Tuesday, July 27, 2010

TGIF and နန်းကြီးသုပ် on long holidays

ကဲကဲကဲ ပရိတ်သတ်ကြီးများ မချက်ရတာလဲကြာပြီဆိုတော့ (ကြာဆိုတော့တော့ကိုကြာနေပါပြီ) ချက်လိုက်ကြအုံးစို့နော် တီတို့ ရုံးက မနက်ဖြန် စနေ တနင်္ဂနွေ ရယ် လာမယ့် ကပ်ရက် တနင်္လာ အင်္ဂါလဲ ဝါဝင် အစိုးရ ပိတ်ရက်မို့လို့ ပိတ်တယ်ဆိုတော့ လောင်းဟော်လီးဒေး ရပါတယ် အဲ့တော့ မုန့်လေးဘာလေးလုပ်စားကြစို့ပေါ့
မန်းတလေး ပိုစ့်တွေရေးနေရင်းကနေ နန်းကြီးသုပ်အကြောင်းတွေပါလာတယ်လေနော် အဲ့တော့ သတိရသွားတယ် လုပ်စားဖို့ ခု ပိုစ့်က ပုံတွေကတော့ အရင်တခေါက် လုပ်စားကြတုံးက ဟာလေးတွေပါ တင်မယ်တင်မယ်နဲ့ မတင်ဖြစ်သေးတာ ရှိသေးတယ် တခြား ကမ်ချီ ဝက်သား တို့ ဘာတို့ ဟိဟိဟိ အရင်ကြိုပြောထားတာ နောက်မှတင်ပေးမယ်နော်..............အမြည်းပေါ့






ပထမဆုံး အရင် ကြက်ပေါင် နှစ်ချောင်း ကို ပြုတ်လိုက်ပါမယ် ပြီးရင် ပုံမှာ ပြထားတဲ့ ခနော်ခဲ လေး နှစ်ခဲလောက်ကို ဟင်းရည်ထဲပစ်ထည့်လိုက်ပါမယ် ချိုအောင်ပါ ဆား အချိုမှုန့်ထည့်လဲရပါတယ် တီက ရှိနေတော့ ရှည်လိုက်တာပါ အသားတွေကို ကျက်သွားရင် ဆယ်ထားပြီးခဏ အအေးခံလိုက်ပါ ပြီးရင် .....





ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း အအေးခံထားတဲ့ အသားတွေကို နွှင်ပါမယ် ပြီးရင် နွှင်ထားတဲ့ ကြက်သားတွေကို ပန်းကန်နဲ့ သပ်သပ်ခွဲထည့်ထားပါ အရိုးတွေကိုတော့ ခုနက ဟင်းရည်အိုးထဲပြန်ထည့်လိုက်ပါမယ် တဆက်တည်း ဟင်းရည်ကိုဆက်တည်ထားလိုက်ပါမယ် ပြီးရင်တော့ ကြက်သား ကိုချက်ပါမယ်





ပထမဆုံးဆီအိုး ကိုပူအောင်တည်ပါမယ် ပြီးရင် ကြက်သွန်ဖြူနီ ကိုကြိတ်စက်နဲ့ ကြိတ်ထားတာ ကိုထည့်ပါမယ်





နောက် နနွင်းမှုန့် နည်းနည်းထည့်ပါမယ် ပြီးရင် ဒုတိယပုံမှာ ပြထားတဲ့အတိုင်း အရောင်တင် ငရုတ်သီး မှုန့် ထည့်ချက်ပါမယ် ပုံမှာ ပြထားတဲ့အတိုင်း နည်းနည်း နီလာတဲ့အထိကြော်ပေးရပါမယ်





ပြီးရင်တော့ နောက်တဆင့်အနေနဲ့ ခုနက နွှင်ထားတဲ့ ကြက်သားတွေကို ထည့်ချက်လို့ရပါပြီ ကြက်သားကို ဖြည်းဖြည်းချင်းကြော်ပေးပါမယ် ဆီ ကို နည်းတယ်ထင်ရင် နည်းနည်း ထပ်ထည့်လို့ရပါတယ် ဘာလို့လဲဆိုတော့ ဒီက ကြက်သားဟင်းထဲက ဆီနဲ့ပဲ တခါတည်း နန်းကြီး နယ်တဲ့အခါ သုံးမှာ မို့လို့ပါ တလက်စထဲ ဘဲဥ ထည့်ချင်ရင် ပြုတ်ထားလိုက်ပါ တီကတော့ ပြုတ်ထားတာ ပုံရိုက်ဖို့ မေ့သွားလို့ ပြုတ်ထားတာတော့ နယ်မှထည့်လိုက်တယ်





ဒါကတော့ မြီးရှည်အခြောက်ထုပ်ပါ နန်းကြီးဖတ်မရှိတော့ ဗီယက်နမ် ခေါက်ဆွဲခြောက်ကိုပဲ အလွယ်သုံးလိုက်ပါတယ် ဘေးကတော့ မွှေးတံဆိပ်ပဲမှုန့် အကျက်ပါ





