Thursday, March 24, 2011

တရားခံစစ် မစစ်ရ

တရားခံစစ် မစစ်ရ

တချို့မိန်းမတွေ အမြဲလိုလို လင်ယောက်ျား ဒါမှမဟုတ် သူတို့ ရဲ့ ရည်းစားတွေက သူတို့ ကို ဘာမှမပြောပြဘူးလို့ ညည်းလေ့ရှိကြတယ်။ တကယ်တော့ အဲ့လိုဖြစ်ရတာ အဲ့ဒီ မိန်းမတွေ ကိုယ်တိုင် လုပ်ခဲ့လို့ပဲ ဆိုတာတော့ သူတို့ ကိုယ်သူတို့မသိကြဘူး။

ဥပမာပေးရရင် ယောက်ျားက အားရဝမ်းသာနဲ့ အကြောင်းအရာတခု ကိုပြောဖို့ စကားစတယ်ဆိုပါစို့…

“ဟေ့ တနေ့က မောင်သန့်တို့ နဲ့ အရက်သွားသောက်ကြတုံးက…” လို့ပြောတုံးရှိသေးတယ်။ ချက်ချင်းလိုလို မိန်းမ လုပ်သူက “ဘာ…ရှင်ဘယ်တုံးက မောင်သန့် တို့နဲ့ အရက်သွားသောက်ပြန်ပလဲ။ ကျမ က ဘာကိစ္စ မသိရတာလဲ?” လို့ချက်ချင်း ပါးစပ် စက်သေနတ်ပစ်ပါတော့တယ်။

ယောက်ျားက စိတ်ပျက် လက်ပျက်နဲ့ “ပြီးခဲ့တဲ့ အင်္ဂါကလေကွာ….” လို့လေပြေထိုးရုံရှိသေး မိန်းမက အင်္ဂါနေ့ဆိုတဲ့ လေသံကြားတာနဲ့ “ဘာ…ပြီးခဲ့တဲ့ အင်္ဂါက ရှင်ကျုပ်ကိုပြောတော့ အိုဗာတိုင်ဆို” လို့တရစပ် တရားခံစစ်သလိုစစ်ပါတော့တယ်။ အစက မိန်းမကို အေးအေးဆေးဆေး အဲ့ဒီ အင်္ဂါက ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာကိစ္စဖြစ်ချင်လဲဖြစ်မယ်၊ ရယ်စရာ ဟာသ တခုခုဖြစ်ချင်လဲဖြစ်မယ် ပြောပြပြီး လင်မယား နှစ်ယောက် တူတူ ပြောဟယ် ဆိုဟယ် ရှိဖို့ရည်ရွယ်ထားတဲ့ ယောက်ျားခမျာ ဘာကိုမှပြောချင်စိတ်မရှိတော့အောင် ဖြစ်သွားတော့တာပဲ။

အဲ့တာတောင် မိန်းမ က အခြေအနေ ကို သဘောမပေါက်သေးပဲ…ဆက်ပြီး“မောင်သန့် အပြင် ဘယ်သူတွေပါသေးသလဲ? မိန်းမတွေရော ပါသေးသလား? ရှင်တို့ဘယ်ဆိုင်မှာ အရည်သွားဆို့ ကြတာလဲ” လို့ဆက်ပြီး ပါးစပ်ပေါက်ပေါက်ဖောက်ပါတော့တယ်။ ဒီအနေအထားကိုရောက်မှ တော့ ယောက်ျားခမျာလဲ လေလျော့ထားတဲ့ ဘောလုံးလို ပိန်လိမ်ရှုံ့တွပြီးတော့ နောက်ကို ဘာကိစ္စဖြစ်ဖြစ် ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာပဲဖြစ်ဖြစ် ဒီိလို ပစိပစပ် ရှည်တဲ့ မိန်းမကိုနောင် ဘယ်တော့မှ ဘာမှ ပြောတော့မှာ မဟုတ်ပါဘူး။ ပြောချင်စိတ်လဲ ရှိ တော့မှာ မဟုတ်ဘူး။ အစကတော့ လင်မယား အတူတူ စကားလေးဘာလေးပြော လေလေးဘာလေးကန်ဖို့ရည်ရွယ်ထားတာကနေ နောက်ဆုံးတော့ တရားခံစစ်သလို အစစ်ခံရတော့ ယောက်ျားလဲ တော်တော်လေးနှာတင်းပြီး စိတ်ပျက်သွားမယ်။ မျှဝေမယ့်စိတ်ကူးက တရားခံစစ် အစစ် ခံလိုက်ရတော့ ရှင်းပြရတာနဲ့တင် စိတ်ကုန်စရာဖြစ်သွားမယ်။ နောက်ကိုလဲ ဘာလို့ ကိုယ့်ဘာသာ ပြဿနာမီးထွန်းရှာနေမလဲ ဘာမှမပြောဘဲနေရင် အအေးဆုံးလို့ တွေးမိသွားမယ်။

