Friday, July 8, 2011

ကြည်လဲ့လဲ့ဦး တုတ်ထိုး

တလောကတည်းက တုတ်ထိုးလုပ်စားမယ် တင်မယ် ဘာညာ ဘာညာ ပြောနေအော်နေတာ အတော်ကြာပါပြီ။ တကယ်က တီက တုတ်ထိုး မလုပ်တတ်ပါဘူး စားပဲစားတတ်တာပါ။ တုတ်ထိုးဆိုရင် ဆီနဲ့ ကြော်တာလဲ ကြိုက်တယ် ရေနဲ့ပြုတ်တာလဲ ကြိုက်တယ် ရန်ကုန်စတိုင်လ် လဲကြိုက်တယ် မန္တလေး စတိုင်လ် လဲ ကြိုက်တယ် နီနီအရောင် အရည်တွေနဲ့တောင်ကြီး စတိုင်လ် မငြင်းဘူး ကြံမဆိုင်ထည့် ပြုတ်တဲ့ အရည်သောက်လဲ လာထားပဲ

ငယ်ငယ်ကဆို မိုဃ်းကောင်းဘုရားပွဲနေ့တွေဆိုရင် ကျောက်ကုန်းမှာ နေတဲ့ သူငယ်ချင်း ခြံထဲ ကနေ အသည်ကို တောင်းလိုက် ခေါ်စားနေကြပါ။ အဲ့တုံးက ခြင်း ၁၆ တွေ ဘာတွေတောင်မပေါ်သေးဘူး တီတို့က ခြင်းလိုက် အုပ်နေပြီ။

နောက် ငယ်ငယ်က တသက်လုံးကြီးလာတာကတော့ ရန်ကင်း ၁၂ လုံးတန်း တုတ်ထိုးပါ ရောင်းတဲ့ လူကြီး ဆို မိုက်တယ် သူ့သားသမီးတွေအကုန် တုတ်ထိုးရောင်းပြီးကျောင်းထားလာတာ နောက်တော့ မြေနီကုန်း
ရောက်တော့ မြေနီကုန်း ရွှေမန်းရုံ နားက အဖိုးကြီး တုတ်ထိုး အဲ့မှာ လဲ ဂျမခါနာက နပ်စ်မတွေ ဆရာဝန်မတွေနဲ့အကြီး အကျယ် ရန်တွေဖြစ်ပြီး စားခဲ့ရတာပါ မှတ်မှတ် ရရနောက် မန်းတလေးရောက်တော့ သူငယ်ချင်းတယောက် လိုက်ကျွေးတဲ့ ဒညင်းသီးတွေ ထည့်ပြုတ်တဲ့ သူ့အိမ်နားက တုတ်ထိုး ငယ်ငယ်က တောင်ကြီးမှာ ကျောင်းနေတုံးက စားခဲ့ရတဲ့ လိမ္မော်ရောင် ဟင်းရည်ပါသောက်လို့ရတဲ့ တုတ်ထိုး စတာတွေကို တခုမှ မမေ့ပါဘူး။

ခုတော့ အရင်မြန်မာပြည်က သမီးတပည့်မလေးကြောင့် ကိုယ်တိုင်ချက် တုတ်ထိုး ကိုစားရပါတော့မယ် ဒန်ဒန့်ဒန့်

တုတ်ထိုးမှာ အရေးကြီး တာ အချဉ်ပါ ပရိတ်သတ်ကြီးတွေလဲ အကုန် သဘောတူကြမယ် မျှော်လင့်ပါတယ် မတူလဲ မရဘူးလေ တီ့ စာလာဘတ်နေတာပဲကိုးနော်.....အဲ့တာကြောင့် အရေးအလွန်အင်မတန်မှကြီးတဲ့ အချဉ် ဖျော်နည်း ကို ဦးစွာပထမ ပြုကာပြရရင်တော့....





