Thursday, July 23, 2009

ချစ်ရတဲ့ ကလေးလေးရေ


Jimmy ဆီကနေ ပုံကိုယူပါတယ်ကွယ်
ချစ်ရတဲ့ ကလေးလေးရေ

တချိန်က တို့လဲမင်းလိုပဲ ခေါင်းကိုမော့ပြီး သစ်ပင်ပေါ်က သန့်ရှင်းလတ်ဆတ်တဲ့အရွက် စိမ်းစိမ်းလေးတွေကိုကြည့်ရုံ မိုးပေါ်က ပြေးဖြတ်သွားတဲ့ တိမ်ထု ဖြူဖြူလေးတွေကိုမြင်ရုံနဲ့ ပျော်ရွှင်ခြင်းကိုခံစားလို့ရခဲ့ဖူးတာပေါ့။

တချိန်တုံးက တို့လဲ သစ်ပင်အောက်မှာတိတ်တိတ်ကလေး ရပ်ပြီး လေကဆော့ကစားလို့ သစ်ရွက်လေးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံ ကိုနားထောင်ရင်း၊ ငှက်ကလေးတွေ ကျီကျီတျာတျာနဲ့ သီချင်းဆိုတာ ကိုနားထောင်ရင်း ကျေနပ်တတ်ခဲ့ဖူးတယ်။

မနေ့က ပန်းခြံထဲမှာ တို့ မင်းကိုအတုယူပြီး ငှက်ကလေးတွေသီချင်းဆိုတာ၊ လေတိုက်လို့ သစ်ရွက်မြည်တာ၊ သစ်ရွက်ကလေးတွေကခုန်တာ၊ တိမ်ဆုတ်ကလေးတွေဖြတ်ပြေးတာ စောင့်ကြည့်မိပါတယ်။ ဒါပေမယ့် မင်းအရွယ်တုံးက တို့ခံစားခဲ့ရဖူးတဲ့ ခံစားချက်မျိုးတွေ ကိုပြန်မရတော့ပဲ ပျင်းရိငြီးငွေ့ခြင်းနဲ့ စိတ်ပျက်စရာကောင်းခြင်း၊ ထွက်ပေါက်မဲ့ခြင်း စတဲ့ ခံစားချက်မျိုးကိုပဲရတော့တယ်လေ။

တို့လဲ မွန်းကျပ်သလိုခံစားလာရတာနဲ့ ပန်းခြံထဲကထွက်ပြီး အနားမှာရှိတဲ့ အဆင့်မြင့် စားသောက်ဆိုင်တခုထဲဝင်ပြီး ဈေးကြီးပေ့ ဆိုတဲ့ အစားအသောက်တွေမှာစားတယ်လေ။ ဝိုင်တောင် သောက်လိုက်သေး။ နောက်တော့ တို့ စိတ်မရှည်မှုတွေနဲ့ ဆိုင်ကို ခရုဆီဆောစ့် က မလတ်ဘူး၊ အမဲသား ကင်က တို့လိုချင်တဲ့ အတိုင်းအတာ နဲ့မဟုတ်ဘူး ကျက်လွန်းနေတယ်ဆိုပြီးတော့ ကွန်ပလိမ်းတက်တယ်။ အမှန်တော့ တို့ က ဆိုင်အပေါ်မှာ “စားသုံးသူရဲ့ကအမြဲမှန်တယ်ဆိုတဲ့ အခွင့်အရေး” ကိုအပြည့်အဝယူပြီး တို့ရဲ့ မကျေနပ် ချက်တွေ ကိုဖောက်ထုတ်နေတာပါ။ တို့ရဲ့ မွန်းကျပ်နေတဲ့ အတွေးတွေ စိတ်ညစ်ညူးမှုတွေ အတွက်ထွက်ပေါက်ရှာကြည့်တာပါ။

တို့ စိတ်အရမ်းညစ်နေတာ ထွက်ပေါက်မဲ့သလိုခံစားနေရတာ တော်တော်ကြာပါပြီ။ တို့ဘာလို့များ ဒီလိုကြောက်စရာကောင်းလောက်အောင်ပြောင်းလဲသွားရတာလဲ?

တို့ မင်း ကိုမနာလိုဘူးသိလား ကလေးရေ။
တို့ရဲ့ ဆုံးရှူံးသွားတဲ့ အပြစ်ကင်းစင်မှု လွတ်လပ်မှုတွေအတွက်ပေါ့…

ဦးဦးအောင်မျိုး
ဒေသဆိုင်ရာ ညှိုနိုင်းရေးအရာရှိ


A Chen
2:04 pm
23rd July 2009
Office
Bkk

5 comments:

  1. အသက်အရွယ်အရ ခံစားချက်လည်း ကွာသွားတယ်နော်...

    ဦးဦးရေ မီးမီးလာဖတ်သွားပါတယ်။

    ReplyDelete
  2. မေမေ မုန့်ဝယ်လာလဲ ပျော်။ ဖေဖေ ခရီးထွက်ရာက ပြန်လာလဲ ပျော်။ TV မှာ ကာတွန်းကားလာလဲ ပျော်။ ကျောင်းက ဖတ်စာအုပ် အသစ် ထုတ်ပေးလိုက်လဲ ပျော်။

    ငယ်ငယ်တုန်းကပေါ့။

    ReplyDelete
  3. အသစ်မရှိလို့ ဒီဟာကိုပဲ ထပ်ဖတ်သွားတယ်။
    ကြားဖူးတာကတော့ ယောက်ျားတွေက ဘယ်တော့မှ မကြီးရင့်တဲ့ ကလေးတွေတဲ့။ :P

    ReplyDelete
  4. i think what i am trying to say is "the lost of innocent"

    ReplyDelete