Wednesday, July 20, 2011

စိုးအတွက် တီ့ အချစ်စစ်စစ်များ....

ဝက်သားယောင်....ဝက်ခေါင်းသုပ်....ဝက်နံရိုး....ဝက်ဆီပျံ

မနေ့ညက ချက်စားကြတဲ့ ဟင်းတွေပါ တူမတော် မိရောင်ကတောင် လာမေးနေတယ် ဝက်တကောင်လုံး အသုံးချနည်းလားတဲ့ ဆိုပါတော့ ပြောလဲ ပြောချင်စရာ နော် တီချမ်းတို့များ စားလိုက်ရင် အရမ်းချည်းပဲ ဆိုတာလိုပေါ့။ ထားပါတော့။ ပြောရမှာက ပထမဆုံးဟင်းပါ ငါးဖယ် ကိုအုန်းနို့ နဲ့ ချက်တာပါ ဒါက မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပေါ့ ပဲခူးတိုင်းထဲက ချက်နည်းလို့ ပြောပါတယ် မောင်ချက်တာပါပဲ။ ကိုယ်တော့ မစားဘူးဘူး ငါးဖယ် ကိုကြော်ပဲ စားတယ် အစာသွပ် နောက် မုန့်ဟင်းခါး တို့ ဘာတို့ ထဲထည့်စား နောက် သုပ်စား အဲ့တာလဲ ကြော်ပဲ အကုန် ကြော် ကိုပဲ ဘေ့စ် လုပ်ပါတယ် ဟင်းချက်ရင် ကိုယ်က မကြိုက်လို့ပါ။ ထားပါတော့...ဒါပေမယ့် ငါးဖယ် ချက်ကို ဘာလို့ ဝက်သားယောင် လို့ခေါ်လဲ တော့ ကိုယ်လဲ မသိပါဘူး ပြောပြီးပြီလေ မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပါဆို.....ချက်တာတော့ သိပ်မခက်ပါဘူး လွယ်တယ် ကဲ ကြည့်ကြရအောင်......





ဒါက ရန်ကုန်ကနေ အရင်တပတ်က သူငယ်ချင်း ဦးညီတို့ မဝေ တို့ လင်မယား ယူလာပေးတဲ့ ငါးဖယ် ကြော်ပြီးသားတွေပါ ပထမ မကပ်တဲ့ အိုးနဲ့ ဆီမပါ ပျားမပါ ပြန် အပူပေးပါတယ် ဆီထည့်ချင်တော့ ဆွတ်ရုံ ထည့်လဲ ရပါတယ် ပူရင် ဖောင်းကြွ လာလိမ့်မယ် နောက် ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ထားပါ။ ပြီးရင်တော့ တတိယ ပုံက ကြက်သွန်ဖြူ နီ ဆီသတ်နေတာပါ နနွင်းလေး အရောင်တင်မှုန့်လေးထည့်သတ်ပေါ့နော် အရောင်လှအောင်





ဆီသတ်တာမွှေးလာရင် ငါးဖယ် ထည့်လို့ ရပါပြီ ငါးဖယ် ထည့်ပြီး ခဏ ထပ်လုံးပေးပါ ပြီးရင်တော့ အုန်းနို့ ထည့်တဲ့ အဆင်ပေါ့ ဒီမှာတော့ အလွယ်ရတဲ့ အုန်းနို့ ဘူး ကိုပဲ ၇-၁၁ ကနေ ဝယ်ထည့်ပါတယ် ပုံမှာ ကြည့်ပါ မောင်ကတော့ ကိုယ်တို့ အီပြီး မစားနိုင်မစိုးလို့ အုန်းနို့ လျော့ထည့်တယ် ပြောပါတယ် ကြိုက်တတ်ရင်တော့ နှိုင်းချင်းသာထည့်ပါလေ အားနာစရာမှမလိုဘဲနော်....





အုန်းနို့ထည့်ပြီးရင် တခါ ထပ်မွှေးပြီး ဆီပျံလာအောင် လုံးပေးပါ မကပ်အောင်တော့ေ မွှပေးနေပေါ့အေ.. ......ပြီးရင်တော့ ရေ နည်းနည်းထည့် ပြီး ဆီပျံ လာရင်.......

အုန်းနို့ နံ့ သင်းသင်းလေးနဲ့ ငါးဖယ် ဝက်သားယောင် တခွက်ရတာပေါ့နော်.............





