Saturday, August 8, 2009

ဖျက်ခံရတဲ့ ဆောင်းကဗျာ

ဖျက်ခံရတဲ့ ဆောင်းကဗျာ

Addy:
Lady Kev:

အပြင်မှာနှင်းတွေ
အထဲမှာ နေတွေ (ဘောကွင်းထဲမှာ)
တဖွဲဖွဲကျနေပြီ
ကျဲကျဲတောက်ပူနေပြီ
ဆောင်းရောက်နေပြီလား
နွေရောက်နေပြီလား

ပြတင်းကနေငါငေးရင်း
ထရံပေါက်ကငါချောင်းရင်း
ပြတင်းပေါက်ပေါ်က
ထရံကွက်ထဲက
ရေမှုန်တွေပေါ်မှာ
ဝါးခြမ်းပြားလေးတွေ
နင့်နာမည်ကိုရေးနေမိတယ်
ငါတခုချင်းချိုးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့
ရေမလာတဲ့အခါ အီအီးကုန်းရတာပေါ့

ချစ်သူရေ...
မုန်းသူရေ…
ဘယ်ရောက်နေပြီလဲ
ဘယ်ထောင်ကျနေလဲ

နှင်းစက်တွေနဲ့
နေပူရှိန်နဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
ခြောက်နေတဲ့ ရွှံ့တွေထဲမှာ
တူတူလှဲရင်း
တူတူလူးရင်း
အဆုံးအစမဲ့
ဘောင်ခပ်ကျဉ်းကျဉ်းနဲ့
ကောင်းကင်ပြာပြာကြီးကို
ရေဆိုးကန်ထဲကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
နှာခေါင်းရှုံ့ခဲတဲ့ညတွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့
ရာသီတွေတောင်ပြောင်းလို့

စက်ဘီးလေးကိုနင်းရင်း
ချယ်ဂါလီလေးတွန်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ငါ့ခြေနှစ်ချောင်းက
ခါးကိုလာလာဖက်ရင်
နင့်ကို ကန်မိရင်
ငါအရမ်းယားတတ်ခဲ့တာလေ
နင်အရမ်းအော်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်
ဗွက်အိုင်ကလေးသိပါတယ်

သြော် ခုတော့...
ဟယ်… မနေ့က
ငါတယောက်တည်း
နင်တယောက်တည်း
နေဝင်လမ်းမကြီးမှာ
အဝေးပြေးကားဂိတ်နားမှာ
ဖော်မပါ တကိုယ်တည်း
ဖင်တုရင်တုတွေနဲ့
စက်ဘီးနင်းတော့
အော်ဖါဆင်းတော့
နင့်ကိုသတိရမိတယ်
မိယာမရော ဈေးဦးပေါက်ရဲ့လား
ချစ်သူ...
ကောင်မရေ

နေဝင်တော့မယ်
ဈေးပေါင်ကျိုးတော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...
ရတဲ့ဈေးနဲ့လိုက်သွားဟာ…

Posted by အန်တီချမ်း
Posted by ခေတ်ပြိုင် လေဒီကယ်

2 comments:

  1. တီချမ်းရေ ပိုစ့်မော်ဒန်ကဗျာကတယ်မိုက်။
    ချစ်သူရေ ဘယ်ရောက်နေပြီလဲ
    မုန်းသူရေ ဘယ်ထောင်ကျနေလဲ ဟဟ သဘောကျတယ်။

    ReplyDelete