ခုနက ဗီယက်နမ် fur လို့ခေါ်တဲ့ ခေါက်ဆွဲခြောက်ကိုပဲ ဒီလို ပြုတ်လိုက်ပါတယ် တော်တော်ကြာကြာပြုတ်ရပါတယ် အမှန်က အရင် ရေစိမ်ထားရမှာ တီက မသိလို့ တော်တော်ကြာကြာ ကိုပြုတ်လိုက်ရပါတယ်
ပြူတ်ပြီးတော့ တခါ ရေအေးနဲ့ ဆေးချရပါတယ် အဲ့တာမှ ခုန က ပြုတ်ရင်း ထွက်လာတဲ့ ကော်တွေ ကိုဖယ်ပြီးသားဖြစ်သွားမှာလေ ပြီးရင်တော့ ပန်းကန် သပ်သပ်နဲ့ ထည့်ထားပေါ့





ဒါကတော့ နယ်မဲ့အဆင့်ပါ ပန်းကန်ထဲကို ကြိုက်သလောက်ထည့် ဘဲဥ ပြုတ်ထားတာ ကို လှီးပြီးထည့် အိမ်မှာ လုပ်စားတာ ဖြစ်တဲ့အတွက်ကြက်သားကို ကိုယ်ကြိုက်သလောက် အသေ ထည့် မတရားထည့် အရမ်းကာရောထည့် လောဘတကြီးထည့် ပဲမှုန့်ထည့် ငရုတ်သီးမှုန့် ကြိုက်ရင်ထည့် အချဉ်ထည့် (မှတ်ချက်....သံပရာသီးပဲထည့်ပါတယ် နန်းကြီးသုပ်သည် လုံးဝ မန်းကျည်းချဉ်နဲ့ မလိုက်ပါ) သံပရာသီးမရရင် အသင့်သုံး သံပရာ ရည်ဘူးတွေ သုံးလို့ရပါတယ် မွှေးတော့ သိပ်မမွှေးဘူးပေါ့လေ စားလို့တော့ ဖြစ်ပါတယ်





ကဲသုပ်ပြီးပြီ စားကြပေတော့
နံနံပင် မေ့သွားလို့ မလှတော့ဘူး

စားလို့တော့ ကောင်းမှကောင်း
နည်းနည်းစပ်သွားတယ် ကြက်သားချက်တုံးက ငရုတ်သီးမှုန့် ထည့်တာများသွားလို့
စားလို့တော့ ကောင်းတယ် ရှယ်ပဲ

သောကြာနေ့ကတည်းက ရေးထားတာပါ အဲ့တာကြောင့် ခေါင်းစဉ်က တီဂျီအိုင်အက်ဖ် ဖြစ်နေတာ
ပိတ်ရက် လေးရက်လုံးလုံး ကွန်ပျူတာ ကိုမဖွင့်လို့ ခုမှ တင်လိုက်တယ် နော် ဆော်ရီး....
သေသေချာချာ ကိုနားရသော ပိတ်ရက်လေးပါပဲ ကျေနပ်တယ်ဟေ့ ကျေနပ်တယ်

5 comments:

  1. plz cook with tofu for me & send online.

    ReplyDelete
  2. ဒီးယား တီ

    နန်းကြီးသုတ်တော့ကြိုက်တယ်။ တီ့နန်းကြီးသုတ်ပြီး ပုံက ဂွမ်းလိုက်တာ။ အန်းနီးဝေး ဆီသေချာချက် သုတ်လို့ ဂွတ်မယ့်ပုံ။ :)

    ငရုတ်သီးမှုန့် များသွားတော့ ဖော်တကင် ပေါ်တကူ နေအုံးမယ် တီရယ်။ ပန်းပိတောက်တွေ ဝေရင် မိတ်ပျက် နာမည်ကျရချည်ရရဲ့။ LOL

    အိုင်က စိုးရိမ်စိတ်ကြီးတတ်လို့ပါကွယ်။ preparation H လေး ဆောင်ထားပါ။ အေးအေးချမ်းချမ်း ရှောရှောရှုရှု ဖြစ်ရအောင်လို့။ :P

    ဘိုင်သယ်ဝေး တီ့ညီချောလေး အကြောင်းများ သူ့ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ ပိုစ့်လေးများတင်ပါလားဟယ်။ အထူး ရီကွက်စ်လုပ် တောင်းဆိုပါတယ်။ ပလိစ်ပါ။

    အဲဒီပိုစ့်များတင်ဖြစ်ခဲ့ရင် တီ့ဘလော့မှာ နိုင်ငံတကာက ညေ့်တွေ စီနေပီး ကွန်မန့် ကက်တလီယာတွေ ပွင့်ကြလိုက်မယ်ဖြစ်ခြင်း။ မယုံရင် လုပ်ကြည့်ပါလား။

    အိုင် အရင် ရှေ့ဆုံးက ကျေနပ်တယ်ဟေ့ ကျေနပ်တယ် လာအော်ပစ်မယ်။

    ပုံ/
    Sexy
    တီ့ညီ အပေါ် စိတ်ဝင်စားနေသူ ပြည်သူတဦး :D

    ReplyDelete
  3. နန်းကြီးသုပ် အသေကြိုက် မဟားဒရားကြိုက် :D

    ReplyDelete
  4. ကြည့်ရတာ လွယ်မဲ့ပုံဘဲစမ်းသပ်ီဦးမှ.

    ReplyDelete