ရာသီပျက်အလွမ်း (ဆောင်း BS's solo version)
မိဘုတ်:
နှင်းမြူတွေကို
စောင်လိုခြုံပြီး . . .
နင့်ပခုံးကိုမှီရင်း . . .
တစ်လောကလုံးနွေးနေခဲ့ဖူးတယ်။
ထန်းတစ်ပင်ကျော်မှ
မြင်ရမယ့်နေကိုငေးပြီး
နင့်လက်ကိုကိုင်ဆုတ်ရင်း . . .
တစ်လောကလုံးလင်းနေခဲ့ဖူးတယ်။
စောစောလာတတ်တဲ့
ညနေအရောင်ကို
နင့်ဘေးမှာတိတ်တိတ်ထိုင်ရင်း . . .
တစ်လောကလုံးလွမ်းနေခဲ့ဖူးတယ်။
လွမ်းတယ် ဆောင်းရယ်။
15June25
-
တမြို့စာမိုးရွာနေတာနဲ့ နောက်တမြို့ရောက်မှပဲသေချာ အပြင်ထွက်လည်ရတော့တယ်...
တွယ်စရာရှိရင်တော့ တွယ်ရမှာပဲ 😋😋
2 weeks ago
No comments:
Post a Comment