Wednesday, July 13, 2011
မယုံသင့်တဲ့ မမ်မိုရီ...........
မယုံသင့်တဲ့ မမ်မိုရီ...........
သူငယ်ချင်းမမကြီးတယောက်ပါ.... ၁၇ နှစ် လုံးလုံး ရှိပြီ။ ကောင်လေးတယောက်ကို မေ့မရခဲ့ပါဘူးတဲ့။ ၁၃ နှစ်သမီး တုံးကပေါ့...သူနဲ့ကောင်လေး ၆ လလောက်ကြိုက်ပြီး လမ်းခွဲခဲ့ကြတာပေါ့။ နှစ်တွေကြာလာတော့ သူလဲ ရည်းစားတွေ ထပ်ရပါတယ်။ နောက်တော့ အိမ်ထောင်ပြုလိုက်တယ်။ ကိုယ့်မိသားစုနဲ့ကိုယ်ပေါ့လေ။
ဒါပေမယ့် ဘာ့ကြောင့်ရယ်မသိ သူ အဲ့ကောင်လေး ကိုမေ့မရပါဘူး။ ကောင်လေးနေတဲ့ အိမ်နား တဝိုက်မှာ မကြာမကြာ သူယောင်လည်လည် လုပ်နေတတ်တယ်။ ကောင်လေး အိမ်က ပြတင်းပေါက်ကို မော့မော့ကြည့်ရင် ကောင်လေးကိုများ တခါတခါ တွေ့ရလေမလားလို့ သွားသွားချောင်းတတ်ပါတယ်။
နောက်တော့ မကြာပါဘူး ကောင်လေး က အိမ်ပြောင်းသွားပါတယ်။ သူလာလာချောင်းနေတာ သိလို့တော့ မဟုတ်ပါဘူး။ ဒီလိုပဲ သူ့ဘာသာ ပြောင်းသွားတာပါ။ ၁၇ နှစ် ကြာသွားပြီးတဲ့ အခါမှာတော့ ကောင်လေးက ဆံပင်ညှပ် ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတာ သိသွားတဲ့ သူမ သတ္တိတွေမွေးပြီး ကောင်လေး ကို သွားရှာပါတယ်။
အဲ့ဒီအချိန်မှာတော့ ကောင်လေးက ယောက်ျားကြီး တယောက်တောင် ဖြစ်နေပြီပေါ့။ သူ့ပုံစံ က သိပ်တော့ မပြောင်းလဲ သွားပါဘူး။ အထူးသဖြင့် မျက်ဝန်းတွေ ဆို အရင်လို ရီဝေဝေရှိနေတတ်တုံးပဲ။
သူမ က အားတင်းပြီးတော့
“တို့ ကိုမှတ်မိလားဟင်?” လို့မေးလိုက်တယ်။
သူက ကြောင်တောင်တောင်နဲ့ကြည့်လို့.....မျက်ဝန်းတွေမှာ ဘာအရိပ်အရောင်မှမပါဘူးလေ။
သူမ သူ့ရှေ့မှာ ရပ်နေရင်းနဲ့ မျက်နှာ ကို ဘယ်ထားရမှန်းမသိလောက်အောင် ရှက်သွားခဲ့တာ။ နောက်ဆုံးတော့ သူ သတိရလာပါတယ်။ သူ့အရှေက က မိန်းမဟာ အရင် သူ အသက် ၁၅ ၂၀ လောက်က ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းတယောက်ဆိုတာ။ နာမည်ကိုတော့ သူမမှတ်မိတော့ဘူး။
အစက သူမ ဘာသာ စဉ်းစားစီစဉ်ထားတာက လင်ယောက်ျား ကိုပစ်ပြီး သူနဲ့ တူတူ ဝေးရာ ကိုပြေးပြီး နှစ်ယောက်ကမ္ဘာတည်ကြမယ်ပေါ့။ ခုတော့...ဘယ်လိုလုပ်ပြီး သူ့ကိုပြောရပါ့မလဲ...?
