Tuesday, March 13, 2012

ကြွ ကြွာ ကြွား နဲ့ တီချမ်း ရတဲ့လက်ဆောင်တွေ

တီချမ်းတယောက် တကယ်ပဲ နာမည်ကြီးနေပြီလား။ စဉ်းစားစရာပါ။ ဘာ့ကြောင့်တီချမ်း ဒီလိုပြောရတာလဲ ပြောရဲ ရတာလဲ ပြောခွင့်ရှိတာလဲ။ တီချမ်း ပြောတာတကယ်လား၊ ကြွားတာလား၊ တကယ်ကြွားတာလား .......... ဆိုတာသိရအောင်.......စမ်းစစ်ကြည့်ကြရအောင်နော်..............





ကြည့်ကြပါ တာဘလိုဝမ်း ချောကလက် တတောင့် နဲ့ အင်္ကျီ နှစ်ထည့် (တထည်က တီ့အတွက် တထည်က မောင့်အတွက်) လက်ဆောင်ရတာပါ။ သူငယ်ချင်းရဲ့ သူငယ်ချင်း သြစတေးလျနေ အလင်းအိမ်ဆိုသူက တီ့ စာဘတ်ပရိတ်သတ်ပါ။ သူက လာလည်တော့ တီ့ အတွက်ဆိုပြီး လက်ဆောင်တွေယူလာပါတယ်။ ကဲ စာဘတ်ပရိတ်သတ်ကပေးတဲ့ လက်ဆောင်နော်။ ဒီစာဘတ်ပရိတ်သတ်က တီတို့လိုပဲ ဂေးတယောက်ပါ။





ကဲ ကြည့်ကြပါအုံး။ စတာဒဘတ်ခ်စ် ကော်ဖီထုပ်တွေ။ ပြောပြပါမယ် ဇာတ်လမ်းကို။ ပြီးခဲ့တဲ့ လက ဖေဖော်ဝါရီ ၁၄ မှာတီက ဗင်လင်တံတိုင်း အတွက် ပိုစ့်ရေးတယ်လေနော်။ အဲ့မှာ မောင်ဝယ်ပေးတဲ့ လက်ဆောင် စတားဘတ်ခ်စ်
က ကော်ဖီနှပ်တဲ့ အို အကြောင်းပါတယ်လေ။ ပြီးတော့ နောက် တပိုစ့်ဖြစ်တဲ့ မောင့်အတွက် မှာ တီက အဲ့အိုးကို သုံးပြီး ရေနွေးကြမ်းနှပ်ထားတဲ့ အကြောင်းရေးတော့ တီ့ စာဘတ်ပရိတ်သတ် နောက်တယောက် ကောင်မလေး က (အရင်ကလဲ တီတို့နဲ့ တူတူ အလှုတွေထဲပါဝင်ဘူးတဲ့သူပါ) တီ့ကို ဂျီတော့ကနေ တီချမ်း စတားဘတ်ခ်စ် ကြိုက် ရင်ကော်ဖီထုပ်တွေ လက်ဆောင်ပေးမယ် ဆိုလာပါတယ်။ ကြိုက်တာပေါ့ကွယ် အလကားရရင်ပိုတောင်ကြိုက်
သေးတယ် လို့ ပြောလိုက်တယ်။ တီက ထင်တာ စနေတယ်ထင်တာ နောက်တော့မှ သူက တကယ်ပြောနေတာ ဆိုတော့ ပျော်သွားတာပေါ့။ အဲ့တာတောင် တီက ရိုင်းယောင်း ကို သင်တန်း ပေးဖို့ သွားစရာရှိနေတာနဲ့ နောက် နှစ်ပတ်နေမှ ယူမယ်ဆိုပြီး ချိန်းခဲ့ကြတာပေါ့။ နောက် တီ ရိုင်းယောင်းကနေပြန်လာတော့ ၄ ရက်နေ့ မှာ ချိန်းပြီး တီိ့ကု လက်ဆောင်ပေးအပ်ပွဲတွေ လုပ်ကြပါတယ်။ ကြည့်လိုက်တော့ ကော်ဖီမှုန့်က ၃ ထုပ် အပျင်းနှစ်ထုပ် အပျော့ တထုပ် နောက် ကိုကိုးမှုန့်က တထုပ်ပါတယ်။ ကော်ဖီတွေက တထုပ်ကို ဘတ် ၅၀၀ လောက်ကျမယ်။
ကုန်ပြီလားဆိုတော့ မကုန်သေးဘူး။ သူက ခွက်လဲ နှစ်ခွက်ပေးသေးတယ်။ ရေလည်မိုက်ဒလယ် ပျော်တယ်။
ကျေးဇူးပါ အေးစုစံ.........တီကလဲ စတားဘတ်ခ်စ် ခွက်တွေစုတာနဲ့ အတော်ပဲပေါ့။