မိန်းမတွေအနေနဲ့ ကိုယ့်ယောက်ျားက ကိုယ့်ကို ဘာမဆို ပြောစေချင်တယ်ဆိုရင် သူက “တနေ့က ဟိုကောင်နဲ့ ကော်ဖီဆိုင်ထိုင်တယ်” လို့ပြောရင် “ဘယ်ကောင်နဲ့ လဲ” လို့ မမေးပါနဲ့။ “ဟိုတရက်က ဟိုကောင်နဲ့ စားသောက်ဆိုင်သွားတာ” လို့ စကားစလာရင် “ဘယ်စားသောက်ဆိုင်မှာ စားတာလဲ”လို့မမေးပါနဲ့။ “ပြီးခဲ့တဲ့ အပတ်က မောင်သန့် တို့နဲ့ အရက်သောက်ကြတုံးက” လို့ ပြောလာခဲ့ရင် “ဘယ်ရက်ကလဲ” လို့မမေးပါနဲ့။ ဘယ်သူနဲ့လဲ၊ ဘယ်နေရာမှာလဲ၊ ဘာသွားလုပ်တာလဲ၊ ဘယ်သူတွေပါသေးလဲ? စတဲ့ မေးခွန်းတွေက ဘာများအရေးပါလို့လဲ။ အရေးကြီးတာက လင်ရယ်မယားရယ် ကိုယ့်အကြောင်း သူ့အကြောင်းဝေမျှ ဖလှယ် စကားလေးဘာလေးပြောဆို ရင်းအေးဆေးသက်သာနေလို့ရတဲ့ အချိန်မှာ ဘာကိစ္စ တရားခံစစ်စစ်နေမလဲနော်။

တရားခံစစ်စစ်တယ်ဆိုတာ တရားသူကြီးလုပ်ရမယ့် ဝတ္တရားပဲ။ အလုပ်ပဲ။ မိန်းမတွေ လုပ်ရမယ့် အလုပ်မှမဟုတ်တာ။ ထားလိုက်ပါ။

A Chen

11:55 AM

24th March 2011

Thursday

Bangkok

11 comments:

