Friday, July 29, 2011

ကျားစကား = ပျားစကား

မနေ့က New York i love u....ဆိုတဲ့ ရုပ်ရှင် ကို ပြန်ကြည့်ဖြစ်ပါတယ်။ အဲ့မှာ အီသန်ဟော့ခ် က မက်ဂီ ခရူး ကို ဆေးလိပ်သောက်နေတုံး ပြောတဲ့ အခန်း ကို ကြည့်ပြီး ယောက်ျားတွေအကြောင်း တွေးမိတာပါ။ သူပြောတဲ့ စကားတွေကတော့ စာဘတ်သူတွေအတွက် ဆင်ဆာပါတဲ့ အတွက် တီချမ်း အတွေး တွေပဲ အသားပေးရေးပါမယ်။

လောကမှာ ပျားသကာလိုချိုတဲ့ စကားမပြောတတ်တဲ့ ယောက်ျား ရယ်လို့ရှိပါသလား?

တချို့ယောက်ျားတွေဆို အချစ်ဇာတ်လမ်းတွေကို ခဏခဏ လုပ်တတ်လွန်လို့စကားချိုချိုပြောတယ်ဆိုတာ သူတို့အတွက် ထမင်းစား ရေသောက်။ တခါတခါများ အတန်းထဲမှာ သူငယ်ချင်းတွေ ကြားမှာ ရည်းစားစာရေးနည်း သင်ပေးတာ၊ စကားလိုက်ပြောနည်း သင်ပေးတာ စသဖြင့် ဂုရုကြီးတွေကိုဖြစ်နေတဲ့ ယောက်ျားတွေ ရှိတတ်ပါတယ်။

အဲ့တော့ တီချမ်းကလဲ သမီးတွေအတွက် self defense mechanism လို့ခေါ်တဲ့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် နားမယောင်မိအောင် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

ယောက်ျားတွေ တော်တော်များများဟာ အရွယ်ကလေး စရောက်တာနဲ့ မိန်းကလေးတွေကို စာလိုက်ပေး စကားလိုက်ပြော မဟုတ်ရင်လဲ ကိုယ်တိုင်အတွေ့အကြုံမရှိတဲ့သူတွေကတောင်မှ သူငယ်ချင်းတွေ နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင် ပြန်ပြောတဲ့ စကားတွေကြား စတာတွေကြောင့် နားရည်ဝ ပြီး မတတ်ဘူးဆိုတဲ့ ယောက်ျားလေးတောင် အနည်းဆုံးတော့ ကြမ်းပိုး ကို လိပ်ဖြစ်အောင် ပြောနိုင်ပါတယ်။
သူတို့ တွေက တွေ့ခါစ မိန်းကလေးတွေ ခင်ခါစ မိန်းကလေးတွေကို စကားစပြောတဲ့ အခါ ဒီလိုပြောလေ့ရှိပါတယ်။

“ကိုယ့်ဘဝမှာ မိန်းမတွေအများကြီး ကြုံတွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့်....တခါမှ တယောက်ကို မှကိုယ်ဒီလောက် အထိ မချစ်ခဲ့ဘူးဘူး”

အပြောခံရတဲ့ မိန်းကလေးမှာတော့ အတွေ့အကြုံသာ မရှိရင် ဆွတ်ပျံ့ ကြည်နူးပြီး မျက်ရည်တွေတောင် ဝိုင်းလောက်တယ်။ (အကြည်တော်သာဆိုရင်တော့ မျက်ရည်တွေဘူးသီးလုံးလောက်လို့ ရေးပါလိမ့်မယ်)

ထားတော့ ဒါက တကဒ်ပေါ့။

နောက် တနှစ်လောက် ကြာတဲ့ အခါကျတော့ အဲ့ဒီ ယောက်ျားကပဲ အဲ့ဒီ မိန်းမယောက်ထဲကိုပဲ ဘယ်လို ထပ်ပြောနိုင်သေးလဲ ဆိုတော့.....

