Thursday, July 22, 2010

မန္တလေး-၂- (၁၅ ရက် ဇွန် ၂၀၁၀ ခုနှစ် အင်္ဂါ)

နောက်တနေ့မနက်မှာ မြို့ခံသူငယ်ချင်းတွေက အစောကြီး လာနိုးပြီးတော့ မနက်စာလိုက်ကျွေးပါတယ်
နန်းကြီးသုပ်လို့ ကိုယ်တို့ ရန်ကုန်မှာခေါ်တဲ့ သူတို့အခေါ် မန်းမုန့်တီပါ အဲ့ဆိုင်က အင်မတိအင်မတန်မှာ နာမည်ကြီးပါသတဲ့ အာဇာနည် ကတောင် ရန်ကုန်ကနေမှာစားလို့ မနက်လေယာဉ်နဲ့ထည့်ပေးရပါသတဲ့။ ထားတော့ -(၁) အာဇာနည် ကိစ္စ စကားစပ်မိလို့ ပြောပါအုံးမယ်

ဇူလိုင် ၁၉ တုံးက တချို့သူငယ်ချင်းတွေက ဂျီတော့ မက်စေ့ခ်ျမှာ အာဇာနည်နေ့လို ရေးထားကြပါသတဲ့ အဲ့တာကို ကလေးတချို့က ဘာလဲ ဒီနေ့ က အာဇာနည်ရဲ့ မွေးနေ့ လားလို့ မေးပါသတဲ့ ကျုပ်ကတော့ ဟစ်လို့သာ အော်ငိုချင်တော့တာပဲ ကိုယ်တို့ ဂျင်နရေးရှင်း ကိုဆိုးလှပြီထင်နေတာ ဒါကိုသာ ကိုယ်တို့အတွက် လုပ်နေတာ လို့ အော်နေကြတဲ့ လူတွေကြားရင် ဒန်းများစီးချင်ကြမလားဘဲနော်....ထားတော့ -(၂) ကိုယ်လဲ အဲ့လိုကြားရတာတော့ စိတ်မကောင်းပါဘူး...သူတို့လေးတွေက ဂဠုန်ဦးစောဆိုတာကိုလဲမသိကြဘူးဆိုရင်လဲ ကိုယ်ကတော့ အံ့သြမယ်မဟုတ်ဘူး...........


ကဲပါ လျှာရှည်တာ မကောင်းဘူး ဆိုင်တာပဲ ပြောမယ် အောက်မှာ ပုံတွေကိုကြည့်ကြပါ ပထမ ပုံက ကြက်သားဟင်းရည်ပါ ဒုတိယပုံက မနယ်ခင်ပေါ့ သူတို့ က ဖက်ရှင်လားတော့ မသိ ငါးဖယ်လုံးတွေ ထည့်ပါတယ် ရန်ကုန်မှာဆိုလဲ တချို့ဆိုင်တွေ ငါးဖယ်ကြော်ပြားကြီးတွေ ထည့်ကြပါတယ် ကိုယ်ကတော့ မကြိုက်ပါ ငါးဖယ်လုံးတွေ ကို သူငယ်ချင်းကိုပေးလိုက်တယ် စားလို့တော့ ကောင်းပါတယ် မဆိုးဘူးဆိုတာမျိုးပါ ကောင်းလှချည်လား ဆိုတာ မျိုးတော့ မဟုတ်ပါဘူး ထားတော့ -(၃)

စုစုပေါင်း သွားကြတာက ၄ ယောက် ၃ ယောက်က စားတယ် ကိုယ်က မဝလို့ နှစ်ပွဲစားတယ် ရှင်းမယ်ဆိုတော့ တပွဲကို ၁၅၀၀ ဆိုလို့ ပြန်တောင် အန်ပြီး အမ်းလိုက်ချင်စိတ်ပေါက်သွားတယ် ဘယ်တုံးကများ နန်းကြီးသုပ်တပွဲကို ၁၅၀၀ ဖြစ်သွားသလဲပေါ့လေ ငါများ မြန်မာပြည်ကို ပြန်မရောက်တာကြာလို့ ဘာမှမသိတော့တာလားပေါ့ ဒါမှမဟုတ် အခု က ၂၀၅၀ ခုနှစ်ရောက်နေတာလားလို့တောင် သူငယ်ချင်းကိုမေးလိုက်သေးတယ် ကုန်ဈေးနူန်းတွေ ဒီလောက်တောင်မြင့်တက်ကုန်ပြီလားပေါ့
ရန်ကုန်မှာ ဒံပေါက်တပွဲတောင် ၁၅၀၀ ပဲရှိသေးတယ် ကြက်ပေါင် ရင်ပုံ တခြမ်း တချောင်းလုံးပါတယ် ခုဟာက ကြက်သားဆိုတာ အမျှင်လေး မဖြစ်စလောက်နဲ့ ကဲကဲ ဆိုပြီး သက်ပြင်းကိုသာ ခပ်ပြင်းပြင်းချရင်း
ထားတော့ -(၄)