  1. LikeUnlike · · Share · Delete

    *
    *
    *
    o
    Aye Myat Myat Ko အဲ့ မိန်းမက တရားသူကြီး တကယ်ဖြစ်နေရင်ရော မေးလို့ရလား။
    2 hours ago · LikeUnlike
    o
    Addy Chen စကား ကိုကပ်မပြောနဲ့
    ရေးရင်နဲ့ ရှင်ကတော့ အဲ့လိုကိုမေးတော့မှာ ပဲ လို့တွေးမိသေးတယ်
    မေးကိုမေးတော့တာပဲ
    ခုကတည်းက ကို လျာရှည်နေပြီမောင်နဲ့ ကျရင် ဆင်ခြင်
    2 hours ago · LikeUnlike
    o
    Aye Myat Myat Ko lolz
    2 hours ago · LikeUnlike
    o
    Addy Chen တခါတခါကျရင် အဲ့လိုပဲ ခုန မနက်ကပြောတော့ ယောက်ျားတွေ မကောင်းတဲ့ အကြောင်းရေးမလို့ပါ
    ရေးရင်း နဲ့ အဲ့လိုဖြစ်သွားတယ် အစိုးမရဘူး
    တက္ကသိုလ် ဘုန်းနိုင် ခိုင်ထဲမှာ ပြောတဲ့ စိတ္တဇဆန်သော လူနဲ့တူသော ဇာတ်ကောင်များ ဆိုတာ သတိရမိတယ်
    2 hours ago · LikeUnlike
    o
    Aye Myat Myat Ko မပူနဲ့ ကိုယ် လျှာရှည်ရတယ်လို့ကို တခါမှ မရှိဘူး။ ယုံချင်ယုံ မယုံချင်နေ
    2 hours ago · LikeUnlike
    o
    Aye Myat Myat Ko စကားမစပ် ခိုင် ကိုတော့ ခုထိ မဖတ်ဖူးသေးဘူး။ ဖတ်မိသမျှ ဘုန်းနိုင် ဇာတ်ကောင်တွေထဲတော့ တခုမှ လူနဲ့တူတာ မပါဘူး။ အကုန်လုံး စာရေးဆရာလက်ထဲက ဖြစ်လာတဲ့ အမျိုးအစားတွေချည်းပဲ။ (ကိုယ် မမီတာလည်း ဖြစ်နိုင်တယ်)
    2 hours ago · LikeUnlike
    o
    Addy Chen ပို့လိုက်မယ် ခု
    2 hours ago · LikeUnlike
    o
    Aye Myat Myat Ko ပို့လိုက် ဖတ်ချင်မှတော့ ဖတ်ဖြစ်မယ်။
    2 hours ago · LikeUnlike
    o
    Addy Chen ဘတ်ချင်ဘတ်မဘတ်ချင်နေလေ
    2 hours ago · LikeUnlike
    o
    Aye Myat Myat Ko ကြည်အေး တမ်းတတတ်သည် ကိုတောင် ခုထိ မဖတ်မိသေးလို့ပါ။
    2 hours ago · LikeUnlike
    o
    Addy Chen ကြည်အေး ကတော့ ပိုအေးသလိုပဲ အောင်ဖြိုးကတော့ ငြင်းမယ်
    ဝတ္ထုတိုပေါင်းချုပ်တောင် ဝယ်ထားပြီး မဘတ်ရသေးဘူး
    2 hours ago · LikeUnlike
    o
    Wai Wai Lwin ရှင်ပဲသတိထား အားရင်စစ်ဆေးမေးမြန်းနေတာ
    about an hour ago · Like

    ReplyDelete
  2. ဟဲ့ နင့်အကြောင်းနင်ရေးထားတာလား။
    အရမ်းကို သရုပ်တူနေလို့ပါ။ အဲ့ထဲက မိန်းမလုပ်တဲ့သူနဲ့။

    ReplyDelete
  3. သူလုပ်တာတွေပဲ သူပြန်ရေးထားတာ ဖြစ်မှာပေါ့။ ထင်တော့ ထင်သား။ LOL =D

    ReplyDelete
  4. ထားပါတော့ ကိုယ်လုပ်တာတွေကို နောင်လာနောက်သား အမျိုးသမီး ထုအတွက် ရေးပေးခဲ့နိုင်တယ် ဆိုလဲ နည်းလားနော်

    ReplyDelete
  5. မောင် ကတော့ ပြောပါတယ် ”မောင့် အသည်းကလေးက ဒီလိုမဟုတ်ပါဘူး” တဲ့

    ReplyDelete
  6. အင်း ဒါကို သေသေချာချာမှတ်သွားရမယ်
    ငါ တရားသူကြီး မဟုတ်ဘူး
    သူကလည်း တရားခံမဟုတ်ဘူးဆိုတာ
    ဒါမယ့် မိန်းမတော်၂များ တရားသူကြီးလုပ်ရတာ အတော် ၀ါသနာပါကြတာကလား

    ReplyDelete
  7. ပဲခူးငါးချဉ်ကတော့ သူ့ငါးချဉ်သူချဉ်တာ စမ်းပါဘူးဟယ် :P
    ဘာပဲဖြစ်ဖြစ်လေ သတိပေးတဲ့ပိုစ့်လေးအတွက် ကျေးဇူးပါတော်။

    ReplyDelete
  8. ဟုတ်ပါတယ်။.. ဒီလိုအဖြစ်တွေကို ဆင်ခြင်နိုင်ရင် ကောင်းပါတယ် တီချမ်းရေ.

