Tuesday, August 18, 2009

မြစ် နဲ့ စစ်









မြစ် နဲ့ စစ်

ရေပြင်ပေါ်မှာ
လှိုင်းကြက်ခွက်ကလေးတွေ
တဖွေးဖွေး
ညှင်းလေး တဖြူးဖြူးနဲ့
သာယာတဲ့ သဘာဝအလှနဲ့
River Kwai ဆိုတဲ့ မြစ်ကြီးရေ
မင်းအပေါ်မှာ အရိပ်ထိုးနေတဲ့
တံတားကြီးနဲ့ အတူ
စစ်ဆိုတဲ့ အဌိဌာန်ရုံတွေ သာမရှိခဲ့ရင်
မင်း အခုထက် ပိုလှနေမလားပဲနော်
မင်းအပေါ်မှာ အလျားလိုက်
ဖြတ်ဆောက်ထားတဲ့
ရထားလမ်းကြီးရောပေါ့
သူ့ ကိုဆောက်ခဲ့တဲ့
PoW (prisoners of war) လို့ခေါ်တဲ့
စစ်သုံ့ပန်း တွေရဲ့
အသက်သွေးချွေးတွေ သာ
မစွန်းထင်း မပေကျံနေခဲ့ဘူးဆိုရင်
မြစ်နဲ့တံတား ၊လေညှင်းနဲ့ လှိုင်းကြက်ခွက်
ဘယ်လောက်များ ပနံရလိုက်လိမ့်မလဲ
ဒုတိယ ကမ္ဘာစစ်ကြီး ……..
သူ့ ကြောင့်သေခဲ့တဲ့လူတွေ
ဆုံးရှူံးသွားခဲ့တဲ့
အသက်သွေးချွေး စည်းစိမ်ဥစ္စာတွေ
မိဘမဲ့သွားတဲ့ ကလေးတွေ
လင်ယောက်ျားမဲ့ သွားခဲ့ကြတဲ့
မုဆိုးမတွေ
သားမဲ့ သွားတဲ့ မိခင်တွေ
တိုင်းသူပြည်သားမဲ့သွားကြတဲ့ နိုင်ငံတွေ
အနာဂတ်မဲ့ သွားခဲ့ကြတဲ့ ကလေးသူငယ်တွေ
အချိန် အများကြီး ပြန်လည်စတေးရတဲ့
ပြန်လည်တည်ဆောက်မှုတွေ

လူတွေ စစ်ကိုကြောက်ကုန်ကြပြီလား….?
အဲ့လိုထင်လား…?
တခါတခါ
သဘာဝအလှအပတွေ ကို
အကျည်းတန်အောင်လုပ်နေကြတာ
လူဆိုတဲ့
သတ္တဝါတွေပဲ …………

A Chen
6:16 am
16th August 2009
Home
Bangkok
Thailand

2 comments:

  1. ဂွေးမြစ်ရဲ့ အလှတရားကို ခံစားသွားပါတယ် တီရေ..

    ကိုယ့်ကိုကိုယ် လူဆိုတာကိုတောင် မုန်းလာတယ် တီပြောထားတာလေးက ခံစားရပါတယ်

    ReplyDelete
  2. အင်း ဦးမွန်ပြောမှပဲ ကျုပ်လဲ ကဗျာရေးတာတောင် ဂွေးနဲ့မလွတ်ပါလားနော်
    မြစ်ပြောပါတယ်အေ

    ReplyDelete