“မင်းဟာ ငါတွေ့ ဘူးသမျှ မိန်းမတွေထဲမှာ ပစိပစပ် အများဆုံး မိန်းမပဲ” ဒါမှမဟုတ်....
“မင်းဟာ ငါတွေ့ဘူးသမျှ မိန်းမတွေထဲမှာ စိတ်ပျက်စရာ အကောင်းဆုံး မိန်းမပဲ” လို့ ဖြစ်နိုင်ပါတယ်။ မယုံမရှိပါနဲ့။ တကယ်ပါ။
ထားတော့ ဒါကတော့ နောက်တကဒ်ပေါ့နော်။

အဲ့တော့ အဲ့လို မာယာများတတ်တဲ့ မောင်တို့ ယောက်ျားတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ်တို့မိန်းမတွေ ဘာတွေသိထားဖို့ လိုလဲ ဆိုတာ ကိုယ်တို့ မိန်းမထု အတွက် ပါရာဒိုင်းအပြောင်းအလဲလောက်ကို အရေးကြီးတဲ့ မေးခွန်း တခု ဖြစ်လာပါတယ်။
(မှတ်ထားကွ ကိုယ်လဲ ပါရာဒိုင်းတွေဘာတွေရေးတတ်ပါတယ်) တကဒ်....

တကယ်လို့ ယောက်ျားတယောက်ကများ ကိုယ့်ကို ......

“တကယ်ပါ ကိုယ်နောက်ထပ် ဘယ်မိန်းမတယောက်ကိုမှ ထပ်ချစ်မိမှာ မဟုတ်ဘူး” လို့ပြောလာရင် ကိုယ်တို့ မိန်းမတွေ နားလည်ရမှာက ......

သူပြောချင်တာက “လတ်တလော” ”လောလောဆယ်” “ခုချက်ချင်း” စတဲ့စကားစပ်တွေနဲ့ နောက် မိန်းမတယောက်ကို ချစ်မှာ မဟုတ်သေးဘူးလို့ ပြောနေတာပါလား လို့ သဘောပေါက်ရပါမယ်။

တကယ်လို့ယောက်ျားတယောက်က “ကိုယ့်တဘဝလုံး မိန်းမ တယောက်ထဲ ကိုပဲ ချစ်ဘူးတယ်” လို့ပြောရင် အော်.....သူက အမေ ကို တော်တော်ချစ်တဲ့ သားပါလား လို့ သဘောပေါက်ရမယ်။

ယောက်ျား တယောက်ယောက်ကများ ကိုယ့်ကို “ကိုယ် မင်းကို တသက်လုံး စောင့်ရှောက်ပါရစေ” လို့ ပြောလာရင်တော့ “သတိ”ဆွဲပါ။

ဘာလို့လဲဆိုတော့ သူတို့ ရဲ့စောင့်ရှောက်မှုတွေ က များသောအားဖြင့် ကိုယ်တွေက .....

သူတို့ အတွက် အိမ်ထောင်မှု ထိန်းသိမ်းပေးတာ၊ ထမင်းဟင်းချက်ပြုတ်ကျွေးမွေတာ၊ စီးတဲ့ရေတွေဆည်ပေးတာ၊ သူ့ အိမ်သားတွေနဲ့ သူနဲ့ ရတဲ့ ကလေးတွေကို ပြုစုပျိုးထောင်စောင့်ရှောက်ပေးတာတွေ နဲ့ အဆုံးသတ် တတ်လို့ပါ။ သိပ်အရေးကြီးတယ် ဒီအချက်။

ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကားတွေ က သိပ်ပလီပလာ အတည်အတာ ပျစ်ချွဲ ချိုခဲ နေတတ်ပါတယ်။ ဒါပေမယ့် တချိန်ထဲမှာလဲ ယောက်ျားတွေ ရဲ့ ကတိတွေဟာ များသော အားဖြင့် လေထုထဲမှာ မှေးမှိန်ပျောက်ကွယ် သွားလွယ်လောက်အအောင် ပေါ့သွမ်း တယ် ဆိုတာလဲ သတိမူမိဖို့ လိုပါတယ်။ သူတို့ စကားတွေကတိတွေဟာ အကုန်လုံး လိုလို ပြောလွယ်တယ် မေ့လွယ်တယ်။

ဒီလိုစကားတွေကို အချစ်မှာ ဝေမူးမှိုင်းမှုန်နေတဲ့ ဦးနှောက်မဲ့ မိန်းမတွေသာ ယုံတတ်တာကလား။

