Saturday, January 14, 2012

ယောက်ျားတွေရဲ့ ကမ္ဘာ

တချို့ယောက်ျားတွေ ရှိပါတယ်.....လူက လူဆိုးမဟုတ်ဘူး၊ ပုံစံက အမိုက်စားမဟုတ်ဘူး၊ အဲ့လိုပဲ ငတုံးငအ လဲမဟုတ်ပြန်ဘူး၊ ဂုဏ်မောက်ပြီး မာန်တက်နေတာမျိုးလဲမရှိဘူး...........တခုပဲ သူ့ကမ္ဘာက ကျဉ်းလိုတယ်။ ဘယ်လိုကိစ္စမျိုးကိုမဆို ပေါ့ပေါ့လေးပဲ တွေးတယ် မြင်တယ် လုပ်တတ်တယ်။

တခြားလူတွေ လုပ်တဲ့ အလုပ်ကိုဆို ဒီလိုပါပဲ လို့အမြဲမြင်တတ်တယ်။ သူလုပ်မှ သူများထက်ပိုကောင်းတယ်လို့အမြဲ ထင်တတ်တယ်။ ဆင်ခြေဆင်လက်သိပ်များတယ်။ လူဖြစ်ရတာ သူ့အတွက် ဘာဝန်ထုပ်ဝန်ပိုးမှ မရှိသလိုဘဲ။ ဘာလို့လဲဆိုတော့ သူ့မှာ တာဝန်ယူမှု ဆိုတာလဲမရှိလို့။ သူများအပေါ် မကောင်းကြံတတ်တာမျိုးတော့လဲ မရှိဘူး၊ သူများကိုလဲမကောင်းမကြံတတ်ပါဘူး။ အဲ့လိုပဲ သူများအပေါ်မှာလဲ မကူညီတတ်သလို သူများအတွက် စဉ်းစားပေးတယ်ဆိုတာမျိုးလဲ သူ့မှာ မရှိပါဘူး။

သူ့ကမ္ဘာမှာ သူရဲ့ နေ့တဓူဝ ဖြတ်သန်းမှု နဲ့ ဘဏ်ကောင့်ထဲက ဆုငွေတွေပဲ ရှိတယ်။ သူက ဘယ်လိုလူမျိုးလဲဆိုတော့ သူ့ပတ်ဝန်းကျင်မှာ သူက စက်ဝိုင်းကျဉ်းကျဉ်းလေးတခု ဆွဲလိုက်တယ်။ ကွက်ကွက်ကလေးမှ တကယ့်ကို ကွက်ကွက်ကလေးပဲ။ အဲ့စက်ဝိုင်းကျဉ်းကျဉ်းလေးကနေ ဘယ်တော့မှ မထွက်တော့ဘူး၊ ထွက်ဖို့ ရည်ရွယ်ချက်လဲ မရှိဘူး။

ယောက်ျားတယောက်ကို ဘယ်လိုနားလည်ရမလဲလို့လဲ မမေးပါနဲ့။ ယောက်ျားဆိုတာ နားလည်လို့ရတဲ့ သတ္တဝါမျိုးမဟုတ်ဘူး။ ကိုယ်တို့က သူတို့ ကို ကြိုက်တိုင်းလဲ သူတို့က ကိုယ်တို့ကို ကြိုက်ချင်မှ ကြိုက်တာ။ ဒါပေမယ့် တကယ့်တကယ်ကို တယောက်ယောက်ကို နားလည်ရမယ်ဆိုရင်တော့ ကမ္ဘာ ပိုကျယ်တဲ့ ယောက်ျားတယောက်လောက်ကိုသာရှာပါလေ။

သူက ယောက်ျားတံခွန် လူရည်ချွန်ဖြစ်စရာမလိုသလို၊ သူရဲကောင်း တယောက်လဲဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် အိမ်ထောင်ဦးစီးကောင်းတယောက်တော့ ဖြစ်ဖို့ လိုမယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင် ကွက်ကွက်ကလေးထက် သူ့မှာ ကျယ်ပြောတဲ့ အတိုင်းအဆမဲ့ ကောင်းကင်တခုရှိရမယ်။

သူများတွေမှာ ရှိတဲ့ အိုင်ဒီယာတွေ၊ အားထုတ်မှုတွေကို နားလည်မှုပေးနိုင်တဲ့ ချီးမြှောက်နိုင်တဲ့ လက်ခံနိုင်တဲ့ သူတယောက် ဖြစ်ရမယ်၊ သူများတွေလဲ အောင်မြင်နိုင်တယ်၊ ကံကောင်းနိုင်တယ်ဆိုတာမျိုးကို နားလည်လက်ခံနိုင်ရမယ်။ လောက ကမ္ဘာကြီးက ဘယ်လောက်ကျယ်ပြောပြီး လူသားတွေက ဘယ်လောက်သေးငယ်သလဲဆိုတာ သိရမယ်။