တခွက်က ခရစ်စမတ် ဒီဇိုင်းနဲ့ အဲ နှစ်ခွက်စလုံးက ခရစ်စမတ် ဒီဇိုင်းပါ။ မိုက်တယ်နော်။ အစိမ်းလေးက ပိုလှတယ်။
မောင်ကလဲ အစိမ်းကြိုက်တယ်ဆိုပြီး လာလုနေသေးတယ်။ ပြောပလိုက်တယ် တီချမ်းအရောင်နဲ့ပါးမပြောင်နဲ့လို့
အောက်ကပုံလေးတွေက တီ ခရီးထွက်လို့ မတူနဲ့ နိုင်ငံတွေမှာ စတားဘတ်ခ်ရောက်တိုင်း ဝယ်ဝယ်စုထားတဲ့ ခွက်
လေးတွေပါ။





ပထမပုံက ဟောင်ကောင်က တခွက် တရုတ်ပြည်က တခွက် နောက်ဘေးက အကြည်လေးက မလေးရှား ကေအယ်လ်မှာ ခရစ်စမတ် ၂၀၀၈လား ၂၀၀၉ လားမသိ။ မမှတ်မိတော့ဘူး။





ပန်းရောင်လေးနဲ့ သမင်လေးတွေပါတာက ဘန်ကောက်မှာပဲ ဝယ်တာလား ဘူဆန်မှာတုံးက ဝယ်တာလား အဲ့တာလဲ သေချာမမှတ်မိ။ အသည်းပုံခွက်ကတော့ ဘန်ကောက်သေချာတယ် အရင်လကမှ ဗဲလင်တိုင်း အတွက် မောင်ဝယ်ပေးတာ။





ဒီခွက်အစိမ်းရောင် အအေးထည့်တာက ၂၀၀၉ ဘာလီ သွားတုံးက ဝယ်တာ။ ဒေါ်လာ ၂၀ ထင်တယ် ပေးရတာ အဲ့ဒီတုံးက စတားဘတ်ခ်ရောဂါ မစွဲကပ်သေးတော့ ခွက်တခွက်ကို အဲ့လောက်ပေးရတာ ဈေးတယ်ကြီးတယ် ထင်သကိုး။ ခုတော့လဲ ရောဂါက ရင့်နေတော့ သူများ အလိမ်ကို ပျော်ပျော်ခံနေတဲ့ ဘဝရောက်နေပြီပေါ့ကွယ်။
အော် ဖရင်ချိုင်းဇင်း ဖရင်ချိုင်းဇင်း ပြီးတော့ သူတို့က ပြောသေးတယ်နော် သူတို့ ကော်ဖီကို ဈေးကြီးရောင်းတာ တို့တွေ ရဲ့ တတိယ နိုင်ငံတွေ ကို ပိုက်ဆံပေးဖို့ ပါဆိုပဲ။ ခုတော့ တတိယနိုင်ငံသားဖြစ်တဲ့ ကိုယ်က အဲ့ဒီ ကိုယ်တို့ နိုင်ငံတွေကို ပေးမယ့် ဈေးကြီး ကော်ဖီ ကို ဝယ်ဝယ်သောက်နေတော့တာပဲ။ အိုလေ နှစ်ခါပေးတယ် ပဲ သဘောထားလိုက်တယ်။ မအေးလား။ ဇာတ်လမ်းက ဒီမှာ တင်မဆုံးသေးဘူး....