    ReplyDelete
  9. LikeUnlike · · Share · Delete

    *
    *
    *
    o
    Aye Myat Myat Ko အဲ့ မိန်းမက တရားသူကြီး တကယ်ဖြစ်နေရင်ရော မေးလို့ရလား။
    Thursday at 1:01pm · LikeUnlike
    o
    Addy Chen စကား ကိုကပ်မပြောနဲ့
    ရေးရင်နဲ့ ရှင်ကတော့ အဲ့လိုကိုမေးတော့မှာ ပဲ လို့တွေးမိသေးတယ်
    မေးကိုမေးတော့တာပဲ
    ခုကတည်းက ကို လျာရှည်နေပြီမောင်နဲ့ ကျရင် ဆင်ခြင်
    Thursday at 1:03pm · LikeUnlike
    o
    Aye Myat Myat Ko lolz
    Thursday at 1:05pm · LikeUnlike
    o
    Addy Chen တခါတခါကျရင် အဲ့လိုပဲ ခုန မနက်ကပြောတော့ ယောက်ျားတွေ မကောင်းတဲ့ အကြောင်းရေးမလို့ပါ
    ရေးရင်း နဲ့ အဲ့လိုဖြစ်သွားတယ် အစိုးမရဘူး
    တက္ကသိုလ် ဘုန်းနိုင် ခိုင်ထဲမှာ ပြောတဲ့ စိတ္တဇဆန်သော လူနဲ့တူသော ဇာတ်ကောင်များ ဆိုတာ သတိရမိတယ်
    Thursday at 1:05pm · LikeUnlike
    o
    Aye Myat Myat Ko မပူနဲ့ ကိုယ် လျှာရှည်ရတယ်လို့ကို တခါမှ မရှိဘူး။ ယုံချင်ယုံ မယုံချင်နေ
    Thursday at 1:05pm · LikeUnlike
    o
    Aye Myat Myat Ko စကားမစပ် ခိုင် ကိုတော့ ခုထိ မဖတ်ဖူးသေးဘူး။ ဖတ်မိသမျှ ဘုန်းနိုင် ဇာတ်ကောင်တွေထဲတော့ တခုမှ လူနဲ့တူတာ မပါဘူး။ အကုန်လုံး စာရေးဆရာလက်ထဲက ဖြစ်လာတဲ့ အမျိုးအစားတွေချည်းပဲ။ (ကိုယ် မမီတာလည်း ဖြစ်နိုင်တယ်)
    Thursday at 1:07pm · LikeUnlike
    o
    Addy Chen ပို့လိုက်မယ် ခု
    Thursday at 1:09pm · LikeUnlike
    o
    Aye Myat Myat Ko ပို့လိုက် ဖတ်ချင်မှတော့ ဖတ်ဖြစ်မယ်။
    Thursday at 1:09pm · LikeUnlike
    o
    Addy Chen ဘတ်ချင်ဘတ်မဘတ်ချင်နေလေ
    Thursday at 1:10pm · LikeUnlike
    o
    Aye Myat Myat Ko ကြည်အေး တမ်းတတတ်သည် ကိုတောင် ခုထိ မဖတ်မိသေးလို့ပါ။
    Thursday at 1:10pm · LikeUnlike · 1 personLoading...
    o
    Addy Chen ကြည်အေး ကတော့ ပိုအေးသလိုပဲ အောင်ဖြိုးကတော့ ငြင်းမယ်
    ဝတ္ထုတိုပေါင်းချုပ်တောင် ဝယ်ထားပြီး မဘတ်ရသေးဘူး
    Thursday at 1:12pm · LikeUnlike · 1 personLoading...
    o
    Wai Wai Lwin ရှင်ပဲသတိထား အားရင်စစ်ဆေးမေးမြန်းနေတာ

    ReplyDelete
  10. David Aye Myat - သူများအတွက် နင်ရေးတဲ့ ပို့စ်ပေါ့ ဟုတ်လား။ နင့် အတွက် မဟုတ်ဘူးထင်တယ်။ ဒါကြောင့် စာကြွင်းမှာကို ပါထားတာ။ ယေဘုယျ လင်မယားများသာတဲ့။ နင်တို့ကတော့ ယေဘုယျထက်သာလွန်နေတာကို။ ငါ့ကို ပြန်မကပ်နဲ့နော်။ ငါအခု အရမ်းချစ်တတ်နေတယ်။ ဒါပဲ။9:56 am

    ReplyDelete