ပထမဆုံး မြန်မာပြည်ဖြစ် အချဉ်ရည် လိုပါမယ် ယိုးဒယားသော ထိုင်းသော တရုတ်သော အမေရိကန်သော အချသ်တွေ မရပါဘူး တုတ်ထိုးဆိုရင် မြန်မာပြည်ဖြစ် ချီးပန်းချဉ် လို့ တချို့တွေ ခေါ်ကြတဲ့ အဲ့ဒီ အချဉ် လိုကိုလိုပါတယ် မရှိရင် မကောင်းပါဘူး ချီတို လို အချဉ်မျိုး ဆိုရင်လဲ မကောင်းပါဘူး။ အဲ့တော့ မြန်မာပြည်ဖြစ် ချီးပန်းချဉ် ပဲရအောင်ရှာပါ။ ဘေးကတော့ ငရုတ်သီးစိမ်း ဂျင်း ကြက်သွန်ဖြူ တောက်တောက်စင်းပါ။





ပထမ ပုံကတော့ ထန်းညက်ရည်ပါ ညောင်စီးကျအောင်ကြိုပါလို့ ဆရာမကြီး ကြည်လဲ့လဲ့ဦးက ပြောပါတယ်။ သူ့ဘေးကတော့ မန်ကျီးရည်နှစ်ပါ သေချာဖျော်ပြီးတော့ အဖတ်တွေ ဆယ်ထားလိုက်ပါ။





ပြီးရင် ခုနက ချီးပန်းချဉ်ထဲကို ခုနက ဟာတွေအဆင်ပြေအောင် အကုန်ထည့် သမမျှတအောင်မွှေ ဆားအချိုမှုန့်ရော သံပရာရည်ထည့် ပြီးရင် သေချာမွှေအရသာမြည်း အဆင်မပြေရင် လိုတာ ထည့် ပိုသွားရင် ခုနက ထန်းညက်နဲ့ မန်ကျီးရည်ရော ကြိုက်သလိုပြင်ပါလေ။ အဲ့တာ ဆိုပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိတဲ့ အချဉ်တခွက် ရတာပေါ့။





ဒါတွေကတော့ ထည့်ဝင်မယ့် ကလီစာ အကုန်ပါပဲ။ တီကတော့ အလွယ် စီယမ်ပါရာဂွမ်ကပဲ ဝယ်ပါတယ် အကုန်လုံးက လုပ်ပြီးသား ကိုင်ပြီးသား သန့်သန့်လေးတွေပဲ အူလေးတွေဆို အရောင်တောင် တောက်နေတယ် သန့်ပြီးတောက်ပြောင်နေတယ် ဆိုတာ အဲ့လိုမျိုးဟာကိုပြောတာပဲ။ ပထမ အိုးကတော့ တီက အလွယ် အပျော့ အိုးလို့ခေါ်ပါတယ် အချင်း၊ အူပွ၊ အူချို စတဲ့ အူနဲ့ဆိုင်သော အနုကလေးများပေါ့။ ဒုတိယအိုးကတော့ အမာအိုးလို့ တီကခေါ်တဲ့ အူမကြီး၊ သရက်ရွက်၊ အသဲ၊ နှလုံး၊ ကျောက်ကပ်၊ အမြီး၊ လျှာ စတာတွေပါပါတယ်။ နောက်ဆုံးပုံလေးကတော့ အူချိုပါ ဘေးနှစ်ဘက်နှစ်ချက် ကို သွားရေကွင်းလေးနဲ့ ချည်ရပါမယ်။ ပုံထဲမှာ ပါတဲ့ အနီရောင်လေးပါ သေချာကြည့်ရင် ပုံရဲ့ ညာဘက်ကနေဆိုရင် ၃ ချိုး ၂ ချိုးလောက် အလယ်မကျတကျမှာ တွေ့ရမှာပါ။ အူချိုက အရမ်းနုတော့ ဆေးနေတုံး ပြုတ်နေတုံး အထဲက အစာတွေထွက်ကျကုန်မှာ စိုးလို့ပါ။ ပြီးရင်တော့ အကုန်လုံး ကိုသေချာဆေးကြောပြီးရင် နယ်ဖတ်တဲ့ အစီအစဉ် စပါမယ်။