တာဝန်ယူမှုဆိုတာကို လက်ခံနိုင်ရမယ်၊ ယူရဲရမယ်။ သိတတ်တဲ့ စိတ်ရှိရမယ်။ အလုပ်တခုလုပ်တဲ့နေရာမှာ သူများအတွက်ဆိုတာကိုလဲ စဉ်းစားပေးတတ်ရမယ်။ နားလည်မှု ရှိတဲ့ စိတ်ထားတခု ရှိရမယ်။ အလုပ်လုပ်တဲ့နေရာမှာ တချိန်လုံး လူတွေကို လိုက်တွက်ကပ်နေတာမျိုးမဖြစ်ရဘူး။ အရေးမပါတဲ့ အလုပ်သေးသေးလေးတွေမှာ အချိန်ကုန်နေတာမျိုးလဲမဖြစ်ရဘူး။ ဘေးထိုင်ဘုပြောတဲ့ လူမျိုး ပိုပြီးတော့ မဖြစ်ရဘူး။ သူများအပေါ်မကောင်းကြံချင်တဲ့သူမျိုး။ အမြတ်ထုတ်ချင်တဲ့ သူများလဲ မဖြစ်ရဘူး။ ဘဝက ခါးသီးလို့ ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ ကိုယ်ကျင့်တရားကို ဖောက်ဖျက်တဲ့ အလုပ်မျိုးလုပ်တဲ့သူလဲ မဖြစ်ရဘူး။

အရမ်းတော်နေ တတ်နေ ဖို့မလိုပါဘူး။ တိုးတက်မှုအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိဖို့လဲမလိုဘူး။ ဒါပေမယ့် တိုးတက်ချင်စိတ်တော့ရှိရပါမယ်။

ကမ္ဘာကျယ်တဲ့ ယောက်ျားတယောက်ကို ရှာချစ်မှ ကိုယ်တိုင်လဲသူနဲ့အတူတူ လိုက်ဘက်ညီတဲ့ ကျယ်ပြောတဲ့ ပင်လယ် ဖြစ်မှာပေါ့။ ကမ္ဘာကျဉ်းတဲ့ ယောက်ျားတယောက်ကို ချစ်မိရင်တော့ ကိုယ်လဲ မတိုးတက်တဲ့ အပြင် သူနဲ့ လိုက်ပြီးတော့တောင် ဆုတ်ယုတ်နိုင်သေးတယ်။

သတိထားဖို့သိပ်အရေးကြီးတဲ့ ရွေးချယ်မှုပါ။

A Chen
3:40Am
Saturday
14th Jan 2012
Home
Bangkok

6 comments:

  1. ကျနော်လည်း ကျနော့်အထွာနဲ့ကျနော် ကမ္ဘာကျယ်တယ်။ သူလည်းပဲ သူ့အထွာနဲ့သူ့ကမ္ဘာကျယ်တယ်။ ဒါပေမဲ့ နှစ်ယောက်ပေါင်းတစ်ကမ္ဘာမဖြစ်ပဲ တောင်ပင်လယ်နဲ့ မြောက်ပင်လယ်ဖြစ်နေတယ်။
    အိမ်ထောင်သက် ၈ နှစ်ပါ။ အကြိုက်စရိုက်တော်တော်ကွဲပါတယ်။
    ဘယ်လိုဆက်စပ်ရင် ကောင်းမလဲ စဉ်းစားပေးပါဦး တီချမ်း

    ReplyDelete
  2. ရွေးချယ်တဲ့နေရာမှာ ဦးနှောက်ကို အသုံးပြုပြီး
    သည်းခံတဲ့နေရာမှာ ချစ်ခြင်းမေတ္တာနဲ့ သည်းခံနိုင်မယ်ဆိုရင်
    အတော်အသင့်တော့ ငြိမ်းချမ်းမယ်ထင်တယ်
    (အမယ် တဲဆိုတဲ့စာပဲ) :P

    ReplyDelete
  3. အနောရေ

    ရှင်က ယူထားပြီးသားကို ဘယ်လိုလုပ်ရမလဲ လာမေးနေတယ် ဒွတ်ခ

    ဒေါ်သလင်း

    ပြောချင်တာတွေလာပြောပြီး တယ်ဆိုတဲ့စာတဲ့

    အင်းတယ်ဆိုတဲ့စာပဲ

    ReplyDelete
    Replies
    1. တီချမ်းJanuary 14, 2012 at 10:42 PM

      တီချမ်းရေ အိမ်ထောင်သက် (၇ နှစ်) ကျော် ပြီ သည်းခံခဲ့ပေါင်း လဲများနေပြီ။ စိတ်ဆင်းရဲ ရပေါင်းလဲ များနေပြီ။ သူနဲ့အိမ်ထောင်ပြုတာ အရမ်းမှားသွားပြီ။

      Delete
    2. နေမှကောင်းရဲ့ လား. သတိရလွမ်းနေတာ။ ဟင်းမှချက်နိုင်ရဲ့ လား။ ဘယ်တွေခြေရာဖျောက်သွားလေသလဲ. ခုရော...

      Delete
  4. အမ် အခုမှ ဘယ်က ပြန်ပေါ်လာတာလဲ
    သေပြီထင်နေတာ

    တူတူပါပဲ လွမ်းနေပါတယ်

    အင်္ကျီလေးတောင် ရှိသေးတယ်

    သင်္ကြန်တောင်ပြန်ရောက်တော့မယ်နော်

    ရွံတွေပေနေတဲ့ ခြေထောက်က ခုထိ မဆေးရသေးဘူး

    ReplyDelete