ဒါကတော့ တနေ့က ကျန်တဲ့ ဝက်သားဆီပျံ ပါ (အရင်က ချက်နည်းက ဒီမှာပါ ထပ်မရေးတော့ဘူးနော်) ဆိုပြီး လင်ခ့် ထည့်မလို့ လိုက်ရှာတာ... ဟော့တော့ အရင်က ချက်ထားတယ်ထင်ပြီး လင့်ရှာနေတာ ချိတ်ဖို့ မတွေ့ဘူးတော်တို့ရေ လက်စသတ်တေ့ တီချမ်း ဝက်ဆီပျံမတင်ဘူးပါကလားပေါ့နော် အံ့ဖွယ်သုတပဲ အံ့ပါရဲ့အံ့ကြီးမောင်ရယ် လို့ တောင်ပြောရမလိုဖြစ်နေပြီ ကဲကဲ အမြန်ချက်နည်း ကို တဖန်ထပ်ပြီး တင်ရမယ်ဆိုရင်တော့ဖြင့်....ကြက်သွန်ဖြူနီ ဆီသတ် ဝက်သားကိုလုံး ဆားအချိုမှုန့်ထည့် ရေထည့် ဆီပျံ အောင်တည် အပ်ချလောင်းပါပဲ....





ဒါလေးကလဲ သိပ်လွယ်ပါတယ် သိပ်လွယ်ပေမယ့် သိပ်လဲ ကောင်းပါသေးတယ် ဝက်နံရိုး ကီလိုဝက် ကို ရေစင်စင်ဆေး အိုးထဲထည့် တီချမ်း ရဲ့ဟင်းရည်မဟာတည်နည်းအတိုင်း တည်ပါ။ ပြီးရင် မုန်လာဥဖြူ တွေကို ကြိုက်တဲ့ ပုံစံ လှီးပြီး ထည့်ပါ မီးအေးလေးနဲ့ ကြာကြာဆူပါစေ ပြီးတော့ မှ အကုန်နူးရင် ဆား အချိုမှုန့် ကြိုက်သလောက်ထည့်ပါ ပြီးတော့ မှ မြည်းပြီးရင် အိုးချ လို့ ရပါပြီလေနော်





တီ့ အကြိုက်ဆုံး ဟင်းလျာ တမျိုးဖြစ်တဲ့ အသည်းကြော်ပါ ကြော်နည်းက ဒီမှာပါနော်





ကန်စွန်းနဲ့ မှို ပလိန်းပါ ကြော်နည်းက ဒီမှာပါ





ဒါလေးကတော့ ဝက်အာခေါင်နဲ့ နားရွက်သုပ်ပါ ခါတိုင်း တရုတ်သုပ်စားနေတာ များနေတော့ ဒီတခါ မြန်မာသုပ်လုပ်စားပါတယ် ဖြစ်ချင်တော့ ကိုယ်တကယ်စားချင်တာ က ချီးပန်းချဉ် အနီလေးတွေ နဲ့ သုပ်တာမျိုး မရှိတော့လဲ ရှိတာလေးနဲ့ ဝအောင်စား ရပါတယ်သနားတာနော် ကိုယ့်ကိုယ်ကိုယ်....

အသားတွေအာခေါင်တွေ နားရွက်တွေကိုတော့ ဈေးကနေ လုပ်ပြီးသား ဝယ်လာတာပါ ဘတ် ၃၀ ဖိုး မြန်မာငွေ ကျပ်၉၀၀ တိတိခန့်ပေါ့လေ ပြီးတော့ ကြက်သွန်နီ နှစ်ဥ လောက်ကို ပါးပါးလှီး ပါတယ် ပဲမှုန့် ငရုတ်သီး အကျက်မှုန့် ကြက်သွန်ဖြူ ဆီကျက် ပံပြာရည် စဉ်းငယ်ခန့် ဆား အချိုမှုန့် နည်းနည်း ထည့်ပြီး အချဉ် ကိုတော့ မန်ကျည်းရေ ပဲသုံးလိုက်ပါတယ် ပုံ တစ် ကိုကြည့်ပါ ။ ပြီးရင်တော့ ဇလုံထဲကို ခုနက ပြောတာတွေအကုန်ပစ်ထည့် လိုက် ပြီးရင် နယ်ပါ အားရပါးရသာနယ်ပါ နယ်တာ မနှံ့ ရင် စားမကောင်းပါဘူး ပြီးရင် မြည်းကြည့်လိုတာ ထပ်ထည့် ထပ်နယ်





ဟော.......ချဉ်ငံစပ် ဝက်နားရွက် အာခေါင်သုပ်လေး တပွဲရကရောပေါ့အေ....





အအီစာတွေချည်းပဲ ကျွေးတယ် ပြောမစိုးလို့ အသီးလေးတွေပါ ထည့်ပေးထားတယ်နော် စထရော်ဘယ်ရီ နဲ့ပန်းသီး နီ စိမ်းတွေလဲစားကြပါ





A Chen
12:38PM
20th July 2011
Wednesday
Home
Bangkok

4 comments:

  1. ရှလွတ် ရှလွတ်....

    ReplyDelete
  2. ဂလု .. ငါးဖယ်အုန်းနို့ ချက်အုံးမယ်

    ReplyDelete
  3. အိမ်မှာချက်နေကျ( စကားမစပ် တို့လဲ ပဲခူးတိုင်းကပဲ)

    ReplyDelete
  4. အောက်ဆုံးက အသုပ် ကြိုက်ဒယ်။

    ReplyDelete