တွေ့လား စတားဘတ်ခ်စ် မင်ဘာကဒ် လုပ်ထားတာ။ သူက ပရီပိတ်ကဒ်လိုပါပဲ ကိုယ့်ဘာသာ ပို်က်ဆံကြိုဖြည့်ပြီး
တော့ ဝယ်တဲ့ အခါ ကဒ်လေးနဲ့ပေးပေါ့။ ဘေးက ဟာတွေကတော့ တနှစ်တခါပေးတဲ့ ပလန်နာ သူက ကဒ်နဲ့ သုံးတဲ့သူတွေကို နယူးရီးယား အချိန်မှာ ဘတ် ၂၀၀၀ ထည့်ရင် တအုပ်ပေးတယ်။ မနှစ်ကတော့ ပရိုမိုရှင်းက တမျိုး တနှစ်နဲ့တနှစ် မတူဘူး။ ဒီနှစ်တော့ စာအုပ်လိုချင်လို့ နှစ်ခါဖြည့်ရတယ် မောင် တအုပ် ကိုယ်တအုပ်။





ဒါလေးကတော့ တီ့ ပရိတ်သတ်ကောင်မလေးပေးတဲ့ကော်ဖီ ကိုနှပ်ထားတာပါ။ ကောင်းမှကောင်းပဲ မွှေးနေတာပဲ။





ကော်ဖီတွေပြီးတော့ လက်ဖက်ရည်လာပါမယ်။ လက်ဖက်ခြောက်တွေပေါ့။ ကြည့်ပါ ဘူးလေးနဲ့ကိုလာတာ။ တရုတ်ပြည်က တပည့်တွေ လာတော့ လက်ဆောင်ယူလာပေးတာ။ တရုတ်တွေများ သိပ်ပိုက်ဆံရှာတတ်တယ်။ လက်ဖက်ခြောက်ကို ဒီလိုဘူးတွေ ဘာတွေနဲ့ ထည့်ပြီးတော့ ဈေးကြီးပေးရောင်းတယ်။ အထဲမှာက ဘာမှသိပ်မဟုတ်ပေမယ့် ဒီလို သံဘူးနဲ့ဘာနဲ့ထည့်လိုက်တော့ ရုပ်ထွက်က ကွာသွားရောလေနော်။





ဒီတခုက ပိုဆိုးသေး ပိုတောင်ဈေးကြီးသေးတယ်။
တောင်မြင့်လက်ဖက်ခြောက်လို့ဘာသာပြန်ရင်ရမယ်ထင်တယ်။ သူက ဗူးလဲ ပိုလှတယ် ဈေးလဲပိုကြီးတယ် နောက်သူက လက်ဖက်ခြောက်မဟုတ်ဘူး လက်ဖက်စို ကို လုံးထားတာ ဂရင်းတီး အစစ်ပေါ့လေ။ ရေနွေးနဲ့ ထည့်လိုက်တော့မှ လက်ဖက်တွေက ပြန့်ပြီးတော့ အရွက်လိုက်တွေပြန်ဖြစ်တာ လက်ဖက်ခြောက်လို အကြမ်းနံ့ နဲ့ မဟုတ်ဘူး အစိုနံ့ မသောက်တတ်တဲ့သူအဖို့တော့ စိမ်းရွှေရွှေ ဖြစ်နေနိုင်တယ် တီကတော့ ကြိုက်တယ်။





