Wednesday, July 14, 2010

ရန်ကုန်-မန္တလေး (၁၃ ရက်ည ၁၄ ရက်မနက် ဇွန် ၂၀၁၀ ခုနှစ်)

အစီအစဉ်ထဲမှာမပါတာတခု ဖြစ်လာပါတယ် မန္တလေး သွားဖို့ပါ
အစကတော့ ရည်ရွယ်ထားတာ ၁၁ ရက်နေ့လာတယ် တပတ်နေရမယ် ၁၃ရက်နေ့ မောင်နဲ့ ၅ နှစ်ပြည်မှာ တူတူရှိမယ် တနေရာရာ ရီဟန်းနီးမွန်းမယ်ပေါ့ အရင်သွားခဲ့တဲ့နေရာတွေကလဲ အများသားဆိုတော့ သွားကို သွားရမှ ဆိုတာမျိုးတော့ မဖြစ်ပါဘူး
ဒါပေမယ့် မန်းက တီ့ အလုပ်လုပ်ဖော်လုပ်ဘက် ကွန်မျူနတီတွေက အစည်းအဝေးတခု လာလုပ်ပေးပါ ဆိုတော့ မရည်ရွယ်ပဲ ရောက်ဖြစ်ပြန်ပါတယ် အရင်ကလဲ ခဏခဏ ရောက်ပါတယ် ပြင်ဦးလွင်လဲဆက်တက်ခဲ့ကြဘူးတာပေါ့ ပျော်ခဲ့ရပါတယ့် အချိန် တွေပါပဲ ပြန်ပြောင်းလွမ်းမိတော့လဲ တမ်းတလာပြန် အောင့်မေ့တော့လဲ နွမ်းလျလာပြန်တာပေါ့လေ....
အဲ့တာနဲ့ပဲ အစည်းအဝေးက အမျိုးသား ကာလသားနဲ့ အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေး ဒေသဆိုင်ရာ ဦးစီးမှူးပါပါမှာဆိုတော့ ရှည်နေတဲ့ ကေကို ခုတ်ရပါတယ် ကိုက ကြည့်ကောင်းမနေတာ သိတော့ သပ်ရပ်နေသင့်တယ်လေဆိုပြီးတော့ပေါ့ လကုန်ကျရင်လဲ အာစီယံ အစည်းအဝေးကျရင် ပရယ်ဇန်တေးရှင်းပေးရမယ့် တူတူဆိုပြီးတော့ တော်တော်လေးရှည်နေပြီဖြစ်တဲ့ ကေကို ခုတ်ပစ်ရပါတယ် နှမြောတော့ မနှမြောမိပါဘူး ကိုယ်က အစကတည်းက ကေတိုပဲလေ (ဟုတ်ပါတယ် မိတ်ကပ်လဲမကြိုက် ကေရှည်လဲမကြိုက် အလှအပ လဲ မကြိုက် ဘယ်လို အခြောက်မှန်းမသိ ဆိုသလိုပါပဲ မခြောက်ဘူးထင်ပါတယ် လိင်တူပဲ စိတ်ဝင်စားတာပါပေါ့လေနော် မတူဘူးလေ အဓိပ္ပါယ်ဖွင့်ဆိုချက်ချင်းကနော့်) ထားပါတော့ အဲ့တာနဲ့ မောင်က လက်မှတ်သွားဝယ် နယူးမန်တလာထွန်းပါ (လုံးဝမကောင်းပါ မစီးကြပါနဲ့ မန်တလာမေ ကောင်းတယ် တီ့ကိုယ်တွေ့ တကယ်ပြောတာ) အဲ့တာနဲ့ ညနေကျတော့ ၆ နာရီခွဲကားဖြစ်လို့ ကားဂိတ်ကို ၅ နာရီလောက်ဆင်းကြပါတယ် မောင်နဲ့ ကိုယ်ပေါ့ နှစ်ယောက်တည်း မိုးတွေကလဲ ရွာလိုက်တာ ကားဂိတ်ရောက်တော့ ဗိုက်ဆာတာနဲ့ စားလိုက်သေးတယ် ဆီချက်တပွဲနဲ့ လက်ဘက်ရည်တခွက် ပြီးတော့ ဘေးက မုန့်ထုတ်တွေက ညကျဆာရင်စားဖို့ ကြက်သားဘီစကစ် တထုတ်ရယ် နေကြာစိ အချဉ်ထုတ်တွေရယ် နောက် တိုးတိုး အာလူးကြော် စုံပလုံစိနေတာပဲ အဖွားအိုကြီးနှစ်ယောက် လာတောင်းလို့ ကိုယ်က အဖွားတို့ ဘာစားမလဲ ဆိုပြီး ကိုနဲ့ တဝိုင်းထဲခေါ်ထိုင်စားခိုင်းပါတယ် စားပွဲထိုးတွေက ပါဆယ်ပဲ ပေးလိုက်မယ်ဆိုလို့ ရန်ဖြစ်လိုက်သေးတယ် အဖွားတို့လဲ လူပဲ ဘာညာဆိုပြီး စကားကြီးစကားကျယ်တွေ နဲ့ ဒင်းတို့ ကိုရှင်းပြရသေးတယ် နောက်တော့ ကိုယ့်ဘာသာပဲ နောင်တရစရာဖြစ်လာအောင် အဖွားတွေက လုပ်ကြပြန်ရော အော် အသင်လောက လို့သာ အော်လိုက်ချင်တော့တာပဲ (မောင်ပေါက်ကျိုင်းလိုလေ) ကျွေးနေတဲ့ လူ စေတနာပျောက်အောင်ပြောတတ်ကြတယ် ပြန်မပြောချင်တော့ဘူး စိတ်ကုန်တယ် ကလေးတွေကို ကျွေးရတာပဲကောင်းတယ် ဘာမှစကားမများဘူး ထားတော့ထားတော့ အကုသိုလ် တွေများတယ် မပြောတော့ဘူး