ဒါပေမယ့်လဲ အွန်ကွန်ထရာရီ.....အချစ်နဲ့ တွေ့ရင် မမူးတဲ့ မှိုင်းမမိတဲ့ မိန်းမရယ်လို့ ကော လောကကြီးမှာ ကြားဖူးပါသလား.....မိန်းမတွေဟာ ဦးနှောက်မပါရင် ဟိုဟာပါ စားမယ် ဆိုတာ ရှေးလူကြီးတွေပြောခဲ့တဲ့ စကား အလကားမဟုတ်ဘူးနော်။ တကယ်လဲ မိန်းမ အများစု တခါတခါ ကိုယ်တွေ ကို ငါဟဲ့ မိန်းမထက် လို့ ထင်တလုံးနဲ့နေနေတဲ့ မိန်းမတွေတောင် အချစ်နဲ့ တွေ့ရင် တခါတည်း မူးပြီး လည်ထွက်သွားရင် ပိုခက်တတ်တာ အများကြီးကြားဖူး ကြုံဖူး တွေ့ဖူးတယ်လေနော်။

အဲ့တော့ ကါန်ကလူးရှင်း ရရင် ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကား တွေ က အခါချိန်ထိ အလုပ်ဖြစ်နေတာ ကိုယ်တို့ မိန်းမတွေ ညံ့နေသေးလို့ ပဲပေါ့။

ကဲ နန်းမတော် မိမိချမ်းတယောက်ကတော့ ငါဟဲ့ အဆိုးမြင် မကြီးဆိုပြီးသကာလ ရုံးမှာ အားနေတော့ မနေ့ညက တခါပြန် ကြည့်တဲ့ ရုပ်ရှင် ကို ပြန်မြင်ယောင်ပြီး ဦးခေါင်း ကို အလုပ်ပေး လက်ကလိုက်ရေးနဲ့ ရေးတော့ ရေးလိုက်ပြန်ပြီ မစဉ်းစား မဆင်ခြင်ဘဲ ကောင်းတာ ယူတတ်ရင်တော့ အကျိုးရှိမှာပေါ့။

A Chen
1:13 PM
29th July 2011
Friday
Bangkok

8 comments:

  1. မိန်းမတွေကိုက အဲဒီလို ပလီပတာစကားတွေကို ပဲစွဲစွဲလမ်းလမ်းနှစ်သက်ကြတာကို။ စကားကို တည့်တည့်ပြောတဲ့လူ၊ မှန်မှန်ကန်ကန်ပြောတဲ့လူ၊ လက်တွေ့ ကျကျပြောတဲ့လူကိုကျတော့ လူ့ ဂွစာ၊ လူ့ ကန့် လန့် ၊ ရိုမန်တစ် မဖြစ်ဘူး စသည်ဖြင့် မကြိုက်ကြဘူးလေ။ အဲဒါတွေက ကိုယ်တွေ့ တွေပါပဲ။ ဒါကြောင့် မိန်းမတွေ လိမ်ညာခံရတယ်ဆိုတာ တခါတလေတော့လည်း မသနားတော့ဘူး။ နည်းတောင်နည်းသေတယ်လို့ ထင်တယ်...။

    ReplyDelete
  2. ဟုတ်ပါ.။ အဓိကကမိန်းမတွေပါဘဲ။ ယောင်္ကျားတွေဘယ်လိုဘဲပြောပြော၊ မိန်းမကလက်မခံရင် ဘာမှမဖြစ်လာဘူးလေ။

    ReplyDelete
  3. I love "New York, I love you" as well as "Paris, Je t'aime". I somewhat agree with your point of view towards love and women too.

    ReplyDelete
  4. ယောက်ျား တယောက်ယောက်ကများ ကိုယ့်ကို “ကိုယ် မင်းကို တသက်လုံး စောင့်ရှောက်ပါရစေ”

    “ကိုယ့်ဘဝမှာ မိန်းမတွေအများကြီး ကြုံတွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့်....တခါမှ တယောက်ကို မှကိုယ်ဒီလောက် အထိ မချစ်ခဲ့ဘူးဘူး”

    မင်းဟာ ကိုယ်တွေ့ဖူးတဲ့ မိန့်မတွေထဲမှာ အကြောင်ဆုံး မိန့်မပဲ။ ထပ်ကြောင်ပါအုံး ချမ်းရေ......။ :P:P:P

    ReplyDelete
  5. ကျားစကား=ပျားစကားကိုစိတ်ဝင်တစားဖတ်သွားပါတယ်....
    တစ်ချို့ မိန်းမတွေက ပလီပလာကိုအဟုတ်ထင်တတ်ကြတာ
    ဟုတ်ပါတယ်.....

    ReplyDelete
  6. T Chennnnnnnnnnnnnnnnnnnnnnn!
    Why you are repeating international truth?I appreciate your point of view:)O)
    Gyidaw

    ReplyDelete
  7. i agree and its the best ways of thinking. thanks

    ReplyDelete