Wednesday, August 19, 2009

မောင်ပြောတဲ့…

မောင်ပြောတဲ့…

ချစ်သူတွေအတွက်
နားလည်မှုနဲ့ ချစ်ခြင်း
ဘယ်ဒင်း က ပိုအရေးကြီးသလဲ

လူနှစ်ယောက်အတူနေဖို့
ဘာတွေလိုအပ်သလဲ
သံယောဇဉ်နဲ့ ချစ်ခြင်းလား
ခွင့်လွှတ်ခြင်းနဲ့ နားလည်မှုလား
အဲ့ဒါတွေရှိရုံနဲ့
ပြည့်စုံပြီ လို့ဘယ်သူပြောနိုင်လို့လဲ

လူတိုင်းနားမလည်နိုင်တဲ့ အချစ်
ဘယ်သူမှလည်းမကင်းနိုင်ပြန်ဘူး
ပျော်ရွှင်စေတတ်သလို
ဝမ်းနည်းစေတတ်ပြန်တယ်
အကြင်နာတွေနဲ့အတူ
နာကျင်မှုတွေပါ ပေးတတ်ပြန်တယ်

အံ့သြစရာကောင်းတာက
ကြာကြာလည်း
မနာကျည်းစေတတ်ပြန်ဘူး
ဟူး……………………….

မင်းမင်း
(ရေးအချိန်မသိ)

2 comments:

  1. မောင်က အဲလိုပြောသလားတီ
    ဟဲဟဲ
    တနားဘာဒယ်.. ဟိဟိ
း)

    ReplyDelete
  2. အင်း သနားရုံပါပဲကွယ် ..................

    ReplyDelete