ကားက လမ်းသစ်ကနေလာတာဆိုတော့ ဖြူးနေတာပါပဲ ခုတော့ ကြွက်တွေ ထနေတယ် ပြောတယ် ညကျတော့ နေပြည်တော် အကျော်လား ပျဉ်းမနား မှာလားမသိ အခု feel တို့ ဘာတို့ ရှိတဲ့နေရာမှာ ခဏ ထမင်းစားနားကြတယ် ဆိုက်ဒစ်ရှ်က ၅ မျိုးပေးတယ် ကိုယ်က ဆိတ် ကလီစာ မောင်က ငါးဟင်း စားလို့ ကောင်းပါတယ် ခရီးသွားနေတာ ဆိုတော့ သိပ်လဲ ရွေးလို့မဖြစ်ဘူးလေ ပြီးတော့ မြန်မာပြည်ဆိုတော့ ဒီလိုပါပဲ ပေါ့ အိမ်သာတွေ သန့်လာတာတော့ စိတ်ချမ်းသာရတယ် ခရီးသွားရင် စိတ်ပျက်တာ အဲ့တာတခုပဲ ခုတော့ တော်သေးတာပေါ့ ကိုယ်တွေကတော့ ယောက်ျားလေးတွေဆိုတော့ တော်သေးတယ် (ခုကျတော့လဲ ယောက်ျားဖြစ်သွားပြန်ရောနော်) ကားရပ်လိုက်တာနဲ့ ဘယ်ညာ တဘက်တချက် ဘယ်လိုပေါက်ပေါက်...ခိစ်





ဆိုက်ဒစ်ရှ်တွေကတော့ စားလို့အသေကောင်းတယ် ခရမ်းသီးနှပ်ရယ် သရက်သီး ပိုးတီချဉ်သုပ်ရယ် တီကတော့ သရက်သီး ပိုးတီချဉ်သုပ်ကို တော်တော်စားကောင်းတယ် ဆိတ်ကလီစာ ဆီတွေနဲ့ နယ်ဖတ်ပြီးတော့ သရက်သီး ပိုးတီလေးနဲ့ စားလိုက်တာ ကောင်းမှကောင်း





