Friday, March 12, 2010

တယောက်တည်းအိပ်တဲ့ နှစ်ယောက်အိပ်ကုတင်

တယောက်တည်းအိပ်တဲ့ နှစ်ယောက်အိပ်ကုတင်

လောကကြီးမှာ
အဝေးဆုံးဆိုတဲ့ အကွာအဝေးက
ရှင်ခြင်းနဲ့ သေခြင်းကြားက အကွာအဝေးမဟုတ်သလို
တောင်နဲ့မြောက်
အရှေ့နဲ့အနောက်
တယောက်နဲ့တယောက်
ကမ္ဘာတခြမ်းစီ ခြားနေတဲ့
အကွာအဝေးမျိုးလဲမဟုတ်ပါဘူး

ဘာနဲ့တူလဲဆိုတော့
မင်းရဲ့ရှေ့မှာ ငါရပ်နေရဲ့သားနဲ့
ငါမင်းကို အသည်းနှင့်အောင် ချစ်နေတယ်ဆိုတာ
မင်းမသိသလိုမျိုးပါ။

A Chen
3:58 pm
12th March 2010
Home
Bangkok

1 comment:

  1. အဟီး တီချမ်း ရေ

    ၂ယောက် အိပ်ကုတင်ကြီး ပေါ်မှာ တယောက်ထဲတော့ မအိပ်ပရစေနဲ့ ဖွ လွဲပါစေ

    ReplyDelete