သူက သူမ ကို သူ့အကြောင်းတွေပြောပြနေပါသေးတယ်။ သူလက်ထပ်လိုက်ပြီတဲ့ မိဘတွေပေးစားတာ။ ကလေးတောင် ရနေပြီ လို့ ဆိုပါတယ်။ အရင်က ငယ်ဘဝတုံးက ရည်းစားဟောင်း ကို အခု မျက်နှာချင်းဆိုင်ပြန်တွေ့ချိန်မှာ သူ့မှာ ဘာခံစားချက်မှ မရှိတော့ဘူးလေ။ သူမ သူ့ကို ခုမှ ဘာစိတ်ကူးပေါက်ပြီး လာရှာသလဲ လို့ နားမလည်စွာတွေးနေတာတခုပါပဲ။
သူမ ရဲ့စိတ်မှတ်ဥာဏ်ထဲမှာ ဟိုး အရင် လမ်းခွဲခဲ့တဲ့ ၁၇ နှစ် ကတည်းက သူဟာ စွဲစွဲမြဲမြဲ တောက်လျောက် မှတ်မိနေခဲ့တယ် အမှတ်တရ ရှိနေခဲ့တယ်ဆိုတာ လဲသူလုံးဝမသိခဲ့ပါဘူး။
သူမ က ကိုယ့်ကိုကိုယ် အားပေးနှစ်သိမ့်တဲ့ အနေနဲ့ တကယ်လို့ သူမက သူ့ကို အမှတ်တရ ရှိနေခဲ့တာသာ သူသိရင် သူ နားလည်မှာပါတဲ့။
ခံစားချက်တောင် မှ မရှိတော့တာ ဘယ်ကလာပြီး နားလည်မှု ရှိမလဲနော်။
အဲ့တာကြောင့်ပြောတာ ကိုယ့် မမ်မိုရီ ကိုလဲကိုယ့်ဘာသာ သိပ်မယုံပါနဲ့ လို့။ ကိုယ့် မှတ်ဥာဏ်ထဲက ကိုယ့်ချစ်သူက ကိုယ့်ကိုလဲ အမှတ်ရနေပါ့မယ် သတိရနေပါ့မယ် လို့ဘယ်သူက မှ အာမမခံ နိုင်ဘူးလေနော်။
တခါတခါ ကိုယ်တွေဘာသာ တဘက်သတ်စွဲလမ်းတာလဲ ဖြစ်နိုင်သေးတာပဲ တဘက်ကတော့ လွမ်းလို့ကျန်ရစ်ခဲ့မှာ ကို အားနာပါတယ်လေ လို့ တောင် ပြန်ပြောဖို့ မလွမ်းလောက်တော့ဘူး။
မှတ်ချက်။
တီချမ်း က လုပ်ကြံပြီးရေးတယ် လို့ထင်ရင်လဲ အပြင်မှာတကယ်ရှိလို့ လို့ပဲမှတ်ပါ။ မမကွမ်တော့ မဟုတ်ပါ။
A Chen
13th July 2011
Wednesday
4:35 PM
Bangkok
Subscribe to:
Post Comments (Atom)
အပြင်မှာ တကယ်ရှိတတ်ပါတယ်။ သူငယ်ချင်းတယောက်ကို ပေးဖတ်အုံးမှ။
ReplyDeleteယောက်ျားတောင် ရပြီးမှကွယ်။ မေ့မရရင် ဘာလို့  စကတည်းက ရအောင်မယူခဲ့လဲ။
ReplyDeleteအပြင်မှာတကယ်ရှိကြောင်း..သက်သေပြချင်လိုက်ထာနော်
ReplyDeleteဒါကြီးက မေးလ်ကဖော်ဝပ်ရတာကြီးမဟုတ်ဘူးလား..။ မစံပယ်ဖြင့် ဒီဇာတ်လမ်းကြီး မေးလ်ကနေ ဖော်ဝပ်ရဘူးသလားလို့..။ ဟုတ်လား တီချမ်း..။
ReplyDeleteအဲဒီတီချမ်းကြီးအမြင်ကတ်တယ်တော့..။ တီချမ်းပုံပြောမယ်ဆိုလို့ ၀င်ဖတ်လိုက်တာ သူ့အဘွားပုံကြီးတင်ထားတယ်..။ သူများဘလော့မှာလည်း သူ့အမျိုးတွေကဘယ်ပုံဘယ်လိုနေတတ်ကြတယ်ဆိုတာ ကွန်းမင့်ဝင်ရေးသွားတယ်..။ သူများကကြောက်တတ်ပါတယ်ဆို..။ ည ၁၂ ကျော်မှ lift ကနေတက်ရပါတယ်ဆို တီချမ်းလာရေးတာနဲ့ ကျောချမ်းချမ်းနေလို့ နောက်လှည့်ပြီး သေချာကြည့်ကြည့်နေရပြီ..။ အဲဒီတီချမ်းကြီးတော့ သူ့အမျိုးတွေ နေ့တိုင်းလာတွေ့ကြပါစေ တော်..။ အမြင်ကိုကတ်တယ်..။ ဟင်း...။
ReplyDeleteပေးဖတ်ဦးမယ် သူငယ်ချင်း တယောက်ကို...
ReplyDelete