Thursday, January 19, 2012

ချစ်သူငယ်ချင်း ခိုင်မာအောင်အတွက် အိမ်လုပ် ကမ်ချီ နှင့် ပုစွန်ဆီပျံ




မနေ့ညက လွယ်ကူစားမြိန်တယောက် အိမ်ကိုလာပါတယ်။ တနေ့က အကူအညီတောင်းထားတဲ့ ကမ်ချီလာလုပ်ပေးတာပါ။ သူက တခါလုပ်တာအောင်မြင်ထားတယ်ဆိုတော့ မရှိရှိတဲ့ သူ့ပဲ ဆရာမတင်ရတာပါပဲ။ တီချမ်းက ကမ်ချီကြိုက်ပါတယ်၊ အိုကမ်ချီတင်မက ဗမာ အချဉ်သုပ် ရှမ်းမုန်ညှင်းချဉ် ယူနန်အချဉ် အကုန်ကြိုက်တယ် ပျင်းရင်တောင် သံပရာသီးနဲ့ ဆားတို့စားနေတာ။ ထားတော့ အဲ့တာနဲပ ကမ်ချီကို ဆရာမ ပြောတဲ့ အတိုင်းလုပ်ကြည့်ပါတယ်။ QT ဆီမှာလဲ နည်းတွေ သွားကြည့်သေးတယ် သူ့နည်းတွေက နည်းနည်း ပိုရှုပ်တာနဲ့ အိမ်မှာ ရှိတာနဲ့ ပဲ ဖြစ်အောင်လုပ်လိုက်ကြတယ်လေ။ တီချမ်းထုံးစံအတိုင်း လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ မိုတိုနဲ့ ကိုက်ရမယ်လေနော်။





ပထမဆုံး ပုံထဲကအတိုင်း မုန်ညှင်းဖြူ ထုပ်တွေကို အလွှာလိုက်ခွာပြီး ဆားရေစိမ်ထားပါတယ်။ ဘယ် ရူးလ်စ် တွေကိုမှ မလိုက်နာပါဘူး။ ဘလောခ်တွေမှာ ဘယ်နှ မိနစ် စိမ် ဘယ်နှနာရီ စိမ်စသဖြင့်ပြောတာတွေအကုန်လုံးနဲ့ေ-ာက်တလွဲ လုပ်ထားပါတယ်။ စစချင်း လှီးပြီးစိမ်ထားတယ်၊ ပြင်ဆင်တာတွေအကုန်ပြီးတော့ တန်းလုပ်တယ် ဒီလောက်ပါပဲ။ ပြီးတော့ မုန်ညှင်းတို့ မုန်လာဥ တို့ က အစိမ်းလဲစားလို့ရနေတာပဲဆိုတော့လေ။ အဲ့လိုပေါ့။ စိမ်ထားတာတွေကို အနှစ်ရလာတော့ (အနှစ်ပြင်ဆင်ပုံကို အောက်မှာ သေချာပြထားပါတယ်) ရေဆေးပြီး လှီးပါတယ်။ ကြိုက်တဲ့ပုံလှီးပါ။ တချို့တွေက အထုပ်လိုက် လုပ်ထားပြီး စားခါနီးမှ လှီးကြတယ် တီကတော့ တခါတည်း စားချင်တဲ့ ပုံစံ လှီးထားလိုက်တယ် အေးရော။





မုန်လာဥကိုလဲ အခွံသင် အဝိုင်းလေးတွေလှီးပြီးတော့ နောက်တခါ လေးစိတ်ပြန်စိတ်ပါတယ် အတုံးလေးတွေရတာပေါ့ နောက်တော့ ပိုပြီးတော့ လွယ်အောင် ခုန က အိုးထဲပဲ ရောပြီးဆားရည်စိမ်လိုက်ပါတယ် ကဲ မလွယ်လား ပြီးတော့ မှ တခုချင်းစီ ရွေးထုတ်ပြီး ရေဆေး ပြန်စစ်ပေါ့နော်။