စားပြီးတော့ လက်ဘက်ရည် နဲ့ ပဲပလာတာ ကို အစာပိတ်တွယ်လိုက်ပါတယ် မုန့်ဟင်းခါးလဲရတယ် ဆိုလို့ မှာလိုက်ပါသေးတယ် မကောင်းပါဘူး မစားဘဲထားခဲ့ပါတယ် ပလာတာတော့ နည်းနည်းပဲ စားလိုက်တယ် မြန်မာပြည်ပြန်ရောက်ကတည်းက ပါးစပ်ဆိုတာကလဲ မစေ့ချင်လောက်အောင်ကို စားချင်တာတွေများနေတာပါ တွေ့တာမှန်သမျှစားတော့တာပဲ တခါတလေများဆို အသေစား စားပြီးရင် လက်ညှိုးထိုး အန် ပြီးတော့ ထပ်စား အဲ့လောက်တောင်ပါ မြန်မာပြည်ကို ချစ်တာ ချစ်တာ တော်ပြီ ဆက်မပြောပြတော့ဘူးနော် တော်ကြာ ရွံစရာကြီးတွေ ဆိုပြီး လာမဘတ်ဘဲနေအုံးမယ် ဟိဟိ





ဒီပုံလေးကတော့ ဝမ်းတွင်းလား ပျော်ဘွယ် လားမသိ ရောက်တော့ မျက်နှာ သစ် ဘာညာ အတွက်ရပ်တာပါ လက်ဘက်ရည်ဆိုင်ရှိပါသေးတယ် ဘာမှတော့ မစားဖြစ်တော့ဘူး တယောက်ကို ပိုကာတဘူး နဲ့ ကျွဲရိုင်း တဘူးစီ သောက်ကြတယ် လောဘ လောဘ အဲ့လိုနဲ့ မနက်ကျတော့ မန်းတလေးရောက်ရော
မန်းတလေး မှာစားတာတွေ ထပ်လာမယ်နော် မန်း ၁- ၂ -၃ ဆိုပြီးတော့ ဆက်မျှော်................


A Chen
9:47 pm
11 July 2010
Home
Bangkok


BONUS

မနေ့ညက ဟင်းကောင်းလေး ချက်စားကြပါတယ် မောင်ချက်တာပါပဲ အပိုအနေနဲ့ထည့်ပေးလိုက်ပါတယ် (ကိုကိုကာကာတွေဆန်နေတာ) မောင်က အာလူး ဝက်သားလေး ချက်ပေးပါတယ် အစပ်ပါ ချက်နည်းအရင်က ပြောထားပြီးသာ ပြီးတော့ ဝက်သား ဆီပြန်ဆိုတာ လူတိုင်းချက်တတ်နေတာဆိုတော့ ထပ်မရေးတော့ဘူးနော်
ဝက်သားဆီပြန်နဲ့ လိုက်အောင် အအီပြေလေး ဝက်သားချဉ်သုပ်ပါတယ် တီချမ်းက နေ့တိုင်းလိုလို ဝက်သားချဉ်ပဲ သုပ်စားနေတော့တာပဲလို့မပြောနဲ့နော် ဝက်သားချဉ်က တီသုပ်တာပါ မောင့်လက်ရာထက် ပိုကောင်းပါတယ် မူလလက်ဟောင်းက တီလေနော် သူက တီသင်ထားပေးလို့တတ်တာပဲဟာ
ပြီးတော့ အရွက်ကြော်လေးတခွက်ကပါအောင် ဘေဘီ ကာဘေ့ဂ်ျလေးကိုမှိုနဲ့ ကြော်ပါတယ် ကောင်းမှကောင်း မွေးစားသားရယ် သူငယ်ချင်းတယောက်ရယ်လာစားကြတာ ထမင်းတောင်မလောက်ဘူး ထပ်တည်ရတယ် အဟေးဟေး