ပုံမှာ ပြထားတဲ့ အတိုင်း အရေးကြီးတဲ့ ပဲငံပြာရည် အနောက် ကိုထည့်ပါမယ် ဆား အချိုမှုန့် သကြား စတာတွေထည့်ပါမယ်။ အောက်ကတော့ ပြုတ်တော့မယ် တကဲကဲ အနေအထားပါ။ ပြုတ်တဲ့အခါမှာ ဆီနည်းနည်းထွက်အောင် ဝက်ဆီဖတ်တွေ ထည့်ပြုတ်ပါမယ်။ နောက် မွှေးအောင် ဂျင်း ပြားပြားလေးတွေ လှီးပြီးထည့်ပါသေးတယ်။ ငရုတ်ကောင်းမှုန့် လည်းနည်းနည်းထည့်ပါ။





အပေါ် နှစ်ပုံက အပျော့အိုးပါ။ မပြုတ်ခင် နဲ့ပြုတ်ဆဲ အနေအထားပေါ့။ ဖြူဖြူ အဖတ်တွေက ဝက်ဆီဖတ်တွေဖြစ်ပါတယ်။





အမာအိုးဖြစ်ပါတယ်။





ပျော့မာပြိုင် တူတူ ပြုတ်ကြတယ် ဆိုတာ ဖြစ်ပါတယ်။ နူးတဲ့အထိ ဆိတ်ဆိတ်ကြည့်ပြီး အားရပါးရသာပြုတ်ပါလေ။ ကတ်ကြေးလေးနဲ့ သေးသေးလေးတွေညှပ်ညှပ်ပြီး ပြုတ်ရင်း မြည်းရင်း နူးမနူးကြည့်ရင်း လုပ်ရမယ့် အချိန်အခါပေါ့ကွယ်။





ဟော်ပြုတ်တဲ့ အခန်းပြီးသွားတော့ ကြော်ရပါမယ် တီကတော့ သေချာမသိပါဘူး တီတို့စားတော့ တောင်းပေါ်ရောက်နေပြီလေနော်။ အိုးထဲထည့်ထည့် ယူလာတာတော့ တွေ့တယ် အဲ့တာတွေက အရောင်လှအောင် ကြော်ပြီးသား လို့ ဆရာမကြီး ကြည်လဲ့လဲ့ဦး ကဖြည့်ပြောပါသေးတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း ခုနက ပြုတ်တာတွေ ဆယ်ပြီး သကာလ ဆီလေးနည်းနည်းနဲ့ ဒယ်အိုးထဲမှာ လှိမ့်ရပါမယ်။ အကုန်လုံးကို တခါဆီလောက် လှိမ့်ပြီးရင်တော့ အနံအရသာ အရောင်အဆင်းနဲ့ ပြည့်စုံတဲ့ မူလလက်ဟောင်း ကြည်လဲ့လဲ့ဦး တုတ်ထိုး တအိုးရတာပေါ့ကွယ်။





ဒါကတော့ မနက်ကတည်းက ချွေးတလုံးလုံး နဲ့ တီတို့စားဖို့အရေး ချက်ပြုတ် ပြင်ဆင်နေတဲ့ ဆရာမကြီး ကြည်လဲ့လဲ့ဦးပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ......ပရိတ်သတ်များ လက်ခုပ်တီးပေးပါ။