ဒါလဲ လက်ဖက်ခြောက်ပဲ များလွန်းတော့ ပြန်လက်ဆောင်ပေးလိုက်တယ်။





ဒါလေးကတော့ တူတွေ သူလဲ ဘူးနဲ့လာတာပဲ တရုတ်တွေ တော်တော်ဘူးကြိုက်တယ် အမှန်တော့ သိပ်တန်ဖိုးမကြီးတဲ့ ပစ္စည်းတွေကို ဘူးထဲထည့်ပြီး သကာလ မတန်တဆ ဈေးနဲ့ ရောင်းကြတာ ကိုယ်တို့တွေ ဥပမာ ယူရမယ်။ ပိုက်ဆံရှာပုံကိုပြောတာ။





ဒါလေးတွေကတော့ နောက်ဆုံးပေါ့။ မောင့်လက်ဆောင်ပဲ။ တနေ့က ကော်ဖီထုပ်တွေသွားယူရင်း Terminal 21 လို့ခေါ်တဲ့ ရှော့ပင်းမော အသစ် မှာ ပရိုမိုရှင်းလုပ်နေတာနဲ့ တွေ့တော့ လိုချင်လို့ မောင့်ကို ပူဆာတာ မောင်က ဝယ်ပေးတယ်။ ချစ်စရာကောင်းလိုက်တဲ့ မောင်။ ဘာလုပ်တဲ့စာလဲ သိချင်လား။ ကင်မလာ လန်းစ် ဆေးတာပါ။ ဝမ်းတဆက် လာတာ။ တချောင်းချင်းစီ ကိုယ်လိုတာကိုပဲ ရွေးဝယ်လဲ ရတယ်။ ပါကင်ထဲမှာ လေးခုပါတယ်တဲ့ ကိုယ်တောင်ကြောင်သွားတယ် ဘာလေးခုလဲပေါ့ လက်စသတ်တော့ သူတို့က လန်းစ်ဆေးတဲ့ အချောင်းက ၃ ချောင်း ပြီးတော့ ပုဝါ ကိုပါ တခု အနေနဲ့ ထည့်တွက်တာကိုး။ အဲ့တော့ ပစ္စည်းလေးခုပေါ့။ ထားပါတော့။





သူက နှစ်ဘက်ပါတယ်။ အနီရောင် ခလုတ်လေးကို တွန်းလိုက်ရင် တဘက်က အမွှေးနုလေးတွေနဲ့ ဘရပ်ရှ်လိုဟာ
လေးထွက်လာတယ်။ ပြီးတော့ တဘက်ကို အဖုံးဖွင့်လိုက်ရင် လန်းစ် ကိုသုတ်တဲ့ အတံလေးထွက်လာတယ်။ သူက အပေါ်မှာ ကတ္တီပါလို အစလေးနဲ့ ပါတယ် နောက် တခုနဲ့ တခုမတူဘူး။ ဥပမာ လန်းစ် ဆေးတာဆိုရင် သူက ထိပ်အတံလေးက အခွက်လေးပြန်ပါသေးတယ်။ လန်းစ် ရဲ့ အခုံးကို အကွန်မော်ဒိတ်လုပ်ပေးဖို့ပေါ့။
နောက် နောက်ဘက်က ချောင်းကြည့်ပေါက်လေးအတွက်အတံသေးသေးလေးလဲ ပါသေးတယ်။
မက်ခရို ပန်လို့သူကခေါ်ပါတယ်။ နောက် အပိုတချောင်းက လန်းစ်ဖေလ်တာ အတွက်ပါ သူကတော့ ကတ္တီပါစက အပြောင်ပဲ ခွက်မပါတော့ဘူး။ ဖေလ်တာက ပြင်ညီကော။





ကဲ ဒီနေ့တော့ ပိုစ့်ကို လက်ဆောင်ပေးတဲ့ သူငယ်ချင်း စာဘတ်ပရိသတ်များကိုကျေးဇူးတင်သလို မောင့်ကိုလဲ ကျေးဇူးတင်ကြောင်းပြောရင်နဲ့ ဒီပိုစ့်လေးကို အဆုံးသတ်လိုက်တော့မယ်။ မောင်က မနက်ဖြန် ရန်ကုန်ပြန်ပါမယ်။ အဲ့တော့ တီ ပျင်းနေအုံးတော့မယ်။ အိ......


