Friday, July 17, 2009

ကုထုံးကျရှူံးခြင်းကို နားလည်ခြင်း

TREAT Asia Report
July 2009

ကုထုံးကျရှူံးခြင်းကို နားလည်ခြင်း

ကုထုံးကျရှူံးခြင်းမှာ ဆေးသောက်ချိန်မှန်ကန်တိကျမှုနှင့် ဆေးမတိုးတော့ခြင်းများက
အဓိက ကျသော အခန်းကဏ္ဍမှပါဝင်နေခြင်း

ဂျူလိုင် ၂၀၀၉- အာရှမှာ ရှိတဲ့ လူနာတော်တော်များများ ရဲ့ ကုထုံးကျရှူံးမှုနဲ့ တွေ့ကြုံ နေရ ခြင်း အရေအတွက်တွေ တဖြည်းဖြည်းနဲ့ ပိုမိုများပြားလာနေပါတယ်။ ကုထုံးကျရှူံးမှု ဆိုတာ ခန္ဓာ ကိုယ်အတွင်း အိတ်ခ်ျအိုင်ဗီ ပိုးတွေရဲ့ တိုးပွားနှူန်းကို အေအာဗီ ခေါ်တဲ့ ပိုးတားဆေး တွေက ထိထိရောက်ရောက်မတားဆီးနိုင်တော့ခြင်းကိုခေါ်တာပါ။ ကုထုံးကျရှူံးခြင်းဟာ လူနာရဲ့ ဆေးကို အချိန်မှန်မှန်ကန်ကန်နဲ့ သောက်သုံးရမယ့်အတိုင်းအတာ၊ ပမာဏ၊ ဆေး အမျိုးအစား အတိုင်းတိတိကျကျ လိုက်နာသောက်သုံးခြင်း (ဆေးသောက်မှန်ခြင်း) နဲ့
သောက်သုံးနေတဲ့ဆေးအမျိုးအစားရဲ့ အာနိသင်ရှိခြင်းမရှိတော့ခြင်း၊ ဆေးတိုးခြင်း မတိုးတော့ခြင်း (ဆေးမတိုးတော့ခြင်း) နဲ့ တိုက်ရိုက် ဆက်စပ်နေပါ တယ်။

ဆေးမတိုးတော့ခြင်းကိုယ်တိုင်ကိုက ရှုပ်ထွေးတဲ့ဖြစ်စဉ်တခုပါပဲ။ အိတ်ခ်ျအိုင်ဗီ ပိုးတွေဟာ တဖြည်းဖြည်းနဲ့ ဆေးတွေ ရဲ့ အလုပ်လုပ်ပုံကို နားလည် ယဉ်ပါး လာပြီးတော့ ဆေးတွေက အာနိသင်အရ သူတို့ ကိုမျိုးပွားတဲ့ တားဆီးခြင်းကနေ ဘယ်လို ရှောင်ကြဉ်ရမလဲဆိုတာ သဘောပေါက်လာကာ ဆက်လက်မျိုးပွားလာ ကြခြင်း ကိုခေါ်ပါ တယ်။ ဒီနည်းနဲ့ ရောဂါပိုးတွေ ဟာ မျိုးဗီဇ အရ ပိုမိုထက်မြက်တဲ့ ရောဂါပိုးတွေ ကို မျိုးပွား ထုတ်ယူပြီးတော့ လက်ရှိသောက်သုံးနေတဲ့ ဆေး အာနိသင်မရှိတော့ခြင်း (တနည်း) ဆေး မတိုးတော့ခြင်း ဆိုတဲ့ ဖြစ်စဉ်ကို လုပ်ယူပါတယ်။ အခုဆိုရင် စဉ်ဆက်မပြတ် သုတေသန ပြုမှု တွေ ကနေ ပြီး တော့ ဆေးသောက်မှန်မှုနဲ့ ဆေးတမျိုးခြင်းဆီရဲ့အာနိသင်ပျောက်ဆုံး မှု (တနည်းဆေးမတိုးတော့ခြင်း) အကြားက ဆက်စက်မှုတွေ ကို သိလာရပါပြီ။

