Sunday, July 11, 2010

အနုအနယ် အချစ်ရှာရာဝယ်

အနုအနယ် အချစ်ရှာရာဝယ်


ခြင်္သေ့ကလေးငယ်ငယ်
အကောင်ကရွယ်ရွယ်
မာန်ကတော့ ခပ်ထည်ထည်
မာနတွေကြွယ်ကြွယ်
အချစ်ကို သင်ယူတယ်
အသည်းကွဲခြင်းမှာ
တဝဲလည်လည်
ဆော့မိတဲ့ ငါ့အမှားလို့
နောင်တတွေ ဗျာပွေကာရယ်
သူပူဆွေးနေတယ်

ခြင်္သေ့ငယ်ငယ်
မာနတွေလျော့ပါကွယ်
ချစ်တာမှာ ဒါတွေ မပါရာတယ်
မင်းနောင်တော့သိမယ်
အခုကစရင်ကွယ်
လူတွေအကြောင်းမင်းနားလည်
ပရိယာယ်ကြွယ်ကြွယ်
ထားရမယ် နောင်အခါမယ်
အချစ်ရှာရာဝယ်

ခုများတော့ မေ့ထားပါ
ဒီ အချစ် အကြောင်းတွေရယ်
ပညာသာရှာပါကွယ်
နောင်အရွယ်ရောက်ရင်ဖြင့်
ချစ်သူကို တွေ့ပါလိမ့်မယ်
အစစ်အမှန် အဖော်ကိုကွယ်
လောက ဇာတ်ခုံဝယ်
ပြောသမျှ ပါးစပ် ပုံပြင်တွေလဲ
ယုံမလွယ်စေဖွယ်
လူတွေရယ် မာယာကများ
မင်းသိစေသား
ပြောပြတဲ့စေတနာရယ်
သားနယ်ညီပမာကွယ်

ခုများတော့ တီစေတနာလွယ်
နေကောင်းကာ ပြန်လာရင်ကွယ်
လူမမာ နလန်ထစေဖို့
ချက်ပြုတ်ကာ ကျွေးပါ့မယ်
မြိန်ရာဟင်းကောင်း
ခင်ရာဆွေကြွယ်
မြန်မြန်သာ လာလှည့်ပါကွယ်
မျှော်နေပါတယ်….

(နာမည် ၅ လုံးနဲ့ ခြင်္သေ့ကလေးသို့)

A Chen
9:34 pm
11 July 2010
Home
Bangkok


Bonus

ဒီနေ့ ညစာပါ မောင် ဟင်းချက်ပါတယ် သီးစုံ ကုလားဟင်းနဲ့ ပုစွန် အစပ်အိုးကပ်ပါ တီစားချင်တယ်ဆိုလို့ မောင်က ပုစွန်ကို ချက်ကျွေးတာပါ ချက်နည်းတွေကတော့ တင်ထားပြီးသားဆိုတော့ ထပ်မတင်ပေးတော့ဘူးနော် ဒေတာ ရီဒန်တန်စီ ဖြစ်မစိုးလို့ အဟေးဟေး စကားကြီး စကားကျယ်တွေ ပြောချပလိုက်ပြီ စကားလုံးတွေ ကတော့ အတော်ကြီးတယ် ပါးစပ်နဲ့ ဘယ်လို ဆန့်လဲမသိ လင့်ခ်တွေပဲ ပြန်ထည့်ပေးလိုက်တယ် ချက်စားချင်ရင် ကြည့်လို့ရအောင်.....