ဒါတွေကတော့ ခုနက ကြော်ပြီးတဲ့ အိုးထဲကနေ အအေးခံပြီးတော့ ပန်းကန်ပြားပေါ်ပြန်တင်ထားတာပါ။လှီးတော့မယ်လေ။ ၂၀၀ တန်လား ၃၀၀ တန်လား ၅၀၀ တန်လား ပွဲနဲ့လား တုတ်ထိုးလား အူချည်းပဲလား။ အသံချည်းပဲလား၊ လျှာလေးရောအုံးမလား ပေါ့။





အောက်ကပုံတွေကတော့ တုတ်ထိုးသည်ကြီး တီချမ်း လှီးနေတာပါ ရောင်းနေမကျတော့ အတုံးတွေကြီး ကုန်တယ် အရင်းတော့ ပြုတ်တော့မှာပဲ။ကြိုက်တတ်တဲ့ သူတွေစားဖို့ ကြက်သွန်ဖြူ ဥလေးတွေ ကိုလဲ အခွံခွာထားပါသေးတယ်နော်။





ဒါကတော့ လှီးပြီးသားပုံတွေပေါ့ အူချို သရက်ရွက် အသည်း ကျောက်ကပ် အူမကြီး အချင်း လျှာ စတာတွေပါ။





ဒီနေရာလေးကလဲစိတ်ဝင်စားဖို့ ကောင်းပါတယ် အစက ဝက်သားတွေ ပြုတ်လို့ ကျန်တဲ့ အရည်တွေကို လိုသလောက်ရေ ရောပါ ပြီးရင် မုန်ညှင်းဖြူ သို့မဟုတ် ချဉ်ပြုံးလေး လိုချင်ရင် ကြံမဆိုင်ရွက် ခတ်ပြီးတော့ ပြုတ်ပါ ဟင်းရည်ဆူ ရင် နံနံပင် ကြက်သွန်မိတ် တရုတ်နံနံ စတာတွေခပ်ပြီးတော့ အရည်သောက် လုပ်လို့ ရပါသေးတယ်။ မို်က်တယ်နော်။ ဝက်ဆိုရင် “အော်သံ” ကအစ ပစ်ရက် စရာတခုမှ မရှိဘူးတဲ့။ အဲ့တာကြောင့်လဲ အသီးမှာ သရက်၊ အရွက်မှာ လက်ဘက်၊ အသားမှာ ဝက်၊ ပညာမှာ တီချမ်း လို့နာမည်ကျော်ကြပေတာပဲ။





ဒါကတော့ လွယ်ကူစားမြိန် ယူလာတဲ့ သက်သတ်လွတ် ဂေါ်ဖီကြာဇံကြော်များနဲ့ ဝိုင်းဖွဲ့စားသောက်ကြစဉ်ပေါ့လေ။ ကြာဇံ ကြော်နဲ့ လိုက်အောင် သခွားသီးလေးတွေကို အဝိုင်းလေးတွေ မှတဆင့် အချောင်းလေးတွေ ရအောင်လှီး လိုက်ပါသေးတယ်။ နောက် တို့ချင်ရင် အချဉ် နဲ့ တို့ လို့ရအောင်လဲ သခွားဘေဘီလေးတွေကို လေးစိပ်လှီး လိုက်သေးတာပေါ့နော်။





ဒါကတော့ စကော့ဈေးကုန်းတံတားအောက်က တုတ်ထိုး ကိုလွမ်းလို့ တီချမ်းဘာသာ လုပ်ချလိုက်တဲ့ ကြာဇံ ဝက်သား တပွဲပေါ့အေ။ စားကြပါအုံး ပရိတ်သတ်ကြီးတို့ရေ...........ကြည်လဲ့လဲ့ဦး လက်ရာ တုတ်ထိုး။

A Chen
7:58 PM
Friday
8th July 2011
Home
Bangkok

33 comments:

  1. ပညာမှာ တီချမ်း လို့ တော့ တစ်ခါမှ ကြားဖူးပေါင်။

    ReplyDelete
  2. ခုကြားဘူးပီလေ ကိုဘွိုက်ဇ် ရဲ့
    ကိစ္စတော့မရှိပါ
    ပညာရှာ ရာမှာ နောက်ကျတယ် မရှိဘူးတဲ့