အေအာဗီဆေးတွေ ကို သူတို့ ရဲ့ အာနိသင် အလိုက်အုပ်စု များခွဲခြားနိုင်ပါတယ်။ တနည်းအားဖြင့် အိတ်ခ်ျအိုင်ဗီ ပိုးတွေရဲ့ မျိုးပွားခြင်း အပေါ် သူတို့ ရဲ့ တားဆီးနိုင်စွမ်းနဲ့ ခွဲခြားတာပါ။ အေအာဗီဆေးတွေမှာ ဆေးမတိုးတော့ခြင်းနဲ့ ဆိုင်တဲ့ မျိုးဗီဇ ဆိုင်ရာ အခက်အခဲ တွေလဲရှိပါသေးတယ်။ မျိုးဗီဇ ဆိုင်ရာ အခက်အခဲ ဆိုတာကတော့ ပိုးတွေအနေနဲ့ ဆေးမတိုးတော့မယ့် အဆင့်ကိုရောက်ဖို့ မျိုးဗီဇပြောင်းလဲခြင်း ဘယ်နှကြိမ် လုပ်ဖို့ လိုလဲ ဆိုတာ ကိုတိုင်းတာတဲ့ အရာပါ။ အဆင့်မြင့် မျိုးဗီဇ ဆိုင်ရာ အခက်အခဲ ဆိုတာကတော့ ပိုးတွေအနေနဲ့ မျိုးပွားခြင်းကို ထိန်းချုပ်ခံရခြင်းကလွတ်အောင် မျိုးဗီဇ အသွင်ပြောင်းခြင်း ကို အဆင့် များစွာ လုပ်ဖို့လိုတယ် လို့ ပြောချင်တာပါ၊ နောက်တမျိုး အဆင့်နိမ့် မျိုးဗီဇဆိုင်ရာ အခက်အခဲဆိုတာက ပိုးတွေအနေနဲ့ ဆက်လက်မျိုးပွား နိုင်ဖို့ အတွက် မျိုးဗီဇ အသွင်ပြောင်းခြင်း ကို အကြိမ်နည်းနည်းပဲ လုပ်ဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဥပမာအားဖြင့်-ရီတိုနားဗီးယား နဲ့ ထပ်တိုးအားဖြည့်ထားတဲ့ လိုပီနားဗီယား (ကယ်လီထရာ သို့ အလူဗီယာ) ဟာဆိုလို့ရှိရင် အင်မတန်အာနိသင်ရှိတဲ့အတွက် သူ့မှာ အဆင့်မြင့်မျိုးဗီဇဆိုင်ရာ အခက်အခဲ ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက် ဒီဆေးကို ဆေးမတိုးတော့မယ့် အဆင့်ကို ရောက်ဖို့ အတွက် ပိုးတွေအနေနဲ့ အနည်းဆုံး အဆင့်၆ ဆင့်လောက်မျိုးဗီဇ အသွင်ပြောင်းရမှာဖြစ်ပါတယ်။ အဲ့တာမှသာဆေးမတိုးတော့တဲ့ အဆင့်ကိုရောက်ပြီး ပိုးတွေဆက်လက်မျိုးပွားနိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ နီပါရာပင်းကတော့ အာနိသင်တော့ရှိပါရဲ့ အဆင့်နိမ့် မျိုးဗီဇ ဆိုင်ရာ အခက်အခဲပဲ ရှိတဲ့အတွက် ပိုးတွေအနေနဲ့ အဆင့်တဆင့်သာ မျိုးဗီဇကွဲ အသွင်ပြောင်း လိုက်ရုံနဲ့ ဆေးရဲ့အလုပ်လုပ်ခြင်း (တနည်း) ဆေးရဲ့ အာနိသင်ကိုရပ်ပစ်နိုင်ပါတယ်။ အဲ့တာကြောင့် ဆေးသောက်မှန်ကန်မှု ကောင်းကောင်းနဲ့ စနစ်ကျကျရှိဖို့ (ဥပမာ-သောက်ရမယ့် ဆေးပမာဏ ရဲ့ အနည်းဆုံး ၉၅% ရဲ့အထက် တိကျသေချာ ဆေးသောက် မှန်ကန်မှု ရှိရပါမယ်။ ပိုရှင်းအောင်ပြောရရင် တလ မှ ဆေးအကြိမ် ၆၀ သောက်ရမယ် ဆိုရင် ၃ ကြိမ်ထက် ပိုပြီးဆေးလွတ်လို့မဖြစ်ပါဘူး) ဟာ ဆေးမတိုးတော့ခြင်း ကိုကာကွယ် ဖို့အတွက် လိုအပ်ပါတယ်။