A Chen
7:40PM
Tuesday
13th Mar 2012
the Orange coffee shop
Phaya Thai
Bangkok




9 comments:

  1. တီချမ်းတယောက် တကယ်ပဲ နာမည်ကြီးနေပြီလား။ စဉ်းစားစရာပါ။ ဘာ့ကြောင့်တီချမ်း ဒီလိုပြောရတာလဲ ပြောရဲ ရတာလဲ ပြောခွင့်ရှိတာလဲ။ တီချမ်း ပြောတာတကယ်လား၊ ကြွားတာလား၊ တကယ်ကြွားတာလား .......... ဆိုတာသိရအောင်.......စမ်းစစ်ကြည့်ကြရအောင်နော်..............

    တကယ်တကယ် နာမည်ကြီး တဲ့ တီတီချမ်း ပါတဲ့ဗျာ ပုံမပြလည်း ယုံပါတယ်

    မောင်မရှိလို့ပျင်းနေမဲ့ တီချမ်းကို သနားပါဘိ ... ပျင်းပျင်း နဲ့ ဟင်းလေးတွေ ချက်တင်ပါအုန်း... မမန့်ဖြစ်ပေမဲ့ အမြဲလာစားပါတယ်

    ခင်မင်တဲ့
    ရွှေစင်ဦး
    .

    ReplyDelete
  2. အမယ် လက်ဆောင်တွေအများကြီးနဲ့ပျော်နေတာကိုခံစားလို့ရတယ်။ ကူပျော်ပေးသွားတယ်နော် :D :D

    ReplyDelete
  3. ဖတ်ပြီး တီချမ်းကို လက်ဆောင်ပေးချင်စိတ်ပေါက်သွားတယ်.. တကယ်

    ReplyDelete
  4. ခရစ္စတလ်March 13, 2012 at 10:51 PM

    ဟယ်..........အားကျထာ မနာလိုထာ စိတ်တိုထာ အမြင်ကတ်ထာ ကြွားလွန်းထာ...ထာ ထာ ထာ
    ဂလောက်ဆိုရင် လုံလောက်ပြီ ဟိ ဟိ :P

    ပြန်မယ်မှန်းသိရင် လူကြုံမှာချင်သား :D

    ReplyDelete
  5. ကျနော်လဲ လက်ဆောင်ပေးချင်စိတ် တကယ်ပေါက်သွားတယ်။ ပိုစ့်တွေနဲ့ စာဖတ်ပရိသတ်ကို ပျော်စေသူ၊ ဟင်းချက်နည်းတွေနဲ့ သားရည်ကျစေသူတီချမ်းကို တီချမ်းရဲ့ကော်ဖီဆိုင်မှာ ကော်ဖီလာသောက်မှ လက်ဆောင်ပေးမယ်ဗျာ။
    လီယို

    ReplyDelete
  6. လက်ဆောင်ပေးချင်ပါတယ် တီချမ်းကို


    စာတိုက်ပုံးကနေ ပေးပါမှပဲ

    z

    ReplyDelete
  7. နန်းမတော် မိမိချမ်းပဲဟာ ဒီလောက်တော့ နာမည်ကြီးမှာပေါ့အေ

    ReplyDelete
  8. တီချမ်း....,

    တီကြွားလိုပဲ့ခေါ့်တော့မယ်.... တကယ်..:)
    စတာနာ်.....

    ReplyDelete
  9. ဒီဘလော့ နာမည်က မောင်နဲ့ စားစရာများလားလို့တောင် တွေးမိသွားတယ်။
    မောင်ကလဲ ချစ်စရာ..စားစရာတွေကလဲ စားချင်စရာ..
    :D

    ReplyDelete