နောက်တခုပါ အားလုံးသိကြတဲ့အတိုင်း ဓညင်းသီးပါ သကြားလေးနဲ့ ပြုတ်ထားတာပါ အရမ်းကြီးမစေးပါဘူး မွှေးတေးလေးနဲ့ စားကောင်းပါတယ် ကိုယ်က ထုံးစံအတိုင်းစားချင်ပါတယ် မှာပါတယ် တွေ့တဲ့အတိုင်းပါပဲ ၇ လုံးတိတိပါပါတယ် မြန်မာငွေ ငဝက် ၅၀၀ ကျပ်ပါ ဆိုင်ရှင်က ပြောပါသေးတယ် အဆိုတော် ကြိုးကြာ က တခါလာရင် အလုံး ၅၀ စားပါသတဲ့ ကိုယ်က ဆယ်တန်း (အဲလေ တက္ကသိုလ် ဝင်တန်း)တုံးက သင်္ချာ ၉၇ မှတ်ရတဲ့အတွက် (အရင်ပိုစ့်မှာ ကြွားပြီးသားပါ) တွက်ကြည့်မိပါတယ် ၇လုံး ၅၀၀ အလုံး ၇၀ ၅၀၀၀ အော် ကြိုးကြာလေးက ၄ ထောင်ဖိုးလောက်တောင် ဓညင်းသီးစားတာပဲလို့လေ သူ့ရည်းစား ကိုယ်စားတောင် ကိုယ်က မဆီမဆိုင် စိတ်ပူမိပါသေးတယ် ထားတော့-(၅)...
ဒီလိုနဲ့ ကိုယ်တို့ ရွှေမန်းမြို့ရဲ့ မနက်စာမှာ ၆၅၀၀ ကျပ် ရှင်းလိုက်ရပါတယ် ရှိစေတော့ ရှိစေတော့ ကိုယ့်အပြစ်နဲ့ ကိုယ် ကိုယ်ရွေးချယ်တဲ့လမ်း လေနော်............ထားတော့-(၆)





အဲ့တာစားပြီးတော့ ကိုယ်က ထုံးစံအတိုင်းပါပဲ လက်ဘက်ရည်မပါရင် လူက အူကြောင်ကြောင်ဖြစ်နေတတ်တာမို့ အလုပ်ကိစ္စတွေ ဘယ်မှမသွားရသေးခင် လက်ဘက်ရည် ရှာသောက်ရပါတယ် လက်ဘက်ရည် ပုံတော့ ပြန်မတင်ပေးတော့ဘူး ဖြူပြာတို့ မူယာတို့ရဲ့ အကို စမူဆာ နဲ့ ကော်ပြန့်နည်းနည်း စတိ တုတ်လိုက်ပါသေးတယ် ဒါတော့ ကောင်းတယ်ဆရာ ဘာမှအပြစ်မပြောလို ထားတော့-(၇)





နေ့လည်က ဘာစားလဲ မမှတ်မိပါ ပုံလဲမရှိဘူး ဒီတခေါက်ခရီးက လေယာဉ်ပေါ်က ဆင်းကတည်းက စားသမျှ ကို ဓါတ်ပုံနဲ့ မှတ်တမ်းတင်တာနော် တချို့ကျတော့ ဖုန်းနဲ့ ဒါပေမယ့် အပ်လုတ် လုပ်တုံးက အဆင်မပြေလို့ မတင်ရဘူး ထားတော့ -(၈)

ညနေကျတော့ ညနေစာမစားခင် သူငယ်ချင်းနဲ့ တုတ်ထိုးသွားဝါးပါသေးတယ် အရင်ကလဲ စားနေကျဆိုင်ပါ
မန်းတုတ်ထိုးက ရန်ကုန်နဲ့သိပ်မတူဘူးနော် ကြည့် သူတို့က အရည်နဲ့ ပြီးတော့ အဲ့အိုးထဲမှာ အရင်တခေါက်က ဓညင်းသီးတွေလဲ ရှိတယ် ခုတခေါက်တော့မှရှိ ထားတော့ -(၉)

ရန်ကုန်မှာလဲ ခုနောက်ပိုင်းဒီလိုတွေ လုပ်ကြတယ် တချိုကဆိုင်တွေပေါ့ ကိုယ်ကတော့ တုတ်ထိုးဆို မြေနီကုန်းက အရင်ရွှေမန်းရုပ်ရှင်ရုံနားက အဖိုးကြီး (ခုလဲရှိသေးတယ်) ဆီမှာပဲအမြဲစားပါတယ် သူက ကိုယ့်ကို မင်းသားလို့ခေါ်လို့လေ အဟိ သူက လူတိုင်းကိုအဲ့လိုခေါ်တာပါ အဖိုးကြီးက ညက်တာပေါ့ မိန်းကလေးတွေဆိုရင် မော်ဒယ်ဂဲလ်လေးလို့ခေါ်တယ် ခိခိ
ပြီးတော့ သူ့ဆီမှာ ဆရာကြီးနဲ့ ဆရာမကြီးလဲ ရတယ် (မမေးနဲ့ မပြောပြဘူး) ထားတော့-(၁၀)