ဒါကတော့ အနှစ်လုပ်မယ့် ပရောဆက်ပါ။ ကြက်သွန်ဖြူ စဉ်းငယ်ခန့် ဂျင်း လက်တသစ်၊ ပန်းသီး တလုံး အခွံခွာ အတုံးလေးတွေလုပ်ပြီးတော့ ခုနက ကြက်သွန်ဖြူ ဂျင်းတွေနဲ့ ရောပြီး ဘလန်ဒါနဲ့ ကြိတ်လိုက်ပါတယ်။ ပန်းသီးထည့်တာ မွှေးအောင်ပါ။ ပြီးတော့ ကြက်သွန်မိတ်လေးတွေ ကို လက်နှစ်ဆစ်လောက်ဖြတ်ထားပြီး ဇလုံတခုထဲမှာ အနှစ်တွေကြိတ်ထားတာကိုထည့် ဆား ငရုတ်သီး အရောင်တင်မှုန့် သကြား ငံပြာရည် စတာတွေထည့်ပြီး နယ်ပါတယ် နယ်နေတုံးမှာလဲ မြည်းကြည်ပါ တီတို့ နှစ်ယောက်ကတော့ နယ်လိုက်မြည်းလိုက် လိုတာထပ်ထည့်လိုက်ပဲ။





အဆင်ပြေပြီဆိုရင်တော့ နယ်ပါမယ်။ ခုန က အနှစ်တွေ နယ်ပြီးသားကို နှစ်ပုံခွဲလိုက်တယ် တပုံက မုန်လာဥဖို့ တပုံက မုန်ညှင်းရွက်ဖို့။ ပြီးရင် လက်နဲ့ ရှယ်နယ်ရုံပါပဲ။ လက်အိတ်တွေဘာတွေလဲစွတ်မနေတော့ပါဘူး။ ရှုပ်လို့။ လွယ်ကူ သက်သာ မြန်ကောင်း အရသာရှိပါဆိုနော်။





အောက်ကတော့ မုန်းညှင်းတွေကို ရေဆေး ရေစစ်ပြီး အိုးကြီးကြီးတခုထဲ ထည့်နယ်တာပါ။ ဇလုံကသေးလို့လေ။





ပြီးရင်တော့ စိတ်ကြိုက်ဘူးလေးတွေနဲ့ထည့်ပြီးတော့ ရေခဲသေတ္တာထဲ ပစ်ထားလိုက်တာပေါ့။ လွယ်ကူစားမြိန်မမကတော့ ၃ ရက်နေရင် စားရတယ်ပြောတာပဲ စောင့်ကြည့်ရမယ် ရရင်တော့ ရ မရရင်တော့ ပစ်ပေါ့။





တနေ့ကတည်းက ပုစွန်ဆီပျံစားချင်နေတာ မနေ့က ပင်လယ်စာ အကင်သွားစားတော့ ပုစွန်မီနီထုပ် တကီလို ဝယ်လာပါတယ် ဘတ် ၄၈၀ ပါ ၁၂ ကောင်ရပါတယ် မောင်က အိမ်ရောက်တော့ ရေဆေး အခွဲနွှာပြီးတော့ ဆားနနွင်းနယ်ပေးပါတယ်။ ကြက်သွန်ဖြူနီလေးတွေအဖတ်သေးသေးလေးတွေလှီးလိုက်ပါတယ်။ ပြင်ဆင်ထားတာပါ။





ဆီပူလာရင် ကြက်သွန်ဖြူနီ ဆီသတ်ပါ။ နည်းနည်နွမ်းရင် ပုစွန်ထည့် အကောင်လေးတွေ ကွေးလာရင် လှန်ပေး။ ပုစွန်အကွေး ငါးအနွေးဆိုတယ်မှလား။ ပုစွန်ကထွက်တဲ့ရေတွေ ဆီပျံရင်တော့ ရပါပြီ။





ထမင်းပူပူလေး ကိုပုစွန်ဆီလေးဆမ်း ဆားလေးဖြူးပြီး နယ်စားပါတယ်။ စားချင်နေတဲ့အချိန်မှာ စားရလို့လားတော့မသိဘူး။ ကောင်းမှကောင်း။





အောက်ဟာတွေက အသီးတွေပါ။ ဝယ်လာတာ များသွားတယ်။ မမက ပန်းသီး ကို ကမ်ချီထဲထည့်ဖို့ ဝယ်ခိုင်းတာ ဘယ်လောက်ဝယ်ရမလဲ မသိတော့ တပုံတရာ ဆိုတာနဲ့ ဝယ်လာလိုက်တယ် ၇ လုံးပါ။