သီးစုံကုလားဟင်းက ဒီမှာ

ပုစွန် အိုးကပ် အစပ်က ဒီမှာပါ

အပေါ်ဘေး ပုံက မှိုဟင်းရည်ကတော့ ဟင်းသီးဟင်းရွက်တွေ သွားဝယ်ရင် မောင်စားချင်လို့ ဝယ်လာတဲ့ ယိုးဒယား ငပိ မှိုဟင်းရည်ပါ မှို ၅ မျိုးလောက် ကို ငါးပိရည်ထဲမှာ ထည့်ပြီး ဟင်းရည်ချက်တာပါ ကျက်ခါနီးတော့ ဆူးပုပ်လေးခပ်လိုက်တာပါ မွှေးပါတယ် မကြိုက်ရင်တော့လဲ နံတာပေါ့လေ နော့ တီကတော့ မှိုဆိုရင် ဘယ်လိုချက်ချက်ကြိုက်ပြီးသားဆိုတော့ စားကောင်းပါတယ် ဆူးပုပ်လဲအရမ်းကြိုက်တယ်လေ ထမင်းစားကောင်းသောညပါပဲ ဒီနေရာကနေ မောင့်ကို ကျေးဇူးတင်ချင်ပါတယ်
ထမင်းလေးတောင် မောင်ချက်ရင်ပိုကောင်းတယ် တကယ်ပြောတာပါ ယိုးဒယားဆန်က ရေထည့်တာ ချင်ရတာခက်တယ် အရင်တပတ် အိမ်မှာလာနေတဲ့ သူငယ်ချင်းဆို မချက်တတ်ဘူး သူက ဟင်းချက်တာတော့ အသေကောင်းပဲ သူချက်ကျွေးသမျှတွေ ပုံသေချာရိုက်ထားသေးတယ် တင်ပေးအုံးမှာ ထမင်းတော့ သူက ချက်ရတာ အဆင်မပြေဘူးတဲ့ ရေထည့်ရတာ ချိန်ရလို့ မောင်ကတော့ ကျွမ်းပါတယ် မောင်ချက်ထားတဲ့ ထမင်းလေးက ဖြူအုပြီး မွှေးနေတာပဲ အချစ်တွေပါလို့ဖြစ်ရမယ် ခိခိခိ (အားကျကြစေသတည်း)



13 comments:

  1. တီတီချမ်းက အစားအစာ ချက်ကျွေးတာ ဝါသနာပါပုံရတယ်၊ တီချမ်း ဘယ်နားနေပါလိမ့်နော်။

    ReplyDelete
  2. ဘန်ကောက် ပရာထိုင်းမှာပါ
    ဘီတီအက်စ် ကနေ ၃ မိနစ် လျောက်ရင် တီ့အိမ်ရောက်ပါတယ်
    လာလည်ပေါ့ ဒေါ်သလင်းရေ
    မနက်ဖြန်တောင် အာလူးထမင်းချဉ်လုပ်စားမလို့ မောင်နဲ့ တိုင်ပင်နေသေးတယ် အာလူးရော ခရမ်းချဉ်သီးရော ဝယ်ထားပြီ
    စားချင်ရင် ကါန်တက် လုပ်လိုက်တော့ ဟေ့ဟေ့

    ReplyDelete
  3. အာလူးထမင်းချဉ်? Great! Looking forward to read a post under the label "တီချမ်း ဟင်းချက်ခြင်း ". I think I bug you too much by requesting posts,lol.

    ReplyDelete
  4. hi mon petit
    it is already posted once
    u can check at the link below,

    http://chenaddy.blogspot.com/2009/04/blog-post_30.html

    cheers
    :D

    ReplyDelete
  5. မောင်ချက်ထားတဲ့ ထမင်းလေးက ဖြူအုပြီး မွှေးနေတာပဲ အချစ်တွေပါလို့ဖြစ်ရမယ်

    ဒီနေရာကနေ မောင့်ကို ကျေးဇူးတင်ချင်ပါတယ်

    မောင်ချက်ရင်ပိုကောင်းတယ် တကယ်ပြောတာပါ

    မောင်က နက်စ် ပလိမ်းသောက်တယ် ရေနည်းနည်းနဲ့

    တကယ်လို့ မောင်သာမရှိခဲ့ရင်

    ကုတင်ပေါ်ကို ဝုန်းကနဲ ထိုးချလိုက်ပြီး….“မောင်” လို့အော်လိုက်ရင် လာနှိပ်ပေးပါတယ်

    စကားမစပ် မောင့် ကိုသတိရလိုက်တာကွယ်…ခိခိခိ)



    collection of MG (from chen) ;P

    ReplyDelete
  6. Thank you for the link. Just read it and seems delicious. It occurred to me that I have read it before. OMG, how can I cure my absent-mindedness.