ပြီးတော့ မန်းတုတ်ထိုးက ဟင်းရည်လဲပေးတယ် အချဉ်ကိုလဲသေချာစပ်ပေးတယ် နောက်ပွဲလေးတွေနဲ့ လှီးပေးတယ် တပွဲကို ၁၀၀၀ ထင်တယ် အဲ့တာနဲ့ ကိုယ်က နှစ်ပွဲမှာစားတယ် ကိုယ်တပွဲ မောင်တပွဲ ဟိဟိ အဲ့မှာ သူငယ်ချင်းက ကိုယ်က ဘန်ကောက်မှာနေတဲ့ အလုပ်လုပ်နေတာပေါ့ လစာ ဘယ်လောက်ရတာ အားလပ်ချိန်တွေမှာ အပျော်တမ်း စာတွေဘာတွေလဲရေးတဲ့ နာမည်ကျော် စာရေးဆရာမ ဘာညာတွေလျှောက်ပြောတော့တာပဲ ဟိဟိ ကိုယ်ကလဲ ဟုတ်တော့ ငြိမ်နေလိုက်တယ်လေ အဲ့တာနဲ့ သူက နင့်ဘလောခ်ပေါ်မှာ ကြော်ငြာပေးလိုက်ပါလားတဲ့ ကိုယ်ကလဲ အစကတည်းက ဓါတ်ပုံက တဂွပ်ဂွပ် ရိုက်နေတာဆိုတော့ အင်းလို့




အဲ့တာနဲ့ ဆိုင်ရှင် ကို ခွင့်တောင်းပြီး ဆိုင်နာမည်နဲ့ သူ့ပုံပါ ပါအောင်ရိုက်ပေးပါတယ် အပြန်အလှန်အနေနဲ့ ကိုယ်က ဘာရသလဲဆိုတော့ ဘေးနားက ပွဲသေးလေးလေ အဲ့တာ အလကားစားရတာ အဟိဟိဟိ




ကဲမှတ်ထားကြနော် မြင့်လွင် ဝက်သားတုတ်ထိုးတဲ့ ၆၈ လမ်း x ၂၈ လမ်းထောင့်

စားလို့တော့ သိပ်မကောင်းပါဘူး မဆိုးပါဘူး ဆိုတာလောက်ပဲပေါ့
..................ရှူး.................သွားပြန်မပြောနဲ့နော် ထားတော့-(၁၁)

10 comments:

  1. စားလို့ သိပ်မကောင်းဘူးပြောပေမယ့် ကြည့်ရတာ စားလို့ သိပ်ကောင်းမယ့်ပုံပဲ.. တုတ်ထိုး၊ နန်းကြီးသုတ်၊

    ReplyDelete
  2. commentပေးဦးမလို့ပဲဒါပေမယ့် ထားတော့ - (၁၂) :)

    ReplyDelete
  3. မုန့်တီ အရမ်းကြိုက်တယ်

    ReplyDelete
  4. ဒီလိုလေ :P ရဲ့
    စားလို့ သိပ်မကောင်းဘူးဆိုတာ က တီလုပ်တာ က ပိုကောင်းလို့ပေါ့
    အဟစ်အဟစ်အဟစ်

    ဒေါ်ရီတာ နောက်နေ့ ကျ တင်ပေးမယ်
    မုန့်တီ လုပ်နည်း ခိစ်

    ReplyDelete
  5. i don't know the name of the shop but may be

    ReplyDelete
  6. From the look of the photo..It is 'Soe Soe'Mont T. The shop is inside the block (not on the road side), is it? 31st St, bet:84thx85th St. Last time, General(army) from Yangon also ordered like Arzarni.
    WD

    ReplyDelete
  7. ဟုတ်တယ် အာဇာနည် က ရန်ကုန်ကနေ မှာစားတာတဲ့ ကြိုးကြာက ဓညင်းသီး အလုံး ၅၀ စားတာတဲ့ ပြောတာပဲ ကောင်းတာတော့ ကောင်းတယ် သို့သော် တီလုပ်တာလောက်တော့ မကောင်း ငှဲငှဲငှဲ

    ReplyDelete
  8. Taste to decide good 'Mote T' or not is mostly depend on bean powder. Most of the 'Mote T' shop in Mandalay is very careful on choosing bean powder. I saw 'Hmwe bean powder' in your previous 'Mote T' post. Next time, pls try other brand. Then your 'Mote T' will be more fantastic.
    WD (Mandalay Thu)

    ReplyDelete
  9. thanks for the tips

    but here we only access to mhwae barely access to other brands

    but thanks

    ReplyDelete