15 comments:

  1. ဟင့်.. ပြန်ချင်လိုက်တာ
    မျှော်နေမယ် မန်း ၁ ၂ ၃ ကို

    ReplyDelete
  2. နနခရေ
    မျှော်တော့မျှော်ပေါ့
    တီကတော့ စားစရာပဲနော်
    ဘုရားအကြောင်း ဘာအကြောင်း ညာအကြောင်းတွေ တော့ သိပ်မမျှော်လင့်နဲ့ ဘာစားသလဲ ဆိုတာတော့ သိရမယ် စိတ်ချ
    ခိခိခိ

    ReplyDelete
  3. တီချမ်းရေ ဟိုနေ့က စကားစပြတ်သွားတယ်၊ အီးမေးနဲ့ ဆက်သွယ်ရအောင် အီးမေးလေး ပလိစ့်နော်.....

    ReplyDelete
  4. x ray ရိုက်ချင်ရအောင် ညည်းရာသီနဲ့ကော လွတ့်ရဲ့လား ပုံမှန်လူငယ်တစ်ယောက်အတွက်တော့ဘာမှ သိတ်တွေ့မယ်မထင်ပါဘူး. အသက်ကြီးရင်တော့တစ်မျိုးပေါ့။

    ReplyDelete
  5. ဟွန့် သူများက အရိုးတီဘီ ဖြစ်ဘူးတာ သူဖြင့်မသိဘဲနဲ့
    ဒီဆရာဝန်မနော်
    ပြီးတော့ အခုသောက်နေတဲ့ ဆေးက ခရစ်တနင်းတွေ တက်စေတာ
    ကျောက်ကပ် ကိုထိစေတာ အဲ့တာတွေ ရှိသေးတယ်
    အဲ့တာကြောင့် စိုးရိမ်တာပါ

    ReplyDelete
  6. ဒီတခါ စားစရာတွေကိုတော့ စိတ်ဝင်စားတယ်။
    ဗမာစာပဲ စိတ်ဝင်စားတာနဲ့ တူတယ်။ ဟိုတခါ မက္ကဆီကန်ဖုဒ်တွေမို့ မဝင်စားတာ။

    ReplyDelete
  7. တီချမ်း....
    စားစရာ ပုံ တွေနဲ့  သိပ်ပြီးမနှိပ်စက်ပါနဲ့ ။ မြန်မာပြည်ကိုလွမ်းသွားတယ်

    ReplyDelete
  8. တီတီ
    ဆီများတယ် ၀က်သား အာလူးက..
    ဒါမယ့် စားချင်တယ်..
း((((((((((

    ReplyDelete
  9. စားစရာတွေအများကြီးပါလား။ ဟိ ။
    စားချင်လိုက်တာလို့ မပြောဘူးနော်

    ReplyDelete
  10. ဘန်ကောက်ရောက်တော့ လာစားပေါ့ မမိုးချို

    ReplyDelete
  11. မန္တလေး မြီးရှည်လဲ မဟုတ်ပဲနဲ့ 
    ရှမ်းမြီးရှည်ကြီး ကို

    ReplyDelete
  12. ရေးထားတဲ့ ဟင်းချက်နည်းတွေသိပ်ကောင်းပါတယ် နောက် အေ ဖြစ်နေတာသိလို့လဲ စိတ်မကေင်းပါဘူး
    ဒီမှာလည်းကောင်လေးတကောင် အေဖြစ်နေတယ် ၆ နှစ်လောက်ရှိပေမဲ့ ပုံလည်းမပျက် အလုပ်လည်းမပျက်ပါဘူး
    အသက်ရျည်ကျန်းမာပါစေ
    အန်တီသက်

    ReplyDelete
  13. A...????? gal lar ?...yon par bu naw...

    ReplyDelete