    ReplyDelete
  3. အချဉ်ကိုများ ရက်ရက်စက်စက်နာမည်ပေးထားတယ်။ :D :D

    ReplyDelete
  4. ပထမတော. ကြည်လဲ.လဲ.ဦးတုတ်ထိုးဆိုတာ အဲဒီမင်းသမီးက မတရားဝနေလို. သူ.ကိုဝက်လို.ပြောတာလားလို. ဟီးဟီး.. ဖတ်ရင်းနဲ.မှသိတာက လုပ်တဲ.သူနာမည်ကို..

    ReplyDelete
  5. အရင်တုန်းက တီချမ်းကိုကြည်.တာချောပါတယ်လို.။ အခုတီချမ်းပုံကတမျိုးဖြစ်နေတာ အောက်မေ.တယ် ဘယ်ဟုတ်မလဲ ကြည်လဲ.လဲ.ဦးဖြစ်နေတာကို စော်ရီးနော် ဟဲဟဲ

    ReplyDelete
  6. Hey.............!

    MOUTH-WATERING ........ POST.............!

    Wanna to eat!

    ReplyDelete
  7. T Chan yae u cho ka inside ko ma say ya bu lar

    ReplyDelete
  8. တီချမ်းကလဲ တခါတခါချက်ရင်နည်းဘူးပဲ သူများသားရေယိုအောင် :((

    ReplyDelete
  9. Tee Chan,

    Thank you for this food and post.

    ReplyDelete
  10. အောင်မယ်ငှီးရက်စက်ပါပေ့တီချမ်းရယ်။သူများတွေမစားရကြည့်ပြီးသရေယိုအောင်လို့လုပ်ရက်တယ်စားချင်တယ်စားချင်တယ်

    ReplyDelete
  11. တီချမ်းကိုဘဲယူတော့မယ်ဆုံးဖြတ်လိုက်ပြီ။ပာင်းချက်ကောင်းလို့။ ကိုကိုချစ်

    ReplyDelete
  12. အပေါ်က အနောနိမတ်စ် ရေ

    အူချိုက အထဲ မဆေးရပါဘူး ဘယ့်နှယ့် အူပွ တို့ အူမ တို့ပဲ ဆေးရတာ အူချို က အထဲဆေးရင် ထွက်ကုန်မှာပေါ့ ကောင်းတာလေးတွေ

    ReplyDelete
  13. ကိုကိုချစ် နောက်ကျသွားပြီ
    သူများက အခု ကို လင်နဲ့ကုတင်နဲ့ဖြစ်နေပြီ
    ခွိ

    ReplyDelete
  14. နွေးနေခြည်July 9, 2011 at 6:39 PM

    တီရေးလိုက်ရင်တော့ ရှင်းလင်းတိကျနေတာပဲ။ ကြိုက်တယ်။ အချဉ်နာမည်လည်း သေချာမှတ်သွားတယ်။း)

    ReplyDelete
  15. ကြည်လဲ့လဲ့ဦးတုတ်ထိုးဆိုတော့အချဉ်ပန်းကန်နီနီလေးကြည့်ပြီးကြည်လဲ့လဲ့ဦးဆိုးတတ်တဲ.နှုတ်ခမ်းနီရောင်လေးနဲ့တူလို.များဒီနာမည်ပေးထားတာလားလို့သွားလူဆိုး....