ကျန်တာတွေကလဲ စားချင်တာ မြင်မြင်ရာရာ ဝယ်လာတာပါပဲ။




ဒါကတော့ အသီး ပလက်တာပေါ့။





ဒီပိုစ့်လေးကို တီနဲ့ တူတူ ကိုရီးယား သွားခဲ့တဲ့ ချစ်သူငယ်ချင်း ကိုရီးယား ရူး မိခိုင်မာ ကို dedication လုပ်ပါတယ်။


A Chen
12:42 AM
Friday
20th Jan 2012
Home
Bangkok

9 comments:

  1. Qt လင့်ကို လမ်းညွန်ပေးလို့ ကျေးဇူးပါနော် တီချမ်း
    သရေကျသွားပါတယ်
    သစ်သီးတွေထဲမှာ ဇီးသီးပါသလားလို့
    ဒီမှာ ဇီးသီး မရှိဖူး စားချင်လို့်တလုံး နှိုက်စားသွားပါတယ် :D :D

    ReplyDelete
  2. စန်းထွန်းလည်း ကင်ခ်ချီကို အကုန်ပစ်ထည့်..အကုန်ရောနယ်တာ..

    ReplyDelete
  3. လုပ်ချင်သလိုလုပ်စားချင်တာတွေစားတီချမ်းရေညည်းဘဝကိုအားကျလိုက်တာအေရယ်။ မြကျေး။

    ReplyDelete
  4. QT ရေ ဟုတ်တယ် ခုတလော QT့ ဘလောခ် ကို ဓါတ်ကျနေတာနဲ့လေ
    အကုန် အပြန်ပြန်အလှန်လှန်ဘတ်နေမိတယ်

    စန်းထွန်းရေ လာလည်တာ ကျေးဇူးပါ အကုန်ရောနယ်တော့ အသုပ်စုံးကိုတောင် သတိရသေးတယ်

    မမြကျေးရယ် after all the life suppose to be how you choose it to be right?
    or at least it is the way you should live, well that's my motto

    ReplyDelete
  5. ခုမှ ကင်မ်ချီ ထပ်လုပ်ဖို့ကို သတိရသွားတယ်။ ပုဇွန်ဆီပျံလေး ကောင်းလိုက်မယ့်ဖြစ်ချင်း

    ReplyDelete
  6. တီ့မိုတိုအတိုင်း ကောင်းမှကောင်းပေါ့ အီဗီရယ်
    တနပ်ကို နှစ်ကောင်နှုံးနဲ့ မောင်နဲ့ ကိုယ်တွယ်ကြတယ်
    မောင်က ညှာပြီးစားတော့ ၃ ကောင်ကျန်သေးတယ် ဟိဟိ

    ReplyDelete
  7. အမယ်.. လူကို မရှိသုံး သုံးပြီး ဆရာတင်တာပေါ့လေ။ :mt:
    မကောင်းလည်း ချဉ်ရည်ဟင်းချက်သောက်နော်.. တကူးတကလုပ်ထားကြတာ ပစ်လိုက်ရင် နှမြောစရာ။
    နောက်ပြီး ငရုတ်သီးစိမ်းတွေ နှစ်ခြမ်းခွဲပြီး ထည့်ထားတာကို ထည့်ရေးဖို့ မေ့သွားသလားလို့။
    ၃ရက်နေရင် ရတာက QT'နည်းကွ.. တို့က 24hrs အပြင်မှာထားပြီး စစားပြီ။ ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့တော့ မမေ့နဲ့နော်.. တော်ကြာ အရမ်းချဉ်သွားဦးမယ်။
    End Productလေး ဘယ်လိုနေတယ်တော့ သိချင်သေးတယ်။ :)

    ReplyDelete
  8. ခုနကတော့ နမ်းကြည့်တာ မွှေးနေတာပဲ
    စားတော့ မစားရသေးဘူး အရင်စမ်း စားခိုင်းရမယ့် လူရှာနေတာ
    မောင်ကလဲ မကြိုက်ဘူးဆိုတော့ ဟိဟိ
    ဂီနီဝက်လိုနေတယ်

    ReplyDelete
  9. အဲတော့တို့လဲမနက်ဖြန်ကိုအသုတ်စုံလုပ်စားမလို.ပာာကိုတီချမ်းဦးသွားပီတော့။ မြကျေး

    ReplyDelete