အေအာဗီဆေးသောက်ကြိမ်လွတ်သွားခြင်း ဒါမှမဟုတ် ၃ မျိုးသောက်ရမယ့် ဆေးမှာ ၁ မျိုး သို့မဟုတ် ၂ မျိုးသာသောက်မိခြင်း စတာတွေဟာ ခန္ဓာကိုယ်တွင်း ဆေးအာနိသင် မညီမျှမှု ကိုဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအချိန်မှာ အိတ်ခ်ျအိုင်ဗီ ပိုးတွေ ဟာ အဲ့တာ ကိုအခွင့်ကောင်းယူ ပြီးတော့ ပိုးပွားခြင်းနဲ့ မျိုးဗီဇကွဲ အသွင်ပွားခြင်းတွေကို လုပ်ပါတယ်။ တကယ်လို့ အဲ့လို ဆေးလွတ်တဲ့၊ ဆေးမသောက်မိတဲ့ အကြိမ်များလာလေလေ ဆေးတွေအနေနဲ့ ယဉ်ပါးမှု ပြဿနာ ပိုကြီးလာလေလေပါပဲ။အဲ့ဒီအတွက်ကြောင့် နောင်တချိန်မှာပြန်ပြီး ဆေးသောက် မှန်လာရင်တောင် ဆေးမတိုးတော့မယ် ပြဿနာက ရှိမြဲရှိနေမှာဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အေအာဗီဆေးရဲ့ ယေဘုယျ ပန်းတိုင်ဟာ စပ်တွဲဆေးအတွဲတတွဲနဲ့ အိတ်ခ်ျပိုင်ဗီ ပိုးတွေကိုမျိုးပွား၊တိုးပွားခြင်းကနေ တတ်နိုင်သမျှ အချိန်ကြာကြာ ကာကွယ် တားဆီး ပေးဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆေးသောက်မှန်ခြင်း (သောက်ရမယ့် ဆေးမာဏ နဲ့ ဆေးသောက်သုံးမှု အချိန်မှန်ခြင်း ၊တိကျခြင်း) နဲ့ ဆေးတခုခြင်းဆီရဲ့ သွင်ပြင်လက္ခဏာ (ဥပမာအားဖြင့် အန်အာတီအိုင်၊ အေအာဗီဆေး ရဲ့ ပထမဆုံးအုပ်စု ဟာဆိုလို့ ရှိရင် တခြား ဒုတိယ၊ တတိယ ဆေးအုပ်စုတွေထက် ပိုးကိုဆေးမတိုးနိုင်တော့ခြင်းမှာ ပိုနိုင်ပါတယ်။ ဆိုလိုတာကတော့ လွယ်လွယ်နဲ့ဆေးမတိုးတော့မယ့် အာနိသင်မရှိတော့မယ့် ဆေးအုပ်စု ကို ဆေးတမျိုးခြင်းဆီရဲ့ သွင်ပြင်လက္ခဏာ လို့ ခေါ်ပါတယ်) စတဲ့အချက်တွေဟာလဲ ကုထုံးကျရှူံးမှု ဘယ်အချိန် မှာ ဖြစ်မယ် ဒါမှမဟုတ် ဖြစ်မယ်မဖြစ်ဘူးစတာ တွေကို လွှမ်းမိုးနိုင်ပါတယ်။

နေ့လည် ၂း ၄၈ နာရီ
၁၆ ရက် ဂျူလိုင်လ ၂၀၀၉ ခုနှစ်
အောင်မျိုး
ဘာသာပြန်သည်။

5 comments:

  1. တီရေ
    စာလာဖတ်ပါတယ် ..

    မိုးခါး

    ReplyDelete
  2. ဗဟုသုတ အများကြီး သယ်သွားတယ် ချစ်သောတီ

    ReplyDelete
  3. ဗဟုသုတ အများကြီးရသွားတယ် တီရေ..

    တီ..
    ဆေးမှန်မှန်သောက်နော်...

    ReplyDelete
  4. ခေါင်းစဉ်ကြည့်ပြီး လန့်တာ

    ReplyDelete
  5. Really nice to know. Thanks for posting this.

    ReplyDelete