    ReplyDelete
  16. ကြည်လဲ့လဲ့ဦးနဲ့ တကယ်တူပါတယ်
    ချက်နည်းပေးလို့ ကျေးဇူးတင်ပါတယ်လို့ 

    ReplyDelete
  17. har har har
    mite tel kwar:)

    ReplyDelete
  18. တုတ်ထိုး၊ အချဉ်နဲ့ သခွားသီးက အရမ်းကောင်းလို့ ခုထိ ထပ်စားချင်နေတုန်းပဲ။
    KNL ကိုရော၊ အိမ်ရှင်ကြီးကိုပါ ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  19. ကြည်လဲ့လဲ့ဦးလေးက ချစ်စရာ.

    ReplyDelete
  20. တီချမ်းက စောင်ကြီးအုပ်ထားသေးလာားဟငငငင်

    ReplyDelete
  21. ဖတ်ရင်းနဲ့ တံတွေး မြိုချနေရတာအေ...၊ ဒါနဲ့ ဝက်သားတုတ်ထိုးထဲ ထန်းညက်လေး နဲနဲ ထည့်ပြုတ်ရတယ် ကြားဖူးတယ်၊ ကြည်လဲ့လဲ့ဦးကို မေးပေးပါဦး ပြင်ညာယှိတီချမ်း "စုံပလုံစိပွမ်မ"ရယ်.....

    ReplyDelete
  22. ချမ်းချမ်းရေကိုကို.ကိုလဲလုပ်ကျွေးအုံးလေ။ဒူဘိုင်းမှာမစားရတာကြာပြီ။
    ကိုကိုဒူဘိုင်း

    ReplyDelete
  23. T-chan yay....R Bwar, Mwa Mwa Mwa...chit pho kg tal, you and KLLO.
    I am waiting for so long this post.

    Your audience.

    ReplyDelete
  24. အောက်ဆုံး က ပွဲလေး ဆွဲသွားပြီ တီချမ်းရေ

    ReplyDelete
  25. တီရေ.နာမည်လန်းလန်းလူလန်းလန်းတွေနဲ့ အတူရှယ်တုတ်ထိုးကိုအပီဆွဲသွားပါတယ်.ဒီ့ထက်ဒီ့ထက်ပိုချက်နိုင်ပါစေ..

    ReplyDelete
  26. အသကုန့်အသကုန်စားချင်စဖွယ်ဖြစ်အောင်ဓါတ်ပုံနှင့်တကွတင်ထားပြီးအလွန်စားချင်လာပြီးသကာလမစားရသဖြင့်လုံးဝမကျေနပ်ပါကြောင်းတီချမ်းရှင့် စပ်ဆလူးစိန်

    ReplyDelete
  27. warrrrrrrrrr! wanna eat.

    msd

    ReplyDelete
  28. တုတ်ထိုးဆိုပြီး တုတ်လဲတချောင်းမှမတွေ့ဘူး .. :D

    ReplyDelete
  29. ဟား ဟား ရယ်လိုက်ရတာ တီချမ်းရယ်..။ တီချမ်းက တော်တော်စာရေးတတ်တာပဲ..။ ဒီပို့စ်လေးဝင်ဖတ်ရင်းကနေ တီချမ်းကိုဘယ်သူလဲသိအောင်ဆက်ဖတ်ရင်း ရယ်လိုက်ရတာ..။ ဟား ဟား..။ မနေနိုင်လို့ သူငယ်ချင်းတွေပါ ဖုန်းဆက်ပြောလိုက်ရသေးတယ်..။ တီချမ်း တော်တော်ရေးနိုင်တာပဲ..။ ချက်လည်းချက်နိုင်.. တင်လည်းတင်နိုင်တယ်နော်..။ ကောင်းလိုက်တာ..။

    ReplyDelete
  30. umm TChan, you look chubby.. take care your weight... don't chubby more.. it will not look sexy. :P

    ReplyDelete
  31. I am sorry I didn't read properly.. it's not you .. it's Kyi Le Le Oo :))

    ReplyDelete
  32. Ha Ha Ha Ha.. I clicked LIKE to the above two comments.

    ReplyDelete
  33. thanks for clicking LIKE my comments. :X

    ReplyDelete