Sunday, February 21, 2010

ကျတော့ရဲ့ ၅-၇-၅ ကလေးများ

၅-၇-၅ ကလေးများ

မြစ်ဧရာသီတာ
ဘဝများစွာ မှီခိုရာ
တို့မြန်မာပိုင်တာ

နွေမိုးဆောင်းကုန်ပြောင်း
ရေကြည်တဗွက် နေတပျက်
ဘဝများဖြစ်ပျက်

ခိုးခစ်ခစ်ရီတဲ့
ကကလေးငယ်ချစ်စဖွယ်
အပြစ်ကင်းစင်တယ်

ရထားခုတ်မောင်းသွား
ပြောင်းပြီလား ဘဝတပါး
မြက်တွေကိုင်းပြီလား

အိပ်ရာထက်မှေးစက်
အတွေးတွေတဝက်တပျက်
မိုးလင်းတော့မနက်

နည်းနည်းနမ်းမယ်နော်
ချစ်လို့နည်းနည်းနမ်းချင်တယ်
ရွှတ် ရွှတ် ရွှတ် ရွှတ် ရွှတ်

ချောင်ကွယ်မှောင်ကာမဲ
မောင်လာမယ် မျှော်ကာနေလဲ
ကြောက်စိတ်နဲ့ကြေကွဲ

ခြေဘလာ လမ်းလျောက်
ခြေမနဲ့ခြေမျက်စိကို
ကမ်းခြေသဲနဲ့ကုတ်

အပင်ပေါ်ငှက်များ
အရပ်ရပ်ဆီကိုပျံသွား
တစ်နှစ်သုံးလေးငါး

ရေအိုင်ငယ်ကန်စပ်
ပိန်ညင်းမောင်နှံ တဖျတ်ဖျတ်
လာတူတူဟိုဘက်

ဦးနှောက်နဲ့ပါးစပ်
မြွက်ဟတဲ့အမှန်တရား
လေးနက်တယ် တအား

အချစ်နဲ့အိမ်ထောင်
မီးတဖွား ရေတလွှားလွှား
တူမနေပါ့လား

အသက်ကဆယ်ကျော်
မေးချင်တယ်လောကကြီးအား
အချစ်ကဘဝလား

လမင်းကြီးထိန်သာ
ကြယ်ရောင်တွေ တဖျက်လက်လက်
သာသာနဲ့ယာယာ

စပါးနှံရင့်မှည့်
ရိတ်သိမ်းချိန်ရောက်လုပြီကွယ့်
တောင်သူတွေအတွက်

နေညိုချိန်တိမ်ပြိုက်
အပျိုစင်လုံမေတသိုက်
ရေခပ်ဆင်းလာခိုက်

အိပ်မရတဲ့ည
အထီးကျန်ငါ့အတွက်က
(၃၆) နာရီမက

ဒီနားလေးကိုနမ်း
ဟိုနားလေးကို ဖွဖွထိ
ဖောဋ္ဌဗ္ဗာအသိ

နှစ်လိုက်တယ်တအား
ဗွမ်းကနဲလျှံကျတာများ
အာခီမီးဒီစ် လား

မိုးတောင်လင်းလုပြီ
ငှက်လေးတွေတာတာတီတီ
ဘယ်မလဲကော်ဖီ

ခြေရာခွက်ကဖား
ဘယ်ဒင်းဘယ်လိုတွေတအား
ဘောင်ဘင်ခတ်တယ်လား

လူ့ပေါက်ပန်းမလိုင်
ဝတ်ထားတာ မြိုင်မြိုင်ဆိုင်ဆိုင်
အာနီရောင် ကြိုင်လှိုင်

နှစ်ပေအုံး နှစ်လုံး
အကျယ်က ၆ပေကျော်တောင်
တခြမ်း လွတ်တယ်မောင်

ညကလဲမှောင်မှောင်
ကြယ်ကလေးကလဲ မပြောင်ရောင်
မောင်မရှိတော့ ယောင်

A Chen
5:38 am
21st Feb 2010
Home
Bangkok

No comments:

Post a Comment