Thursday, March 4, 2010

ဟိုက္ကူများ -၂-

ဟိုက္ကူများ -၂-

ဖျက်ဖျက်လက်နေကြ
သစ်ရွက်ကြားကနေပြောက်များ
စိန်ပွင့်လေးများလား

ပင်မြင့်မြင့်ဝင့်ထည်
လေတိုက်ရင် ဘယ်ညာယိမ်းတယ်
ပင်အုန်း ဂုဏ်မာန်ကြွယ်

ကန်ထဲမှာ ကူးသွား
အဝတ်မဲ့ ကိုယ်ခန္ဓာအား
ငေးမောမိတယ်လား

အချိန်တွေကုန်မြန်
ပိုးခဲ့ပေါ့လေး…သံသရာ
ဝိတ်လျော့တော့မယ်ကြံ

ဆေးလိပ်သောက်ချင်တယ်
ရှန်ဟိုင်းကို တမ်းတမိတယ်
မင်းကဘယ်ဆီဝယ်

(သရဲ)
ဖြူလွလွအရိပ်
ဟိုဟိုဒီဒီ ငါလေတွေ့
ကိုယ်ထင်ပြတော့မေ့

မော်ဒန် လူ့ဘဝ
ကိုလာဟဲ ဘာဂါခဲကြ
အဆီတွေနဲ့ “ဝ”

တောင်ရေခဲတွေပျော်
ဆူနာမီ လေမုန်တိုင်းနော်
၂၀၁၂ မျှော်

တချို့က ကောက်ကောက်
တချို့ကကျတော့ ဖြောင့်ဖြောင့်
မတူတာဘာ့ကြောင့်

စာဗူးတောင်းငှက်ငယ်
ပင့်ယံထက်တွဲလောင်းပေါ်ဝယ်
အသိုက်ဆောက်ရှာတယ်

ငှက်တွေရဲ့အန်ဖတ်
တောင်ကမ်းပါးယံထက် ကပ်ယက်
လူတွေကတပ်မက်

ငါ့ကိုပြုံးပြသွား
ရင်ခုန်သံဝိုးတိုးဝါးတား
ကာရံဆူညံသွား

(နှစ်ဆယ့်နှစ်ရာစု သားပျို သမီးပျို)
အဖုဖုထစ်ထစ်
ဆယ်ရာစု နတ်ဘုရားသစ်
ရင်ခုန်ကာရံစစ်

လမ်းလျောက်တိုင်းဖြတ်ဖြတ်
ခြေလှမ်းကြား လျှပ်တပျက်ပျက်
ရာစုသမီးနတ်

ကြောင်ကလေး ပူစီ
ချောင်ထဲကို သူချောင်းနေသည်
ရှောင်မြန်မြန် မစ်ကီ

1 comment:

  1. ငါ့ကိုပြုံးပြသွား
    ရင်ခုန်သံဝိုးတိုးဝါးတား
    ကာရံဆူညံ့သွား
    It's a nice reflection.

    BINO

    ReplyDelete