဒယားရောက်ရင် တီ့ဟင်းလက်ရာ စားချင်လိုက်တာ။

    ReplyDelete
  4. ရေခဲသေတ္တာ ( မသစ် )တော့ဘူးလေ ကြာမှပဲ တီချမ်းကလည်း

    ReplyDelete
  5. ဘာပြုလို. ချက်ချင်းမစားတာလဲဟင် အဲလိုရေခဲသေတ္တာ (အသစ်)ထဲ မထည်.ရင်ကော ရလား

    ReplyDelete