    ReplyDelete
  7. ခြင်သေ့ကလေးကဘယ်သူပါလိမ့်နော်
    သူကလဲမိုက်လိုက်တာ။ အချစ်ကိုယုံစားမိတာကိုး။
    နေပါဦး နံမည်ငါးလုံးဆိုတော့
    ကျွန်တော့်နံမည်က ထွဋ်သီဟထွန်းမြင့်
    အယ်---ငါ့ကိုများတီကပြောတာလား အသိဝူး။
    တီရေ တီချက်ကျွေးတာတွေ စားချင်ပါတယ် ဘန်ကောက်ကိုပြန်လာရင်။
    ပုစွန်အိုးကပ်နဲ့ မှိုဟင်းစားချင်တယ်ဗျ။

    ReplyDelete
  8. မျောက်စုတ် မျောက်နာ မျောက်ကလချာ
    ဒိုင်းညှောင့် ဒိုင်းညှောင့် ဘူးညွှန့် အရီးညွှန့်

    မွန်ပတိရေ အသက်က အတော်ကြီးပြီထင်ပါ့

    အော် လူတွေ လူတွေ ကျုပ်က ဖုန်းလိုက် သူတို့တွေက ဖော်လိုက်
    ပေါ်ကုန်ပြီ အေ့ လုပ်ကြ လုပ်ကြ ကြည့်လုပ်ကြ

    ReplyDelete
  9. တီချမ်းတို့များ ကံကောင်းပါ့...တီချမ်းရဲ့မောင်က ဟင်းချက်ကောင်းမဲ့ပုံပဲ.. တို့ အိမ်ကလူကြီး တီချမ်းဆီ မီးဖိုချောင်ထရိန်နင် လွှတ်လိုက်အုံးမှပါ... ခွိခွိစ်....:P

    ReplyDelete
  10. မီးဖိုချောင်တင်မက အကုန်သင်ပေးလိုက်မယ် မမချစ်
    ခိစ်
    ဘာတွေ သင်ပေးမလဲ သိချင်ရင် ဒီမှာ တီတော်တာလေးတွေ

    http://chenaddy.blogspot.com/2009/03/blog-post_19.html

    ဘတ်ကြည့်လိုက်နော် ခိစ်ခိစ်ခိစ်...

    ReplyDelete
  11. တီတို့ကတော့ ပိုင်တယ်ကွာ ချက်ကျွေးမယ့်သူတွေဘာတွေနဲ့

    ReplyDelete
  12. တီ
    တခါမှ မစားဖူးဘူး ငပိရည်ကို မှိုနဲ့ ချက်တာကို..
    လုပ်ကြည့်ချင်တယ်..
    စားကောင်းမယ့်ပုံ..
    မှိုကြိုက်တယ်လေ..း)

    ReplyDelete
  13. ဆွိ ရေ
    အဲ့တာက ဝယ်တာလေ
    တီမချက်တတ်ဘူး
    ချက်တာကတော့ မခက်ပါဘူး
    ငပိရည်ပဲ လိုတာ
    သူတို့ ငပိရည်က တမျိုးလေး
    ဒီမှာတော့ နေရာတော်တော်များများမှာ အဲ့မှို ဟင်းရောင်းတယ်
    အကုန်ပစ်ထည့်ရုံပဲ မှို ၅ မျိုးရယ် ရွှေဖရုံသီးလဲပါသေးတယ် ဆူးပုပ်ရယ်
    ခဝဲသီး ရယ် အဲ့လို ဘာဘာညာညာတွေပါတယ် ထိုင်းမြောက်ပိုင်းက အစာလေ

    ReplyDelete