Wednesday, August 12, 2009

ဖျက်ခံရတဲ့နွေကဗျာ

ဖျက်ခံရတဲ့နွေကဗျာ

မိဘုတ်။
မိကယ်။

မချစ်တတ်တဲ့
ချစ်တတ်လွန်းတဲ့
လေပြည်တွေတောင်
မုန်တိုင်းတွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
တည်ငြိမ်စွာ တရားမှတ်လို့

ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
သူ့ရဲ့မုန်းခြင်းတွေလည်း
ရွက်နုတွေလို
ရော်ရွက်တွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
မြန်မြန်ကြွေပါတော့လေ…

ကျိန်စာမိခဲ့တဲ့
ဆုတောင်းပြည့်ခဲ့တဲ့
ဥသြတစ်ကောင်လို
ကျီးကန်းတကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
သူ့ဘဝက မီးဖိုထဲ (ဟစ်ဟစ်)

ကန္တာရကို
ပင်လယ်ပြင်ကို
ချိုချဉ်လိုမြိုခဲ့သူလေ
ဘီယာလိုသောက်ခဲ့တဲ့ကိုယ်ပါ
ပူလောင်ဖို့လိုသေးလို့လား . . .
ငံပြာရည်ဆိုတာပါးပါးလေး….

နင်နဲ့ငါရဲ့
ငါနဲ့နင်ရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ပီပြင်ပြင် ထိတွေ့မှုတွေ
ဖုန်တွေနဲ့
ဗွက်တွေနဲ့
ဒွေးရောယှက်တင်
လွတ်လွတ်ကင်းကင်း
လွင့်လို့ . . .
လူးလို့

ချစ်တယ် နွေရယ်။
မုန်းတယ် ဆောင်းရယ်……..

Posted by အန်တီချမ်း
Posted by ဘွားဘွားကယ်…….

2 comments:

  1. တီချမ်းက ဆောင်းကိုမုန်းတယ်လား။။။။။?
    :).....တီချမ်း..Posted by ဘွားဘွားကယ် ကဘာလဲဟင်..

    ReplyDelete
  2. ဘွားဘွားကယ်ဆိုတာ တီ့သူငယ်ချင်း အရူးမကြီးပါကွယ် ခိခိခိ

    ReplyDelete